iMyanmarHouse.com - Best Property Website for Myanmar
×

ေမာင့္ဆိုင္ႏိုင္း ေဆးေက်ာင္းမွ သုေတသီမ်ားရဲ႕ ရွာေဖြေတြ႕ရွိခ်က္အရ သဘာဝ အန္တီေအာက္စီးဒင့္ ျဖစ္တဲ့ စပ်စ္သီး အေစ႔ရဲ႕ ေပၚလီဖီေနာဟာ အယ္ဇိုင္းမား ေရာဂါကို ကာကြယ္ တားဆီးရာမွာ အေထာက္အကူေပးေၾကာင္း  ေျပာပါတယ္။

ဂီယူလီအိုပါစီနက္တီ (Giulio Pasinetti) ဦးေဆာင္ ျပဳလုပ္တဲ့ အဆိုပါ သုေတသန ရလဒ္ကို Alzheimer's Disease ဂ်ာနယ္ေဆာင္ရဲ႕ အြန္လိုင္းမွ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။ ယခု ေတြ႕ရိွမႈဟာ စပ်စ္မွ ထုတ္ယူတဲ့ ေပၚလီဖီေနာကို အယ္လ္ဇိုင္းမား ေရာဂါ တားဆီးေရး စြမ္းေဆာင္ႏိုင္မႈအတြက္ ပထမဆံုး ေလ့လာ ေတြ႕ရွိခ်က္လည္း ျဖစ္ပါတယ္။

Minnesota နဲ႔ Pasinetti တကၠသိုလ္မ်ားမွ သုေတသနရွင္ အဖြဲ႕မ်ား အတူ ပူးေပါင္းၿပီး စပ်စ္သီး ပိုလီဖီေနာနဲ႔ ပတ္သက္တဲ႔ စမ္းသပ္ခ်က္ကို ႂကြက္ကေလးမ်ားနဲ႔ စမ္းသပ္ၾကည့္တဲ့အခါ အယ္ဇိုင္းမား ေရာဂါလိုမ်ိဳး အာ႐ုံေၾကာ အဆိပ္မိတဲ့ ေရာဂါမွာ ပိုလီဖီေနာနဲ႔ စမ္းသပ္ ကုသၾကည့္ၿပီးေနာက္ မွတ္ဥာဏ္ ဆံုး႐ံႈးမႈေတြ တျဖည္းျဖည္း ေလ်ာ့နည္းလာေၾကာင္း ေတြ႕ရပါတယ္။ ယခင္ ေလ့လာေတြ႕ရွိခ်က္အရ စပ်စ္သီးအေစ့ ပိုလီဖီေနာကို ဝုိင္အနီ (Redwine) ထဲမွာလည္း ပိုလီဖီေနာ အမ်ားဆံုး ပါဝင္ေၾကာင္း သိရၿပီး ဝုိင္နီ ေသာက္သံုးမႈ မ်ားလာတာနဲ႔အမွ် အယ္ဇိုင္းမား ေရာဂါဟာ တျဖည္းျဖည္း ေပ်ာက္ကင္း ေလ်ာ့နည္းလာမွာ ျဖစ္ေၾကာင္း သိရွိရပါတယ္။

အယ္ဇိုင္းမားေရာဂါ ျဖစ္ပြားေနတဲ့ လူနာမ်ားကို ေဆးကုသရာမွာလည္း စပ်စ္သီးအေစ့ ပိုလီဖီေနာကို စားသံုးေပးျခင္းအား ေရွးဦးကုသနည္း တစ္ခုအျဖစ္ အသံုးျပဳသြားမယ္လို႔ Pasinetti မွ သုေတသန ပညာရွင္မ်ားက ေျပာၾကားသြားပါတယ္။ အယ္ဇိုင္းမား ေရာဂါဟာ ဦးေႏွာက္အတြင္းရွိ ဆဲလ္မ်ား ယိုယြင္း ပ်က္ဆီးၿပီး ဆဲလ္မ်ား ေသသြားျခင္း ျဖစ္တဲ့အျပင္ မွတ္ဥာဏ္နဲ႔ စိတ္ပိုင္းဆိုင္ရာ လုပ္ကိုင္ေဆာင္ရြက္မႈမ်ား ဆံုး႐ံႈးသြားေစတဲ့ ေရာဂါ ျဖစ္တယ္လို႔ သိရွိရပါတယ္။

