iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာ့အသိုင္းအဝိုင္းမွာေတာ့ လက္ထပ္ၿပီးစ ေမာင္ႏွံေတြအေမးခံရဆုံး ေမးခြန္းက ဘယ္ေတာ့ကေလးယူမလဲ ဆိုတာပါပဲ။ အထူးသျဖင့္ ေဆြမ်ိဳးေတြ ၾကားထဲမွာေပါ့။

ခ်စ္စၾကင္စ ေမာင္ႏွံေတြ လက္ထပ္ၿပီးတဲ့အခါ တစ္ႏွစ္အတြင္းမွာပဲ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြ ရွိပါတယ္။ ႏွစ္ဦးသား အျပန္အလွန္ နားလည္ၿပီး မာနေတြ မထားဖို႔၊ ေပ်ာ္စရာမိသားစုတစ္စုကို တည္ေဆာက္ဖို႔ ဒီအခ်ိန္က အေရးႀကီးပါတယ္။ ဘဝကို အတူတူစတင္တည္ေဆာက္ခ်ိန္မွာ မေမွ်ာ္လင့္တဲ့ အခက္အခဲေတြကို ေျမႀကီးလက္ခတ္မလြဲ ရင္ဆိုင္ရမွာပါ။

ေအာ္ႀကီးဟစ္က်ယ္ ရန္ျဖစ္ရျခင္း

ခ်စ္စိတ္ေတြ ျပည့္လွ်ံေနတုန္းမွာေတာ့ တစ္ေလာကလုံးကို ပန္းေရာင္ေတြလႊမ္းၿခဳံထားသလို အားလုံးက လွေနတာေပါ့။ လက္ထပ္ၿပီးတဲ့အခါမွာေတာ့ ႏွစ္ဦးသားအတူေနၾကတဲ့အခါ လုံးဝကြဲျပားတဲ့အေျခအေနကို ရင္ဆိုင္ရေတာ့မွာပါ။ လက္ထပ္ၿပီး ပထမဆုံးတစ္ႏွစ္အတြင္း အတူေနတဲ့အခါ ၿပီးျပည့္စုံတဲ့အခ်ိန္အခါ ရလိမ့္မယ္လို႔ ဘယ္သူမွ အာမမခံႏိုင္ပါဘူး။ ေန႔စဥ္အတူရွိေနၾကၿပီျဖစ္လို႔ တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုၿပီး ျပည့္ျပည့္စုံစုံ သိလာေတာ့မွာ ျဖစ္ပါတယ္။ အျမင္မတူၾကတဲ့အခါ အျငင္းအခုံေတြ ျဖစ္ၾကဖို႔လည္း ေသခ်ာပါတယ္။ သေဘာထား အႀကီးအက်ယ္ ကြဲလြဲၾကၿပီးေနာက္ တစ္ေယာက္ေယာက္က အိမ္ေပၚကဆင္းကာ မိဘအိမ္ျပန္မယ္ဆိုတဲ့ အျဖစ္ေတြ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။ သတိထားရမွာက စိတ္ဆိုးစကားမ်ားေနတဲ့အခ်ိန္ တစ္ေယာက္နဲ႔ တစ္ေယာက္ ေလးစားမႈ ရွိဖို႔လိုၿပီး နာက်င္ခံစားရမယ့္စကားေတြ မေျပာမိေစဖို႔ပါပဲ။

