iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္ေလာက္ပဲ အရသာရွိတဲ့အစားအစာေတြ ေပါေနပါေစ။ သဘာ၀ေလာက္အာဟာရျဖည့္တင္းေပးႏုိင္တာ ဘယ္ဟာမွမရွိပါဘူး။ အရင္ေခတ္အခါက လူၾကီးေတြ အသက္ရွည္ၾကတာလည္း ဒါေၾကာင့္မို႔လို႔ပါ။ အခုေခတ္မွာ အသင့္စာ စားသံုးမႈမ်ားလာေတာ့ ကိုယ္အေလးခ်ိန္ေတြ ရွိသင့္တာထက္ပိုတက္လာတယ္။ ကိုယ္အေလးခ်ိန္တက္လာတာနဲ႔အမွ် နွလံုး၊ ေသြးတုိးေရာဂါကစျပီး ေရာဂါဘယေပါင္းစံု ခႏၶာကိုယ္ထဲ၀င္လာပါေတာ့တယ္။

ဒါေပမယ့္လည္း ေခတ္မီအသင့္စာေပါေနတဲ့ ဒီေခတ္အခါမွာ သဘာ၀ဟင္းသီးဟင္းရြက္ သစ္သီးသစ္ဖုေတြပဲ စားရမယ္မဆိုလုိပါဘူး။ ေလ့လာခ်က္အရ အခုေဖာ္ျပမယ့္ သစ္သီး (၄) မ်ိဳးကို ေန႔တုိင္းစားေပးရင္ေတာ့ ကိုယ္အေလးခ်ိန္ထိန္းေပးႏုိင္တယ္လုိ႔ သိရပါတယ္။

၁။ပန္းသီး

“ပန္းသီးတစ္ေန႔တစ္လံုးစားေပးရင္ ဆရာ၀န္မလို” ဆိုတာ အလကားေျပာထားတာမဟုတ္ပါဘူး။ ပန္းသီးမွာ Flavonoid Polymers ေတြၾကြယ္၀ျပီး အမွ်င္ဓာတ္လည္း ေပါၾကြယ္တာေၾကာင့္ ၀ိတ္ခ်ရာမွာေကာင္းမြန္တဲ့အျပင္ က်န္းမာစာတစ္ခုအေနနဲ႔လညး္ ေရြးျခယ္စားသံုးလို႔ရပါတယ္။ သူ႔မွာပါ၀င္တဲ့အမွ်င္ဓာတ္ေတြ လံုေလာက္စြာရရွိဖို႔ဆိုရင္ေတာ့ အခြံပါေရာစားပါ။ ေသြးခ်ိိဳးႏႈန္းကိုထိန္းေပးတဲ့အျပင္ စားလိုစိတ္ျပင္းျပျခင္း၊ အစားက်ဴးျခင္းကိုလည္း သက္သာေစပါတယ္။

၂။သစ္ေတာ္သီး
သစ္ေတာ္သီးေတြကလည္း ပန္းသီးလိုပဲ Flavonoid Polymers ၾကြယ္၀ျပီးအမွ်င္ဓာတ္ေပါၾကြယ္တာေၾကာင့္ စားေပးသင့္ပါတယ္။ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ရခ်င္ရင္ေတာ့ အခြံခြာမစားပါနဲ႔။
Image result for pears
၃။စေတာ္္ဘယ္ရီသီး

စေတာ္ဘယ္ရီးသီးမွာ Anthocyanins ၾကြယ္၀တဲ့အတြက္ ကိုယ္အေလးခ်ိန္ကို ထိန္းေပးႏုိင္ပါတယ္။ မနက္စာအျဖစ္ ေကြကြာနဲ႔ေရာစားစား၊ ညေနခင္း စေတာ္ဘယ္ရီကိုေဖ်ာ္ေသာက္ေသာက္၊ ညစာအျပီး အခ်ိဳပဲတည္းတည္း ဘယ္လုိမဆို တစ္ေန႔ကို စေတာ္ဘယ္ရီတစ္ခြက္စာေလာက္ပံုမွန္စားေပးပါ။ စေတာ္ဘယ္ရီ၊ ပန္းသီး၊ သစ္ေတာ္သီးေတြဟာ အခ်ိဳနည္းျပီး Flavonoid မ်ားတဲ့အတြက္ ကုိယ္အေလးခ်ိန္ကို ထိထိေရာက္ေရာက္ထိန္းသိမ္းေပးပါတယ္။

၄။ပန္းငရုတ္သီး

ငရုတ္သီးေတြဟာ အမွန္တကယ္ပဲ သစ္သီးအမ်ိဳးအစားထဲပါပါတယ္။ ငရုတ္သီးေတြက ကိုယ္အေလးခ်ိန္ကို ထိန္းေပးရုံသာမကပဲ ကုိယ္အေလးခ်ိန္ေလ်ာ႔နည္းေစရာမွာလည္း အက်ိဳးျပဳပါတယ္။ ငရုတ္သီးထဲမွာပါ၀င္တဲ့ Capsaicin (ပူစပ္ေစတဲ့ ပါ၀င္ပစၥည္း) ကမလိုအပ္တဲ့အဆီေတြကိုေလာင္ကၽြမ္းေစလုိ႔ ငရုတ္သီးစားရင္ အသက္ရွည္တယ္လို႔ ေျပာစမွတ္ျပဳလာၾကတာပါ။Image result for peppers all types

