iMyanmarHouse.com - Best Property Website for Myanmar
×

nagarmotfruit အခုတေလာ ကြ်န္ေတာ္တို႔ ျမန္မာ လူမ်ိဳးေတြ စား လာၾကတဲ့ နဂါးေမာက္သီး ရဲ႕ ေကာင္းက်ိဳးေလး ေတြ သိသေလာက္တင္ျပေပးပါမယ္။

(၁) ဝိတ္ေလ်ာ့တဲ့ ေနရာမွာ အသံုးဝင္ျခင္း

အေနေတာ္ အတံုး ၅ တံုးေလာက္စား မွ ကယ္လိုရီ ၆၀ ပဲရွိတဲ့ အတြက္ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းတဲ့ေနရာ မွာ အသံုး ဝင္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ အမွ်င္ဓါတ္ ႂကြယ္ဝ လို႔ ေသြးထဲရွိ ကိုလက္စထေရာ (Cholesterol) ပမာဏ ကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

(၂) ကင္ဆာေရာဂါ ပို ကာကြယ္ေပးျခင္း

နဂါးေမာက္သီးမွာ ဓါတ္တိုးဆန္႔က်င္သတၱိ ရွိတဲ့ ဗီတာမင္ စီ (Vitamin C) ပါဝင္တဲ့ အတြက္ ကင္ဆာေရာဂါ ကို ကာကြယ္ေပး ႏိုင္ပါတယ္။ ကိုယ္ခံအား (Immune System) ကို လည္းေကာင္းေစပါတယ္။

(၃) အာရံုေၾကာအားေကာင္းေစျခင္း

နဂါးေမာက္သီးမွာ ဗီတာမင္ ဘီ (Vitamin B) ပါဝင္တဲ့ အတြက္ေၾကာင့္ အာရံုေၾကာ အားေကာင္းေစပါတယ္။

(၄) အျမင္ အာရံုေကာင္းေစျခင္း

နဂါးေမာက္သီးတြင္ Beta-carotene ဆိုတဲ့ ဓါတ္တစ္မ်ိဳး ပါဝင္တဲ့ အတြက္ေၾကာင့္ ကေလးငယ္ မ်ား အတြက္ အျမင္အာရံု အားေကာင္းေစ တဲ့ အျပင္ ေရာဂါပိုးမႊားမ်ားကို လည္း ကာကြယ္ေပးပါတယ္။

(၄) အ႐ိုး နဲ႔ သြားမ်ား ကို က်န္းမာေစျခင္း

ကယ္လ္ဆီယမ္ (Calcium) ဓါတ္ပါဝင္တဲ့ အတြက္ အ႐ိုး နဲ႔ သြား မ်ား ကို က်န္းမာ ၾကံ႕ခိုင္ေစပါတယ္။

(၅) ႏွလံုးေသြးေၾကာက်ဥ္း ေရာဂါ ကာကြယ္ေပးျခင္း

နဂါးေမာက္သီး မွာ ပါတဲ့ အေစ့ အမည္းေလးေတြ မွာ Omega 3 နဲ႔ 6 fatty acid ပါဝင္တဲ့ အတြက္ Triglycerides ကို က်ေစတဲ့ အတြက္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါကို ကာကြယ္ေပးပါတယ္။

(၆) ဝမ္းမွန္ေစျခင္း

အမွ်င္ဓါတ္ ႂကြယ္ဝ တဲ့ အတြက္ ဝမ္းမွန္ေစပါတယ္။

မွတ္ခ်က္ – က်န္းမားေရး အတြက္ ေကာင္းသည္ဆိုေပ မဲ့ အလြန္အကြ်ံ စားပါက မည့္သည့္အစားအစာ မဆို ဆိုးက်ိဳးရွိပါသည္။

Credit : ေဒါက္တာ ညီညီေက်ာ္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခုတလော ကျွန်တော်တို့ မြန်မာ လူမျိုးတွေ စား လာကြတဲ့ နဂါးမောက်သီး ရဲ့ ကောင်းကျိုးလေး တွေ သိသလောက်တင်ပြပေးပါမယ်။

(၁) ဝိတ်လျော့တဲ့ နေရာမှာ အသုံးဝင်ခြင်း

အနေတော် အတုံး ၅ တုံးလောက်စား မှ ကယ်လိုရီ ၆၀ ပဲရှိတဲ့ အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းတဲ့နေရာ မှာ အသုံး ဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အမျှင်ဓါတ် ကြွယ်ဝ လို့ သွေးထဲရှိ ကိုလက်စထရော (Cholesterol) ပမာဏ ကိုလည်း လျှော့ချပေးပါတယ်။

(၂) ကင်ဆာရောဂါ ပို ကာကွယ်ပေးခြင်း

နဂါးမောက်သီးမှာ ဓါတ်တိုးဆန့်ကျင်သတ္တိ ရှိတဲ့ ဗီတာမင် စီ (Vitamin C) ပါဝင်တဲ့ အတွက် ကင်ဆာရောဂါ ကို ကာကွယ်ပေး နိုင်ပါတယ်။ ကိုယ်ခံအား (Immune System) ကို လည်းကောင်းစေပါတယ်။

(၃) အာရုံကြောအားကောင်းစေခြင်း

နဂါးမောက်သီးမှာ ဗီတာမင် ဘီ (Vitamin B) ပါဝင်တဲ့ အတွက်ကြောင့် အာရုံကြော အားကောင်းစေပါတယ်။

(၄) အမြင် အာရုံကောင်းစေခြင်း

နဂါးမောက်သီးတွင် Beta-carotene ဆိုတဲ့ ဓါတ်တစ်မျိုး ပါဝင်တဲ့ အတွက်ကြောင့် ကလေးငယ် များ အတွက် အမြင်အာရုံ အားကောင်းစေ တဲ့ အပြင် ရောဂါပိုးမွှားများကို လည်း ကာကွယ်ပေးပါတယ်။

(၄) အရိုး နဲ့ သွားများ ကို ကျန်းမာစေခြင်း

ကယ်လ်ဆီယမ် (Calcium) ဓါတ်ပါဝင်တဲ့ အတွက် အရိုး နဲ့ သွား များ ကို ကျန်းမာ ကြံ့ခိုင်စေပါတယ်။

(၅) နှလုံးသွေးကြောကျဉ်း ရောဂါ ကာကွယ်ပေးခြင်း

နဂါးမောက်သီး မှာ ပါတဲ့ အစေ့ အမည်းလေးတွေ မှာ Omega 3 နဲ့ 6 fatty acid ပါဝင်တဲ့ အတွက် Triglycerides ကို ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။

(၆) ဝမ်းမှန်စေခြင်း

အမျှင်ဓါတ် ကြွယ်ဝ တဲ့ အတွက် ဝမ်းမှန်စေပါတယ်။

မှတ်ချက် – ကျန်းမားရေး အတွက် ကောင်းသည်ဆိုပေ မဲ့ အလွန်အကျွံ စားပါက မည့်သည့်အစားအစာ မဆို ဆိုးကျိုးရှိပါသည်။

Credit : ဒေါက်တာ ညီညီကျော်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top