ဒန္႔သလြန္ပင္သည္ ျမန္မာျပည္၌ ဘယ္ျမိဳ႔ ဘယ္ရြာ၌မဆို ရွာလို႔ရသည္။ ျမန္မာလူမ်ိဳးတိုင္း ဒန္႔သလြန္ရြက္ႏွင့္ ဒန္႔သလြန္သီးကို ႏွစ္ျခိဳက္စြာစားသံုးေလ့ရွိသည္။
ဒန္႔သလြန္သီးႏွင့္ ဒန္႔သလြန္ရြက္သည္ လူသားတို႔ စားသံုးသည့္ အာဟာရရႈေထာင့္မွ ၾကည့္ရႈပါလွ်င္ ကံုလံုၾကြယ္ဝသည့္ အာဟာရဓာတ္မ်ား ပါဝင္ေနသည္။
အစာလည္းေဆး၊ ေဆးလည္းအစာ-ဟု နရသုခိ ဆရာျမတ္က ဖြင့္ဆိုထားပါသည္။
ထိုစကားသည္ အလြန္မွန္ပါသည္။
စားတတ္လွ်င္ေဆး၊ မစားတတ္လွ်င္ေဘး-ဟူေသာ ျမန္မာ့ရိုးရာ စကားပံုမွာလည္း အစာလည္းေဆး၊ ေဆးလည္းအစာ-ဟူေသာ နရသုခိ ဆရာျမတ္၏ မိန္႔ဆိုခ်က္ႏွင့္ တသားတည္းက်ေနသည္ကို ေတြ႔ရွိရပါသည္။
ဒန္႔သလြန္ရြက္ႏွင့္ ဒန္႔သလြန္သီး၏ ထူးျခားခ်က္မွာ ငယ္ရြယ္ေသာ ကေလးမ်ားမွသည္ သက္ႀကီးရြယ္အိုမ်ားအထိ တည့္ေသာအစားအစာအျဖစ္ ေတြ႔ရွိရပါသည္။
ထို႔အျပင္ ေသြးတိုးေရာဂါ၊ ႏွလံုးေရာဂါ၊ ဆီးခ်ိဳ, ေသြးခ်ိဴေရာဂါ၊ ေလငန္းေရာဂါရွင္မ်ားႏွင့္လည္း ဒန္႔သလြန္သီးႏွင့္ အရြက္မွာ တည့္ေသာဓာတ္စာျဖစ္ပါသည္။
ထိုနည္းတူ ဒန္႔သလြန္သီး-ရြက္တို႔သည္ ဝမ္းမီးအား နည္းသူမ်ား၊ ဝမ္းမီးအား အလယ္အလတ္ရွိသူမ်ား၊ ဝမ္းမီးအား ေကာင္းသူမ်ားႏွင့္လည္း တည့္ေသာအစာျဖစ္ပါသည္။
ဤသို႔ ေဆးဖက္လည္းဝင္၊ လူ႔အာဟာရအတြက္ အလြန္ေက်းဇူးျပဳေသာ ဒန္႔သလြန္သီး-ရြက္တိုု႔ကို လူအမ်ားက အထင္မႀကီးၾကပါ။ ဒီဇိုင္းလွလွေလးမ်ားျဖင့္ ေၾကာ္ျငာကာ ေရာင္းခ်ေသာ ေဆးဝါးမ်ားကိုသာ အထင္ႀကီးစြာ ဝယ္ယူစားသံုးၾကပါသည္။
ေခတ္မီေသာ ေဆးဝါးမ်ားသည္ စားသံုးသူတို႔အား အက်ိဳးျပဳသလို တခါတရံ စားသံုးသူမ်ားကို ဆိုးက်ိဳးမ်ား ေပးေလ့ရွိပါသည္။ ဒန္႔သလြန္သီးရြက္တို႔မွာ မည္သည့္အခါ စားသံုး စားသံုး လူသားတို႔ က်န္းမာခ်မ္းသာေရးအတြက္ ထာဝရအက်ိဳးျပဳလ်က္ရွိပါသည္။
ဤသို႔အက်ိဳးျပဳေသာ ႏြယ္ျမက္သစ္ပင္သာ လူသားတို႔အတြက္ တန္ဖိုးရွိပါသည္။ အေလးအျမတ္ ထားသင့္ပါသည္။
ျမန္မာ့ေဆးပညာတြင္ ေယဘုယ်အားျဖင့္ ေအာက္ပါနည္းနာတို႔ကို သံုးစြဲပါသည္။
ပူလွ်င္ ေအးေအာင္ လုပ္ေပးၾကသည္။
ေအးသူကို ပူေအာင္လုပ္ေပးၾကသည္။
ေသြးတက္သူကို ေသြးသက္ေအာင္ လုပ္ေပးရသည္။
