iMyanmarHouse.com - Best Property Website for Myanmar
×



ခရမ်းချဉ်သီး





Credit : MyStyle

မျက်ကွင်းညိုတာဟာ အလှကြိုက်တဲ့သူတွေအတွက်တော့ သိပ်ကိုစိတ်ညစ်စရာကောင်းပါတယ်နော်။ ဒီကနေ့ခေတ်မှာ အလုပ်တွေပိုပြီးလုပ်လာကြလို့ စိတ်ဖိစီးမှုတွေများလာသလို အိပ်ရေးတွေ ပိုပြီး ပျက်လာကြပြီး မျက်ကွင်းညိုလာကြပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့မညီညွတ်တဲ့အမြန်စားအစားအစာတွေနဲ့ လူနေမှုပုံစံကြောင့်လည်း ပါဝင်ပါတယ်။

မျက်ကွင်းညိုတာဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေပုံပေါက်စေပြီး ဆွဲဆောင်မှုလျော့စေပါတယ်။ ဒါ့အပြင် သင့်ကို အိုမင်းရင့်ရော်တဲ့ ပုံပေါက်စေတာကြောင့် မျက်ကွင်းညိုတာက စိတ်ညစ်စရာပါ။ ဒါ့ကြောင့် မျက်ကွင်းညိုတာကို သက်သာစေမယ့် သဘာဝနည်းလမ်းတစ်ခုကို မျှဝေပေးပါမယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ မျက်ကွင်းညိုတာကိုသက်သာစေပါတယ်။ ခရမ်းချဉ်သီးကို အကွင်းလိုက် ပါးပါးလှီးပြီး မျက်လုံးနားမှာ ကပ်ပေးနိုင်ပါတယ်။ အခုလို ကပ်ပေးပြီး ၁၅ မိနစ်လောက်ထားကာ မျက်နှာပြန်သစ်လိုက်ပါ။

ဗီတာမင် A နဲ့ B အုပ်စုတွေပါဝင်တဲ့အပြင် သတ္တုဓာတ်တွေလည်းပါဝင်လို့ အသားအရေကို ဖြူဝင်းစေပါတယ်။ နေလောင်ကွက်တွေ၊ အမည်းစက်တွေကိုလည်း သက်သာစေပါတယ်။

ခရမ်းချဉ်သီးနဲ့ ရှားစောင်းလက်ပပ်

ခရမ်းချဉ်သီးတစ်လုံးကို ကျိတ်လိုက်ပါ။ ပြီး၇င် ရှားစောင်းလက်ပပ် စားပွဲတင်ဇွန်း ၁ ဇွန်းလောက်ထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။ ပြီးရင် မျက်နှာအရင်သစ်ပြီး မျက်လုံးအောက်နားမှာ ၁၀ မိနစ်လောက် ကပ်ထားပေးလိုက်ပါ။ တစ်နေ့ကို ၂ ကြိမ်သုံးပေးပါ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top