iMyanmarHouse.com - Best Property Website for Myanmar
×
၁။ကြည့်ကောင်းလိုက်တာ
၅။ဟုတ်တယ်။နင်ပြောတာမှန်တယ်။
၆။ဒါလေး လုပ်ပေးပါ လား
အမျိုးသားတွေအနေနဲ့ ကိုယ့် ချစ်သူ ထံကနေ ကြားချင်နေတဲ့ စကားမျိုးတွေ ရှိပါတယ်။ ဒီလိုစကားတွေပြောဖို့ ရည်းစားစဖြစ်ခါစ အချိန်ကနေ အိမ်ထောင်ကျပြီးသွားတဲ့အထိ လိုအပ်ပါတယ်။ ခုပြောပြမယ့် စကား (၇)ခွန်းဟာ သူတို့ကို ဆက်စီဖြစ်တယ်၊ သူတို့ကိုယုံကြည်တယ်၊ တန်ဖိုးထားပါတယ်ဆိုတာတွေ ပါဝင်နေပြီးသားမို့ ဘယ်လိုမျိုးတွေ ဖြစ်မလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။
၁။ကြည့်ကောင်းလိုက်တာ
အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ စိတ်မလုံခြုံမှု ခံစားရတဲ့လူတွေပါပဲ။ သူက ကိုယ့်ကို ပြောသည်ဖြစ်စေ၊ မပြောပဲထားသည်ဖြစ်စေ သူတို့ဝတ်ထားတဲ့ ရှပ်နဲ့လိုက်ရဲ့လား၊ သူတို့ဗိုက်က ပိုပူလာသလား၊ ကြည့်ရဆိုးနေသလားဆိုတာ သိချင်ကြပါတယ်။ ဒီတော့ ကိုယ့်ချစ်သူဆီက သူတို့ကြားချင်တာ သူတို့ဘယ်လိုနေသလဲဆိုတာပါ။ ကိုယ့်ဘက်ကလည်း ကြည့်ကောင်းတယ်လို့ ခံစားရတိုင်း ဒီနေ့ အရမ်းကြည့်ကောင်းတာပဲ၊ ဒီနေ့ ချစ်ဖို့ သိပ်ကောင်းတယ်ဆိုတာမျိုးတွေ ပြောပေးဖို့ လိုပါတယ်။
၂။ငါနင့်ရဲ့( ) ချစ် လိုက်တာ
အမျိုးသားတွေဟာ သူတို့ရဲ့ ဘယ်ခန္ဓာကိုယ်အစိတ်ပိုင်းက သူတို့ချစ်သူကို ဆွဲဆောင်တယ်ဆိုတာ သိချင်ပါတယ်။ အထူးသဖြင့် နှုတ်ခမ်းလား၊ ပခုံးတွေလား၊ စသဖြင့်ပေါ့လေ။ ဒီတော့ ကိုယ့်ဘက်က သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်နှစ်သက်တဲ့အရာကို ဖွင့်ပြောပြဖို့ လိုပါတယ်။
၃။နင်( အဲ့လိုလေးလုပ်လိုက်တဲ့) အခါတိုင်းငါ သဘောကျတယ်
ဒါလည်း သူ့အပြုအမူတစ်ခုခုကို ချီးမွမ်းတာပါပဲ။ ဥပမာ သူက ကိုယ့်ကျောကို သပ်ပေးတဲ့အခါ သဘောကျတာလား၊ ကိုယ်ပခုံးကို ဖွဖွလေး ကိုင်ထားတဲ့အခါ သဘောကျတာလား၊ ကိုယ်ဆံပင်လေးတွေကို သပ်ပေးတဲ့အခါ သဘောကျတာလား။ ဒါကို ထုတ်ပြောဖို့ လိုပါတယ်။ ဒီလိုထုတ်ပြောတဲ့အခါ သူတို့လည်း စိတ်ချမ်းသာ ကျေနပ်သွားရတာကြောင့်ပါ။
၄။အဲ့ဒီကောင်မလေးက တစ်ချိန်းလုံးလိုက်ကြည့်နေတယ်
