iMyanmarHouse.com - Best Property Website for Myanmar
×
1.သင့်ချစ်သူ၊သင့်ရဲ့ လင်ယောက်ျားက သင်နဲ့ ပထမဆုံးတွေ့လိုက်တဲ့အချိန်မှာ ကောင်းမွန်တဲ့ ညင်သာတဲ့စကားကို အရင်ဆုံးကြားချင်တာဖြစ်ပြီး နောက်မှ သင်လိုရာ သင့်ဒေါသအလျောက်ပြောချင်တဲ့စကားတွေကို ပြောသင့်ပါတယ်။ယောက်ျားတွေဟာ ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားရဲ့ အချွဲအနွံကိုသာ ခံချင်တာဖြစ်ပါတယ်။
Credit : Cantwait2say
အမျိုးသားတိုင်းဟာ သူတို့ရဲ့ ယောကျ်ားမာနကြောင့် သူတို့ရဲ့ လက်တွဲဖော်မိန်းကလေးဆီက တောင်းဖို့ ဝန်လေးတဲ့ အရာတွေရှိပါတယ်။ဒါတွေက တခါတလေမှာ အကြောင်းအမျိုးမျိုးကြောင့် ထုတ်မပြောရာကနေ တဖြေးဖြေး လူနှစ်ဦးကြားဝေးကွာသွားစေတတ်လို့ ဒီအရာတွေကို သိနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။
1.သင့်ချစ်သူ၊သင့်ရဲ့ လင်ယောကျ်ားက သင်နဲ့ ပထမဆုံးတွေ့လိုက်တဲ့အချိန်မှာ ကောင်းမွန်တဲ့ ညင်သာတဲ့စကားကို အရင်ဆုံးကြားချင်တာဖြစ်ပြီး နောက်မှ သင်လိုရာ သင့်ဒေါသအလျောက်ပြောချင်တဲ့စကားတွေကို ပြောသင့်ပါတယ်။ယောကျ်ားတွေဟာ ကိုယ့်ချစ်သူ ကိုယ့်ဇနီးမယားရဲ့ အချွဲအနွံကိုသာ ခံချင်တာဖြစ်ပါတယ်။
2.သင့်ချစ်သူ၊သင့်အမျိုးသားကို လူမြင်ကွင်း လူစည်ကားရာမှာ တလေးတစားဆက်ဆံသင့်ပါတယ်။သူတို့ဟာ ကိုယ့်ဇနီးမယားရဲ့ ရိုသေလေးစားမှုကို ခံယူချင်ကြပြီး သင့်ရဲ့နိုင်စားမှုကို အိမ်တွင်းမှာသာပြုလုပ်သင့်ပါတယ်။
3.အမျိုးသားတွေကို ATM စက်လို သဘောမထားပါနဲ့။သူတို့ရဲ့ တန်တဲ့ အားနဲ့ သင့်ကို အကုန်ပြန်မအပ်မှသာ ငြူစူသင့်ပါတယ်။
4.အိပ်ရာပေါ်မှာလဲ ကောင်းမွန်စွာဆက်ဆံသင့်ပါတယ်။သင်ဟာ အကြောင်းတခုခုကြောင့် လင်မယားကိစ္စမနေဖြစ်ရင်တောင် သူတို့ကို ရှင်းပြသင့်ပါတယ်။
5.အရေးကြီးဆုံးနဲ့ ပြဿနာအဖြစ်များဆုံးကိစ္စကတော့ နှစ်ဖက်မိဘအပေါ် ထားတဲ့ သဘောထားပါပဲ။ညီမျှစွာ ဆက်ဆံမှ သာယာအေးမြတဲ့ အိမ်ထောင်တခုဖြစ်မှာဖြစ်ပါတယ်။
6.သင်ဟာ တခြားအချိန်မှာ သင့်ယောကျ်ားအပေါ် သင့်ရဲ့ ချစ်သူအပေါ် ဂရုမစိုက်တဲ့ ပုံစံနဲ့ နေနိုင်ပါတယ်။ဒါပေမယ့် သူတို့ဖျားနာနေတဲ့ အချိန်မှာ သင်ရဲ့ ဂရုစိုက်မှုကို သူတို့ တိတ်တခိုးမျှော်လင့်တတ်ပါတယ်။အဲလိုသာမဟုတ်ရင် သင်ဖြစ်တဲ့အခါ သူတို့က သွေးအေးသွားတတ်ပါတယ်။
7.သင်ဟာ သင့်ရဲ့ အမျိုးသား ချစ်သူရဲ့ စရိုက်တချို့ကို မကြိုက်ရင်တောင် သူ့ကို နှစ်ယောက်ထဲရှိမှ အေးဆေး ဆွေးနွေးသင့်ပါတယ်။သူတို့ကို အပေါင်းအသင်းနဲ့ မိတ်ဆွေကြားမှာ နှိမ့်ချတဲ့ စကားလုံးမသုံးသင့်ပါဘူး။
8.သင့်မှာ စိတ်ရှုပ်စရာရှိရင်တောင် သင့်ရဲ့ အပြုံးမပျက်ပါစေနဲ့။ဒါဟာ သင့်ကို စွဲလန်းမှုနဲ့ နှစ်သက်မှုဖြစ်စေတဲ့ နည်းလမ်းကောင်းတခုဖြစ်ကြောင်း သိလာပါလိမ့်မယ်။
9.အမျိုးသား လင်ယောကျ်ားအပေါ် ချစ်စရာ အပြုအမူတွေနဲ့ အားလပ်ရက်မှာ သူတို့နဲ့ ကုန်ဆုံးသင့်ပါတယ်။စိတ်ကောက်တာ သဝန်တိုပြတာတွေကို သူတို့အမြဲလိုလားနေတာဖြစ်ပါတယ်။
10.သင်ဟာ ကိစ္စငယ်လေးကိုတောင် သူတို့ဆီက အကူအညီကို တောင်းခံပါ။အားကိုးသမှုပြသပါ။သင်လဲ သက်သာသလို သူတို့လဲ သင့်ရဲ့ မှီခိုမှုအပေါ် အထင်ကြီးပြီး လိုလိုလားလား လုပ်ကိုင်ပေးမှာဖြစ်ပါတယ်။
Credit : Cantwait2say
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top