iMyanmarHouse.com - Best Property Website for Myanmar
×

လစဥ္ရာသီ စက္ဝန္းကာလ အတြင္း အမ်ဳိးသမီး တစ္ဦးရဲ႕ ခႏၶာကိုယ္ထဲမွာ ေဟာ္မုန္းအေျပာင္း အလဲေတြ ျဖစ္တတ္ ပါတယ္။ ဒီလိုေျပာင္းလဲ မႈေတြေၾကာင့္ ရာသီမလာခင္ ရက္အနည္းငယ္အတြင္း မွာ အမ်ဳိးသမီး အမ်ားစုက ရင္သားနာ က်င္တတ္ၾက ပါတယ္။ ဒါေပမဲ့ ရာသီလာ တဲ့ကာလ ၿပီးဆံုးသြားၿပီ ဆိုတာနဲ႔ ရင္သား နာတာက အလိုလို သက္သာသြားတတ္ ပါတယ္။ ရာသီမလာခင္ ရင္သားနာတာ၊ တင္းတာစတဲ့ ေဝဒနာေတြကို ရာသီအ ႀကိဳေဝဒနာလို႔ ေခၚပါတယ္။ တခ်ဳိ႕အမ်ဳိး သမီးေတြက လစဥ္လတိုင္း ရင္သားနာ တာကို ခံစားေနရေပမယ့္ တခ်ဳိ႕အမ်ဳိး သမီးေတြကေတာ့ လံုးဝမျဖစ္တတ္ပါဘူး။

အပ်ဳိေဖာ္ဝင္ျခင္း

အပ်ဳိေဖာ္ဝင္ခ်ိန္အတြင္း ရင္သား တစ္သွ်ဴးေတြက ဖြံ႕ၿဖိဳးေနၿပီး ခႏၶာကိုယ္ အတြင္းက ေဟာ္မုန္းေတြကလည္း အ တက္အက်ျဖစ္ႏႈန္းမ်ားေနတတ္ပါတယ္။ ဒီလိုအေၾကာင္းရင္းေတြေၾကာင့္ ရင္သား နာက်င္ေနတတ္ၿပီး ရင္သားတစ္သွ်ဴး ေတြ လံုးဝဖြံ႕ၿဖိဳးၿပီးတဲ့အဆင့္အထိ နာ ေနတတ္ပါတယ္။

ကိုယ္ဝန္ေဆာင္ျခင္း

ရင္သားနာတာနဲ႔ ေရာင္ရမ္းတာ ေတြကို ျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္း ေတြထဲက တစ္ခ်က္က ကိုယ္ဝန္ေဆာင္ တာေၾကာင့္ပါ။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ရင္သားအနည္းငယ္နာတာနဲ႔အတူ ေသြး စဆင္းတာ၊ ဗိုက္အနည္းငယ္ေအာင့္တာ ေတြေတာင္ ျဖစ္တတ္ပါတယ္။ အမ်ဳိးသ မီး၂ဝ-၃ဝရာခိုင္ႏႈန္းခန္႔က ကိုယ္ဝန္ေဆာင္ ရခ်ိန္မွာ ဒီလိုလကၡဏာေတြ စျပတတ္ပါ တယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ ရင္သားနာ က်င္တာက ကိုယ္ဝန္ပထမသံုးလပတ္အ တြင္းမွာပဲ သက္သာသြားတတ္ပါတယ္။ ရင္သားတင္းတာနဲ႔ တျခားအေျပာင္းအ လဲေတြျဖစ္တာက ခႏၶာကိုယ္က မိခင္ႏို႔ ခ်ဳိတိုက္ေကြ်းဖို႔ျပင္ဆင္ေနတာေၾကာင့္ ျဖစ္တတ္ပါတယ္။