ခုလိုပြောလိုက်ခြင်းအားဖြင့် သူ့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးမြှင့်ပေးလိုက်ပြီဆိုတာ သိထားလိုက်ပါ။ ဒီလို ပြောလိုက်လို့ သူကလည်း ကောင်မလေးကို ပြန်ငမ်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်သူက ကိုယ့်ကို သဝန်တိုတယ်ဆိုတဲ့ အသိနဲ့ ကိုယ့်ကို ချစ်တယ်ဆိုတာသိသွားတဲ့အပြင် တစ်ဖက်လူက ကိုယ့်ကို ကြည့်တယ်ဆိုတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ပိုရှိသွားပါတယ်။
၅။ဟုတ်တယ်။နင်ပြောတာမှန်တယ်။
သူက တစ်ခုခုပြောလိုက်ပြီဆိုရင် ကိုယ့်ဘက်က အဆုံးထိ နားထောင်ပေးပြီး သဘောတူတယ်ဆိုတာ ပြသဖို့ လိုပါတယ်။ ခေါင်းညိတ်နေရုံနဲ့ မပြီးပါဘူး။ ဒါဟုတ်တယ်။ ဒါမှန်တယ်ဆိုတာမျိုး သူ့ကိုပြောပေးဖို့ လိုပါတယ်။ အထူးသဖြင့် သူနဲ့ စကားများနေတဲ့အချိန်မှာတောင် သူ့စကားကို အဆုံးထိနားထောင်ပေးပါ။ သူပြောတာ မမှားဘူးဆိုတာ ပြောပြီးမှ ကိုယ်ဖြစ်ချင်တာကို နားဝင်အောင် ရှင်းပြတတ်ဖို့ လိုပါတယ်။
၆။ဒါလေး လုပ်ပေးပါ လား
ယောင်္ကျားတွေဟာ သူတို့ယောင်္ကျားပီသကြောင်း ပြသချင်ကြပါတယ်။ သူ့အကူအညီ မယူပဲ အားလုံး ကိုယ်ချည်းပဲ လုပ်နိုင်တယ်ဆိုရင်တောင် သူကူညီနိုင်တာမျိုးဆို သူ့ကို လုပ်ခိုင်းလိုက်ပါ။ ဒါဟာ အိမ်ထောင်ပြုပြီးသွားချိန်ထိ လိုအပ်တဲ့အရာပါ။ ယောကျ်ားတွေဟာ အနည်းနဲ့အများတော့ သူတို့ကို အားကိုးတယ်ဆိုတာမျိုး လိုချင်ကြပါတယ်။
၇။သူတို့ကို နှစ်သိမ့်ပေးပါ ။
ဥပမာအနေနဲ့ပြောရရင် အမျိုးသားတွေဟာ သူုတို့ဆံပင်တွေ ဆုံးရှုံးပြီး ထိပ်ပြောင်မှာမျိုး ကြောက်ကြပါတယ်။ အသက် (၂၅)နှစ်လောက်မှာ ယောင်္ကျားတွေထဲက သုံးပုံတစ်ပုံဟာ ဆံပင်ကျွတ်ပြီး နည်းပါးသွားတာမျိုး ရှိလာပါတယ်။ အသက် ၆၀လောက်မှာတော့ တစ်ဝက်လောက်နီးပါးက ထိပ်ပြောင်လာကြတာပါပဲ။ ဒါကို ကိုယ့်ဘက်က ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။ ဖြစ်သွားခဲ့ရင်တော့ ကြည့်ကောင်းတယ်။ အဆိုးကြီး မဟုတ်ပါဘူး စသဖြင့် အားပေး ပြောဆိုပေးဖို့ လိုပါတယ်။
Credit : Love Shop Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top