iMyanmarHouse.com - Best Property Website for Myanmar
×

 စိတ္ခ်မ္းသာ႐ံုမက၊ ကိုယ္လည္းက်န္းမာတယ္။

သူငယ္ခ်င္းေကာင္းေတြ႐ွိတာက အရာအားလံုးကို ပိုေကာင္းသြားေစတယ္။ စစ္မွန္တဲ့သူငယ္ခ်င္းေတြဟာ ေပ်ာ္႐ႊင္မႈ၊ ရယ္ေမာျခင္းနဲ႔ က်န္းမာေရးတုိ႔အတြက္ ရင္းျမစ္ေတြလည္းျဖစ္ပါတယ္။ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုအရဆုိရင္ သူငယ္ခ်င္းေကာင္းေတြေၾကာင့္ အ႐ြယ္ရလာခ်ိန္မွာ က်န္းမာေရးကို သိသိသာသာ ေကာင္းက်ိဳးျဖစ္ေစတာ ေတြ႔ရတယ္။

Northwestern University က သုေတသီေတြဟာ အသက္ႀကီးသူေတြရဲ႕ လူမႈေရးပတ္ဝန္းက်င္က သူတုိ႔ရဲ႕က်န္းမာေရးေကာင္းမႈနဲ႔ ဆက္စပ္ေနတာကို ေတြ႔ခဲ့ရပါတယ္။ ေလ့လာမႈမွာေတာ့ အသက္ႀကီးပုဂၢိဳလ္ ၅၀ ဦး ပါဝင္ခဲ့ၿပီး ၃၁ ဦးကေတာ့ အသက္အရမ္းႀကီးသူေတြျဖစ္ကာ ၁၉ ဦးကေတာ့ သက္တူရြယ္တူေတြနဲ႔ယွဥ္ရင္ ပံုမွန္အတိုင္းအိုမင္းသူေတြ ျဖစ္ပါတယ္။ အလြန္အိုမင္းေနသူေတြထဲမွာ အသက္ ၈၀ ေက်ာ္ အမ်ိဳးသမီး၊ အမ်ိဳးသားေတြ ပါဝင္ၿပီး မွတ္ဉာဏ္ေလ်ာ့ေနသူေတြပါဝင္ပါတယ္။

ေလ့လာမႈမွာ ပါဝင္သူေတြကို သူတုိ႔ရဲ႕ စိတ္ပညာဆုိင္ရာက်န္းမာေရးနဲ႔ ပတ္သက္တဲ့ ေမးခြန္း ၄၂ ခုကို ေမးျမန္းခဲ့တယ္။ အလြန္အိုမင္းသူေတြအဖြဲ႔နဲ႔ အျခားအဖြဲ႔တုိ႔ရဲ႕ အႀကီးမားဆံုး ကြာျခားခ်က္ကေတာ့ သူတို႔ေတြဟာ စိတ္ေက်နပ္မႈရွိျခင္း၊ ေႏြးေထြးမႈ၊ ယံုၾကည္ရတဲ့ ေပါင္းသင္းဆက္ဆံေရးေတြ ႐ွိေနၾကတာ ေတြ႔ရပါတယ္။

ဒီရလဒ္ကို ၾကည့္ျခင္းအားျဖင့္ေတာ့ သူငယ္ခ်င္းေကာင္းေတြ ႐ွိျခင္းဟာ ကိုယ့္ကို စိတ္ခ်မ္းသာေစ႐ံုသာမက ကိုယ္က်န္းမာေစတာကိုပါ သိႏိုင္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆံုတာ၊ အျပင္သြားတာမ်ိဳးေတြလည္း ပိုၿပီးေတာ့ လုပ္ေပးသင့္ပါတယ္။

Source : GHK




Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 စိတ်ချမ်းသာရုံမက၊ ကိုယ်လည်းကျန်းမာတယ်။

သူငယ်ချင်းကောင်းတွေရှိတာက အရာအားလုံးကို ပိုကောင်းသွားစေတယ်။ စစ်မှန်တဲ့သူငယ်ချင်းတွေဟာ ပျော်ရွှင်မှု၊ ရယ်မောခြင်းနဲ့ ကျန်းမာရေးတို့အတွက် ရင်းမြစ်တွေလည်းဖြစ်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် သူငယ်ချင်းကောင်းတွေကြောင့် အရွယ်ရလာချိန်မှာ ကျန်းမာရေးကို သိသိသာသာ ကောင်းကျိုးဖြစ်စေတာ တွေ့ရတယ်။

Northwestern University က သုတေသီတွေဟာ အသက်ကြီးသူတွေရဲ့ လူမှုရေးပတ်ဝန်းကျင်က သူတို့ရဲ့ကျန်းမာရေးကောင်းမှုနဲ့ ဆက်စပ်နေတာကို တွေ့ခဲ့ရပါတယ်။ လေ့လာမှုမှာတော့ အသက်ကြီးပုဂ္ဂိုလ် ၅၀ ဦး ပါဝင်ခဲ့ပြီး ၃၁ ဦးကတော့ အသက်အရမ်းကြီးသူတွေဖြစ်ကာ ၁၉ ဦးကတော့ သက်တူရွယ်တူတွေနဲ့ယှဉ်ရင် ပုံမှန်အတိုင်းအိုမင်းသူတွေ ဖြစ်ပါတယ်။ အလွန်အိုမင်းနေသူတွေထဲမှာ အသက် ၈၀ ကျော် အမျိုးသမီး၊ အမျိုးသားတွေ ပါဝင်ပြီး မှတ်ဉာဏ်လျော့နေသူတွေပါဝင်ပါတယ်။

လေ့လာမှုမှာ ပါဝင်သူတွေကို သူတို့ရဲ့ စိတ်ပညာဆိုင်ရာကျန်းမာရေးနဲ့ ပတ်သက်တဲ့ မေးခွန်း ၄၂ ခုကို မေးမြန်းခဲ့တယ်။ အလွန်အိုမင်းသူတွေအဖွဲ့နဲ့ အခြားအဖွဲ့တို့ရဲ့ အကြီးမားဆုံး ကွာခြားချက်ကတော့ သူတို့တွေဟာ စိတ်ကျေနပ်မှုရှိခြင်း၊ နွေးထွေးမှု၊ ယုံကြည်ရတဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရှိနေကြတာ တွေ့ရပါတယ်။

ဒီရလဒ်ကို ကြည့်ခြင်းအားဖြင့်တော့ သူငယ်ချင်းကောင်းတွေ ရှိခြင်းဟာ ကိုယ့်ကို စိတ်ချမ်းသာစေရုံသာမက ကိုယ်ကျန်းမာစေတာကိုပါ သိနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာ၊ အပြင်သွားတာမျိုးတွေလည်း ပိုပြီးတော့ လုပ်ပေးသင့်ပါတယ်။

Source : GHK


Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top