အပြင့္လြန္သူကို ပိတ္ေအာင္ လုပ္ေပးရပါသည္။
ပိတ္ဖြဲ႔ေနသူကို ဖြင့္ေပးရပါသည္။
ေသြးတိုးေနျခင္းမွာ ေသြးတက္ေနျခင္းျဖစ္သည္။ ထိုတက္ေနေသာေသြးကို သက္ေအာင္ျပဳလုပ္ရမည္ဟူ၍ တိုင္းရင္းေဆးပညာ၌ ဥပေဒသရွိပါသည္။ ထို႔ေၾကာင့္ ေသြးတိုး၊ ေသြးတက္ျခင္း ေရာဂါေဝဒနာအတြက္ ထိုတက္ေသာေသြးကို ေအာက္သို႔သက္ေလ်ာေအာင္ ခ်ေပးရပါမည္။ ထိုသို႔ ေသြးတက္ၾကျခင္းမွာ မတည့္ေသာ အစားအစာမ်ားကို စားမိျခင္းမ်ားေသာေၾကာင့္ ေရာဂါေဝဒနာ ရရွိလာျခင္းျဖစ္ပါသည္။
ထိုေရာဂါေဝဒနာအတြက္ ဒန္႔သလြန္ရြက္သည္ အလြန္ပင္အက်ိဳးျပဳလွသည္။ ေသြးတိုးေဝဒနာရွင္မ်ား၊
ေသြးတက္ေဝဒနာရွင္မ်ား ေန႔စဥ္ (သိ႔ု) ရက္ျခား ဒန္႔သလြန္ရြက္ကို ဟင္းခါး, ဟင္းခ်ိဳ အျဖစ္၄င္း, တို႔စား သုပ္စား ေပးသြားပါက တိုးေနေသာေသြမ်ားက်၍ ေသြးတိုးျခင္းေဝဒနာမွ သက္သာသြားမည္ျဖစ္သည္။
အထူးသျဖင့္ ေသြး၌ ကုိလက္စထေရာမ်ားျခင္း၊ ေသြးပ်စ္ခဲျခင္းတို႔ကို ဒန္႔သလြန္ရြက္သည္ အႏၲရာယ္ကင္းစြာ အက်ိဳးျပဳပါသည္။
ႏွာေစးျခင္း၊ ႏွာမႊန္ျခင္း
ႏွာေစးျခင္း ႏွာမႊန္ျခင္းမ်ား ေဝဒနာမွာ အေအးပတ္ဖြဲ႔ျခင္းေၾကာင့္၄င္း၊ အခိုးမ်ား ပိတ္ဖြဲ႔ေနျခင္းေၾကာင့္၄င္း
ျဖစ္တတ္ၾကပါသည္။
ထိုသို႔ ႏွာေစး ႏွာမႊန္ျခင္းမ်ား ျဖစ္ေနပါလွ်င္ ဒန္႔သလြန္ရြက္ကို ဟင္းခါးခ်က္ေသာက္ျခင္း၊ တို႔စား သုပ္စားျခင္းျဖင့္ ေပ်ာက္ကင္းႏိုင္ပါသည္။ ဒန္႔သလြန္ရြက္တြင္ ေခတ္မီသိပၸံနည္းအရ ေအဒီဗစ္ဓာတ္မ်ားပါသည္။ ထို႔ေၾကာင့္ ႏွာေစး ႏွာမႊန္ျခင္းမ်ား
ေပ်ာက္ကင္းပါသည္။
သို႔မဟုတ္ ဒန္႔သလြန္ေခါက္ကိုခြါျပီး အဝတ္သန္႔သန္႔ျဖင့္ ထုေခ်ျပီး နာနာရွဴေပးပါကလည္း ေခါင္းမူးျခင္း၊
ေခါင္းအံုကိုက္ခဲျခင္း၊ ႏွာေစး ႏွာမႊန္ျခင္းတို႔ကို ေပ်ာက္ကင္းႏိုင္သည္။
ေသြးသားမမွန္ျခင္းအတြက္
ဒန္႔သလြန္ျမစ္ တဆယ္သားခန္႔ကို တူးျပီး ေရေဆးကာ ထန္းလ်က္သံုးခဲျဖင့္ ေရက်ိဳပါ။ သံုးခြက္တခြက္တင္ က်န္လွ်င္ခ်၍ ဆားအနည္းငယ္ခတ္ထည့္ကာ မနက္ လက္ဖက္ရည္အၾကမ္းပန္းကန္ တလံုး၊ ည တလံုးခန္႔
ေသာက္ေပးသြားျခင္းျဖင့္ ေသြးသားမွန္ျပီး မအိုေသးသူမ်ား အပ်ိဳကေလးအလား ျဖစ္လာပါမည္။
အာဟာရဓာတ္ျပည့္စံုေသာ ဒန္႔သလြန္သီး
