iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ိဳ႕ေတြရွိတယ္..ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကိုပစ္သြားလို့ စိတ္ညစ္ျပီး အရက္ေတြေသာက္ၾကတယ္ ၊၊

club ေတြတက္ , မေကာင္းတာေတြအကုန္လုပ္ , ေသာက္စားမူးရူးျပီး ရန္ေတြျဖစ္ , အဲ့လိုနဲ့ ကိုယ့္ဘဝကို အနစ္မြန္းခံၾကတယ္ ၊၊

တခ်ိဳ႕က်ေတာ့လည္း တမွိဳင္မွိဳင္ တေတြေတြနဲ့ , အလုပ္လည္းမလုပ္ႏိုင္ မစားႏိုင္ မေသာက္ႏိုင္ မအိပ္ႏိုင္နဲ့ ကိုယ့္ကိုယ္ကို ႏွိပ္စက္ၾကတယ္ ၊၊

တခ်ိဳ႕က်ေတာ့လည္း ခံျပင္းလြန္းလို့ သူ႔ထက္သာတဲ့လူရွာျပမယ္ဆိုျပီး ကိုယ့္ကိုယ္ကိုမဆင္ျခင္ပဲပ်က္စီးသြားတဲ့လူေတြလည္းရွိတယ္ ၊၊

တကယ္တမ္းေတာ့ အဲ့ဒါေတြက တဒၤဂရူးသြပ္ျခင္းပဲ

အခ်စ္ ဆိုတာ ဘဝမွာ အေရးမပါဖူးလို့မဆိုလိုဖူး

ခ်စ္ပါ ၾကိဳက္ပါ ဒါေပမယ့္ သတိေလးရွိၾကပါ

ကိုယ့္ခ်စ္သူနဲ့ျပတ္လို့ ကိုယ့္ဘဝပ်က္မသြားေအာင္ေတာ့ေနၾကပါ ၊၊

ကိုယ့္ခ်စ္သူက ကိုယ့္ကိုထားသြားတယ္ဆိုပါေတာ့

အရင္ဆံုးအေျဖကိုရွာၾကည့္ပါ

ဘာေၾကာင့္လဲ ?

ရုပ္ရည္ေၾကာင့္လား ကိုယ္ကအျပင္အဆင္မတတ္လို့လား

ဒါဆို သူ႔ဘက္က ေက်နပ္ေစေလာက္မယ့္ အေနအထိုင္ အျပင္အဆင္မ်ိဳးကိုေျပာင္းလဲၾကည့္လိုက္ပါ

ဒါမွမဟုတ္ ေငြေရးေၾကးေရးေၾကာင့္လား

ဒါဆိုရင္ ကိုယ့္ဘက္က အမ်ားၾကီးၾကိဳးစားလို့ရေနႏိုင္တာပဲ

အလုပ္ေတြၾကိဳးစားလုပ္ သူ႔ကိုတင့္ေတာင့္တင့္တယ္ထားႏိုင္ျပီ သူစိတ္ေက်နပ္ေစႏိုင္ေလာက္မယ့္အေျခအေနေရာက္ျပီဆိုမွ သူ႔ကိုျပန္ဖြင့္ေျပာျပီးညွိႏွိဳင္းယူလို့ရတာပဲ

အဲ့ဒါေတြမွမဟုတ္လို့ သူကအေၾကာင္းျပခ်က္မရွိပဲလမ္းခြဲသြားတာဆိုရင္ေတာ့

မင္းဘက္က သစၥာဆိုတာကိုမသိတဲ့လူကိုေမ့ပစ္ဖို့သင့္ပါျပီ ၊

မင္းဘက္ကမျပတ္သားႏိုင္လို့ သူ႔ကိုအတင္းလိုက္တြယ္ကပ္ေနရင္လည္းတခ်ိန္မွာ မင္းပဲျပန္ခံစားရလိမ့္ဦးမွာပဲ

မင္းကိုအေပၚယံခ်စ္ျပီး ခဏတာအေပ်ာ္တြဲသြားတဲ့လူမ်ိဳးကိုေမ့ပစ္ႏိုင္ေအာင္ၾကိဳးစားပါ

ျပီးေတာ့ ကိုယ့္ကိုယ္ကိုအရည္အခ်င္းရွိေအာင္ေနျပီး တခ်ိန္မွာ လက္တြဲရမယ့္ အနာဂတ္ကဖူးစာသစ္အတြက္

(မင္းကိုဘယ္လိုမွလက္တြဲမျဖဳတ္ႏိုင္ဖို့အတြက္) ကိုယ့္ဘက္ကအရည္အခ်င္းျပည့္ျပည့္ဝဝနဲ့ဘဝသစ္တခုကိုထူေထာင္ႏိုင္ဖို့ၾကိဳးစားပါ

