iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်န္ေတာ္ တို႔ျမန္မာလူမ်ိဳး ေတြဟာ ခရမ္းခ်ဥ္သီး ကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ခ်က္ျပဳတ္စားေသာက္ၾကပါတယ္။

ခရမ္းခ်ဥ္သီးဟာ ေန႕စဥ္အစားအေသာက္ထဲမွာ အဓိကေနရာကပါဝင္တဲ႔ ဟင္းသီးဟင္းရြက္တစ္မ်ိဳးျဖစ္ပါတယ္။ ခရမ္းခ်ဥ္သီး အမ်ိဳးအစားအမ်ားႀကီးရွိၿပီး ကြ်န္ေတာ္ တို႔ ျမန္မာလူမ်ိဳး ေတြဟာ ခရမ္းခ်ဥ္သီး ကို ပံုစံအမ်ိဳးမ်ိဳးနဲ႔ ခ်က္ျပဳတ္စားေသာက္ၾကပါတယ္။ ခရမ္းခ်ဥ္သီး ဟာ ဝိတ္က်ခ်င္တဲ႔သူေတြနဲ႔ ေသြးတိုးက်ခ်င္တဲ႔သူေတြအတြက္ေတာ႔ အထူးသင္႔ေလ်ာ္ပါတယ္။ ေနာက္ၿပီး ပါဝါမ်က္မွန္ တပ္ေနရတဲ႔ မ်က္စိအားနည္းသူေတြနဲ႔ ဆီးခ်ိဳေသြးခ်ိဳသမားေတြအတြက္လည္းေကာင္းပါတယ္။
ဒါတင္မကေသးပါဘူး။ ခရမ္းခ်ဥ္သီးမွာတျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း ရွိပါေသးတယ္။ အဲဒါေတြကေတာ႔….

၁။ ကင္္ဆာေရာဂါကာကြယ္ႏိုင္တယ္

အေမရိကန္ ကင္ဆာေရာဂါ ေလ႔လာေရးသိပၸံက ခရမ္းခ်ဥ္သီး မွာပါဝင္တဲ႔ lycopene ဓာတ္ေတြဟာ တခ်ိဳ႕ကင္ဆာေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္လို႔ဆိုထားပါတယ္။ ဓာတ္ခြဲခန္းသုေတသနေတြအရလည္း ခရမ္းခ်ဥ္သီး ထဲမွာပါဝင္တဲ႔ဓာတ္ေတြဟာ တခ်ိဳ႕ကင္ဆာဆဲလ္ေတြ ပ်ံ႕ပြားျခင္းကိုကာကြယ္ႏိုင္ပါတယ္လို႔ ဆိုထားပါတယ္။
ခရမ္းခ်ဥ္သီးကို အရည္ေဖ်ာ္ေသာက္တာတို႔၊ အခ်ဥ္၊ အႏွစ္လုပ္စားတာတို႔ကလည္း ကင္ဆာ တိုက္ဖ်က္ေရးအစြမ္းသတၱိေတြကို ပိုမိုတိုးတက္ေစႏိုင္ပါတယ္တဲ႔။ ဒီလိုလုပ္ေပးျခင္းျဖင္႔ ခရမ္းခ်ဥ္သီး ထဲမွာပါဝင္တဲ႔ သဘာဝကြန္ေပါင္းေတြကို ခႏၶာကိုယ္က ပိုမိုလြယ္ကူစြာစုပ္ယူႏိုင္ေအာင္ ကူညီေပးပါတယ္။ ေနာက္ၿပီး ခရမ္းခ်ဥ္သီးအရည္ေတြ၊ အႏွစ္ေတြမွာ lycopene ပမာဏ ပိုမိုသိပ္သည္းစြာ ပါဝင္ပါတယ္။

