iMyanmarHouse.com - Best Property Website for Myanmar
×

ကိုက္ခဲနာက်င္မႈ သက္သာေစရန္ Ibuprofen ေဆးေသာက္ ေသာ အဆစ္အျမစ္ေရာင္ ေရာဂါသည္မ်ားသည္ ေသြးတိုး၊ ႏွလံုးေရာဂါႏွင့္ ေလျဖတ္ႏိုင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း စပိန္ႏိုင္ငံ ဘာစီလိုနာၿမိဳ႕တြင္ျပဳလုပ္ေသာ ညီလာခံတစ္ရပ္၌ သုေတသီမ်ားက သတိေပးေျပာၾကားသည္။

ကမၻာေပၚတြင္ အက်ယ္ျပန္႔ဆံုး အသံုးျပဳေနေသာ ေဆးဝါးမ်ား အနက္ တစ္မ်ိဳးျဖစ္သည့္ Ibuprofen ေဆးသည္ ေအာ္ဂဲနစ္ျဒပ္ ေပါင္း မပါဝင္ေသာ ေဆးမ်ားထက္ပို၍ ေသြးေပါင္ျမင့္တက္ေစႏိုင္သည္။

ယင္းအလြယ္တကူ ဝယ္ယူရရွိႏိုင္သည့္  Ibuprofen ေဆးကို ၿဗိတိန္ႏိုင္ငံတြင္ အဆစ္အျမစ္ေရာင္ ေဝဒနာရွင္ သန္းေပါင္းမ်ားစြာ က နာက်င္ကိုက္ခဲမႈ သက္သာေစေရး ေန႔စဥ္သံုးစြဲေနသည္။

Ibuprofen, Naproxen ႏွင့္ Cele coxib ေဆးတို႔အပါအဝင္ အကိုက္အခဲ သက္သာေစေသာ ေဆးဝါးမ်ားစြာကို ဇူးရစ္ၿမိဳ႕ ႏွလံုး ေရာဂါဆိုင္ရာ တကၠသိုလ္မွ သုေတသီမ်ားက ေလ့လာရာတြင္ Ibuprofen ေဆးအသံုးျပဳသူမ်ား ေသြးတိုး၊ ႏွလံုးႏွင့္ ေလျဖတ္ျခင္းတို႔ျဖစ္ပြားႏိုင္သည့္အႏၲရာယ္ျမင့္မားေၾကာင္း ေလ့လာေတြ႕ရွိခဲ့သည္။

Celecoxib ေဆးေသာက္သူမ်ားႏွင့္ ႏႈိင္းယွဥ္ပါက Ibuprofen ေဆးေသာက္သူမ်ားသည္ ေသြးတိုးႏိုင္ေျခ ၆၁ ရာခိုင္ႏႈန္းျမင့္မား ေၾကာင္း သုေတသီမ်ားက ေျပာသည္။

အဆစ္အျမစ္ေရာင္ေရာဂါ ခံစားေနရသူမ်ားသည္ အကိုက္အ ခဲေပ်ာက္ေဆးမ်ား အသံုးမျပဳမီ ဆရာဝန္ႏွင့္ ဦးစြာတိုင္ပင္သင့္ ေၾကာင္း သုေတသီမ်ားက ေျပာသည္။
အဆစ္အျမစ္ေရာင္ေရာဂါ ခံစားေနရသူမ်ား ကုသရန္ နည္း လမ္းမရွိဘဲ အဆစ္အျမစ္မ်ား ေရာင္ရမ္းနာက်င္ျခင္း၊ အဆစ္အ ျမစ္မ်ား အလုပ္လုပ္ႏိုင္မႈ ဆံုး႐ႈံးျခင္းႏွင့္ ရင္ဆိုင္ရသည္။

Ibuprofen ေဆးကို ဆရာဝန္ႏွင့္ မတိုင္ပင္ဘဲ ေရရွည္အကိုက္ အခဲ သက္သာေစရန္ အသံုးမျပဳသင့္ဟု သုေတသီမ်ားက ေျပာၿပီး ယင္းေျပာဆိုခ်က္ကို ႏွလံုးေရာဂါကြၽမ္းက်င္သူမ်ားကလည္း ႀကိဳဆို ၾကသည္။

