iMyanmarHouse.com - Best Property Website for Myanmar
×

ၾကက္သြန္ျဖဴဟာ ၾကက္သြန္နီထက္ ပိုျပီးေတာ့ေတာင္ အစြမ္းထက္ ေသးတယ္လို႔ အခ်ိဳ႕ ေဆးပညာရွင္ေတြက ဆိုထားပါတယ္။

မီးဖိုေခ်ာင္ရဲ႕ ဟင္းအမယ္ တစ္ခုျဖစ္တဲ့ ဒီၾကက္သြန္ျဖဴဟာ ပ်ိဳတို႔ရဲ႕ အလွအပ ကြက္လပ္မွာ လည္း ထိေရာက္စြာ အစြမ္းျဖည့္ ေပးပါတယ္။

ေဘးဘယာမ်ား ေဝျဖာေစဖို႔အတြက္

အခုတေလာ ေနရာတိုင္းမွာ ၾကားေနရတဲ့ အသံ တစ္ခုကေတာ့ ေခ်ာင္းဆိုး သံပဲ ျဖစ္ပါတယ္။ ဘတ္(စ္)ကားေပၚမွာ ျဖစ္ျဖစ္၊ ရံုးတြင္းမွာပဲ ျဖစ္ျဖစ္ အဟြတ္၊ အဟြတ္ နဲ႔ ၾကားေနရတဲ့ ေခ်ာင္းဆိုးေရာဂါ အတြက္ ၾကက္သြန္ျဖဴကို စားသံုးေပးျခင္းျဖင့္ ေပ်ာက္ကင္းႏိုင္ပါတယ္။ နာတာရွည္ ေခ်ာင္းဆိုးေရာဂါမ်ား အတြက္ေတာင္ ၾကက္သြန္ျဖဴကို အရည္လုပ္ျပီး တိုက္ေကၽြးပါက ထင္ရွားစြာ သက္သာေပ်ာက္ကင္းမွာ ျဖစ္ပါတယ္။

ကေလးမ်ား ေခ်ာင္းဆိုးျခင္းအတြက္ ၾကက္သြန္ျဖဴကို အပ္ႏွင့္ထိုးျပီး ျပာက်ေအာင္ မီးဖုတ္၊ ျပာကို အမႈန္႔ျပဳျပီး ကေလး ေခ်ာင္ဆိုးရင္ တိုက္ေကၽြးပါက ေပ်ာက္ကင္းလာပါမယ္။
ေခါင္းကိုက္ၿခင္း အတြက္ကေတာ့ ၾကက္သြန္ျဖဴကို ဆားနဲ႔ေရာျပီး ေသာက္ပါ။ ၾကိတ္ျပီးနားထင္ကို လိိမ္းေပး ႏိုင္ပါတယ္။ အေၾကာကိုက္ခဲျခင္း အတြက္ ၾကက္သြန္ျဖဴ အရည္နဲ႔ ပြတ္လိမ္းေပးပါ။ ၾကက္သြန္ျဖဴဥ တစ္လံုးကို တစ္္ေန႔ ႏွစ္လံုး (သို႔) သံုးလံုး စားေပးမယ္ဆိုရင္ ရုတ္တရက္ ႏွလံုးရိုက္ျခင္းမ်ားကို တားဆီးေပးျပီး ႏွလံုးေရာဂါကို ကာကြယ္ေပးပါတယ္။

အေရျပားေရာဂါမ်ား ျဖစ္တဲ႔ ေပြး၊ ဝဲ၊ ယားနာတုိ႔အတြက္ ၾကက္သြန္ျဖဴ ကိုေထာင္းျပီး အုန္းဆီနဲ႔ လိမ္းေပးပါ။ ကာကြယ္ေပးႏိုင္တဲ့ ေရာဂါမ်ားကေတာ့ ကိုလက္စထေရာကို သိသာထင္ရွားစြာ ေလွ်ာ႔ခ် ေပးႏိုင္ပါတယ္။ ဆီးခ်ိဳေရာဂါနဲ႔ ႏွလံုးေရာဂါမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။ ေက်ာရိုးမၾကီး ေရာဂါကို ၃၀ ရာခုိင္ႏႈန္း ကာကြယ္ေပးႏိုင္ပါတယ္။ အေအးမိ ဖ်ားနာျခင္းကို ကာကြယ္ အေထာက္အကူ ေပးပါတယ္။