မင္းရဲ့ၾကိဳးစားမွဳက တခ်ိန္ခ်ိန္မွာ မင္းကိုေရာင္ျပန္ဟပ္ေစမွာပါ

Credit : Heart Canteen
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
တချို့တွေရှိတယ်..ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပစ်သွားလို့ စိတ်ညစ်ပြီး အရက်တွေသောက်ကြတယ် ၊၊

club တွေတက် , မကောင်းတာတွေအကုန်လုပ် , သောက်စားမူးရူးပြီး ရန်တွေဖြစ် , အဲ့လိုနဲ့ ကိုယ့်ဘဝကို အနစ်မွန်းခံကြတယ် ၊၊

တချို့ကျတော့လည်း တမှိုင်မှိုင် တတွေတွေနဲ့ , အလုပ်လည်းမလုပ်နိုင် မစားနိုင် မသောက်နိုင် မအိပ်နိုင်နဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ကြတယ် ၊၊

တချို့ကျတော့လည်း ခံပြင်းလွန်းလို့ သူ့ထက်သာတဲ့လူရှာပြမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုမဆင်ခြင်ပဲပျက်စီးသွားတဲ့လူတွေလည်းရှိတယ် ၊၊

တကယ်တမ်းတော့ အဲ့ဒါတွေက တင်္ဒဂရူးသွပ်ခြင်းပဲ

အချစ် ဆိုတာ ဘဝမှာ အရေးမပါဖူးလို့မဆိုလိုဖူး

ချစ်ပါ ကြိုက်ပါ ဒါပေမယ့် သတိလေးရှိကြပါ

ကိုယ့်ချစ်သူနဲ့ပြတ်လို့ ကိုယ့်ဘဝပျက်မသွားအောင်တော့နေကြပါ ၊၊

ကိုယ့်ချစ်သူက ကိုယ့်ကိုထားသွားတယ်ဆိုပါတော့

အရင်ဆုံးအဖြေကိုရှာကြည့်ပါ

ဘာကြောင့်လဲ ?

ရုပ်ရည်ကြောင့်လား ကိုယ်ကအပြင်အဆင်မတတ်လို့လား

ဒါဆို သူ့ဘက်က ကျေနပ်စေလောက်မယ့် အနေအထိုင် အပြင်အဆင်မျိုးကိုပြောင်းလဲကြည့်လိုက်ပါ

ဒါမှမဟုတ် ငွေရေးကြေးရေးကြောင့်လား

ဒါဆိုရင် ကိုယ့်ဘက်က အများကြီးကြိုးစားလို့ရနေနိုင်တာပဲ

အလုပ်တွေကြိုးစားလုပ် သူ့ကိုတင့်တောင့်တင့်တယ်ထားနိုင်ပြီ သူစိတ်ကျေနပ်စေနိုင်လောက်မယ့်အခြေအနေရောက်ပြီဆိုမှ သူ့ကိုပြန်ဖွင့်ပြောပြီးညှိနှိုင်းယူလို့ရတာပဲ

အဲ့ဒါတွေမှမဟုတ်လို့ သူကအကြောင်းပြချက်မရှိပဲလမ်းခွဲသွားတာဆိုရင်တော့

မင်းဘက်က သစ္စာဆိုတာကိုမသိတဲ့လူကိုမေ့ပစ်ဖို့သင့်ပါပြီ ၊

မင်းဘက်ကမပြတ်သားနိုင်လို့ သူ့ကိုအတင်းလိုက်တွယ်ကပ်နေရင်လည်းတချိန်မှာ မင်းပဲပြန်ခံစားရလိမ့်ဦးမှာပဲ

မင်းကိုအပေါ်ယံချစ်ပြီး ခဏတာအပျော်တွဲသွားတဲ့လူမျိုးကိုမေ့ပစ်နိုင်အောင်ကြိုးစားပါ

ပြီးတော့ ကိုယ့်ကိုယ်ကိုအရည်အချင်းရှိအောင်နေပြီး တချိန်မှာ လက်တွဲရမယ့် အနာဂတ်ကဖူးစာသစ်အတွက်

(မင်းကိုဘယ်လိုမှလက်တွဲမဖြုတ်နိုင်ဖို့အတွက်) ကိုယ့်ဘက်ကအရည်အချင်းပြည့်ပြည့်ဝဝနဲ့ဘဝသစ်တခုကိုထူထောင်နိုင်ဖို့ကြိုးစားပါ

မင်းရဲ့ကြိုးစားမှုက တချိန်ချိန်မှာ မင်းကိုရောင်ပြန်ဟပ်စေမှာပါ

Credit : Heart Canteen

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top