iMyanmarHouse.com - Best Property Website for Myanmar
×

အနားယူျခင္းဟာ သင့္ကိုယ္ေရာစိတ္ပါ တင္းက်ပ္မႈေတြကုိ ေျပေပ်ာက္ေစတဲ့ ျဖစ္စဥ္ တစ္ခုျဖစ္ပါတယ္။ လူအေတာ္မ်ားမ်ားဟာ ဒါကို ေလ့က်င့္သင့္ၿပီး စိတ္ဖိစီးမႈကို ထိန္းခ်ဳပ္ႏိုင္တဲ့ နည္းလမ္းေတြနဲ႔ စိတ္ကိုၾကည္လင္ေစတဲ့ နည္းလမ္းေတြအေၾကာင္းကို သင္ယူသင့္ပါတယ္။

အပန္းေျပေစတဲ့ နည္းလမ္းေတြက ဘယ္လိုအက်ိဳးေက်းဇူးေတြ ရွိပါသလဲ။

မ်ားျပားလွတဲ့ တာဝန္ယူမႈေတြနဲ႔ အလုပ္တာဝန္ေတြက သင့္ကို စိတ္ဖိစီးၿပီး စိတ္ပင္ပန္းေစကာ သင့္က်န္းမာေရးနဲ႔ ကို္ယ္ခံအားစနစ္အတြက္ ဆိုးက်ိဳးေတြ ျဖစ္ေပၚေစပါတယ္။ စိတ္အပန္းေျပေစတဲ့ နည္းလမ္းေတြကို ေလ့က်င့္ျခင္းျဖင့္ ေအာက္ေဖၚျပပါ အက်ိဳးေက်းဇူးေတြ အပါအဝင္ အက်ိဳးမ်ားစြာ ရရွိေစပါတယ္။

• ႏွလံုးခုန္ႏႈန္းကို ေႏွးေစျခင္း
• ေသြးေပါင္က်ေစျခင္း
• အသက္ရွဴႏႈန္း ေႏွးေစျခင္း
• စိတ္ဖိအားတက္ေစတဲ့ ေဟာ္မုန္း အလုပ္လုပ္တာ ေလ်ာ့က်ေစျခင္း
• အဓိက ႂကြက္သားေတြကို ပိုမို ေသြးစီးဆင္းျခင္း
• ႂကြက္သားေတာင့္တင္းမႈနဲ႔ နာတာရွည္ နာက်င္မႈတို႔ကို ေလ်ာ့က်ေစျခင္း
• အာရံုစူးစိတ္မႈပိုေကာင္းျခင္း၊ စိတ္ၾကည္လင္ျခင္း
• ပင္ပန္းႏြမ္းနယ္မႈ နည္းျခင္း
• ေဒါသ၊ စိတ္ရႈပ္ေထြးမႈ နည္းပါးျခင္း
• ျပႆနာေျဖရွင္းဖို႔ ယံုၾကည္ခ်က္ ပိုမိုရွိျခင္း
အပန္းေျပေစဖို႔ နည္းလမ္းေတြ ဘယ္ႏွမ်ိဳး ရွိသလဲ။

အပန္းေျပေစဖို႔ နည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။
• Autogenic relaxation – ဒီ အပန္းေျပေစတဲ့ နည္းလမ္းမွာ အျမင္ပိုင္းဆိုင္ရာေရာ၊ ကိုယ္ခႏၶာ သိရွိမႈေရာကို အသံုးျပဳၿပီး စိတ္ဖိစီးမႈ ေလွ်ာ့ခ်တာ ျဖစ္ပါတယ္။ ႂကြက္သား ေတာင့္တင္းမႈကို ေလ်ာ့က်ေစဖို႔ စကားလံုးေတြ၊ အၾကံေပးခ်က္ေတြကို အႀကိမ္ႀကိမ္ ရြတ္ဆိုတာ ျဖစ္ပါတယ္။
• Progressive muscle relaxation – ဒီနည္းလမ္းမွာေတာ့ ႂကြက္သားအုပ္စု တစ္စုစီရဲ႕ တင္းက်ပ္မႈကို အာရံုစိုက္ၿပီး ေလ်ာ့က်ေစတာျဖစ္ပါတယ္။ ဒါဟာ သင့္ကို ႂကြက္သား တင္းက်ပ္မႈနဲ႔ ေလ်ာ့က်မႈေတြရဲ႕ ကြာျခားခ်က္ကို နားလည္ေစမွာျဖစ္ပါတယ္။ ရုပ္ပိုင္းဆိုင္ရာ အာရံုခံစားမႈေတြကို ပိုမို နားလည္လာေစမွာပါ။
• ျမင္ေယာင္ၾကည့္ျခင္း – ဒီနည္းမွာေတာ့ ေအးခ်မ္းသာယာတဲ့ ခရီးတစ္ခုကို သြားတဲ့ပံုစံ စိတ္ထဲမွာ ျမင္ေယာင္ၾကည့္မွာ ျဖစ္ပါတယ္။ ဒီလိုလုပ္ေနစဥ္မွာ သင္တတ္ႏိုင္သမွ် အာရံုေတြ အကုန္ကုိ အသံုးျပဳႏိုင္ပါတယ္။ (အနံ႔၊ အသံ၊ အထိအေတြ႔)

