iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းတြင္းမနက္ေစာေစာေတြမွာ ေရခ်ိဳးခါနီးဆို အရမ္းေတြေဝရပါတယ္။ ေရေႏြးစပ္ခ်ိဳးရင္ေကာင္းမလား။ ေရေအးေအးကိုပဲ ဒီတိုင္းေခါင္းေလာင္းခ်ိဳးရင္ ေကာင္းမလားဆိုၿပီး ေတြးရတာပါ။

တကယ္ေတာ့ ဒီေရြးခ်ယ္မႈက ခက္ခဲရတာက ႏွစ္မ်ိဳးစလံုးမွာ မတူညီတဲ့ အက်ိဳးေက်းဇူးေတြ ရွိလို႔ပါပဲ။

ရာသီဥတု၊ အသက္အရြယ္၊ အေလ့အထ၊ ေရာဂါ အစရွိတဲ့ အခ်က္ေတြကိုပါ ထည့္သြင္းစဥ္းစားရမွာ ျဖစ္ေပမယ့္ ေရေအးနဲ႔ ေရခ်ိဳးရမလား။ ေရေႏြးနဲ႔ ေရခ်ိဳးရမလား ဆံုးျဖတ္ႏိုင္ေအာင္လို႔ သူတို႔ရဲ႔ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလို္က္ပါတယ္ေနာ္။
၁။ ေရေအးနဲ႔ ေရခ်ိဳးမယ္ဆိုရင္

ေရေအးနဲ႔ေရခ်ိဳးျခင္းက အာရံုေၾကာထိပ္ေလးေတြကို ႏႈိးဆြေပးႏိုင္ၿပီး မနက္ခင္းအခ်ိန္မွာ လန္းဆန္းထၾကြေနေအာင္ ဖန္တီးေပးႏိုင္ပါတယ္။ ေနာက္ၿပီး ေရေအးနဲ႔ေရခ်ိဳးျခင္းက နာရီေပါင္းမ်ားစြာ အိပ္စက္ထားလို႔ ေလးလံထိုင္းမႈိင္းေနတဲ့ ခႏၶာကိုယ္ကိုပါ ျပန္လည္ႏိုးၾကားလာေစႏိုင္ပါတယ္။ ေရေအးနဲ႔ေရခ်ိဳးျခင္းဟာ ဘီတာအန္ေဒၚလ္ဖင္လို႔ေခၚတဲ့ (beta-endorphins) စိတ္က်ေရာဂါကို တိုက္ဖ်က္ႏိုင္တဲ့ ဓာတုပစၥည္းေတြကို ထြက္လာေစႏိုင္တဲ့အတြက္ စိတ္က်ေရာဂါကုသဖို႔နဲ႔ မနက္အခ်ိန္မွာ တက္ၾကြလန္းဆန္းေနေစဖို႔ ကူညီေပးပါတယ္။

ေလ့လာမႈေတြအရေတာ့ ေရေအးနဲ႔ေရခ်ိဳးျခင္းဟာ အမ်ိဳးသားေတြမွာ လိင္ပိုင္းဆိုင္ရာ က်န္းမာေရးကို ပိုမိုေကာင္းမြန္လာေစၿပီး testosterone လို႔ေခၚတဲ့ က်ားေဟာ္မုန္းကိုလည္း လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ေနာက္ၿပီး ေရေအးနဲ႔ ေရခ်ိဳးျခင္းဟာ အဆုတ္လုပ္ေဆာင္မႈကိုလည္း အားေကာင္းလာေစႏိုင္ပါတယ္။ ေနာက္ဆံုးတစ္ခုကေတာ့ ေရေအးနဲ႔ေရခ်ိဳးျခင္းျဖင့္ ခႏၶာကိုယ္ထဲက ခုခံအားစနစ္ေတြကို လႈံ႕ေဆာ္ေပးႏိုင္ၿပီး ကူးစက္ေရာဂါပိုးေတြကို တိုက္ဖ်က္ဖို႔အတြက္ ဆဲလ္ထုတ္လုပ္မႈေတြကို ျမွင့္တင္ေပးႏိုင္ပါတယ္။
၂။ ေရေႏြးနဲ႔ေရခ်ိဳးမယ္ဆိုရင္