ပိတ္ရက္ေတြ အိမ္မွာေနျခင္း

သြက္လက္ထက္ျမက္ၿပီး အေပါင္းအသင္းမ်ားတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ပါေစဦးေတာ့။ လက္ထပ္ၿပီးတဲ့ အခါမွာေတာ့ ကိုယ့္ရဲ႕ ခင္ပြန္းနဲ႔အတူ ညစာစားတာ၊ အိမ္မွာ တီဗီအတူၾကည့္တာေတြကိုလုပ္ရင္ ပိုေပ်ာ္ဖို႔ ေကာင္းပါလိမ့္မယ္။ ဒါဟာ ရင့္က်က္တဲ့ အိမ္ေထာင္ရွင္မတစ္ေယာက္ရဲ႕ အျပဳအမူေတြ ျဖစ္ပါလိမ့္မယ္။ အိမ္မွာ အတူအခ်ိန္ကုန္ဆုံးၿပီး တီဗီအတူၾကည့္တာ ဝိုင္တစ္ခြက္ႏွစ္ခြက္ေလာက္ေသာက္တာဟာ ႏွစ္ေယာက္ၾကား ပိုၿပီးၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖစ္ေစပါလိမ့္မယ္။ အိမ္နဲ႔ မိသားစုကိုလည္း ပိုခ်စ္တတ္သူ ျဖစ္လာေစပါတယ္။

မိတ္ေဆြသူငယ္ခ်င္း

သူငယ္ခ်င္းမ်ားသူ တစ္ေယာက္ဆိုပါေတာ့။ လက္ထပ္ၿပီးတဲ့ အခါမွာေတာ့ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ျဖဳန္းတာကို ေသခ်ာေပါက္ ေလွ်ာ့ရပါေတာ့မယ္။ အရာရာဟာ ေျပာင္းလဲသြားၿပီေလ။ ကိုယ္က အိမ္ေထာင္ရွင္မတစ္ေယာက္ဆိုေတာ့ ခင္ပြန္း၊ မိသားစုနဲ႔ကေလးေတြရဲ႕ အေနာက္မွာ အရာရာကို ဒုတိယဦးစားေပးအေနနဲ႔ ပို႔ပစ္ရေတာ့မယ္။ အရင္တုန္းကလို သူငယ္ခ်င္းေတြနဲ႔ ေန႔တိုင္းေရွာ့ပင္ထြက္လို႔မရေတာ့ပါဘူး။ ကိုယ့္အတြက္ကိုေတာင္ ကိုယ္တိုင္အခ်ိန္မေပးႏိုင္တဲ့ သူတစ္ေယာက္ ျဖစ္လာပါၿပီ။

အေမးခံရမယ့္ေမးခြန္း

ျမန္မာ့အသိုင္းအဝိုင္းမွာေတာ့ လက္ထပ္ၿပီးစ ေမာင္ႏွံေတြအေမးခံရဆုံး ေမးခြန္းက ဘယ္ေတာ့ကေလးယူမလဲ ဆိုတာပါပဲ။ အထူးသျဖင့္ ေဆြမ်ိဳးေတြ ၾကားထဲမွာေပါ့။ တစ္ခါတစ္ေလေတာ့ ဒီေမးခြန္းေတြ ေျဖရတာ စိတ္ပ်က္ေကာင္း စိတ္ပ်က္မိပါလိမ့္မယ္။ စိတ္ေအးေအးထားၿပီး ဒီေမးခြန္းကို အၿပဳံးေလးနဲ႔သာ တုန႔္ျပန္လိုက္ပါ။

အိမ္မႈ ကိစၥရပ္မ်ား

မိဘေတြနဲ႔ ေနတုန္းမွာေတာ့ အိမ္မွပါတီေတြဘာေတြလုပ္ရင္ ေရသာခိုေနလို႔ ရေကာင္းရပါလိမ့္မယ္။ အိမ္ေထာင္ျပဳၿပီးရင္ေတာ့ ခင္ပြန္းမိသားစုနဲ႔ ညစာစားတဲ့အခါမွာေတာင္ ညစာစားပြဲကို တာဝန္ယူရမွာ မိန္းမတာဝန္ ျဖစ္လာပါၿပီ။ ဒီေတာ့ အိမ္မႈကိစၥပညာရပ္ကို ကိုယ့္ဘက္က အဆင့္ျမႇင့္ထားဖို႔ လိုပါတယ္။ လူေတြနဲ႔ ေျပာဆိုဆက္ဆံ ပုံစံလည္း ေကာင္းမြန္ေနဖို႔လိုပါၿပီ။ ၾသဇာေပးတတ္သူေတြ၊ ဇီဇာေၾကာင္သူ အမ်ိဳးေတြကို ဘယ္လိုဆက္ဆံရမလဲ ဆိုတာေတြေပါ့။

