Credit : Duwun
သင့်ရဲ့ လက္ခဏာ မှ နှလုံး လမ်းကြောင်း အနေအထားနဲ့ တိုက်ဆိုင် ဆန်းစစ်ကြည့်လိုက်ပါ။သင့်ရဲ့ လက္ခဏာမှ နှလုံးလမ်းကြောင်း အနေအထားက သင့်ရဲ့ စိတ်နေစိတ်ထား ကို တစ်စွန်းတစ်စ ညွှန်းဆိုနေတယ်လို့ ဆိုပါတယ်။ သင့်ရဲ့ လက္ခဏာ မှ နှလုံးလမ်းကြောင်း အနေအထားနဲ့ တိုက်ဆိုင် ဆန်းစစ် ကြည့်လိုက်ပါ။
– ပုံ A နဲ့ C မှာကဲ့သို့ နှလုံး လမ်းကြောင်း အစွန်းက လက်ခလယ် အောက်မှာရှိတဲ့ လက္ခဏာ ပိုင်ရှင် ဟာ ခေါင်းဆောင်မှု အရည်အသွေး ရှိသူလို့ ဆိုပါတယ်။ ဒီလို လက္ခဏာ ပိုင်ရှင် တွေဟာ ရည်မှန်းချက် ကြီး တယ်၊ မှီခိုမှုကင်းပြီး လွတ်လပ်ချင်တယ်၊ ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီးတော့ ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန် ချမှတ်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ထိလွယ်ရှလွယ်ဖြစ်မှု နည်းပါးပြီး တည်ငြိမ်အေးဆေးလေ့ရှိတယ်။
– တစ်ကယ်လို့ နှလုံးလမ်းကြောင်း အစွန်း ဟာ ပုံ B မှာကဲ့သို့ လက်ခလယ် နဲ့ လက်ညှိုး ကြားမှာ ရောက်နေတဲ့ လက္ခဏာ ပိုင်ရှင်တွေကတော့ ထောက်ထားညှာတာတတ် ကြင်နာတတ်သူတွေပါတဲ့။ သူတို့ဟာ သူတို့ ယုံကြည်တဲ့ လူတွေမဟုတ်ရင် ပေါင်းသင်းဆက်ဆံဖို့အတွက် သတိထားလေ့ရှိပါတယ်။
– နှလုံး လမ်းကြောင်း အစွန်း ဟာ ပုံ D မှာကဲ့သို့ လက်မနဲ့လက်ညှိုးကြားမှာ ရှိနေတဲ့ လက္ခဏာပိုင်ရှင်တွေကတော့ သည်းခံတတ်သူ၊ ဂရုတစိုက်ရှိသူဖြစ်ပြီး သူတို့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ကောင်းတွေ ထားရှိတတ်သူပါ။ သူတို့ဟာ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေ ဖြစ်ပါတယ်။
Source & Photo: humaninterest
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
နှလုံး လမ်းကြောင်း က စိတ်နေစိတ်ထား ကို ညွှန်းဆို
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။