ေရေႏြးဟာ ခႏၶာကိုယ္မွာ ကပ္ညိေနတဲ့ မျမင္ႏိုင္တဲ့ ပိုးမႊားေတြနဲ႔ ကူးစက္ေရာဂါပိုးေတြကို ပိုၿပီးေသေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေရေႏြးနဲ႔ေရခ်ိဳးျခင္းက ခႏၶာကိုယ္ကို ပိုၿပီးစင္ၾကယ္ေစပါတယ္။ ေလ့လာမႈေတြအရေတာ့ ေရေႏြးနဲ႔ေရခ်ိဳးျခင္းဟာ ၾကြက္သားေတြကို ေပါ့ပါးဖ်တ္လတ္ေစၿပီး ၾကြက္သားနာက်င္မႈေတြကို သက္သာေလ်ာ့ပါးေစဖို႔လည္း ကူညီေပးႏိုင္ပါတယ္။

ေရေႏြးနဲ႔ေရခ်ိဳးျခင္းဟာ ခႏၶာကိုယ္ထဲက သၾကားဓာတ္ေတြကိုလည္း ေလ်ာ့နည္းေစပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳသမားေတြအတြက္ သင့္ေလ်ာ္တဲ့ အေလ့အထတစ္ခုပါ။ အေအးမိ၊ ေခ်ာင္းဆိုးေဝဒနာရွင္ေတြကို ေရေႏြးနဲ႔ ေရခ်ိဳးေပးမယ္ဆိုရင္ အသက္ရွဴ လမ္းေၾကာင္းကို ရွင္းလင္းေပးသလို လည္ေခါင္းနဲ႔ႏွာေခါင္းမွာ ပိတ္ဆို႔ေနတဲ့ အက်ိအခြ်ဲေတြကိုလည္း ရွင္းလင္းေပးပါတယ္။

ႏွစ္မ်ိဳးစလံုးမွာ သူ႔ေကာင္းက်ိဳးနဲ႔သူ ရွိတဲ့အတြက္ မိမိရဲ႕လိုအပ္ခ်က္ေပၚ မူတည္ၿပီး အသံုးျပဳႏိုင္ပါတယ္။ ဥပမာ မနက္ရံုးသြားခါနီးဆို ေရေအးနဲ႔ေရခ်ိဳးၿပီး ရံုးကျပန္လာရင္ ေရေႏြးနဲ႔ ေရခ်ိဳးသလိုမ်ိဳးေပါ့။ အသက္အရြယ္၊ က်န္းမာေရး၊ ဥတုရာသီစတဲ့ အခ်က္ေတြကုိလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။

Credit : Mmnetlibrary
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဆောင်းတွင်းမနက်စောစောတွေမှာ ရေချိုးခါနီးဆို အရမ်းတွေဝေရပါတယ်။ ရေနွေးစပ်ချိုးရင်ကောင်းမလား။ ရေအေးအေးကိုပဲ ဒီတိုင်းခေါင်းလောင်းချိုးရင် ကောင်းမလားဆိုပြီး တွေးရတာပါ။

တကယ်တော့ ဒီရွေးချယ်မှုက ခက်ခဲရတာက နှစ်မျိုးစလုံးမှာ မတူညီတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါပဲ။

ရာသီဥတု၊ အသက်အရွယ်၊ အလေ့အထ၊ ရောဂါ အစရှိတဲ့ အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပေမယ့် ရေအေးနဲ့ ရေချိုးရမလား။ ရေနွေးနဲ့ ရေချိုးရမလား ဆုံးဖြတ်နိုင်အောင်လို့ သူတို့ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ရေအေးနဲ့ ရေချိုးမယ်ဆိုရင်