၂။ ေသြးတိုးက်ေစတယ္

ခရမ္းခ်ဥ္သီး မွာ ပိုတက္စီယမ္ ျကြယ္ဝစြာပါဝင္ၿပီး ပိုတက္စီယမ္ ကလည္း ေသြးဖိအားေလ်ာ႔က်ေစတယ္လို႔ လူသိမ်ားတဲ႔ သတၳဳဓာတ္တစ္မ်ိဳးျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ႔ ပိုတက္စီယမ္ က ေသြးဖိအား ကို တိုးေစတဲ႔ ဆိုဒီယမ္ရဲ႕သက္ေရာက္မႈေတြကို ေလ်ာ႔က်ေစႏိုင္လို႔ပါပဲ။ ပိုတက္စီယမ္ပိုမ်ားေလေလ၊ စြန္႕ထုတ္လိုက္တဲ႔ဆီးထဲမွာ ဆိုဒီယမ္မ်ားမ်ားပါသြားေလေလပါပဲ။
ေနာက္တစ္ခုကေတာ႔ ပိုတက္စီယမ္ ဟာ ေသြးေၾကာနံရံေတြေပၚက တင္းအားကိုေလွ်ာ႔ခ်ေပးၿပီး ေသြးဖိအားကိုလည္း က်ဆင္းေစပါတယ္။ ဒါေပမယ္႔ ပိုတက္စီယမ္ ဓာတ္အမ်ားႀကီးပါဝင္တဲ႔ ခရမ္းခ်ဥ္သီး ေတြ အမ်ားႀကီးစားသံုးျခင္းကလည္း ဆီးေက်ာက္တည္ေစႏိုင္လို႔ အတိုင္းအထြာနဲ႔ဆင္ျခင္စားေပးသင္႔ပါတယ္။

၃။ ကိုယ္အေလးခ်ိန္က်ေစတယ္

ေလ႔လာမႈတစ္ခုအရဆိုရင္ ေန႕စဥ္ ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ တစ္ခြက္ေသာက္ေပးျခင္းက ခါးဆိုဒ္နံပါတ္က်လာေစပါတယ္တဲ႔။ တရုပ္ရိုးရာတိုင္းရင္းေဆးနည္းတစ္ခုမွာလည္း ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္ က ကိုယ္အေလးခ်ိန္၊ ကိုယ္တြင္းအဆီနဲ႔ ခါးဆိုဒ္ကို က်ေစတယ္လို႔ ဆိုထားပါတယ္။ ကိုယ္အေလးခ်ိန္တက္ေစရာမွာ အဓိကေနရာကပါဝင္တဲ႔ ကိုလက္စထေရာေတြကိုလည္း က်ေစပါတယ္တဲ႔။

၄။ အေရျပား နဲ႔ဆံပင္ က်န္းမာေရး ကိုလည္း ေကာင္းမြန္ေစပါတယ္

ခရမ္းခ်ဥ္သီး ေတြဟာ အလွကုန္ပစၥည္း ေတာ္ေတာ္မ်ားမ်ားမွာပါဝင္တဲ႔ အေရးႀကီးပါဝင္ပစၥည္းတစ္မ်ိဳးပါ။ သူတို႔က အေရျပားေပၚမွာ ေခြ်းေပါက္က်ယ္ျခင္း၊ ဝက္ျခံေပါက္ျခင္း၊ ေနေလာင္ဒဏ္တို႔ကို သက္သာေပ်ာက္ကင္းေစၿပီး ေျခာက္ေသြ႕မဲညိဳေနတဲ႔ အေရျပားကိုလည္း ျပန္လည္ဝင္းလက္ေတာက္ပေစပါတယ္။ ခရမ္းခ်ဥ္သီးမွာပါဝင္္တဲ႔ antioxidant ေတြ (အထူးသျဖင္႔) lycopene ဟာ ဆဲလ္ထိခိုက္ဒဏ္ရာ ရျခင္းကို သက္သာေစၿပီး အေရျပားေရာင္ရမ္းျခင္းကိုလည္း ေလ်ာ႔က်ေစႏိုင္ပါတယ္။
ဒီေတာ႔ မ်က္ႏွာေပၚမွာခရမ္းခ်ဥ္သီး ကိုအျပားေလးေတြျဖစ္ေအာင္လွီးၿပီး ကပ္ေပးတာတို႔၊ ခရမ္းခ်ဥ္သီး အႏွစ္နဲ႔ သုတ္လိမ္းေပးတာတို႔ လုပ္ေပးမယ္ဆိုရင္ ဝက္ျခံကင္းစင္ၿပီး ၾကည္လင္ေခ်ာမြတ္တဲ႔ မ်က္ႏွာေလး ကို ပိုင္ဆိုင္ႏိုင္မွာပါ။ ဘာလို႔လဲဆိုေတာ႔ ခရမ္းခ်ဥ္သီး က မ်က္ႏွာေပၚကအဆီပိုေတြကိုဖယ္ရွားေပးၿပီး အေရျပားဆဲလ္ ေတြကို လန္းဆန္းေတာက္ပေစလို႔ပါပဲ။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ကျွန်တော် တို့မြန်မာလူမျိုး တွေဟာ ခရမ်းချဉ်သီး ကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။

