iMyanmarHouse.com - Best Property Website for Myanmar
×
☑ နွဲ့ဆိုး ဆိုးတတ်တယ်
☑ ၀မ်းနည်း လွယ်တယ်
Credit: upupmm
ဘော်ဒါတွေထဲမှာ ခပ်ဆိုးဆိုး တစ်ဦးတည်းသော သမီးလေးတွေကို ချစ်သူ တော်ထားရတဲ့ ကွီးတွေ ရှိလား ။ ခု တစ်ခေါက်မှာတော့ အဲ့လို ဆိုးပေ ချစ်သူ ကောင်မလေးတွေကို ပိုင်ဆိုင် ထားရတဲ့ ကွီးတို့အတွက် ကြုံတွေ့ ရလေ့ရှိတဲ့ အခက်အခဲ ပြသနာလေး အချို့ကို ဖော်ပြပေး လိုက်ပါတယ်နော် ။
☑ အလိုလိုက် အကြိုက်ဆောင်
တစ်ဦးတည်းသော သမီး အများစုတွေဟာ သူတို့အိမ်မှာ မိသားစု တစ်ခုလုံးရဲ့ ဝိုင်းဝန်းချစ်ပြီး အလိုလိုက်ခြင်းကို ခံကြရတဲ့ လူတွေပါ။
ဒါကြောင့် သူတို့ ချစ်သူ ရရှိလာတဲ့ အခါမှာတော့ အဲ့ဒီ တာဝန်ကို သူတို့ရဲ့ ချစ်သူ ကိုကိုတွေ ၊ မောင်မောင်တွေက ဆက်လက်ပြီး ထမ်းဆောင် ရတတ်ပါတယ်။
☑ နွဲ့ဆိုး ဆိုးတတ်တယ်
တစ်ဖက်သားကို ဖြည့်တွေး စဉ်းစား မပေးတတ်ကြပဲ ကလေး ဆန်ဆန် နွဲ့ဆိုးဆိုး တတ်ကြ သူတွေပါ။ ကိုယ်ဖြစ်ချင်တဲ့ လိုအင် ဆန္ဒတွေအတွက် တစ်ဖက်သားကို အရိပ်အကဲ မကြည့်တတ်ပဲ ကလေးလို ဗိုလ်ကျ ဆိုးသွမ်း တတ်သူတွေပေါ့။
☑ ပုံအပ်ပြီး ချစ်တတ်တယ်
အဲ့ဒီလို တစ်ဦးတည်းသော သမီး ကောင်မလေး တွေဟာ ချစ်သူ အပေါ်ကို မောင်နှမလို တစ်မျိုး ၊ သူငယ်ချင်းလို တစ်ဖုံ တွယ်ကပ် ချစ်မြတ်နိုး တတ်ကြသူတွေပါ။ သူတို့ရဲ့ ဘဝမှာ တစ်ဦးတည်း ကြီးပြင်း လာခဲ့ရတော့ သူငယ်ချင်း ပဲဖြစ်စေ ၊ ချစ်သူ ကိုပဲ ဖြစ်စေ စိတ်ရော ကိုယ်ပါ ပုံအပ်ပြီး ချစ်မြတ်နိုး တတ်ကြသူတွေပေါ့။ ဒါလေးကတော့ တစ်ဦးတည်းသော သမီးလေးတွေရဲ့ ချစ်စရာ ကောင်းတဲ့ စိတ်ဓာတ်လေးလို့ ပြောလို့ ရပါတယ်။
☑ ဝမ်းနည်း လွယ်တယ်
အပြင်ပန်း မှာတော့ ဘယ်လိုပဲ ရင့်ကျက်ချင်ယောင် ဆောင်နေတတ်ပါစေ တစ်စုံတစ်ခုသော အကြောင်းကြောင်းတွေကြောင့် စိတ်ထိခိုက် ဝမ်းနည်း ရတဲ့အခါ ကိုယ်ချစ်ခင်ရသူ တွေကိုသာ အရင်ဦးဆုံး တမ်းတတတ်ကြ သူတွေပါ ။ ဒါကြောင့် သူတို့ စိတ်ထိခိုက် ဝမ်းနည်းတဲ့ အခါတိုင်း ချစ်သူ ကွီးတို့က အမြဲတမ်း အပြေးသွားပြီး နှစ်သိမ့်ပေး ရတတ်တဲ့ အခြေအနေ လေးတွေတော့ ရှိတာပေါ့။
🔴ဘော်ဒါတွေ ထဲမှာ ခပ်ဆိုးဆိုး တစ်ဦးတည်းသော သမီးလေးတွေကို ချစ်သူ အဖြစ် ပိုင်ဆိုင်ခွင့် ရထားတဲ့ ကွီးတွေ ဒီပိုစ့် ကို ကြိုက်နှစ်သက်တယ် ဆိုရင် Like ပီး Share လေး လုပ်သွားအုံးနော်။🔴
Credit: upupmm
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top