အျခား အပန္းေျပေစတဲ့ နည္းလမ္းေတြကေတာ့-
• အသက္ျပင္းျပင္းရွဴျခင္း
• အိပ္ေငြ႔ခ်ျခင္း
• ႏွိပ္နယ္ျခင္း
• တရားထိုင္ျခင္း
• ထိုက္က်ိ ကစားျခင္း
• ေယာဂ က်င့္ျခင္း
• Biofeedback
• အသံ ကုထံုး မ်ားပဲျဖစ္ပါတယ္။

ဒီလုိ အပန္းေျပေစတဲ့နည္းလမ္းေတြကို ကိုယ္တိုင္ ဘယ္လိုသင္ယူလို႔ ရမလဲ။

ဒီလိုသင္ယူဖုိ႔အတြက္ဆိုရင္ လူသိမ်ားတဲ့နည္းလမ္းေတြျဖစ္တဲ့ ျမင္ေယာင္ၾကည့္ျခင္းနဲ႔ တရားထိုင္ျခင္းတို႔အတြက္ တိတ္ေခြ၊ ဗီဒီယိုေခြေတြရွာေဖြႏိုင္ၿပီး သင့္အိမ္ဝန္းက်င္မွာ သင္ေပးတဲ့ သင္တန္းေတြရွိမရွိ ၾကည့္သင့္ပါတယ္။ တကယ္ေတာ့ အပန္းေျပေစတဲ့နည္းလမ္းေတြဟာ ကြ်မ္းက်င္မႈေတြျဖစ္တာေၾကာင့္ အျခားကြ်မ္းက်င္မႈေတြလိုပဲ ေလ့က်င့္မႈနဲ႔အတူ တိုးတက္လာပါလိမ့္မယ္။ စိတ္ရွည္သည္းခံပါ။ ဒီ အပန္းေျပေစတဲ့ နည္းလမ္းေတြက သင့္အတြက္ စိတ္ဖိစီးမႈ ေနာက္တစ္ခု မျဖစ္ေစသင့္ပါဘူး။ နည္းလမ္းတစ္ခုက အက်ိဳးမရွိရင္ ေနာက္တစ္ခု ေျပာင္းလုပ္သင့္ပါတယ္။

ဒါေပမယ့္ သင့္မွာ တိက်တဲ့ က်န္းမာေရးဆိုင္ရာ (သို႔) စိတ္ပိုင္းဆိုင္ရာ ျပႆနာတစ္ခု ရွိေနမယ္ဆိုရင္ေတာ့ စိတ္ေရာဂါကုဆရာဝန္၊ ဒါမွမဟုတ္ ကြ်မ္းက်င္သူေတြကို ျပသၿပီး သူတို႔ကို အထက္ပါနည္းလမ္းေတြကို သင္ခိုင္းသင့္ပါတယ္။ က်န္းမာေရးပညာရွင္က ဘယ္အပန္းေျပေစတဲ့နည္းလမ္းက သင့္အတြက္ အေကာင္းဆံုးလဲဆိုတာ ဆံုးျဖတ္ေပးပါလိမ့္မယ္။

Credit : Mizzima
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အနားယူခြင်းဟာ သင့်ကိုယ်ရောစိတ်ပါ တင်းကျပ်မှုတွေကို ပြေပျောက်စေတဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ လူအတော်များများဟာ ဒါကို လေ့ကျင့်သင့်ပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ စိတ်ကိုကြည်လင်စေတဲ့ နည်းလမ်းတွေအကြောင်းကို သင်ယူသင့်ပါတယ်။

အပန်းပြေစေတဲ့ နည်းလမ်းတွေက ဘယ်လိုအကျိုးကျေးဇူးတွေ ရှိပါသလဲ။

များပြားလှတဲ့ တာဝန်ယူမှုတွေနဲ့ အလုပ်တာဝန်တွေက သင့်ကို စိတ်ဖိစီးပြီး စိတ်ပင်ပန်းစေကာ သင့်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်အတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေကို လေ့ကျင့်ခြင်းဖြင့် အောက်ဖေါ်ပြပါ အကျိုးကျေးဇူးတွေ အပါအဝင် အကျိုးများစွာ ရရှိစေပါတယ်။