ရင္သားအက်ိတ္

ရင္သားအက်ိတ္က အမ်ဳိးသမီး ၅ဝရာခိုင္ႏႈန္းေလာက္မွာ ျဖစ္တတ္ၿပီး ကင္ဆာမဟုတ္တဲ့ အဖုအက်ိတ္ျဖစ္ပါ တယ္။ ရင္သားတစ္သွ်ဴးေတြထဲမွာ ျဖစ္တဲ့ အရည္ၾကည္အိတ္ျဖစ္ၿပီး ေတာင့္တင္း နာက်င္တာနဲ႔ မသက္မသာျဖစ္တာေတြ ခံစားရတတ္ပါတယ္။ အမ်ဳိးသမီးတစ္ဦး က ေသြးဆံုးခ်ိန္ေရာက္တဲ့အခါ ရင္သား အက်ိတ္ျဖစ္တာက သက္သာသြားေလ့ ရွိပါတယ္။

စိတ္ဖိစီးမႈနွင့္ ပႈပင္ေသာက မ်ားျခင္း

ရင္သားနာက်င္ရတာရဲ႕ ေနာက္အ ေၾကာင္းရင္းတစ္ခုက စိတ္ဖိစီးမႈမ်ားတာ နဲ႔ စိတ္ဓာတ္က်တာေၾကာင့္ပါ။ အမ်ဳိးသ မီးတစ္ဦးဟာ စိတ္ပိုင္းဆိုင္ရာျပႆနာ ေတြ ခံစားေနရရင္ ေဟာ္မုန္းအေျပာင္း အလဲေတြျဖစ္ကာ ရင္သားနာတာ၊ ရင္ သားတင္းတာစတဲ့ မသက္မသာျဖစ္မႈ ေတြ ခံစားရတတ္ပါတယ္။

နံရိုးမ်ား ေရာင္ရမ္းျခင္း

ဒီအေျခအေနျဖစ္ရင္လည္း ရင္ သား တင္းမာတာနဲ႔အတူ ရင္သား အ နည္းငယ္ မသက္မသာျဖစ္တာနဲ႔ ပူစပ္ပူ ေလာင္ျဖစ္တာတို႔ ခံစားရတတ္ပါတယ္။ ဒါက ကိုယ္ေနဟန္ထား မမွန္တာေၾကာင့္ ျဖစ္တတ္သလို သဘာဝရဲ႕ အိုမင္းတဲ့ျဖစ္ စဥ္နဲ႔လည္း ဆက္စပ္ေနပါတယ္။ နံ႐ိုး ေရာင္ရမ္းနာက်င္တဲ့ ေဝဒနာက ရင္သား ေနရာကေန စတင္ျဖစ္ေပၚလာတတ္ၿပီး ရင္႐ိုးနဲ႔ ေက်ာ႐ိုးေတြအထိ ပ်ံ႕ႏွံ႔ခံစားရ တတ္ပါတယ္။

ေသြးဆံုး အၾကိဳကာလ

ေသြးဆံုးခ်ိန္ကို ခ်ဥ္းနင္းဝင္ေရာက္ လာတဲ့အခါ ေခြ်းေစးေတြ ထြက္တာ၊ စိတ္ လႈပ္ရွားတာ၊ ညဘက္ေခြ်းထြက္မ်ားတာ၊ မိန္းမကိုယ္ ေျခာက္ေသြ႕တာ၊ ကိုယ္အ ေလးခ်ိန္ ျမင့္တက္တာ၊ ဆံပင္က်ဲပါးတာ စတဲ့ လကၡဏာေတြနဲ႔ အတူ ရင္သား ေတာင့္တင္းနာက်င္မႈ ျဖစ္တတ္ပါတယ္။

သေႏၶတားေဆး ေသာက္ေဆး

သေႏၶတားေဆး ေသာက္တဲ့အခါ အီစထ႐ိုဂ်င္ေဟာ္မုန္းအဆင့္ ျမင့္တက္ တာေၾကာင့္ ရင္သားေတာင့္တင္းတာနဲ႔ မသက္မသာေဝဒနာေတြ ခံစားရတတ္ပါ တယ္။ အမ်ဳိးသမီးတိုင္း မျဖစ္တတ္ေပ မယ့္ တခ်ဳိ႕အမ်ဳိးသမီးေတြမွာ ခံစားရ တတ္ပါတယ္။