ရေအေးနဲ့ရေချိုးခြင်းက အာရုံကြောထိပ်လေးတွေကို နှိုးဆွပေးနိုင်ပြီး မနက်ခင်းအချိန်မှာ လန်းဆန်းထကြွနေအောင် ဖန်တီးပေးနိုင်ပါတယ်။ နောက်ပြီး ရေအေးနဲ့ရေချိုးခြင်းက နာရီပေါင်းများစွာ အိပ်စက်ထားလို့ လေးလံထိုင်းမှိုင်းနေတဲ့ ခန္ဓာကိုယ်ကိုပါ ပြန်လည်နိုးကြားလာစေနိုင်ပါတယ်။ ရေအေးနဲ့ရေချိုးခြင်းဟာ ဘီတာအန်ဒေါ်လ်ဖင်လို့ခေါ်တဲ့ (beta-endorphins) စိတ်ကျရောဂါကို တိုက်ဖျက်နိုင်တဲ့ ဓာတုပစ္စည်းတွေကို ထွက်လာစေနိုင်တဲ့အတွက် စိတ်ကျရောဂါကုသဖို့နဲ့ မနက်အချိန်မှာ တက်ကြွလန်းဆန်းနေစေဖို့ ကူညီပေးပါတယ်။

လေ့လာမှုတွေအရတော့ ရေအေးနဲ့ရေချိုးခြင်းဟာ အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပြီး testosterone လို့ခေါ်တဲ့ ကျားဟော်မုန်းကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး ရေအေးနဲ့ ရေချိုးခြင်းဟာ အဆုတ်လုပ်ဆောင်မှုကိုလည်း အားကောင်းလာစေနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ရေအေးနဲ့ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ထဲက ခုခံအားစနစ်တွေကို လှုံ့ဆော်ပေးနိုင်ပြီး ကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ဖို့အတွက် ဆဲလ်ထုတ်လုပ်မှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။
၂။ ရေနွေးနဲ့ရေချိုးမယ်ဆိုရင်

ရေနွေးဟာ ခန္ဓာကိုယ်မှာ ကပ်ညိနေတဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေနဲ့ ကူးစက်ရောဂါပိုးတွေကို ပိုပြီးသေစေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးနဲ့ရေချိုးခြင်းက ခန္ဓာကိုယ်ကို ပိုပြီးစင်ကြယ်စေပါတယ်။ လေ့လာမှုတွေအရတော့ ရေနွေးနဲ့ရေချိုးခြင်းဟာ ကြွက်သားတွေကို ပေါ့ပါးဖျတ်လတ်စေပြီး ကြွက်သားနာကျင်မှုတွေကို သက်သာလျော့ပါးစေဖို့လည်း ကူညီပေးနိုင်ပါတယ်။

ရေနွေးနဲ့ရေချိုးခြင်းဟာ ခန္ဓာကိုယ်ထဲက သကြားဓာတ်တွေကိုလည်း လျော့နည်းစေပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် သင့်လျော်တဲ့ အလေ့အထတစ်ခုပါ။ အအေးမိ၊ ချောင်းဆိုးဝေဒနာရှင်တွေကို ရေနွေးနဲ့ ရေချိုးပေးမယ်ဆိုရင် အသက်ရှူ လမ်းကြောင်းကို ရှင်းလင်းပေးသလို လည်ခေါင်းနဲ့နှာခေါင်းမှာ ပိတ်ဆို့နေတဲ့ အကျိအချွဲတွေကိုလည်း ရှင်းလင်းပေးပါတယ်။

နှစ်မျိုးစလုံးမှာ သူ့ကောင်းကျိုးနဲ့သူ ရှိတဲ့အတွက် မိမိရဲ့လိုအပ်ချက်ပေါ် မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ဥပမာ မနက်ရုံးသွားခါနီးဆို ရေအေးနဲ့ရေချိုးပြီး ရုံးကပြန်လာရင် ရေနွေးနဲ့ ရေချိုးသလိုမျိုးပေါ့။ အသက်အရွယ်၊ ကျန်းမာရေး၊ ဥတုရာသီစတဲ့ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Credit : Mmnetlibrary

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top