ယင္းေဆးဝါးမ်ားတြင္ ေသြးတိုးႏိုင္သည္ဆိုေသာ ကတိေပး ခ်က္မ်ားပါဝင္ေသာ္လည္း လြယ္လြယ္ကူကူအသံုးျပဳမႈမ်ား ရွိေန ေၾကာင္း သုေတသီီမ်ားက ေျပာသည္။

—Ref:Express

Credit: 7daydaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုက်ခဲနာကျင်မှု သက်သာစေရန် Ibuprofen ဆေးသောက် သော အဆစ်အမြစ်ရောင် ရောဂါသည်များသည် သွေးတိုး၊ နှလုံးရောဂါနှင့် လေဖြတ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင်ပြုလုပ်သော ညီလာခံတစ်ရပ်၌ သုတေသီများက သတိပေးပြောကြားသည်။

ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး အသုံးပြုနေသော ဆေးဝါးများ အနက် တစ်မျိုးဖြစ်သည့် Ibuprofen ဆေးသည် အော်ဂဲနစ်ဒြပ် ပေါင်း မပါဝင်သော ဆေးများထက်ပို၍ သွေးပေါင်မြင့်တက်စေနိုင်သည်။

ယင်းအလွယ်တကူ ဝယ်ယူရရှိနိုင်သည့်  Ibuprofen ဆေးကို ဗြိတိန်နိုင်ငံတွင် အဆစ်အမြစ်ရောင် ဝေဒနာရှင် သန်းပေါင်းများစွာ က နာကျင်ကိုက်ခဲမှု သက်သာစေရေး နေ့စဉ်သုံးစွဲနေသည်။

Ibuprofen, Naproxen နှင့် Cele coxib ဆေးတို့အပါအဝင် အကိုက်အခဲ သက်သာစေသော ဆေးဝါးများစွာကို ဇူးရစ်မြို့ နှလုံး ရောဂါဆိုင်ရာ တက္ကသိုလ်မှ သုတေသီများက လေ့လာရာတွင် Ibuprofen ဆေးအသုံးပြုသူများ သွေးတိုး၊ နှလုံးနှင့် လေဖြတ်ခြင်းတို့ဖြစ်ပွားနိုင်သည့်အန္တရာယ်မြင့်မားကြောင်း လေ့လာတွေ့ရှိခဲ့သည်။

Celecoxib ဆေးသောက်သူများနှင့် နှိုင်းယှဉ်ပါက Ibuprofen ဆေးသောက်သူများသည် သွေးတိုးနိုင်ခြေ ၆၁ ရာခိုင်နှုန်းမြင့်မား ကြောင်း သုတေသီများက ပြောသည်။

အဆစ်အမြစ်ရောင်ရောဂါ ခံစားနေရသူများသည် အကိုက်အ ခဲပျောက်ဆေးများ အသုံးမပြုမီ ဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့် ကြောင်း သုတေသီများက ပြောသည်။
အဆစ်အမြစ်ရောင်ရောဂါ ခံစားနေရသူများ ကုသရန် နည်း လမ်းမရှိဘဲ အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်း၊ အဆစ်အ မြစ်များ အလုပ်လုပ်နိုင်မှု ဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ရသည်။

Ibuprofen ဆေးကို ဆရာဝန်နှင့် မတိုင်ပင်ဘဲ ရေရှည်အကိုက် အခဲ သက်သာစေရန် အသုံးမပြုသင့်ဟု သုတေသီများက ပြောပြီး ယင်းပြောဆိုချက်ကို နှလုံးရောဂါကျွမ်းကျင်သူများကလည်း ကြိုဆို ကြသည်။

ယင်းဆေးဝါးများတွင် သွေးတိုးနိုင်သည်ဆိုသော ကတိပေး ချက်များပါဝင်သော်လည်း လွယ်လွယ်ကူကူအသုံးပြုမှုများ ရှိနေ ကြောင်း သုတေသီများက ပြောသည်။

—Ref:Express

Credit: 7daydaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top