• နှလုံးခုန်နှုန်းကို နှေးစေခြင်း
• သွေးပေါင်ကျစေခြင်း
• အသက်ရှူနှုန်း နှေးစေခြင်း
• စိတ်ဖိအားတက်စေတဲ့ ဟော်မုန်း အလုပ်လုပ်တာ လျော့ကျစေခြင်း
• အဓိက ကြွက်သားတွေကို ပိုမို သွေးစီးဆင်းခြင်း
• ကြွက်သားတောင့်တင်းမှုနဲ့ နာတာရှည် နာကျင်မှုတို့ကို လျော့ကျစေခြင်း
• အာရုံစူးစိတ်မှုပိုကောင်းခြင်း၊ စိတ်ကြည်လင်ခြင်း
• ပင်ပန်းနွမ်းနယ်မှု နည်းခြင်း
• ဒေါသ၊ စိတ်ရှုပ်ထွေးမှု နည်းပါးခြင်း
• ပြဿနာဖြေရှင်းဖို့ ယုံကြည်ချက် ပိုမိုရှိခြင်း
အပန်းပြေစေဖို့ နည်းလမ်းတွေ ဘယ်နှမျိုး ရှိသလဲ။

အပန်းပြေစေဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
• Autogenic relaxation – ဒီ အပန်းပြေစေတဲ့ နည်းလမ်းမှာ အမြင်ပိုင်းဆိုင်ရာရော၊ ကိုယ်ခန္ဓာ သိရှိမှုရောကို အသုံးပြုပြီး စိတ်ဖိစီးမှု လျှော့ချတာ ဖြစ်ပါတယ်။ ကြွက်သား တောင့်တင်းမှုကို လျော့ကျစေဖို့ စကားလုံးတွေ၊ အကြံပေးချက်တွေကို အကြိမ်ကြိမ် ရွတ်ဆိုတာ ဖြစ်ပါတယ်။
• Progressive muscle relaxation – ဒီနည်းလမ်းမှာတော့ ကြွက်သားအုပ်စု တစ်စုစီရဲ့ တင်းကျပ်မှုကို အာရုံစိုက်ပြီး လျော့ကျစေတာဖြစ်ပါတယ်။ ဒါဟာ သင့်ကို ကြွက်သား တင်းကျပ်မှုနဲ့ လျော့ကျမှုတွေရဲ့ ကွာခြားချက်ကို နားလည်စေမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေကို ပိုမို နားလည်လာစေမှာပါ။
• မြင်ယောင်ကြည့်ခြင်း – ဒီနည်းမှာတော့ အေးချမ်းသာယာတဲ့ ခရီးတစ်ခုကို သွားတဲ့ပုံစံ စိတ်ထဲမှာ မြင်ယောင်ကြည့်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နေစဉ်မှာ သင်တတ်နိုင်သမျှ အာရုံတွေ အကုန်ကို အသုံးပြုနိုင်ပါတယ်။ (အနံ့၊ အသံ၊ အထိအတွေ့)

အခြား အပန်းပြေစေတဲ့ နည်းလမ်းတွေကတော့-
• အသက်ပြင်းပြင်းရှူခြင်း
• အိပ်ငွေ့ချခြင်း
• နှိပ်နယ်ခြင်း
• တရားထိုင်ခြင်း
• ထိုက်ကျိ ကစားခြင်း
• ယောဂ ကျင့်ခြင်း
• Biofeedback
• အသံ ကုထုံး များပဲဖြစ်ပါတယ်။

ဒီလို အပန်းပြေစေတဲ့နည်းလမ်းတွေကို ကိုယ်တိုင် ဘယ်လိုသင်ယူလို့ ရမလဲ။

ဒီလိုသင်ယူဖို့အတွက်ဆိုရင် လူသိများတဲ့နည်းလမ်းတွေဖြစ်တဲ့ မြင်ယောင်ကြည့်ခြင်းနဲ့ တရားထိုင်ခြင်းတို့အတွက် တိတ်ခွေ၊ ဗီဒီယိုခွေတွေရှာဖွေနိုင်ပြီး သင့်အိမ်ဝန်းကျင်မှာ သင်ပေးတဲ့ သင်တန်းတွေရှိမရှိ ကြည့်သင့်ပါတယ်။ တကယ်တော့ အပန်းပြေစေတဲ့နည်းလမ်းတွေဟာ ကျွမ်းကျင်မှုတွေဖြစ်တာကြောင့် အခြားကျွမ်းကျင်မှုတွေလိုပဲ လေ့ကျင့်မှုနဲ့အတူ တိုးတက်လာပါလိမ့်မယ်။ စိတ်ရှည်သည်းခံပါ။ ဒီ အပန်းပြေစေတဲ့ နည်းလမ်းတွေက သင့်အတွက် စိတ်ဖိစီးမှု နောက်တစ်ခု မဖြစ်စေသင့်ပါဘူး။ နည်းလမ်းတစ်ခုက အကျိုးမရှိရင် နောက်တစ်ခု ပြောင်းလုပ်သင့်ပါတယ်။

ဒါပေမယ့် သင့်မှာ တိကျတဲ့ ကျန်းမာရေးဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ရှိနေမယ်ဆိုရင်တော့ စိတ်ရောဂါကုဆရာဝန်၊ ဒါမှမဟုတ် ကျွမ်းကျင်သူတွေကို ပြသပြီး သူတို့ကို အထက်ပါနည်းလမ်းတွေကို သင်ခိုင်းသင့်ပါတယ်။ ကျန်းမာရေးပညာရှင်က ဘယ်အပန်းပြေစေတဲ့နည်းလမ်းက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top