ေနအိမ္ အျပင္အဆင္

လက္ထပ္ၿပီး တစ္ႏွစ္အတြင္းမွာ လက္မထပ္ခင္ကထက္ေတာင္ ပိုၿပီးလြတ္လပ္သြားၿပီလို႔ ေမာင္ႏွံအမ်ားစု ေတြးတတ္ၾကပါတယ္။ တစ္အိမ္လုံးမွာ ႏွစ္ဦးတည္းကမာၻတည္ေဆာက္ရေတာ့မွာျဖစ္ၿပီး တစ္ခ်ိန္တည္းမွာပဲ အိမ္တြင္းအျပင္အဆင္ကို ဘယ္လိုဒီဇိုင္းလုပ္မယ္ဆိုတာကိုပါ ေတြးရမွာျဖစ္ပါတယ္။ အိမ္အတြင္းပိုင္းကို ကိုယ္ႏွစ္သက္သက္တဲ့ဒီဇိုင္းျပင္ဆင္ျခင္းက ပိုရင္ခုန္စရာေကာင္းသလို အိမ္ကိုလည္းပိုၿပီးခ်စ္တတ္လာပါလိမ့္မယ္။

ကိုယ္ပိုင္သီးသန႔္ ေနရာထားျခင္း

လက္ထပ္ၿပီးခ်ိန္မွာလည္း တစ္ခါတစ္ေလ တစ္ေယာက္တည္းေနခ်င္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါဟာ အျပစ္မဟုတ္ပါဘူး။ ခင္ပြန္းမပါဘဲ တစ္ကိုယ္တည္း ကိုယ္ႀကိဳက္တဲ့ စာအုပ္ေတြဖတ္ခ်င္မယ္၊ ႐ုပ္ရွင္ေတြၾကည့္ခ်င္မယ္ စတာေတြေပါ့။ မိန္းမနဲ႔ ေယာက္်ား ခ်စ္လို႔ယူထားၾကေပမယ့္ အၿမဲတမ္း အႀကိဳက္ခ်င္းတူၾကမွာမဟုတ္ပါဘူး။ သူျဖစ္ခ်င္တဲ့ ပုံစံကိုလည္း အတင္းဇာတ္သြင္းစရာ မလိုပါဘူး။ ကိုယ့္ရဲ႕ ဝါသနာနဲ႔ စိတ္ဝင္စားမႈေတြကို ဆက္ထိန္းထားတာ ေကာင္းပါတယ္။

အတူတကြ ရင္ဆိုင္ပါ

မိသားစုေရး၊ မိဘေတြကိစၥ၊ ကေလးေတြကိစၥ စတဲ့ ကိစၥေပါင္းစြာေၾကာင့္ ႏွစ္ဦးသား ေခါင္းကိုက္ရတတ္ပါတယ္။ ၾကင္စေမာင္ႏွံေတြအတြက္ေတာ့ ဒီျပႆနာေတြဟာ အေသးအဖြဲေတြ မဟုတ္ပါဘူး။ ေပ်ာ္႐ႊင္ရတဲ့ အိမ္ေထာင္တစ္ခုရဲ႕ ေသာ့ခ်က္က ဇနီးနဲ႔ ခင္ပြန္း အတူတကြ တာဝန္ယူၿပီး တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ အားေပးေထာက္ပံ့ျခင္း ျဖစ္ပါတယ္။ အထူးသျဖင့္ ျပႆာနေတြကို ေျဖရွင္းရခ်ိန္မွာေပါ့။ တစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္ ေလးစားၿပီး ႏွစ္ဦးလုံး သေဘာထားေတြပါဝင္တဲ့ ဆက္ဆံေရးအသိုက္အဝန္းေလတစ္ခု ထူေထာင္ရမွာျဖစ္ပါတယ္။