ကဖင္းဓာတ္

ကဖင္းဓာတ္ပါတဲ့ ေကာ္ဖီ၊ လက္ ဖက္ရည္ ေခ်ာကလက္ စတာေတြကို မွီဝဲ တာေၾကာင့္ တခ်ဳိ႕အမ်ဳိးသမီးေတြမွာ က ဖင္းဓာတ္ လြန္ကဲၿပီး ရင္သားေတာင့္တင္း မႈ ျဖစ္တတ္ပါတယ္။ ကဖင္းဓာတ္က ေသြးေၾကာေတြကို က်ယ္ေစၿပီး ရင္သား တစ္သွ်ဴးနဲ႔ တည္ေဆာက္ပံုကို ဆြဲဆန္႔ေစ ကာ ရင္သားနာက်င္တာ၊ ေတာင့္တင္း တာနဲ႔ ေရာင္ရမ္းတာတို႔ ျဖစ္တတ္ပါတယ္။

အခ်ိဳ႕ေဆးဝါးမ်ား

အကိုက္အခဲေပ်ာက္ေဆး၊ ေရာင္ ရမ္းမႈ ေလ်ာ့က်ေစတဲ့ေဆး၊ စိတ္က်ကုသ ေဆးနဲ႔ ကိုလက္စထေရာက်ေစတဲ့ ေဆး ေတြလို တခ်ဳိ႕ေဆးေတြက ရင္သားတင္း မာတာ၊ နာက်င္တာနဲ႔ ေတာင့္တင္းတာ ေတြကို ျဖစ္ေစႏိုင္ပါတယ္။

မသင္ေတာ္ေသာ ဘရာစီယာ

အမ်ဳိးသမီးတစ္ေယာက္က ကိုယ္နဲ႔ မသင့္ေတာ္တဲ့ ဘရာစီယာကို ဝတ္ဆင္ ထားရင္ ရင္သား ေတာင့္တင္းတာ၊ နာ က်င္တာနဲ႔ ကိုက္ခဲတာတို႔ကို ခံစားရတတ္ ပါတယ္။

Tip! ရင္သားနာက်င္မႈ သက္သာေစရန္

- ဘရာစီယာကို ဝတ္ဆင္ပါ။
- ေသာက္ေနတဲ့ ေဆးေတြေၾကာင့္ ရင္ သားေတာင့္တင္းနာက်င္မႈ ျဖစ္ရင္ တ ျခားေဆးကို ေျပာင္းဖို႔ ဆရာဝန္နဲ႔ တိုင္ ပင္သင့္ပါတယ္။
- ကဖင္းဓာတ္ ပါတဲ့ အစားအေသာက္ ေတြကို ေရွာင္ၿပီး ေန႔စဥ္ ေလ့က်င့္ခန္း လုပ္တာ၊ က်န္းမာေရးနဲ႔ အညီ စား ေသာက္တာ၊ ကိုယ္ဟန္ အေနအထား မွန္မွန္ေနတာတို႔ကို လိုက္နာပါ။
- တကယ္လို႔ သင္ခံစား ေနရတဲ့ ရင္ သားနာက်င္ကိုက္ခဲမႈက သည္းမခံႏိုင္ ေလာက္ေအာင္ ခံစားရ တယ္ဆိုရင္ ဆ ရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြး သင့္ပါတယ္။

Credit:Good Health
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လစဉ်ရာသီ စက်ဝန်းကာလ အတွင်း အမျိုးသမီး တစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်း အလဲတွေ ဖြစ်တတ် ပါတယ်။ ဒီလိုပြောင်းလဲ မှုတွေကြောင့် ရာသီမလာခင် ရက်အနည်းငယ်အတွင်း မှာ အမျိုးသမီး အများစုက ရင်သားနာ ကျင်တတ်ကြ ပါတယ်။ ဒါပေမဲ့ ရာသီလာ တဲ့ကာလ ပြီးဆုံးသွားပြီ ဆိုတာနဲ့ ရင်သား နာတာက အလိုလို သက်သာသွားတတ် ပါတယ်။ ရာသီမလာခင် ရင်သားနာတာ၊ တင်းတာစတဲ့ ဝေဒနာတွေကို ရာသီအ ကြိုဝေဒနာလို့ ခေါ်ပါတယ်။ တချို့အမျိုး သမီးတွေက လစဉ်လတိုင်း ရင်သားနာ တာကို ခံစားနေရပေမယ့် တချို့အမျိုး သမီးတွေကတော့ လုံးဝမဖြစ်တတ်ပါဘူး။