ဒန္႔သလြန္ျမစ္၊ ဒန္႔သလြန္ပင္၏ အေခါက္၊ ဒန္႔သလြန္သီးရြက္တို႔သည္ ေဆးဖက္ဝင္လွျပီး အာဟာရဓာတ္လည္း ျပည့္စံုစြာပါဝင္သည္။
ဒန္႔သလြန္ရြက္ ႏွစ္က်ပ္ခြဲသားခန္႔ စားသံုးျခင္းသည္ အစားအေသာက္ပ်က္ျခင္း၊ ၾကြက္သားမ်ား အားေပ်ာ့ျခင္း၊
ေသြးအားနည္းျခင္း၊ သြားဖံုးမ်ား ေသြးယိုျခင္း၊ သြားနဲ႔ျခင္း၊ အရိုးမ်ားက်ိဳးလြယ္ျခင္းတို႔ကို ကာကြယ္ေပးပါသည္။
(ေခတ္မီေဆးပညာ)
ဒန္႔သလြန္သီး၌ ပရိုတိန္းဓာတ္၊ အဆီဓာတ္ႏွင့္ သတၳဳဓာတ္၊ မီးစုန္းဓာတ္၊ သံဓာတ္မ်ား ကံုလံုၾကြယ္ဝစြာ ပါဝင္သည္ဟု အာဟာရသုေတသနဌာနမွ ဖြင့္ဆိုထားပါသည္။
အထူးသျဖင့္ ဒန္႔သလြန္သီးႏွင့္ ငါးရံ႔ေခါင္းခ်ဥ္ရည္ဟင္းကို ေန႔စဥ္စားသံုးေပးျခင္းျဖင့္ ပန္းေသ ပန္းညႇိဳးေရာဂါကို ေပ်ာက္ကင္းႏိုင္ပါသည္။
ဒန္႔သလြန္ပြင့္ အားေဆး
ပရႏၷဝါ ပါးပါးလႊာ
သကာပ်ားႏွင့္ဖက္၊
ဒန္႔သလြန္ပြင့္ အုန္းဆံရင့္၊
ခ်ိန္သင့္ညီမွ်စြက္၊
မင္းတုန္းမင္းေခါင္ သူသံုးေဆာင္၊
စားေမာင္ ညဥ့္/နံနက္။
အထက္ပါ အားေဆးကို ဒန္႔သလြန္ပြင့့္ျဖင့္ ေဖာ္စပ္ထားသည္။ ထိုအားေဆးကို ေရွးက မင္းတုန္းမင္းႀကီးပင္ ေဖာ္စပ္စားေၾကာင္း စပ္ဆိုသီကံုးထားပါသည္။
ဒန္႔သလြန္ပင္သည္ ကၽြန္မတို႔ႏိုင္ငံတြင္ အလြန္ေပါမ်ားေသာ ေဆးဖက္ဝင္အပင္ ျဖစ္သည္။
အစာလည္း ေဆး- ေဆးလည္း ဟူေသာ စကားအရ၄င္း၊ စားတတ္လွ်င္ ေဆး-ဟူေသာ စကားအရ၄င္း ဒန္႔သလြန္သီးရြက္တို႔သည္ လူသားတို႔အား ထာဝရအက်ိဳးျပဳလ်က္ရွိသည္။
ထို႔ေၾကာင့္ ေသြးတိုး။ ေသြးတက္ေဝဒနာရွင္မ်ား၊ မီးယပ္ေသြး မမွန္သူမ်ား၊ ပန္းေသ ပန္းညႇိဳး ေဝဒနာရွင္မ်ား၊ အားအင္လိုအပ္ေနသူမ်ား ဒန္႔သလြန္ကို ေန႔စဥ္စားသံုးသင့္ပါသည္။
ထိုသို႔ စားသံုးေပးသြားျခင္းျဖင့္ ေငြေၾကးလည္း အကုန္အက်သက္သာမည္။ ေဘးထြက္ဆိုးက်ိဳးဟူေသာ
ေဆးဝါး၏ အနိ႒ာရံုမ်ားႏွင့္လည္း ကင္းေဝးေစႏိုင္ပါသည္။
ဒန္႔သလြန္ပင္၏ စြမ္းပကားမ်ားမွာ အံ႔မခန္းႏိုင္စရာပင္ ျဖစ္ေတာ့သည္။
Credit : Good Health
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒန့်သလွန်ပင်သည် မြန်မာပြည်၌ ဘယ်မြို့ ဘယ်ရွာ၌မဆို ရှာလို့ရသည်။ မြန်မာလူမျိုးတိုင်း ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီးကို နှစ်ခြိုက်စွာစားသုံးလေ့ရှိသည်။
