iMyanmarHouse.com - Best Property Website for Myanmar
×

ခင္ပြန္းေကာင္းဆိုတာ

💝•နံနက္အိပ္ယာထတဲ့အခါ “ မင္းေနေကာင္းလား၊ က်န္းမာေရးဂရုစုိက္ေနာ္ ” စိုးရိမ္စကား ေျပာေပးတတ္သူ။

💝• နံနက္စာစားတဲ့အခါ “ ေကာ္ဖီ ၁-ခြက္ ကို ၂-ေယာက္ တူတူေသာက္ၾကရေအာင္ကြာ ” မွ်ေ၀ခံစားတတ္သူ။

💝• နံနက္စာ ျပင္ဆင္ (သို ့မဟုတ္) စားေသာက္ျပီးတဲ့အခါ ပန္းကန္ခြက္ေယာက္ကူသယ္/ကူသိမ္းေပးတတ္သူ။

💝• ထမင္းစားတဲ့့အခါ “လက္ရာကေတာ့ရွယ္ပဲ…ေယာက်ာ္း အၾကိဳက္သိ တဲ့ မိန္းမ..ငယ္ငယ္တုန္းက စားခဲ့တဲ့ ေမေမ့လက္ ရာ အတိုင္းဘဲ” ခ်ီးမြမ္းေျမွာက္ပင့္ေျပာတတ္သူ။

💝• အလုပ္သြားခါနီးတိုင္း အိမ္ေနာက္ေဖးမွာအလုပ္ရႈပ္ေနတတ္တဲ့ ခ်စ္ဇနီးကိုမေတြ ့ေတြ ့ေအာင္ရွာျပီး “ေမၾကီးေရ.. အလုပ္ သြားျပီကြာ” လို ့အေရးတယူႏႈတ္ဆက္တတ္သူ (လူလစ္ရင္ အနမ္းျဖင့္ႏႈတ္ဆက္ တတ္သူ)

💝• ေန ့လယ္ဘက္ ထမင္းစားခ်ိန္ အားလပ္ခ်ိန္မွာ ဖုန္း (သို ့မဟုတ္) ဖုန္းမတ္ေဆ့ခ်္ျဖင့္ “မိန္းမေရ.. ဘာေတြ လုပ္ေနတုန္းကြာ ဒီမွာ ေညာင္းေနလို ့ဇက္ေၾကာေလးလာဆြဲေပးပါဦး ” အရႊန္းေဖာက္တတ္္သူ။

💝• အလုပ္ဆင္းခ်ိန္ အိမ္အျပန္လမ္းမွာ မိသားစုအတြက္ စားစရာေလးျဖစ္ျဖစ္ ၀ယ္လာတတ္သူ။

💝• ညစာစားျပီး “ မင္းနားပါကြာ…ကိုယ္ ပန္းကန္ေတြေဆးလိုက္ မယ္ေလ” (တကယ္မေဆးျဖစ္ေပမယ့္ ေဆးေတာ့မယ္ဟန္ လုပ္ျပ လိုက္ပါဦး)

💝• ကေလးေတြ အိမ္စာလုပ္ျပီး/မျပီး စာကူစစ္ေပးတတ္သူ။ အလုပ္မွာ ဘယ္ေလာက္ပင္ပန္းပင္ပန္း ကေလးကို ညအိပ္ယာ ၀င္ပံုျပင္ ေျပာျပတတ္သူ။

💝• မိမိအလုပ္နဲ ့ပတ္သက္ျပီး ဇနီးျဖစ္သူကို ေကာင္း၏/ဆိုး၏/ေပ်ာ္၏/စိတ္ညစ္၏… ရင္ဖြင့္ေျပာျပတတ္သူ။

💝• ဇနီးသည္ကို စိတ္၀င္စားမႈရွိသူ/ေႏြးေႏြးေထြးေထြးေပြ ့ဖက္တတ္သူ (လင့္၀တၱရားေက်သူ)

💝• ေဆြမ်ိဳးမ်ား နဲ ့ အေပါင္းသင္းမိတ္ေဆြေတြေရွ ့မွာ ဇနီးသည္ကို ေဖးေဖးမမ ဂရုစိုက္ျပတတ္သူ။

