iMyanmarHouse.com - Best Property Website for Myanmar
×

အခုလိုေဆာင္းရာသီေအးေအးေလးမွာ ကိုယ့္ရဲ႕ခ်စ္သူနဲ႔ ႐ိုမန႔္တစ္ ဆန္ဆန္ ေတြ႕လို႔ရတဲ့ ေနရာေလးေတြအမ်ားႀကီးရွိပါတယ္။ဘယ္လိုေနရာေလးေတြက ကိုယ့္ခ်စ္သူနဲ႔အတူ အပန္းေျဖဖို႔ အဆင္ေျပမလဲဆိုတာကို ေ႐ြးခ်ယ္ေပးလိုက္ပါအုံး။

၁။ ေစာင္ၿခဳံေလးထဲမွာ ကိုယ့္ရဲ႕ခ်စ္သူနဲ႔ တီဗြီအတူတူၾကည့္မယ္

ေဆာင္းတြင္းေအးေအးေလးမွာ ကိုယ့္ခ်စ္သူနဲ႔ အတူတူ ေစာင္ကေလး ၿခဳံ၊ ေကာ္ဖီပူပူေလးေသာက္၊ တီဗြီအတူတူၾကည့္ရတဲ့ဲသာယာျခင္းေလာက္ ၾကည္ႏူးစရာေကာင္းတဲ့အရာဆိုတာ ရွိႏိုင္မွာ မဟုတ္ပါဘူး။ တီဗြီၾကည့္တဲ့အခ်ိန္မွာ အေရးႀကီးတဲ့အခ်က္တစ္ခ်က္ကိုေတာ့ သတိျပဳေပးပါေနာ္။ ႏွစ္ေယာက္လုံး သေဘာက်တဲ့အေၾကာင္းအရာကို ေ႐ြးခ်ယ္တတ္ဖို႔ပဲ ျဖစ္ပါတယ္။ အႀကိဳက္ျခင္းမတူတာမ်ိဳး ကိုယ္ခ်စ္တဲ့သူႀကိဳက္တာမ်ိဳးကို ကိုယ္က မႀကိဳက္ဘဲ လိုက္ၾကည့္ေပးေနတာမ်ိဳးဆိုရင္ေတာ့ ခဏေလးနဲ႔ ပ်င္းလာမွာ ျဖစ္တဲ့အတြက္ ႏွစ္ေယာက္လုံး သေဘာက်တဲ့အရာကို ေ႐ြးခ်ယ္ေပးဖို႔ မေမ့ပါနဲ႔ေနာ္။

၂။ အေႏြးထည္ေလးဝတ္ၿပီး ကားေလးေလွ်ာက္စီးၾကမယ္

ကိုယ့္ရဲ႕ခ်စ္သူနဲ႔အတူ ကိုယ္ႀကိဳက္တဲ့ သီခ်င္းေလးေတြဖြင့္ပီးကားေလွ်ာက္စီးရတဲ့ ခံစားခ်က္ကလဲ ေဆာင္းတြင္းေလးမွာ အရမ္းမိုက္ပါတယ္။ေဆာင္းေလေအးေလးရဲ႕ ရနံ႔ကို ရွဴရႈိက္ရင္း ခ်စ္သူေလးနဲ႔ အတူတူသီခ်င္းေတြဆိုၾကရင္း ကားစီးၾကည့္ပါ။ ၿပီးရင္ကားေပၚကို မုန႔္ေလးေတြ ေကာ္ဖီေလးေတြယူလာမယ္။အတူတူကားေပၚမွာ စားၾကမယ္။ ေဆာင္းညေလးေတြရဲ႕ ေကာင္းကင္ယံက ၾကယ္ေလးေတြအတူတူ ၾကည့္ၾကမယ္။ ေဆာင္းတြင္းညေလးတစ္ညဟာ ခ်စ္သူစုံတြဲႏွစ္ေယာက္အဖို႔ ကဗ်ာဆန္ၿပီး လွပေနမွာပါ။