ဒန့်သလွန်သီးနှင့် ဒန့်သလွန်ရွက်သည် လူသားတို့ စားသုံးသည့် အာဟာရရှုထောင့်မှ ကြည့်ရှုပါလျှင် ကုံလုံကြွယ်ဝသည့် အာဟာရဓာတ်များ ပါဝင်နေသည်။
အစာလည်းဆေး၊ ဆေးလည်းအစာ-ဟု နရသုခိ ဆရာမြတ်က ဖွင့်ဆိုထားပါသည်။
ထိုစကားသည် အလွန်မှန်ပါသည်။
စားတတ်လျှင်ဆေး၊ မစားတတ်လျှင်ဘေး-ဟူသော မြန်မာ့ရိုးရာ စကားပုံမှာလည်း အစာလည်းဆေး၊ ဆေးလည်းအစာ-ဟူသော နရသုခိ ဆရာမြတ်၏ မိန့်ဆိုချက်နှင့် တသားတည်းကျနေသည်ကို တွေ့ရှိရပါသည်။
ဒန့်သလွန်ရွက်နှင့် ဒန့်သလွန်သီး၏ ထူးခြားချက်မှာ ငယ်ရွယ်သော ကလေးများမှသည် သက်ကြီးရွယ်အိုများအထိ တည့်သောအစားအစာအဖြစ် တွေ့ရှိရပါသည်။
ထို့အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို, သွေးချိူရောဂါ၊ လေငန်းရောဂါရှင်များနှင့်လည်း ဒန့်သလွန်သီးနှင့် အရွက်မှာ တည့်သောဓာတ်စာဖြစ်ပါသည်။
ထိုနည်းတူ ဒန့်သလွန်သီး-ရွက်တို့သည် ဝမ်းမီးအား နည်းသူများ၊ ဝမ်းမီးအား အလယ်အလတ်ရှိသူများ၊ ဝမ်းမီးအား ကောင်းသူများနှင့်လည်း တည့်သောအစာဖြစ်ပါသည်။
ဤသို့ ဆေးဖက်လည်းဝင်၊ လူ့အာဟာရအတွက် အလွန်ကျေးဇူးပြုသော ဒန့်သလွန်သီး-ရွက်တိုု့ကို လူအများက အထင်မကြီးကြပါ။ ဒီဇိုင်းလှလှလေးများဖြင့် ကြော်ငြာကာ ရောင်းချသော ဆေးဝါးများကိုသာ အထင်ကြီးစွာ ဝယ်ယူစားသုံးကြပါသည်။
ခေတ်မီသော ဆေးဝါးများသည် စားသုံးသူတို့အား အကျိုးပြုသလို တခါတရံ စားသုံးသူများကို ဆိုးကျိုးများ ပေးလေ့ရှိပါသည်။ ဒန့်သလွန်သီးရွက်တို့မှာ မည်သည့်အခါ စားသုံး စားသုံး လူသားတို့ ကျန်းမာချမ်းသာရေးအတွက် ထာဝရအကျိုးပြုလျက်ရှိပါသည်။
ဤသို့အကျိုးပြုသော နွယ်မြက်သစ်ပင်သာ လူသားတို့အတွက် တန်ဖိုးရှိပါသည်။ အလေးအမြတ် ထားသင့်ပါသည်။
မြန်မာ့ဆေးပညာတွင် ယေဘုယျအားဖြင့် အောက်ပါနည်းနာတို့ကို သုံးစွဲပါသည်။
ပူလျှင် အေးအောင် လုပ်ပေးကြသည်။
အေးသူကို ပူအောင်လုပ်ပေးကြသည်။
သွေးတက်သူကို သွေးသက်အောင် လုပ်ပေးရသည်။
အပွင့်လွန်သူကို ပိတ်အောင် လုပ်ပေးရပါသည်။
ပိတ်ဖွဲ့နေသူကို ဖွင့်ပေးရပါသည်။