အပျိုဖော်ဝင်ခြင်း

အပျိုဖော်ဝင်ချိန်အတွင်း ရင်သား တစ်သျှူးတွေက ဖွံ့ဖြိုးနေပြီး ခန္ဓာကိုယ် အတွင်းက ဟော်မုန်းတွေကလည်း အ တက်အကျဖြစ်နှုန်းများနေတတ်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် ရင်သား နာကျင်နေတတ်ပြီး ရင်သားတစ်သျှူး တွေ လုံးဝဖွံ့ဖြိုးပြီးတဲ့အဆင့်အထိ နာ နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

ရင်သားနာတာနဲ့ ရောင်ရမ်းတာ တွေကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း တွေထဲက တစ်ချက်က ကိုယ်ဝန်ဆောင် တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားအနည်းငယ်နာတာနဲ့အတူ သွေး စဆင်းတာ၊ ဗိုက်အနည်းငယ်အောင့်တာ တွေတောင် ဖြစ်တတ်ပါတယ်။ အမျိုးသ မီး၂ဝ-၃ဝရာခိုင်နှုန်းခန့်က ကိုယ်ဝန်ဆောင် ရချိန်မှာ ဒီလိုလက္ခဏာတွေ စပြတတ်ပါ တယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာ ကျင်တာက ကိုယ်ဝန်ပထမသုံးလပတ်အ တွင်းမှာပဲ သက်သာသွားတတ်ပါတယ်။ ရင်သားတင်းတာနဲ့ တခြားအပြောင်းအ လဲတွေဖြစ်တာက ခန္ဓာကိုယ်က မိခင်နို့ ချိုတိုက်ကျွေးဖို့ပြင်ဆင်နေတာကြောင့် ဖြစ်တတ်ပါတယ်။

ရင်သားအကျိတ်

ရင်သားအကျိတ်က အမျိုးသမီး ၅ဝရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး ကင်ဆာမဟုတ်တဲ့ အဖုအကျိတ်ဖြစ်ပါ တယ်။ ရင်သားတစ်သျှူးတွေထဲမှာ ဖြစ်တဲ့ အရည်ကြည်အိတ်ဖြစ်ပြီး တောင့်တင်း နာကျင်တာနဲ့ မသက်မသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။ အမျိုးသမီးတစ်ဦး က သွေးဆုံးချိန်ရောက်တဲ့အခါ ရင်သား အကျိတ်ဖြစ်တာက သက်သာသွားလေ့ ရှိပါတယ်။

စိတ်ဖိစီးမှုနှင့် ပှုပင်သောက များခြင်း

ရင်သားနာကျင်ရတာရဲ့ နောက်အ ကြောင်းရင်းတစ်ခုက စိတ်ဖိစီးမှုများတာ နဲ့ စိတ်ဓာတ်ကျတာကြောင့်ပါ။ အမျိုးသ မီးတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာပြဿနာ တွေ ခံစားနေရရင် ဟော်မုန်းအပြောင်း အလဲတွေဖြစ်ကာ ရင်သားနာတာ၊ ရင် သားတင်းတာစတဲ့ မသက်မသာဖြစ်မှု တွေ ခံစားရတတ်ပါတယ်။

နံရိုးများ ရောင်ရမ်းခြင်း

ဒီအခြေအနေဖြစ်ရင်လည်း ရင် သား တင်းမာတာနဲ့အတူ ရင်သား အ နည်းငယ် မသက်မသာဖြစ်တာနဲ့ ပူစပ်ပူ လောင်ဖြစ်တာတို့ ခံစားရတတ်ပါတယ်။ ဒါက ကိုယ်နေဟန်ထား မမှန်တာကြောင့် ဖြစ်တတ်သလို သဘာဝရဲ့ အိုမင်းတဲ့ဖြစ် စဉ်နဲ့လည်း ဆက်စပ်နေပါတယ်။ နံရိုး ရောင်ရမ်းနာကျင်တဲ့ ဝေဒနာက ရင်သား နေရာကနေ စတင်ဖြစ်ပေါ်လာတတ်ပြီး ရင်ရိုးနဲ့ ကျောရိုးတွေအထိ ပျံ့နှံ့ခံစားရ တတ်ပါတယ်။