၃။ Huddie ေလးဆင္တူဝတ္ၿပီး မနက္ခင္းေလးမွာ ေလညင္းခံထြက္ပါ

ေဆာင္းမနက္ခင္းေလးတစ္ခုမွာ ကိုယ့္ခ်စ္ရတဲ့ သူနဲ႔ အက်ၤ ီဆင္တူေလးဝတ္ၿပီး ေလညႇင္း ခံထြက္ၾကည့္ပါ။ လတ္ဆတ္ေအးျမတဲ့ ေဆာင္းေလေအးေလးေတြနဲ႔ အတူခ်စ္သူနဲ႔ ေန႔တစ္ေန႔ရဲ႕ အစမွာ ခ်စ္သူလက္ကေလးတြဲၿပီး လမ္းအတူတူေလွ်ာက္ရတဲ့ ခံစားခ်က္က ဘာနဲ႔မွ လဲလို႔မရပါဘူး။ ေဆာင္းမနက္ခင္းေလးမွာ ခ်စ္သူေလးနဲ႔အတူ မနက္စာေလးေတြအတူတူစားမယ္ ၊ ဟင္းခ်က္စရာေလးေတြဝယ္ၾကမယ္ ၊ ၿပီးရင္ photo လွလွေလးေတြ႐ိုက္ၾကမယ္။ ဒါေလးကလဲ ေဆာင္းတြင္းမွာ ခ်စ္သူေတြလုပ္ရမယ့္ေနာက္ထပ္အေၾကာင္းအရာတစ္ခုပါ။ စမ္းသပ္ၾကည့္ေနာ္ ေပ်ာ္ေစဖို႔အာမခံတယ္။

၄။ ႏွင္းေတြၾကားထဲသြားပါ

ကြၽန္ေတာ္တို႔ႏိုင္ငံမွာေတာ့ ပန္ဝါၿမိဳ႕ကလြဲလို႔ အျဖဴေရာင္ျမဴႏွင္းေလးေတြရွိမွာမဟုတ္ပါဘူး။ သို႔ေပမယ့္လဲ တစ္ခါေလာက္ ႏွင္းေတြၾကားထဲ ကိုယ့္ခ်စ္သူနဲ႔အတူ မသြားခ်င္ဘူးလား။ အေတြးနဲ႔ ခဏေလာက္ေပ်ာ္႐ႊင္ၾကည့္လိုက္ရေအာင္။ ျမဴႏွင္းေလးေတြက်ေနမယ္။ Tent ေလးထဲမွာ ေစာင္ၿခဳံေလးေတြထဲမွာ ခ်စ္တဲ့သူနဲ႔ ေကာ္ဖီအတူတူေသာက္ၾကမယ္။
ျမဴႏွင္းေတြၾကားအတူတူေဆာ့ၾကမယ္။ ၿပီးေတာ့ ဘာလုပ္ၾကရင္ေကာင္းမလဲ အေတြးေတြနဲ႔အတူ ေတာ္ေတာ္ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းေနပါၿပီ။

Credit : Marry
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခုလိုဆောင်းရာသီအေးအေးလေးမှာ ကိုယ့်ရဲ့ချစ်သူနဲ့ ရိုမန့်တစ် ဆန်ဆန် တွေ့လို့ရတဲ့ နေရာလေးတွေအများကြီးရှိပါတယ်။ဘယ်လိုနေရာလေးတွေက ကိုယ့်ချစ်သူနဲ့အတူ အပန်းဖြေဖို့ အဆင်ပြေမလဲဆိုတာကို ရွေးချယ်ပေးလိုက်ပါအုံး။

၁။ စောင်ခြုံလေးထဲမှာ ကိုယ့်ရဲ့ချစ်သူနဲ့ တီဗွီအတူတူကြည့်မယ်

ဆောင်းတွင်းအေးအေးလေးမှာ ကိုယ့်ချစ်သူနဲ့ အတူတူ စောင်ကလေး ခြုံ၊ ကော်ဖီပူပူလေးသောက်၊ တီဗွီအတူတူကြည့်ရတဲ့ဲသာယာခြင်းလောက် ကြည်နူးစရာကောင်းတဲ့အရာဆိုတာ ရှိနိုင်မှာ မဟုတ်ပါဘူး။ တီဗွီကြည့်တဲ့အချိန်မှာ အရေးကြီးတဲ့အချက်တစ်ချက်ကိုတော့ သတိပြုပေးပါနော်။ နှစ်ယောက်လုံး သဘောကျတဲ့အကြောင်းအရာကို ရွေးချယ်တတ်ဖို့ပဲ ဖြစ်ပါတယ်။ အကြိုက်ခြင်းမတူတာမျိုး ကိုယ်ချစ်တဲ့သူကြိုက်တာမျိုးကို ကိုယ်က မကြိုက်ဘဲ လိုက်ကြည့်ပေးနေတာမျိုးဆိုရင်တော့ ခဏလေးနဲ့ ပျင်းလာမှာ ဖြစ်တဲ့အတွက် နှစ်ယောက်လုံး သဘောကျတဲ့အရာကို ရွေးချယ်ပေးဖို့ မမေ့ပါနဲ့နော်။