💝• သားသမီးေတြ ေရွ ့မွာ “ မင္းတို ့ေမေမက ေက်းဇူးရွိတယ္ေနာ္ ေမေမ့စကားနားေထာင္ ေမေမ့ကို စိတ္ညစ္ေအာင္ မလုပ္ ရဘူး” လို ့ မၾကာခဏ ေျပာေပးတတ္သူ။
READ  သင့္ခ်စ္သူက ေငြနဲ႔ဂုဏ္ကိုမက္ေမာသူမွန္း သိသာတဲ့အခ်က္ (၇)ခ်က္

💝• ဇနီးသည္ အလုပ္ရႈပ္ေနတဲ့အခါ ကေလးေတြကိုအေဖာ္ျပဳေပးတတ္သူ။

💝• အလုပ္ပိတ္ရက္ေတြမွာ အခါအားေလ်ာ္စြာ မိသားစုကို သီးသန္႔ အခ်ိန္ေပးျပီး အျပင္ထြက္လည္ပတ္ေပးတတ္သူ။

နွစ္ေယာက္ထဲရွိေနခ်ိန္မွာ မိမိ ဇနီးကို မၾကာခဏဆိုသလို “ မင္း ကေတာ့ ဒို ့မိသားစုအတြက္ မရွိမျဖစ္ဘဲကြာ၊ မင္းရွိလို ့သာေပါ့၊ မင္းလည္းေတာ္ေတာ္ ပင္ပန္း ေနျပီေနာ္ ” စတဲ့ စကားေလး တခြန္းျဖင့္ ေက်းဇူးတင္စကားေျပာေပးဖို ့ႏႈတ္မေနွးၾကပါနဲ ့လို ့ သုေတသီမ်ားက အၾကံျပဳထားပါတယ္။

ဒီလိုဂရုစိုက္ စကားေလးေတြေၾကာင့္ ဇနီးသည္အတြက္သာမက၊ ခင္ပြန္းျဖစ္သူအတြက္ပါ အိမ္ေထာင္ေရးသုချဖစ္ေစမွာပါတဲ့။

ေအာင္ျမင္ေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ပိုင္ဆိုင္ၾကပါေစလို ့ေနာ္​….

Credit : lwinpyin
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခင်ပွန်းကောင်းဆိုတာ


💝•နံနက်အိပ်ယာထတဲ့အခါ “ မင်းနေကောင်းလား၊ ကျန်းမာရေးဂရုစိုက်နော် ” စိုးရိမ်စကား ပြောပေးတတ်သူ။


💝• နံနက်စာစားတဲ့အခါ “ ကော်ဖီ ၁-ခွက် ကို ၂-ယောက် တူတူသောက်ကြရအောင်ကွာ ” မျှဝေခံစားတတ်သူ။


💝• နံနက်စာ ပြင်ဆင် (သို့မဟုတ်) စားသောက်ပြီးတဲ့အခါ ပန်းကန်ခွက်ယောက်ကူသယ်/ကူသိမ်းပေးတတ်သူ။


💝• ထမင်းစားတဲ့အခါ “လက်ရာကတော့ရှယ်ပဲ…ယောကျာ်း အကြိုက်သိ တဲ့ မိန်းမ..ငယ်ငယ်တုန်းက စားခဲ့တဲ့ မေမေ့လက် ရာ အတိုင်းဘဲ” ချီးမွမ်းမြှောက်ပင့်ပြောတတ်သူ။


💝• အလုပ်သွားခါနီးတိုင်း အိမ်နောက်ဖေးမှာအလုပ်ရှုပ်နေတတ်တဲ့ ချစ်ဇနီးကိုမတွေ့တွေ့အောင်ရှာပြီး “မေကြီးရေ.. အလုပ် သွားပြီကွာ” လို့အရေးတယူနှုတ်ဆက်တတ်သူ (လူလစ်ရင် အနမ်းဖြင့်နှုတ်ဆက် တတ်သူ)