စာရင္းျပဳစုပါ

လက္ထပ္ၿပီးတဲ့အခါ ပညာတတ္ဆန္ဆန္၊ လူႀကီးလူေကာင္းဆန္ဆန္ ခ်စ္တတ္ဖို႔ လိုပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ဂ႐ုစိုက္ခ်စ္တတ္တဲ့အက်င့္ကို ျပဳစုပ်ိဳးေထာင္ဖို႔မေမ့ပါနဲ႔။ လက္တြဲေဖာ္ေပ်ာ္ေစဖို႔ လုပ္ေပးသင့္တဲ့ အရာေတြကို စာရင္းလုပ္ထားလိုက္ပါ။ ႏွစ္ပတ္လည္ေန႔မွာ လက္ေဆာင္ေပးဖို႔၊ အားလပ္ခ်ိန္မွာ အတူခရီးသြားဖို႔ ႀကိဳတင္စီစဥ္ထားတာမ်ိဳးေတြလုပ္ထားပါ။ ေဖ်ာ္ေျဖပြဲအတူသြားၾကည့္တာမ်ိဳးေတြလည္း ပါတာေပါ့။ နည္းလမ္းေတြကေတာ့အမ်ားႀကီးပါ။ ကိုယ့္အိမ္ေထာင္ဖက္ ဘာႀကိဳက္လဲဆိုတဲ့အေပၚ မူတည္ပါတယ္။

ပိုက္ဆံစုပါ

လက္ထပ္ၿပီးစ တစ္ႏွစ္ဆိုတာ အနာဂတ္အတြက္ အုတ္ျမစ္ခ်တဲ့ အခ်ိန္ကာလပဲ ရွိပါေသးတယ္။ ခ်ိဳၿမိန္တဲ့ အရသာေတြကို ဒီအခ်ိန္မွာ ခံစားရမွာ ျဖစ္သလို အနာဂတ္အတြက္ စဥ္းစားေဆြးေႏြးရမယ့္အခ်ိန္လည္း ျဖစ္ေနျပန္ပါတယ္။ ႏွစ္ဦးသား ဘ႑ာေရးအေျခအေန၊ ေငြစုဖို႔၊ အိမ္ဝယ္ဖို႔၊ ကားဝယ္ဖို႔ ကေလးအနာဂတ္အတြက္ စတာေတြ စဥ္းစားတိုင္ပင္ရမွာပါ။ ႏွစ္ဦးလုံးရဲ႕ အႀကံဉာဏ္ေတြ ပူးေပါင္းၿပီး စဥ္းစားရမွာျဖစ္ပါတယ္

Credit : Marry with
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မြန်မာ့အသိုင်းအဝိုင်းမှာတော့ လက်ထပ်ပြီးစ မောင်နှံတွေအမေးခံရဆုံး မေးခွန်းက ဘယ်တော့ကလေးယူမလဲ ဆိုတာပါပဲ။ အထူးသဖြင့် ဆွေမျိုးတွေ ကြားထဲမှာပေါ့။

ချစ်စကြင်စ မောင်နှံတွေ လက်ထပ်ပြီးတဲ့အခါ တစ်နှစ်အတွင်းမှာပဲ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရှိပါတယ်။ နှစ်ဦးသား အပြန်အလှန် နားလည်ပြီး မာနတွေ မထားဖို့၊ ပျော်စရာမိသားစုတစ်စုကို တည်ဆောက်ဖို့ ဒီအချိန်က အရေးကြီးပါတယ်။ ဘဝကို အတူတူစတင်တည်ဆောက်ချိန်မှာ မမျှော်လင့်တဲ့ အခက်အခဲတွေကို မြေကြီးလက်ခတ်မလွဲ ရင်ဆိုင်ရမှာပါ။