ခရမ်းချဉ်သီးဟာ နေ့စဉ်အစားအသောက်ထဲမှာ အဓိကနေရာကပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီး အမျိုးအစားအများကြီးရှိပြီး ကျွန်တော် တို့ မြန်မာလူမျိုး တွေဟာ ခရမ်းချဉ်သီး ကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။ ခရမ်းချဉ်သီး ဟာ ဝိတ်ကျချင်တဲ့သူတွေနဲ့ သွေးတိုးကျချင်တဲ့သူတွေအတွက်တော့ အထူးသင့်လျော်ပါတယ်။ နောက်ပြီး ပါဝါမျက်မှန် တပ်နေရတဲ့ မျက်စိအားနည်းသူတွေနဲ့ ဆီးချိုသွေးချိုသမားတွေအတွက်လည်းကောင်းပါတယ်။
ဒါတင်မကသေးပါဘူး။ ခရမ်းချဉ်သီးမှာတခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့….

၁။ ကင်ဆာရောဂါကာကွယ်နိုင်တယ်

အမေရိကန် ကင်ဆာရောဂါ လေ့လာရေးသိပ္ပံက ခရမ်းချဉ်သီး မှာပါဝင်တဲ့ lycopene ဓာတ်တွေဟာ တချို့ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ ဓာတ်ခွဲခန်းသုတေသနတွေအရလည်း ခရမ်းချဉ်သီး ထဲမှာပါဝင်တဲ့ဓာတ်တွေဟာ တချို့ကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကိုကာကွယ်နိုင်ပါတယ်လို့ ဆိုထားပါတယ်။
ခရမ်းချဉ်သီးကို အရည်ဖျော်သောက်တာတို့၊ အချဉ်၊ အနှစ်လုပ်စားတာတို့ကလည်း ကင်ဆာ တိုက်ဖျက်ရေးအစွမ်းသတ္တိတွေကို ပိုမိုတိုးတက်စေနိုင်ပါတယ်တဲ့။ ဒီလိုလုပ်ပေးခြင်းဖြင့် ခရမ်းချဉ်သီး ထဲမှာပါဝင်တဲ့ သဘာဝကွန်ပေါင်းတွေကို ခန္ဓာကိုယ်က ပိုမိုလွယ်ကူစွာစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ နောက်ပြီး ခရမ်းချဉ်သီးအရည်တွေ၊ အနှစ်တွေမှာ lycopene ပမာဏ ပိုမိုသိပ်သည်းစွာ ပါဝင်ပါတယ်။

