iMyanmarHouse.com - Best Property Website for Myanmar
×

ေယာကၤ်ားေလးေတြ သဝန္တိုလာရင္ မိန္းကေလးေတြလို ပြင့္ပြင့္လင္းလင္း ထုတ္မေျပာျပတတ္တာေၾကာင့္ ဘာျဖစ္မွန္း မသိဘူးျဖစ္ေနတတ္ပါတယ္။ ဒီအေျခအေနကို မိန္းကေလးဘက္က နားမလည္ရင္ေတာ့ ျပႆနာဟာ တအံု႔ေႏြးေႏြး ျဖစ္ေနတတ္ပါတယ္။

သင့္ခ်စ္သူေကာင္ေလး ဒီအရာေလးေတြကို ျပဳလုပ္ေနျပီဆိုရင္ေတာ့ သူ သင့္ကို သဝန္တိုေနတယ္ဆိုတာ ေသခ်ာေနပါျပီ။

၁။ စျပီး ဂရုမစိုက္ေတာ့ဘူး ။

စကားေျပာေနရင္းနဲ႔ ရုတ္တရက္ ဂရုမစိုက္သလို လုပ္တတ္ပါတယ္။ အထူးသျဖင့္ သင္ေျပာတဲ႔ စကားထဲမွာ ေယာက်္ားေလးအေၾကာင္းပါလာရင္ သူ႔ဘက္က ဂရုမစိုက္သလိုပံုစံမ်ိဳးနဲ႔ ဘာမွကို မေျပာေတာ့ပါဘူး။

၂။ အဆက္အသြယ္ျဖတ္ ။

သဝန္တိုတယ္ဆုိတာ ကိုယ့္မွာရွိတာ တစ္ခုခုကို ဆံုးရႈံးႏုိင္တယ္ဆုိတဲ့ ျခိမ္းေျခာက္မႈနဲ႔ ၾကံဳရတာ ျဖစ္ပါတယ္။ ဒီျပႆနာကို ကိုင္တြယ္ဖို႔ဆိုရင္ ျခိမ္းေျခာက္ခံရတဲ့ အရာရဲ႕ အေဝးမွာ ေနတာျဖစ္ပါတယ္။ သူတို႔သဝန္တိုမႈျဖစ္ေစတဲ့ လူေတြ၊ ပတ္ဝန္းက်င္ေတြဆီ သင့္ကို ေခၚမသြားေတာ့ပါဘူး။

၃။ ဂရုစိုက္ ။

ဂရုစိုက္ခံရတာကို မိန္းကေလးတုိင္းႏွစ္သက္ပါတယ္။ ဒါေပမယ့္ ဘယ္သြားလဲ၊ ဘာလုပ္လဲ၊ ဘယ္သူနဲ႔ရွိေနလဲ ဆိုတာေတြကို အရင္ကထက္ ပိုဂရုစိုက္လာပါတယ္။

၄။ အျပစ္တင္။

သဝန္တိုတဲ့အခါ သင့္ကို အျပစ္တင္တာေတြလုပ္လာပါတယ္။ ဘာမဟုတ္တဲ့အေၾကာင္းေလးေတြနဲ႔ သင့္ကို အျပစ္တင္ပါတယ္။ အျပစ္တင္ရမယ့္ကိစၥဆိုရင္လည္း လိုတာထက္ပိုျပီး ေျပာဆိုတာေတြလုပ္ပါတယ္။

၅။ သိရခက္တဲ့လကၡဏာ။

ေယာက်ာ္းတစ္ေယာက္သဝန္တိုမႈ ျဖစ္ေပၚလာတာဟာ သူ႔ကိုယ္သူ ေလးစားမႈ ေလ်ာ့က်လာတာေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ ဥပမာ- သူ႔ထက္ တစ္ခုခု သာတယ္လို႔ ထင္တဲ့လူနဲ႔ သင္ အတူရွိတာကို မၾကိဳက္တာမ်ိဳးပါ။

ဒီလိုခံစားေနရတာကို သူတို႔ဘက္က ပြင့္ပြင့္လင္းလင္း ထုတ္မျပတတ္တာေၾကာင့္ ဘာျဖစ္မွန္း မသိဘူးျဖစ္ေနတတ္ပါတယ္။ ဒီခံစားခ်က္ကို သင့္ဘက္က နားမလည္ရင္ေတာ့ သင္တို႔ျပႆနာဟာ တအံု႔ေႏြးေႏြး ျဖစ္ေနတတ္ပါတယ္။