က်န္းမာေရးအတြက္ ကိုယ္အေလးခ်ိန္ထိန္းဖို႔ဆိုတာ အင္မတန္အေရးပါပါတယ္။ ခက္ခဲတဲ့နည္းလမ္းနဲ႔ အခ်ိန္ကုန္၊ လူပင္ပန္းခံလိုက္လုပ္ေနမယ့္အစား ဒီသဘာ၀သစ္သီး ၄မ်ိဳးနဲ႔ ထိန္းျပီး က်န္းမာတဲ့ဘ၀ကိုပိုင္ဆုိင္ႏုိင္ပါျပီ။
Credit:myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဘယ်လောက်ပဲ အရသာရှိတဲ့အစားအစာတွေ ပေါနေပါစေ။ သဘာဝလောက်အာဟာရဖြည့်တင်းပေးနိုင်တာ ဘယ်ဟာမှမရှိပါဘူး။ အရင်ခေတ်အခါက လူကြီးတွေ အသက်ရှည်ကြတာလည်း ဒါကြောင့်မို့လို့ပါ။ အခုခေတ်မှာ အသင့်စာ စားသုံးမှုများလာတော့ ကိုယ်အလေးချိန်တွေ ရှိသင့်တာထက်ပိုတက်လာတယ်။ ကိုယ်အလေးချိန်တက်လာတာနဲ့အမျှ နှလုံး၊ သွေးတိုးရောဂါကစပြီး ရောဂါဘယပေါင်းစုံ ခန္ဓာကိုယ်ထဲဝင်လာပါတော့တယ်။

ဒါပေမယ့်လည်း ခေတ်မီအသင့်စာပေါနေတဲ့ ဒီခေတ်အခါမှာ သဘာဝဟင်းသီးဟင်းရွက် သစ်သီးသစ်ဖုတွေပဲ စားရမယ်မဆိုလိုပါဘူး။ လေ့လာချက်အရ အခုဖော်ပြမယ့် သစ်သီး (၄) မျိုးကို နေ့တိုင်းစားပေးရင်တော့ ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။

၁။ပန်းသီး

“ပန်းသီးတစ်နေ့တစ်လုံးစားပေးရင် ဆရာဝန်မလို” ဆိုတာ အလကားပြောထားတာမဟုတ်ပါဘူး။ ပန်းသီးမှာ Flavonoid Polymers တွေကြွယ်ဝပြီး အမျှင်ဓာတ်လည်း ပေါကြွယ်တာကြောင့် ဝိတ်ချရာမှာကောင်းမွန်တဲ့အပြင် ကျန်းမာစာတစ်ခုအနေနဲ့လည်း ရွေးခြယ်စားသုံးလို့ရပါတယ်။ သူ့မှာပါဝင်တဲ့အမျှင်ဓာတ်တွေ လုံလောက်စွာရရှိဖို့ဆိုရင်တော့ အခွံပါရောစားပါ။ သွေးချိုးနှုန်းကိုထိန်းပေးတဲ့အပြင် စားလိုစိတ်ပြင်းပြခြင်း၊ အစားကျူးခြင်းကိုလည်း သက်သာစေပါတယ်။

၂။သစ်တော်သီး
သစ်တော်သီးတွေကလည်း ပန်းသီးလိုပဲ Flavonoid Polymers ကြွယ်ဝပြီးအမျှင်ဓာတ်ပေါကြွယ်တာကြောင့် စားပေးသင့်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရချင်ရင်တော့ အခွံခွာမစားပါနဲ့။
Image result for pears
၃။စတော်ဘယ်ရီသီး

စတော်ဘယ်ရီးသီးမှာ Anthocyanins ကြွယ်ဝတဲ့အတွက် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ မနက်စာအဖြစ် ကွေကွာနဲ့ရောစားစား၊ ညနေခင်း စတော်ဘယ်ရီကိုဖျော်သောက်သောက်၊ ညစာအပြီး အချိုပဲတည်းတည်း ဘယ်လိုမဆို တစ်နေ့ကို စတော်ဘယ်ရီတစ်ခွက်စာလောက်ပုံမှန်စားပေးပါ။ စတော်ဘယ်ရီ၊ ပန်းသီး၊ သစ်တော်သီးတွေဟာ အချိုနည်းပြီး Flavonoid များတဲ့အတွက် ကိုယ်အလေးချိန်ကို ထိထိရောက်ရောက်ထိန်းသိမ်းပေးပါတယ်။

၄။ပန်းငရုတ်သီး

ငရုတ်သီးတွေဟာ အမှန်တကယ်ပဲ သစ်သီးအမျိုးအစားထဲပါပါတယ်။ ငရုတ်သီးတွေက ကိုယ်အလေးချိန်ကို ထိန်းပေးရုံသာမကပဲ ကိုယ်အလေးချိန်လျော့နည်းစေရာမှာလည်း အကျိုးပြုပါတယ်။ ငရုတ်သီးထဲမှာပါဝင်တဲ့ Capsaicin (ပူစပ်စေတဲ့ ပါဝင်ပစ္စည်း) ကမလိုအပ်တဲ့အဆီတွေကိုလောင်ကျွမ်းစေလို့ ငရုတ်သီးစားရင် အသက်ရှည်တယ်လို့ ပြောစမှတ်ပြုလာကြတာပါ။Image result for peppers all types

ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ထိန်းဖို့ဆိုတာ အင်မတန်အရေးပါပါတယ်။ ခက်ခဲတဲ့နည်းလမ်းနဲ့ အချိန်ကုန်၊ လူပင်ပန်းခံလိုက်လုပ်နေမယ့်အစား ဒီသဘာဝသစ်သီး ၄မျိုးနဲ့ ထိန်းပြီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါပြီ။

Credit:myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top