၂။ အနွေးထည်လေးဝတ်ပြီး ကားလေးလျှောက်စီးကြမယ်

ကိုယ့်ရဲ့ချစ်သူနဲ့အတူ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေဖွင့်ပီးကားလျှောက်စီးရတဲ့ ခံစားချက်ကလဲ ဆောင်းတွင်းလေးမှာ အရမ်းမိုက်ပါတယ်။ဆောင်းလေအေးလေးရဲ့ ရနံ့ကို ရှူရှိုက်ရင်း ချစ်သူလေးနဲ့ အတူတူသီချင်းတွေဆိုကြရင်း ကားစီးကြည့်ပါ။ ပြီးရင်ကားပေါ်ကို မုန့်လေးတွေ ကော်ဖီလေးတွေယူလာမယ်။အတူတူကားပေါ်မှာ စားကြမယ်။ ဆောင်းညလေးတွေရဲ့ ကောင်းကင်ယံက ကြယ်လေးတွေအတူတူ ကြည့်ကြမယ်။ ဆောင်းတွင်းညလေးတစ်ညဟာ ချစ်သူစုံတွဲနှစ်ယောက်အဖို့ ကဗျာဆန်ပြီး လှပနေမှာပါ။

၃။ Huddie လေးဆင်တူဝတ်ပြီး မနက်ခင်းလေးမှာ လေညင်းခံထွက်ပါ

ဆောင်းမနက်ခင်းလေးတစ်ခုမှာ ကိုယ့်ချစ်ရတဲ့ သူနဲ့ အင်္ကျ ီဆင်တူလေးဝတ်ပြီး လေညှင်း ခံထွက်ကြည့်ပါ။ လတ်ဆတ်အေးမြတဲ့ ဆောင်းလေအေးလေးတွေနဲ့ အတူချစ်သူနဲ့ နေ့တစ်နေ့ရဲ့ အစမှာ ချစ်သူလက်ကလေးတွဲပြီး လမ်းအတူတူလျှောက်ရတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရပါဘူး။ ဆောင်းမနက်ခင်းလေးမှာ ချစ်သူလေးနဲ့အတူ မနက်စာလေးတွေအတူတူစားမယ် ၊ ဟင်းချက်စရာလေးတွေဝယ်ကြမယ် ၊ ပြီးရင် photo လှလှလေးတွေရိုက်ကြမယ်။ ဒါလေးကလဲ ဆောင်းတွင်းမှာ ချစ်သူတွေလုပ်ရမယ့်နောက်ထပ်အကြောင်းအရာတစ်ခုပါ။ စမ်းသပ်ကြည့်နော် ပျော်စေဖို့အာမခံတယ်။

၄။ နှင်းတွေကြားထဲသွားပါ

ကျွန်တော်တို့နိုင်ငံမှာတော့ ပန်ဝါမြို့ကလွဲလို့ အဖြူရောင်မြူနှင်းလေးတွေရှိမှာမဟုတ်ပါဘူး။ သို့ပေမယ့်လဲ တစ်ခါလောက် နှင်းတွေကြားထဲ ကိုယ့်ချစ်သူနဲ့အတူ မသွားချင်ဘူးလား။ အတွေးနဲ့ ခဏလောက်ပျော်ရွှင်ကြည့်လိုက်ရအောင်။ မြူနှင်းလေးတွေကျနေမယ်။ Tent လေးထဲမှာ စောင်ခြုံလေးတွေထဲမှာ ချစ်တဲ့သူနဲ့ ကော်ဖီအတူတူသောက်ကြမယ်။
မြူနှင်းတွေကြားအတူတူဆော့ကြမယ်။ ပြီးတော့ ဘာလုပ်ကြရင်ကောင်းမလဲ အတွေးတွေနဲ့အတူ တော်တော်ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။

Credit : Marry

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top