အော်ကြီးဟစ်ကျယ် ရန်ဖြစ်ရခြင်း

ချစ်စိတ်တွေ ပြည့်လျှံနေတုန်းမှာတော့ တစ်လောကလုံးကို ပန်းရောင်တွေလွှမ်းခြုံထားသလို အားလုံးက လှနေတာပေါ့။ လက်ထပ်ပြီးတဲ့အခါမှာတော့ နှစ်ဦးသားအတူနေကြတဲ့အခါ လုံးဝကွဲပြားတဲ့အခြေအနေကို ရင်ဆိုင်ရတော့မှာပါ။ လက်ထပ်ပြီး ပထမဆုံးတစ်နှစ်အတွင်း အတူနေတဲ့အခါ ပြီးပြည့်စုံတဲ့အချိန်အခါ ရလိမ့်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ နေ့စဉ်အတူရှိနေကြပြီဖြစ်လို့ တစ်ယောက်အကြောင်း တစ်ယောက်ပိုပြီး ပြည့်ပြည့်စုံစုံ သိလာတော့မှာ ဖြစ်ပါတယ်။ အမြင်မတူကြတဲ့အခါ အငြင်းအခုံတွေ ဖြစ်ကြဖို့လည်း သေချာပါတယ်။ သဘောထား အကြီးအကျယ် ကွဲလွဲကြပြီးနောက် တစ်ယောက်ယောက်က အိမ်ပေါ်ကဆင်းကာ မိဘအိမ်ပြန်မယ်ဆိုတဲ့ အဖြစ်တွေ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ သတိထားရမှာက စိတ်ဆိုးစကားများနေတဲ့အချိန် တစ်ယောက်နဲ့ တစ်ယောက် လေးစားမှု ရှိဖို့လိုပြီး နာကျင်ခံစားရမယ့်စကားတွေ မပြောမိစေဖို့ပါပဲ။

ပိတ်ရက်တွေ အိမ်မှာနေခြင်း

သွက်လက်ထက်မြက်ပြီး အပေါင်းအသင်းများတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါစေဦးတော့။ လက်ထပ်ပြီးတဲ့ အခါမှာတော့ ကိုယ့်ရဲ့ ခင်ပွန်းနဲ့အတူ ညစာစားတာ၊ အိမ်မှာ တီဗီအတူကြည့်တာတွေကိုလုပ်ရင် ပိုပျော်ဖို့ ကောင်းပါလိမ့်မယ်။ ဒါဟာ ရင့်ကျက်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ အပြုအမူတွေ ဖြစ်ပါလိမ့်မယ်။ အိမ်မှာ အတူအချိန်ကုန်ဆုံးပြီး တီဗီအတူကြည့်တာ ဝိုင်တစ်ခွက်နှစ်ခွက်လောက်သောက်တာဟာ နှစ်ယောက်ကြား ပိုပြီးငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေပါလိမ့်မယ်။ အိမ်နဲ့ မိသားစုကိုလည်း ပိုချစ်တတ်သူ ဖြစ်လာစေပါတယ်။

မိတ်ဆွေသူငယ်ချင်း

သူငယ်ချင်းများသူ တစ်ယောက်ဆိုပါတော့။ လက်ထပ်ပြီးတဲ့ အခါမှာတော့ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာကို သေချာပေါက် လျှော့ရပါတော့မယ်။ အရာရာဟာ ပြောင်းလဲသွားပြီလေ။ ကိုယ်က အိမ်ထောင်ရှင်မတစ်ယောက်ဆိုတော့ ခင်ပွန်း၊ မိသားစုနဲ့ကလေးတွေရဲ့ အနောက်မှာ အရာရာကို ဒုတိယဦးစားပေးအနေနဲ့ ပို့ပစ်ရတော့မယ်။ အရင်တုန်းကလို သူငယ်ချင်းတွေနဲ့ နေ့တိုင်းရှော့ပင်ထွက်လို့မရတော့ပါဘူး။ ကိုယ့်အတွက်ကိုတောင် ကိုယ်တိုင်အချိန်မပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်လာပါပြီ။