ၾကက္သြန္ျဖဴဟာ လက္သည္းခြံေတြကို သန္မာၾကံ႕ခိုင္ေစတဲ့ သတၱိရွိပါတယ္။ အရင္ဆံုး လက္သည္းကို ေရေႏြးေႏြးနဲ႔ ေဆးေၾကာ သန္႔စင္ေပးပါ။ ဒုတိယ အဆင့္အေနနဲ႕ ၾကက္သြန္ျဖဴကို ေလးစိတ္ပိုင္းလိုက္ပါ။ အဲဒီ့ အစိတ္ေလး ေတြကို အသံုးျပဳျပီး လက္သည္းကို ပြတ္ေပးပါက အေရာင္ေတာက္ေျပာင္ လာေစပါတယ္။ ပြတ္သပ္တဲ့ အခါမွာ ငါးမိနစ္ ပြတ္ေပးပါက လံုေလာက္ ပါတယ္။ တတိယ အဆင့္အေနနဲ႕ လက္ကို ေရေႏြးေႏြးနဲ႔ ထပ္ျပီး စိမ္ေပးပါ။ စိမ္ေပးျပီးပါက ဆပ္ျပာနဲ႔ သံုးၾကိမ္တိတိ ေဆးေၾကာေပးပါ။ ၾကက္သြန္ အန႔ံ မထြက္ေအာင္ ေဆးတာျဖစ္ပါတယ္။

White oion ေနာက္တစ္နည္းကေတာ့ ကိုယ္ဆိုးမယ့္ လက္သည္းနီဆိုးေဆးပုလင္းထဲမွာ ၾကက္သြန္ျဖဴဥ တစ္လံုးကို လွီးျပီး ထည့္ေပးထားပါ။ ၇-၁၀ ရက္ခန္႔ထားျပီး ဆိုးေပးရင္ လက္သည္းဟာ ပိုျပီး ေတာင့္တင္း မာေက်ာလာမွာ ျဖစ္ပါတယ္။ အလြယ္တကူနဲ႔ လက္သည္း က်ိဳးတက္တဲ့ သူမ်ား အသံုးျပဳႏိုင္တဲ့ နည္းလမ္းေကာင္း တစ္ခု ျဖစ္ပါတယ္။ ၾကက္သြန္ျဖဴဟာ ဝက္ၿခံကိုလည္း ႏိုင္ပါတယ္။

သတင္းေကာင္း တစ္ခုကေတာ့ ၾကက္သြန္ျဖဴရည္ကို ဆံပင္ကၽြတ္တဲ႔ ေနရာ တစ္ဝိုက္ လိမ္းေပးျပီး တစ္ညသိပ္လုိက္ပါ။ မနက္အိပ္ရာထမွ ေခါင္းေလွ်ာ္ ေပးပါ။ ရက္သတၱပတ္ အနည္းငယ္ေလာက္ လုပ္ေပးလိုက္တာနဲ႔ သက္သာ ေပ်ာက္ကင္းလာမွာ ျဖစ္ပါတယ္။
ေနာက္တစ္နည္းကေတာ့ ၾကက္သြန္ျဖဴန႔ဲ ဆံသားကို ေပါင္းတင္နည္းပဲ ျဖစ္ပါတယ္။ သံလြင္ဆီ ႏွစ္ဇြန္း(စားပြဲတင္ဇြန္း)၊ ၾကက္ဥတစ္လံုးရဲ႕ အႏွစ္၊ ၾကက္သြန္ျဖဴဥ ႏွစ္လံုး၊ ၾကက္ဆူဆီ တစ္ဇြန္း၊ ပ်ားရည္ တစ္ဇြန္းနဲ႔ ဗီတာမင္အီးတို႔ ေပါင္းစပ္ျပီး ဆံသားကုိ အျမစ္ကေန လိမ္းေပးပါ။ လိမ္းျပီး ပဝါနဲ႔ မိနစ္သံုးဆယ္ခန္႔ (သို႔) တစ္နာရီခန္႔ အုပ္ထား ေပးပါ။ ျပီးမွ ရွမ္ပူနဲ႔ ေခါင္းေလွ်ာ္ေပးလိုက္ပါ။

Credit : Good Health
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက် သေးတယ်လို့ အချို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။

မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာ လည်း ထိရောက်စွာ အစွမ်းဖြည့် ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက်

အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုး သံပဲ ဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာ ဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲ ဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများ အတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင် မီးဖုတ်၊ ပြာကို အမှုန့်ပြုပြီး ကလေး ချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။
ခေါင်းကိုက်ခြင်း အတွက်ကတော့ ကြက်သွန်ဖြူကို ဆားနဲ့ရောပြီး သောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေး နိုင်ပါတယ်။ အကြောကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥ တစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံး စားပေးမယ်ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အရေပြားရောဂါများ ဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့ လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှော့ချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီး ရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိ ဖျားနာခြင်းကို ကာကွယ် အထောက်အကူ ပေးပါတယ်။

ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေး တွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင် လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက် ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။

White oion နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥ တစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်းဟာ ပိုပြီး တောင့်တင်း မာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်း ကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်း နိုင်ပါတယ်။

သတင်းကောင်း တစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာ တစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော် ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲ ဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီ တစ်ဇွန်း၊ ပျားရည် တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထား ပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

Credit : Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top