iMyanmarHouse.com - Best Property Website for Myanmar
×


ပါဝင်ပစ္စည်း



ရေအေး ၄ ခွက်

ပြင်ဆင်ခြင်း







ပြင်ဆင်ချိန် = ၁၀ မိနစ်



#Unicode Version#
သာမန် ဖျော်နေကျ သံပုယိုရည်ထက် ကယ်လိုရီပိုနည်းတဲ့အပြင် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သံပုယိုသီး ဖျော်ရည် ဖျော်ဆပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

အုန်းသကြား ၁/၂ ခွက် (သို့) ပျားရည် တစ်ခွက်

သံပုယိုသီး အရည် (လတ်ဆတ်တဲ့သံပုယိုသီး ၆ လုံးကို အရည်ညှစ်ပါ)

ရေအေး ၄ ခွက်

ပြင်ဆင်ခြင်း

အိုးသေးတစ်လုံးထဲကို အုန်းသကြား (သို့) ပျားရည် (အထက်မှာဖော်ပြခဲ့တဲ့ပမာဏအတိုင်း ထည့်ပါ) နဲ့ ရေတစ်ခွက်ထည့်ပါ။

အဲဒီနောက် ဆူအောင်သယ်ပြီး (သယ်နေစဉ်မှာ မကြာခဏမွှေပေးပါ)

ဆူလာရင် မီးဖိုပေါ်ကချပြီး အဲဒီအရည်ကို ဖန်ခွက်တစ်လုံးထဲထည့်ပါ။

အဲဒီနောက် သံပုယိသီးရည်နဲ့ ကျန်တဲ့ရေအေး ခွက် ၃ ခွက်ကိုထည့်ပါ။

ရေခဲသေတ္တာထဲကို ၂ နာရီကနေ ၃နာရီထိထားပေးပါ။

အဲဒီနောက် ရေခဲတုံးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

ပြင်ဆင်ချိန် = ၁၀ မိနစ်

ပြုလုပ်ချိန် = ၂ နာရီ ကျော်

စုစုပေါင်း   = ၂ နာရီ မိနစ် ၄၀ခန့်

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top