Ref : Xinhua

Credit: ရတနာပံု
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မောင့်ဆိုင်နိုင်း ဆေးကျောင်းမှ သုတေသီများရဲ့ ရှာဖွေတွေ့ရှိချက်အရ သဘာဝ အန်တီအောက်စီးဒင့် ဖြစ်တဲ့ စပျစ်သီး အစေ့ရဲ့ ပေါ်လီဖီနောဟာ အယ်ဇိုင်းမား ရောဂါကို ကာကွယ် တားဆီးရာမှာ အထောက်အကူပေးကြောင်း  ပြောပါတယ်။

ဂီယူလီအိုပါစီနက်တီ (Giulio Pasinetti) ဦးဆောင် ပြုလုပ်တဲ့ အဆိုပါ သုတေသန ရလဒ်ကို Alzheimer's Disease ဂျာနယ်ဆောင်ရဲ့ အွန်လိုင်းမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ယခု တွေ့ရှိမှုဟာ စပျစ်မှ ထုတ်ယူတဲ့ ပေါ်လီဖီနောကို အယ်လ်ဇိုင်းမား ရောဂါ တားဆီးရေး စွမ်းဆောင်နိုင်မှုအတွက် ပထမဆုံး လေ့လာ တွေ့ရှိချက်လည်း ဖြစ်ပါတယ်။

Minnesota နဲ့ Pasinetti တက္ကသိုလ်များမှ သုတေသနရှင် အဖွဲ့များ အတူ ပူးပေါင်းပြီး စပျစ်သီး ပိုလီဖီနောနဲ့ ပတ်သက်တဲ့ စမ်းသပ်ချက်ကို ကြွက်ကလေးများနဲ့ စမ်းသပ်ကြည့်တဲ့အခါ အယ်ဇိုင်းမား ရောဂါလိုမျိုး အာရုံကြော အဆိပ်မိတဲ့ ရောဂါမှာ ပိုလီဖီနောနဲ့ စမ်းသပ် ကုသကြည့်ပြီးနောက် မှတ်ဉာဏ် ဆုံးရှုံးမှုတွေ တဖြည်းဖြည်း လျော့နည်းလာကြောင်း တွေ့ရပါတယ်။ ယခင် လေ့လာတွေ့ရှိချက်အရ စပျစ်သီးအစေ့ ပိုလီဖီနောကို ဝိုင်အနီ (Redwine) ထဲမှာလည်း ပိုလီဖီနော အများဆုံး ပါဝင်ကြောင်း သိရပြီး ဝိုင်နီ သောက်သုံးမှု များလာတာနဲ့အမျှ အယ်ဇိုင်းမား ရောဂါဟာ တဖြည်းဖြည်း ပျောက်ကင်း လျော့နည်းလာမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

အယ်ဇိုင်းမားရောဂါ ဖြစ်ပွားနေတဲ့ လူနာများကို ဆေးကုသရာမှာလည်း စပျစ်သီးအစေ့ ပိုလီဖီနောကို စားသုံးပေးခြင်းအား ရှေးဦးကုသနည်း တစ်ခုအဖြစ် အသုံးပြုသွားမယ်လို့ Pasinetti မှ သုတေသန ပညာရှင်များက ပြောကြားသွားပါတယ်။ အယ်ဇိုင်းမား ရောဂါဟာ ဦးနှောက်အတွင်းရှိ ဆဲလ်များ ယိုယွင်း ပျက်ဆီးပြီး ဆဲလ်များ သေသွားခြင်း ဖြစ်တဲ့အပြင် မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများ ဆုံးရှုံးသွားစေတဲ့ ရောဂါ ဖြစ်တယ်လို့ သိရှိရပါတယ်။

Ref : Xinhua

Credit: ရတနာပုံ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top