၂။ သွေးတိုးကျစေတယ်

ခရမ်းချဉ်သီး မှာ ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်ပြီး ပိုတက်စီယမ် ကလည်း သွေးဖိအားလျော့ကျစေတယ်လို့ လူသိများတဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုတက်စီယမ် က သွေးဖိအား ကို တိုးစေတဲ့ ဆိုဒီယမ်ရဲ့သက်ရောက်မှုတွေကို လျော့ကျစေနိုင်လို့ပါပဲ။ ပိုတက်စီယမ်ပိုများလေလေ၊ စွန့်ထုတ်လိုက်တဲ့ဆီးထဲမှာ ဆိုဒီယမ်များများပါသွားလေလေပါပဲ။
နောက်တစ်ခုကတော့ ပိုတက်စီယမ် ဟာ သွေးကြောနံရံတွေပေါ်က တင်းအားကိုလျှော့ချပေးပြီး သွေးဖိအားကိုလည်း ကျဆင်းစေပါတယ်။ ဒါပေမယ့် ပိုတက်စီယမ် ဓာတ်အများကြီးပါဝင်တဲ့ ခရမ်းချဉ်သီး တွေ အများကြီးစားသုံးခြင်းကလည်း ဆီးကျောက်တည်စေနိုင်လို့ အတိုင်းအထွာနဲ့ဆင်ခြင်စားပေးသင့်ပါတယ်။

၃။ ကိုယ်အလေးချိန်ကျစေတယ်

လေ့လာမှုတစ်ခုအရဆိုရင် နေ့စဉ် ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်သောက်ပေးခြင်းက ခါးဆိုဒ်နံပါတ်ကျလာစေပါတယ်တဲ့။ တရုပ်ရိုးရာတိုင်းရင်းဆေးနည်းတစ်ခုမှာလည်း ခရမ်းချဉ်သီး ဖျော်ရည် က ကိုယ်အလေးချိန်၊ ကိုယ်တွင်းအဆီနဲ့ ခါးဆိုဒ်ကို ကျစေတယ်လို့ ဆိုထားပါတယ်။ ကိုယ်အလေးချိန်တက်စေရာမှာ အဓိကနေရာကပါဝင်တဲ့ ကိုလက်စထရောတွေကိုလည်း ကျစေပါတယ်တဲ့။

၄။ အရေပြား နဲ့ဆံပင် ကျန်းမာရေး ကိုလည်း ကောင်းမွန်စေပါတယ်

ခရမ်းချဉ်သီး တွေဟာ အလှကုန်ပစ္စည်း တော်တော်များများမှာပါဝင်တဲ့ အရေးကြီးပါဝင်ပစ္စည်းတစ်မျိုးပါ။ သူတို့က အရေပြားပေါ်မှာ ချွေးပေါက်ကျယ်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ နေလောင်ဒဏ်တို့ကို သက်သာပျောက်ကင်းစေပြီး ခြောက်သွေ့မဲညိုနေတဲ့ အရေပြားကိုလည်း ပြန်လည်ဝင်းလက်တောက်ပစေပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ antioxidant တွေ (အထူးသဖြင့်) lycopene ဟာ ဆဲလ်ထိခိုက်ဒဏ်ရာ ရခြင်းကို သက်သာစေပြီး အရေပြားရောင်ရမ်းခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။
ဒီတော့ မျက်နှာပေါ်မှာခရမ်းချဉ်သီး ကိုအပြားလေးတွေဖြစ်အောင်လှီးပြီး ကပ်ပေးတာတို့၊ ခရမ်းချဉ်သီး အနှစ်နဲ့ သုတ်လိမ်းပေးတာတို့ လုပ်ပေးမယ်ဆိုရင် ဝက်ခြံကင်းစင်ပြီး ကြည်လင်ချောမွတ်တဲ့ မျက်နှာလေး ကို ပိုင်ဆိုင်နိုင်မှာပါ။ ဘာလို့လဲဆိုတော့ ခရမ်းချဉ်သီး က မျက်နှာပေါ်ကအဆီပိုတွေကိုဖယ်ရှားပေးပြီး အရေပြားဆဲလ် တွေကို လန်းဆန်းတောက်ပစေလို့ပါပဲ။

Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top