အမေးခံရမယ့်မေးခွန်း

မြန်မာ့အသိုင်းအဝိုင်းမှာတော့ လက်ထပ်ပြီးစ မောင်နှံတွေအမေးခံရဆုံး မေးခွန်းက ဘယ်တော့ကလေးယူမလဲ ဆိုတာပါပဲ။ အထူးသဖြင့် ဆွေမျိုးတွေ ကြားထဲမှာပေါ့။ တစ်ခါတစ်လေတော့ ဒီမေးခွန်းတွေ ဖြေရတာ စိတ်ပျက်ကောင်း စိတ်ပျက်မိပါလိမ့်မယ်။ စိတ်အေးအေးထားပြီး ဒီမေးခွန်းကို အပြုံးလေးနဲ့သာ တုန့်ပြန်လိုက်ပါ။

အိမ်မှု ကိစ္စရပ်များ

မိဘတွေနဲ့ နေတုန်းမှာတော့ အိမ်မှပါတီတွေဘာတွေလုပ်ရင် ရေသာခိုနေလို့ ရကောင်းရပါလိမ့်မယ်။ အိမ်ထောင်ပြုပြီးရင်တော့ ခင်ပွန်းမိသားစုနဲ့ ညစာစားတဲ့အခါမှာတောင် ညစာစားပွဲကို တာဝန်ယူရမှာ မိန်းမတာဝန် ဖြစ်လာပါပြီ။ ဒီတော့ အိမ်မှုကိစ္စပညာရပ်ကို ကိုယ့်ဘက်က အဆင့်မြှင့်ထားဖို့ လိုပါတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံ ပုံစံလည်း ကောင်းမွန်နေဖို့လိုပါပြီ။ သြဇာပေးတတ်သူတွေ၊ ဇီဇာကြောင်သူ အမျိုးတွေကို ဘယ်လိုဆက်ဆံရမလဲ ဆိုတာတွေပေါ့။

နေအိမ် အပြင်အဆင်

လက်ထပ်ပြီး တစ်နှစ်အတွင်းမှာ လက်မထပ်ခင်ကထက်တောင် ပိုပြီးလွတ်လပ်သွားပြီလို့ မောင်နှံအများစု တွေးတတ်ကြပါတယ်။ တစ်အိမ်လုံးမှာ နှစ်ဦးတည်းကမ္ဘာတည်ဆောက်ရတော့မှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အိမ်တွင်းအပြင်အဆင်ကို ဘယ်လိုဒီဇိုင်းလုပ်မယ်ဆိုတာကိုပါ တွေးရမှာဖြစ်ပါတယ်။ အိမ်အတွင်းပိုင်းကို ကိုယ်နှစ်သက်သက်တဲ့ဒီဇိုင်းပြင်ဆင်ခြင်းက ပိုရင်ခုန်စရာကောင်းသလို အိမ်ကိုလည်းပိုပြီးချစ်တတ်လာပါလိမ့်မယ်။

ကိုယ်ပိုင်သီးသန့် နေရာထားခြင်း

လက်ထပ်ပြီးချိန်မှာလည်း တစ်ခါတစ်လေ တစ်ယောက်တည်းနေချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ အပြစ်မဟုတ်ပါဘူး။ ခင်ပွန်းမပါဘဲ တစ်ကိုယ်တည်း ကိုယ်ကြိုက်တဲ့ စာအုပ်တွေဖတ်ချင်မယ်၊ ရုပ်ရှင်တွေကြည့်ချင်မယ် စတာတွေပေါ့။ မိန်းမနဲ့ ယောက်ျား ချစ်လို့ယူထားကြပေမယ့် အမြဲတမ်း အကြိုက်ချင်းတူကြမှာမဟုတ်ပါဘူး။ သူဖြစ်ချင်တဲ့ ပုံစံကိုလည်း အတင်းဇာတ်သွင်းစရာ မလိုပါဘူး။ ကိုယ့်ရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေကို ဆက်ထိန်းထားတာ ကောင်းပါတယ်။