၆။ ေထ့ေငါ့မႈ။

သူ႕ဘက္က ေထ့တာေငါ့တာေတြ လုပ္ပါမယ္။ သင့္ဘက္က ေဒါသထြက္ျပီး ေျပာဆုိတဲ့အခါမွာလည္း ျပန္မေျပာဘဲ ျငိမ္ခံေနတတ္ပါတယ္။ ဒီလိုအေျခအေနက သင္တို႔ႏွစ္ေယာက္ဆက္ဆံေရးမွာ သူ႔အတြက္ အာမခံခ်က္ မရွိဘူးလို႔ ခံစားရတဲ့အခ်ိန္မွာ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။

Credit:Loveshop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ယောင်္ကျားလေးတွေ သဝန်တိုလာရင် မိန်းကလေးတွေလို ပွင့်ပွင့်လင်းလင်း ထုတ်မပြောပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။ ဒီအခြေအနေကို မိန်းကလေးဘက်က နားမလည်ရင်တော့ ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။

သင့်ချစ်သူကောင်လေး ဒီအရာလေးတွေကို ပြုလုပ်နေပြီဆိုရင်တော့ သူ သင့်ကို သဝန်တိုနေတယ်ဆိုတာ သေချာနေပါပြီ။

၁။ စပြီး ဂရုမစိုက်တော့ဘူး ။

စကားပြောနေရင်းနဲ့ ရုတ်တရက် ဂရုမစိုက်သလို လုပ်တတ်ပါတယ်။ အထူးသဖြင့် သင်ပြောတဲ့ စကားထဲမှာ ယောကျ်ားလေးအကြောင်းပါလာရင် သူ့ဘက်က ဂရုမစိုက်သလိုပုံစံမျိုးနဲ့ ဘာမှကို မပြောတော့ပါဘူး။

၂။ အဆက်အသွယ်ဖြတ် ။

သဝန်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာ တစ်ခုခုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။ ဒီပြဿနာကို ကိုင်တွယ်ဖို့ဆိုရင် ခြိမ်းခြောက်ခံရတဲ့ အရာရဲ့ အဝေးမှာ နေတာဖြစ်ပါတယ်။ သူတို့သဝန်တိုမှုဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဆီ သင့်ကို ခေါ်မသွားတော့ပါဘူး။

၃။ ဂရုစိုက် ။

ဂရုစိုက်ခံရတာကို မိန်းကလေးတိုင်းနှစ်သက်ပါတယ်။ ဒါပေမယ့် ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိနေလဲ ဆိုတာတွေကို အရင်ကထက် ပိုဂရုစိုက်လာပါတယ်။

၄။ အပြစ်တင်။

သဝန်တိုတဲ့အခါ သင့်ကို အပြစ်တင်တာတွေလုပ်လာပါတယ်။ ဘာမဟုတ်တဲ့အကြောင်းလေးတွေနဲ့ သင့်ကို အပြစ်တင်ပါတယ်။ အပြစ်တင်ရမယ့်ကိစ္စဆိုရင်လည်း လိုတာထက်ပိုပြီး ပြောဆိုတာတွေလုပ်ပါတယ်။

၅။ သိရခက်တဲ့လက္ခဏာ။

ယောကျာ်းတစ်ယောက်သဝန်တိုမှု ဖြစ်ပေါ်လာတာဟာ သူ့ကိုယ်သူ လေးစားမှု လျော့ကျလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- သူ့ထက် တစ်ခုခု သာတယ်လို့ ထင်တဲ့လူနဲ့ သင် အတူရှိတာကို မကြိုက်တာမျိုးပါ။

ဒီလိုခံစားနေရတာကို သူတို့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။ ဒီခံစားချက်ကို သင့်ဘက်က နားမလည်ရင်တော့ သင်တို့ပြဿနာဟာ တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။

၆။ ထေ့ငေါ့မှု။

သူ့ဘက်က ထေ့တာငေါ့တာတွေ လုပ်ပါမယ်။ သင့်ဘက်က ဒေါသထွက်ပြီး ပြောဆိုတဲ့အခါမှာလည်း ပြန်မပြောဘဲ ငြိမ်ခံနေတတ်ပါတယ်။ ဒီလိုအခြေအနေက သင်တို့နှစ်ယောက်ဆက်ဆံရေးမှာ သူ့အတွက် အာမခံချက် မရှိဘူးလို့ ခံစားရတဲ့အချိန်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Credit:Loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top