သွေးဆုံး အကြိုကာလ

သွေးဆုံးချိန်ကို ချဉ်းနင်းဝင်ရောက် လာတဲ့အခါ ချွေးစေးတွေ ထွက်တာ၊ စိတ် လှုပ်ရှားတာ၊ ညဘက်ချွေးထွက်များတာ၊ မိန်းမကိုယ် ခြောက်သွေ့တာ၊ ကိုယ်အ လေးချိန် မြင့်တက်တာ၊ ဆံပင်ကျဲပါးတာ စတဲ့ လက္ခဏာတွေနဲ့ အတူ ရင်သား တောင့်တင်းနာကျင်မှု ဖြစ်တတ်ပါတယ်။

သန္ဓေတားဆေး သောက်ဆေး

သန္ဓေတားဆေး သောက်တဲ့အခါ အီစထရိုဂျင်ဟော်မုန်းအဆင့် မြင့်တက် တာကြောင့် ရင်သားတောင့်တင်းတာနဲ့ မသက်မသာဝေဒနာတွေ ခံစားရတတ်ပါ တယ်။ အမျိုးသမီးတိုင်း မဖြစ်တတ်ပေ မယ့် တချို့အမျိုးသမီးတွေမှာ ခံစားရ တတ်ပါတယ်။

ကဖင်းဓာတ်

ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက် ဖက်ရည် ချောကလက် စတာတွေကို မှီဝဲ တာကြောင့် တချို့အမျိုးသမီးတွေမှာ က ဖင်းဓာတ် လွန်ကဲပြီး ရင်သားတောင့်တင်း မှု ဖြစ်တတ်ပါတယ်။ ကဖင်းဓာတ်က သွေးကြောတွေကို ကျယ်စေပြီး ရင်သား တစ်သျှူးနဲ့ တည်ဆောက်ပုံကို ဆွဲဆန့်စေ ကာ ရင်သားနာကျင်တာ၊ တောင့်တင်း တာနဲ့ ရောင်ရမ်းတာတို့ ဖြစ်တတ်ပါတယ်။

အချို့ဆေးဝါးများ

အကိုက်အခဲပျောက်ဆေး၊ ရောင် ရမ်းမှု လျော့ကျစေတဲ့ဆေး၊ စိတ်ကျကုသ ဆေးနဲ့ ကိုလက်စထရောကျစေတဲ့ ဆေး တွေလို တချို့ဆေးတွေက ရင်သားတင်း မာတာ၊ နာကျင်တာနဲ့ တောင့်တင်းတာ တွေကို ဖြစ်စေနိုင်ပါတယ်။

မသင်တော်သော ဘရာစီယာ

အမျိုးသမီးတစ်ယောက်က ကိုယ်နဲ့ မသင့်တော်တဲ့ ဘရာစီယာကို ဝတ်ဆင် ထားရင် ရင်သား တောင့်တင်းတာ၊ နာ ကျင်တာနဲ့ ကိုက်ခဲတာတို့ကို ခံစားရတတ် ပါတယ်။

Tip! ရင်သားနာကျင်မှု သက်သာစေရန်

- ဘရာစီယာကို ဝတ်ဆင်ပါ။
- သောက်နေတဲ့ ဆေးတွေကြောင့် ရင် သားတောင့်တင်းနာကျင်မှု ဖြစ်ရင် တ ခြားဆေးကို ပြောင်းဖို့ ဆရာဝန်နဲ့ တိုင် ပင်သင့်ပါတယ်။
- ကဖင်းဓာတ် ပါတဲ့ အစားအသောက် တွေကို ရှောင်ပြီး နေ့စဉ် လေ့ကျင့်ခန်း လုပ်တာ၊ ကျန်းမာရေးနဲ့ အညီ စား သောက်တာ၊ ကိုယ်ဟန် အနေအထား မှန်မှန်နေတာတို့ကို လိုက်နာပါ။
- တကယ်လို့ သင်ခံစား နေရတဲ့ ရင် သားနာကျင်ကိုက်ခဲမှုက သည်းမခံနိုင် လောက်အောင် ခံစားရ တယ်ဆိုရင် ဆ ရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

Credit:Good Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top