iMyanmarHouse.com - Best Property Website for Myanmar
×


ဟန်ဆောင်နေရတဲ့ ဘဝ






သူ ဘယ်တော့ ပြန်လာမလဲ







Credit : Mee Nge Lay

သူများတွေလို Couple shirt အတူတူ ဝတ်ခွင့်မရှိတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

Dinner စားရင်တောင် ပန်းကန်၂ချပ် အရှေ့ချထားပြီး ဘေးမှာ သူရှိနေပါတယ်လို့
ဟန်ဆောင်နေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

အရမ်း ဝမ်းနည်းလို့ အားပေးဖော်လိုအပ်နေချိန် ခေါင်းအုံးဖက်ပြီး ငိုရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

သတိရလို့ တွေ့ချင်ရင်တောင် ချက်ချင်းပြေးမတွေ့နိုင်တဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

ကိုယ့် ကွယ်ရာမှာ သူနေများကောင်းပါ့မလား
ဘယ်သူတွေနဲ့များ ခင်မင်နေပြီလဲ
မရေမရာ မသေမချာနဲ့ တွေးပူနေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

Anniversary ရောက်တိုင်း အတူရှိနေချင်ပေမယ့် Phone ထဲကပဲ အာဘွားလို့ ပြောနေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

ရန်ဖြစ်လို့ ပြန်ချော့ချင်ရင်တောင်
သူဖုန်းပိတ်ထားရင် အရူးမီးဝိုင်း ဖြစ်နေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

သူ ဘယ်တော့ ပြန်လာမလဲ
ငါကကော သူ့ရင်ခွင်မှာ ဘယ်တော့ တိုးဝှေ့ခွင့်ရမလဲ
၂ယောက်အတူ တိုင်ပင်ပြီး လောကဒဏ်ကို ဘယ်အချိန်မှ ရင်ဆိုင်ခွင့်ရမလဲ

တစ်ယောက်တည်း ကြံ့ကြံ့ခံပြီး ဘာမှ မဖြစ်သလို ခပ်မာမာ ခပ်တည်တည် နေနေရတဲ့ ဘဝ
ဘယ်သူက ဖြစ်ချင်မှာလဲနော်

#LongDistanceRelationship

ဘယ်တော့များမှ နီးမှာလဲ << သီချင်းကို ထပ်ခါထပ်ခါ နားထောင်နေရတဲ့ ဘဝ

ဘယ်သူက ဖြစ်ချင်မှာလဲနော်

ဘယ်သူက ဖြစ်ချင်မှာလဲနော်

ဘယ်သူက ဖြစ်ချင်မှာလဲနော်

Credit : Mee Nge Lay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top