💝• နေ့လယ်ဘက် ထမင်းစားချိန် အားလပ်ချိန်မှာ ဖုန်း (သို့မဟုတ်) ဖုန်းမတ်ဆေ့ချ်ဖြင့် “မိန်းမရေ.. ဘာတွေ လုပ်နေတုန်းကွာ ဒီမှာ ညောင်းနေလို့ဇက်ကြောလေးလာဆွဲပေးပါဦး ” အရွှန်းဖောက်တတ်သူ။


💝• အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ မိသားစုအတွက် စားစရာလေးဖြစ်ဖြစ် ဝယ်လာတတ်သူ။


💝• ညစာစားပြီး “ မင်းနားပါကွာ…ကိုယ် ပန်းကန်တွေဆေးလိုက် မယ်လေ” (တကယ်မဆေးဖြစ်ပေမယ့် ဆေးတော့မယ်ဟန် လုပ်ပြ လိုက်ပါဦး)


💝• ကလေးတွေ အိမ်စာလုပ်ပြီး/မပြီး စာကူစစ်ပေးတတ်သူ။ အလုပ်မှာ ဘယ်လောက်ပင်ပန်းပင်ပန်း ကလေးကို ညအိပ်ယာ ဝင်ပုံပြင် ပြောပြတတ်သူ။


💝• မိမိအလုပ်နဲ့ပတ်သက်ပြီး ဇနီးဖြစ်သူကို ကောင်း၏/ဆိုး၏/ပျော်၏/စိတ်ညစ်၏… ရင်ဖွင့်ပြောပြတတ်သူ။


💝• ဇနီးသည်ကို စိတ်ဝင်စားမှုရှိသူ/နွေးနွေးထွေးထွေးပွေ့ဖက်တတ်သူ (လင့်ဝတ္တရားကျေသူ)


💝• ဆွေမျိုးများ နဲ့ အပေါင်းသင်းမိတ်ဆွေတွေရှေ့မှာ ဇနီးသည်ကို ဖေးဖေးမမ ဂရုစိုက်ပြတတ်သူ။


💝• သားသမီးတွေ ရှေ့မှာ “ မင်းတို့မေမေက ကျေးဇူးရှိတယ်နော် မေမေ့စကားနားထောင် မေမေ့ကို စိတ်ညစ်အောင် မလုပ် ရဘူး” လို့ မကြာခဏ ပြောပေးတတ်သူ။

READ  သင့်ချစ်သူက ငွေနဲ့ဂုဏ်ကိုမက်မောသူမှန်း သိသာတဲ့အချက် (၇)ချက်


💝• ဇနီးသည် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေကိုအဖော်ပြုပေးတတ်သူ။


💝• အလုပ်ပိတ်ရက်တွေမှာ အခါအားလျော်စွာ မိသားစုကို သီးသန့် အချိန်ပေးပြီး အပြင်ထွက်လည်ပတ်ပေးတတ်သူ။


နှစ်ယောက်ထဲရှိနေချိန်မှာ မိမိ ဇနီးကို မကြာခဏဆိုသလို “ မင်း ကတော့ ဒို့မိသားစုအတွက် မရှိမဖြစ်ဘဲကွာ၊ မင်းရှိလို့သာပေါ့၊ မင်းလည်းတော်တော် ပင်ပန်း နေပြီနော် ” စတဲ့ စကားလေး တခွန်းဖြင့် ကျေးဇူးတင်စကားပြောပေးဖို့နှုတ်မနှေးကြပါနဲ့လို့ သုတေသီများက အကြံပြုထားပါတယ်။


ဒီလိုဂရုစိုက် စကားလေးတွေကြောင့် ဇနီးသည်အတွက်သာမက၊ ခင်ပွန်းဖြစ်သူအတွက်ပါ အိမ်ထောင်ရေးသုခဖြစ်စေမှာပါတဲ့။


အောင်မြင်ပျော်ရွှင်တဲ့ မိသားစုဘဝပိုင်ဆိုင်ကြပါစေလို့နော်….


Credit : lwinpyin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top