သွေးတိုးနေခြင်းမှာ သွေးတက်နေခြင်းဖြစ်သည်။ ထိုတက်နေသောသွေးကို သက်အောင်ပြုလုပ်ရမည်ဟူ၍ တိုင်းရင်းဆေးပညာ၌ ဥပဒေသရှိပါသည်။ ထို့ကြောင့် သွေးတိုး၊ သွေးတက်ခြင်း ရောဂါဝေဒနာအတွက် ထိုတက်သောသွေးကို အောက်သို့သက်လျောအောင် ချပေးရပါမည်။ ထိုသို့ သွေးတက်ကြခြင်းမှာ မတည့်သော အစားအစာများကို စားမိခြင်းများသောကြောင့် ရောဂါဝေဒနာ ရရှိလာခြင်းဖြစ်ပါသည်။
ထိုရောဂါဝေဒနာအတွက် ဒန့်သလွန်ရွက်သည် အလွန်ပင်အကျိုးပြုလှသည်။ သွေးတိုးဝေဒနာရှင်များ၊
သွေးတက်ဝေဒနာရှင်များ နေ့စဉ် (သိ့ု) ရက်ခြား ဒန့်သလွန်ရွက်ကို ဟင်းခါး, ဟင်းချို အဖြစ်၎င်း, တို့စား သုပ်စား ပေးသွားပါက တိုးနေသောသွေများကျ၍ သွေးတိုးခြင်းဝေဒနာမှ သက်သာသွားမည်ဖြစ်သည်။
အထူးသဖြင့် သွေး၌ ကိုလက်စထရောများခြင်း၊ သွေးပျစ်ခဲခြင်းတို့ကို ဒန့်သလွန်ရွက်သည် အန္တရာယ်ကင်းစွာ အကျိုးပြုပါသည်။
နှာစေးခြင်း၊ နှာမွှန်ခြင်း
နှာစေးခြင်း နှာမွှန်ခြင်းများ ဝေဒနာမှာ အအေးပတ်ဖွဲ့ခြင်းကြောင့်၎င်း၊ အခိုးများ ပိတ်ဖွဲ့နေခြင်းကြောင့်၎င်း
ဖြစ်တတ်ကြပါသည်။
ထိုသို့ နှာစေး နှာမွှန်ခြင်းများ ဖြစ်နေပါလျှင် ဒန့်သလွန်ရွက်ကို ဟင်းခါးချက်သောက်ခြင်း၊ တို့စား သုပ်စားခြင်းဖြင့် ပျောက်ကင်းနိုင်ပါသည်။ ဒန့်သလွန်ရွက်တွင် ခေတ်မီသိပ္ပံနည်းအရ အေဒီဗစ်ဓာတ်များပါသည်။ ထို့ကြောင့် နှာစေး နှာမွှန်ခြင်းများ
ပျောက်ကင်းပါသည်။
သို့မဟုတ် ဒန့်သလွန်ခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့် ထုချေပြီး နာနာရှူပေးပါကလည်း ခေါင်းမူးခြင်း၊
ခေါင်းအုံကိုက်ခဲခြင်း၊ နှာစေး နှာမွှန်ခြင်းတို့ကို ပျောက်ကင်းနိုင်သည်။
သွေးသားမမှန်ခြင်းအတွက်
ဒန့်သလွန်မြစ် တဆယ်သားခန့်ကို တူးပြီး ရေဆေးကာ ထန်းလျက်သုံးခဲဖြင့် ရေကျိုပါ။ သုံးခွက်တခွက်တင် ကျန်လျှင်ချ၍ ဆားအနည်းငယ်ခတ်ထည့်ကာ မနက် လက်ဖက်ရည်အကြမ်းပန်းကန် တလုံး၊ ည တလုံးခန့်
သောက်ပေးသွားခြင်းဖြင့် သွေးသားမှန်ပြီး မအိုသေးသူများ အပျိုကလေးအလား ဖြစ်လာပါမည်။
အာဟာရဓာတ်ပြည့်စုံသော ဒန့်သလွန်သီး
