iMyanmarHouse.com - Best Property Website for Myanmar
×
၂။ စကားပြောကြည့်ပါ။
၅။ခွင့်လွှတ်တတ်ပါစေ။
ချစ်သူတွေကြားထဲမှာ ကတောက်ကဆဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာပါ။ ရန်မဖြစ်ဘူး ၊ လုံးဝ စိတ်ဆိုးစိတ်ကောက် မရှိဘူး ဆိုတဲ့စုံတွဲက မရှိပါဘူး။ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ နှစ်ယောက်အတူတူ ဖြေရှင်းဖို့ ဒီနည်းလေးတွေနဲ့ ကြိုးစားကြည့်ပါ။
၁။ ကိုယ်မှန်တယ်ပဲမတွေးပါနဲ့။
ပြဿနာဖြစ်တိုင်း ကိုယ်ချည်းအမှန်ဆိုပြီး တစ်ယူသန်တဲ့အတွေးတွေ ဝဲလိုက်ပါ။ ကိုယ်မှားတာလည် ရှိမှာပါ။ ကိုယ်မှားတာအတွက်လည်း တောင်းပန်တတ်အောင် ကြိုးစားပါ။ အပြန်အလှန် တောင်းပန်ကြရင် တင်းမာမှုတွေ လျော့သွားမှာပါ။
၂။ စကားပြောကြည့်ပါ။
တစ်ခုခု စိတ်အလိုမကျဖြစ်ရင် စိတ်ထဲမှာ သိမ်းမထားပါနဲ့။ သိမ်းထားတာများလာရင် ပေါက်ကွဲတတ်ပါတယ် ။ ကိုယ်စိတ်အလိုမကျတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါ။ ကိုယ့်ချစ်သူက ပြောလာရင်လည်း စိတ်ရှည်ရှည်နဲ့ နားထောင်ပေးပါ။
၃။ ယူဆချက်တွေမထုတ်ပါနဲ့။
ပြဿနာဖြစ်နေတဲ့ အချိန်အတွင်းမှာ ကိုယ်ဘာသာ ထင်မြင်ယူဆချက်တွေ မထုတ်ပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် သံသယဝင်နေရင် ဘယ်လိုလုပ် အဆင်ပြေပါ့မလဲနော်။
၄။ ပျော်ရွှင်စရာအမှတ်တရတွေ ပြန်စဉ်းစားကြည့့်ပါ။
အချိန်အကြာကြီး နှစ်ယောက်တူတူ ရှိခဲ့ပြီးမှ ဒီပြဿနာလေးကြောင့် လမ်းခွဲချင်ပြီလား။ နှစ်ယောက်အတူ ဖန်တီးခဲ့တဲ့ ပျော်ရွှင်စရာ အမှတ်တရတွေ ပြန်စဉ်းစားကြည့်ပါ။ အမှတ်တရတွေကို စွန့်လွှတ်နိုင်လို့လား။
၅။ခွင့်လွှတ်တတ်ပါစေ။
နောက်ဆုံး ပြဿနာအရင်းမြစ်ကို ရှာတွေ့သွားလို့ အားလုံးရှင်းသွားတဲအခါ ကိုယ်မှားရင် တောင်းပန်ပါ။ တောင်းပန်လာတဲ့အခါမှာလည်း ခွင့်လွှတ်ပေးလိုက်ပါ။
နှစ်ဦးသား ကတောက်ကဆဖြစ်တဲ့အခါ ကြားလူဖြေရှင်းတာထက် ကိုယ်တိုင်ဖြေရှင်းသင့်ပါတယ်။ ကြားလူဝင်ရင် ပိုဆိုးနိုင်ပါတယ်။ နှစ်ယောက်သား အပြန်အလှန် နားလည်မှုတွေနဲ့ ညှိယူတဲ့အခါ ချစ်သူနှစ်ဦးကြားက အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။
Credit : Hana (For Her Myanmar)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top