အတူတကွ ရင်ဆိုင်ပါ

မိသားစုရေး၊ မိဘတွေကိစ္စ၊ ကလေးတွေကိစ္စ စတဲ့ ကိစ္စပေါင်းစွာကြောင့် နှစ်ဦးသား ခေါင်းကိုက်ရတတ်ပါတယ်။ ကြင်စမောင်နှံတွေအတွက်တော့ ဒီပြဿနာတွေဟာ အသေးအဖွဲတွေ မဟုတ်ပါဘူး။ ပျော်ရွှင်ရတဲ့ အိမ်ထောင်တစ်ခုရဲ့ သော့ချက်က ဇနီးနဲ့ ခင်ပွန်း အတူတကွ တာဝန်ယူပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အားပေးထောက်ပံ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ပြဿာနတွေကို ဖြေရှင်းရချိန်မှာပေါ့။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် လေးစားပြီး နှစ်ဦးလုံး သဘောထားတွေပါဝင်တဲ့ ဆက်ဆံရေးအသိုက်အဝန်းလေတစ်ခု ထူထောင်ရမှာဖြစ်ပါတယ်။

စာရင်းပြုစုပါ

လက်ထပ်ပြီးတဲ့အခါ ပညာတတ်ဆန်ဆန်၊ လူကြီးလူကောင်းဆန်ဆန် ချစ်တတ်ဖို့ လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဂရုစိုက်ချစ်တတ်တဲ့အကျင့်ကို ပြုစုပျိုးထောင်ဖို့မမေ့ပါနဲ့။ လက်တွဲဖော်ပျော်စေဖို့ လုပ်ပေးသင့်တဲ့ အရာတွေကို စာရင်းလုပ်ထားလိုက်ပါ။ နှစ်ပတ်လည်နေ့မှာ လက်ဆောင်ပေးဖို့၊ အားလပ်ချိန်မှာ အတူခရီးသွားဖို့ ကြိုတင်စီစဉ်ထားတာမျိုးတွေလုပ်ထားပါ။ ဖျော်ဖြေပွဲအတူသွားကြည့်တာမျိုးတွေလည်း ပါတာပေါ့။ နည်းလမ်းတွေကတော့အများကြီးပါ။ ကိုယ့်အိမ်ထောင်ဖက် ဘာကြိုက်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။

ပိုက်ဆံစုပါ

လက်ထပ်ပြီးစ တစ်နှစ်ဆိုတာ အနာဂတ်အတွက် အုတ်မြစ်ချတဲ့ အချိန်ကာလပဲ ရှိပါသေးတယ်။ ချိုမြိန်တဲ့ အရသာတွေကို ဒီအချိန်မှာ ခံစားရမှာ ဖြစ်သလို အနာဂတ်အတွက် စဉ်းစားဆွေးနွေးရမယ့်အချိန်လည်း ဖြစ်နေပြန်ပါတယ်။ နှစ်ဦးသား ဘဏ္ဍာရေးအခြေအနေ၊ ငွေစုဖို့၊ အိမ်ဝယ်ဖို့၊ ကားဝယ်ဖို့ ကလေးအနာဂတ်အတွက် စတာတွေ စဉ်းစားတိုင်ပင်ရမှာပါ။ နှစ်ဦးလုံးရဲ့ အကြံဉာဏ်တွေ ပူးပေါင်းပြီး စဉ်းစားရမှာဖြစ်ပါတယ်

Credit : Marry with

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top