ဒန့်သလွန်မြစ်၊ ဒန့်သလွန်ပင်၏ အခေါက်၊ ဒန့်သလွန်သီးရွက်တို့သည် ဆေးဖက်ဝင်လှပြီး အာဟာရဓာတ်လည်း ပြည့်စုံစွာပါဝင်သည်။
ဒန့်သလွန်ရွက် နှစ်ကျပ်ခွဲသားခန့် စားသုံးခြင်းသည် အစားအသောက်ပျက်ခြင်း၊ ကြွက်သားများ အားပျော့ခြင်း၊
သွေးအားနည်းခြင်း၊ သွားဖုံးများ သွေးယိုခြင်း၊ သွားနဲ့ခြင်း၊ အရိုးများကျိုးလွယ်ခြင်းတို့ကို ကာကွယ်ပေးပါသည်။
(ခေတ်မီဆေးပညာ)
ဒန့်သလွန်သီး၌ ပရိုတိန်းဓာတ်၊ အဆီဓာတ်နှင့် သတ္ထုဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်များ ကုံလုံကြွယ်ဝစွာ ပါဝင်သည်ဟု အာဟာရသုတေသနဌာနမှ ဖွင့်ဆိုထားပါသည်။
အထူးသဖြင့် ဒန့်သလွန်သီးနှင့် ငါးရံ့ခေါင်းချဉ်ရည်ဟင်းကို နေ့စဉ်စားသုံးပေးခြင်းဖြင့် ပန်းသေ ပန်းညှိုးရောဂါကို ပျောက်ကင်းနိုင်ပါသည်။
ဒန့်သလွန်ပွင့် အားဆေး
ပရန္နဝါ ပါးပါးလွှာ
သကာပျားနှင့်ဖက်၊
ဒန့်သလွန်ပွင့် အုန်းဆံရင့်၊
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင် သူသုံးဆောင်၊
စားမောင် ညဉ့်/နံနက်။
အထက်ပါ အားဆေးကို ဒန့်သလွန်ပွင့့်ဖြင့် ဖော်စပ်ထားသည်။ ထိုအားဆေးကို ရှေးက မင်းတုန်းမင်းကြီးပင် ဖော်စပ်စားကြောင်း စပ်ဆိုသီကုံးထားပါသည်။
ဒန့်သလွန်ပင်သည် ကျွန်မတို့နိုင်ငံတွင် အလွန်ပေါများသော ဆေးဖက်ဝင်အပင် ဖြစ်သည်။
အစာလည်း ဆေး- ဆေးလည်း ဟူသော စကားအရ၎င်း၊ စားတတ်လျှင် ဆေး-ဟူသော စကားအရ၎င်း ဒန့်သလွန်သီးရွက်တို့သည် လူသားတို့အား ထာဝရအကျိုးပြုလျက်ရှိသည်။
ထို့ကြောင့် သွေးတိုး။ သွေးတက်ဝေဒနာရှင်များ၊ မီးယပ်သွေး မမှန်သူများ၊ ပန်းသေ ပန်းညှိုး ဝေဒနာရှင်များ၊ အားအင်လိုအပ်နေသူများ ဒန့်သလွန်ကို နေ့စဉ်စားသုံးသင့်ပါသည်။
ထိုသို့ စားသုံးပေးသွားခြင်းဖြင့် ငွေကြေးလည်း အကုန်အကျသက်သာမည်။ ဘေးထွက်ဆိုးကျိုးဟူသော
ဆေးဝါး၏ အနိဋ္ဌာရုံများနှင့်လည်း ကင်းဝေးစေနိုင်ပါသည်။
ဒန့်သလွန်ပင်၏ စွမ်းပကားများမှာ အံ့မခန်းနိုင်စရာပင် ဖြစ်တော့သည်။
Credit : Good Health
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေသြးတိုး/ေသြးတက္ေနသလား ဒန္႔သလြန္ရြက္ကိုစား
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။