iMyanmarHouse.com - Best Property Website for Myanmar
×

Relationship တစ္ခု ေရရွည္တည္ၿမဲျပီး ခ်စ္ခင္ေလးစားမႈေတြ မေလ်ာ့ဖို႔ကို စံုတြဲတိုင္း အလိုရွိၾကပါတယ္ ။ သို႔ေသာ္လည္း ကိုယ္တိုင္ လုပ္မိေနၾကတဲ့ တစ္ခ်ို႕ အက်င့္စရိုက္ေတြေၾကာင့္ Relationship တစ္ခုဟာ ပ်က္စီးခ်ိန္မတန္ဘဲပ်က္စီး ၊ ထိခိုက္တာမ်ိဳးေတြ မၾကာခဏ ျမင္ေတြ႕ေနရပါတယ္ ။

၁။အတၱၾကီးတာ

အနည္း၊အမ်ားကြာေပမယ့္ လူတိုင္းမွာ အတၱကိုယ္စီေတာ့ ရွိၾကပါတယ္။ သို႔ေသာ္ ဒီလိုအတၱၾကီးတာဟာ တစ္ေယာက္တည္းသမားေတြအတြက္ ကိစၥမရွိေပမယ့္ နွစ္ေယာက္ျဖစ္လာျပီဆုိရင္ေတာ့ ကိုယ့္ပံုစံအတုိင္း အတၱၾကီးေနလို႔ မရေတာ့ပါဘူး ။ သမီးရည္းစားဘဝမွာျဖစ္ျဖစ္ လင္မယားဘဝမွာျဖစ္ျဖစ္ ကုိယ့္အတြက္သာ ကိုယ္သိျပီး ၊ ကိုယ္ပဲအသာလိုခ်င္ေနလုိ႔ မျဖစ္ေတာ့ပါဘူး ။ ေလွ်ာ့သင့္တာေလွ်ာ့ ၊ အနစ္နာခံသင့္တာခံ ၊ ဦးစားေပးသင့္တာကို ဦးစားေပးမွ အဆင္ေျပတဲ့ ဆက္ဆံေရးျဖစ္မွာပါ ။ အၿမဲတမ္း ကိုယ္ပဲ သာေနခ်င္ရင္ေတာ့ တစ္ေယာက္တည္း လြတ္လပ္စြာ ေနတာ အေကာင္းဆံုးပါ ။

၂။ညွိနိႈင္းမႈမရွိတာ

ကိစၥတိုင္းကို တစ္ေယာက္နွင့္တစ္ေယာက္ ညွိနိႈင္းေနရမယ္လို႔ မဆိုလိုပါဘူး ။ သို႔ေသာ္ ေျပာသင့္ေျပာအပ္တဲ့ ကိစၥေတြကိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ညွိနိႈင္းေဆြးေႏြး တိုင္ပင္သင့္ပါတယ္ ။ ခ်စ္သူသမီးရည္းစားဘဝမွာ သိပ္အေရးမၾကီးေသာ္လည္း အိမ္ေထာင္သည္ဘဝ ေရာက္သြားရင္ေတာ့ အရာရာဟာ ကိုယ့္သေဘာနဲ႔ကိုယ္ ဆံုးျဖတ္လို႔ မရေတာ့ပါဘူး ။ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ ကိစၥတစ္ခုကို မလုပ္ခင္မွာ နွစ္ေယာက္ ေဆြးေႏြးညွိနိႈင္းသင့္ပါတယ္ ။လုပ္ခ်င္တာလုပ္ျပီးမွ အသိေပးလိုက္တာမ်ိဳးဟာ တစ္ကိုယ္ေကာင္းဆန္သလို တစ္ဖက္လူအေပၚလည္း အေလးမထားရာ ေရာက္ပါတယ္ ။

၃။မိဘေတြကိုတိုင္ေတာတာ

ခဏခဏ ျမင္ေတြ႕ဖူးပါတယ္ ။ သမီးရည္းစား ၊ လင္မယား စကားမ်ားရန္ျဖစ္တိုင္း သူ႔မိဘကို္ တိုင္ ၊ ကိုယ့္မိဘကိုတိုင္ေတာတာမ်ိဳးေတြ လံုးဝ လံုးဝ မလုပ္သင့္ပါဘူး ။ ဒါဟာ သူ႔မိဘ ၊ ကိုယ့္မိဘအေပၚ ေလးစားမႈ ေလ်ာ့နည္းေစသလို တစ္ဖက္လူအေပၚမွာလည္း အျမင္ေစာင္းမႈေတြ ျဖစ္ေစပါတယ္ ။ နွစ္ဦးၾကားက ျပႆနာတိုင္းကို နွစ္ဖက္မိဘေတြ သိစရာ မလိုပါဘူး။ ေရရွည္လက္တြဲဖို႔ စဥ္းစားထားၾကတဲ့ ခ်စ္သူစံုတြဲေတြဆိုလွ်င္ ဒီလိုအျပဳအမူေတြက မိဘနဲ႔ ဆက္ဆံေရးမွာ အေနွာင့္အယွက္ ေကာင္းေကာင္းတစ္ခု ျဖစ္နိုင္ပါတယ္ ။ နွစ္ေယာက္အဆင္ေျပသြားလည္း သူ႔မိဘက ကိုယ့္အေပၚ အျမင္မၾကည္သလို သူ႔မိဘကလည္း ကိုယ့္အေပၚမွာ အထင္လြဲ အျမင္ေစာင္းနိုင္ပါတယ္ ။ ပါးနပ္မႈရွိမယ္ဆိုလွ်င္ ကိုယ့္မိဘေရွ႕မွာ ကိုယ့္လက္တြဲေဖာ္ရဲ႕ ဆိုးကြက္ထက္ ေကာင္းကြက္ေတြကိုသာ ေျပာေပးသင့္ပါတယ္ ။

၄။ရန္ျဖစ္ရင္လက္ပါေျခပါတာ

သိပ္ကိုဆိုးရြားတဲ့ အျပဳအမူပါပဲ ။မိန္းကေလးကလည္း ေယာက္်ားေလးကို ရိုက္ပုတ္ျခင္း မလုပ္သင့္သလို ေယာက္်ားဘက္ကလည္း မိန္းမကို အားသံုးရိုက္နွက္ျခင္း လံုးဝ မျပဳလုပ္သင့္ပါဘူး ။ ေယာက်ာ္းေကာင္း ေယာက်ာ္းျမတ္တို႔မည္သည္ ဘယ္ေသာအခါမွ အမ်ိဳးသမီးကို အားသံုးကာ အနိုင္က်င့္ျခင္းမ်ိဳး ျပဳလုပ္ေလ့ မရွိပါ ။ အရိုးကြဲေအာင္ရိုက္မွ အသဲစြဲေအာင္ခ်စ္မယ္ဆိုတဲ့စကား အိမ္သာတြင္းထဲ ပစ္လိုက္ပါ။

၅။လူၾကားထဲသိကၡာက်ေအာင္လုပ္တာ

တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ အားနည္းခ်က္ေတြကို လူၾကားထဲ ေလွာင္ရယ္ေျပာတာ ၊ အရွက္ခြဲတာ ၊ ဆဲဆိုမာန္မဲတာမ်ိဳးဟာ ဆိုးရြားတဲ့ အက်င့္တစ္ခုပါ ။ ကိုယ့္ရဲ႕ လက္တြဲေဖာ္ကို ကိုယ္တိုင္မွ တန္ဖိုးမထားတတ္ရင္ အျခားသူေတြရဲ႕ တန္ဖိုးမထားေျပာဆိုျခင္းေတြကို ခံရပါလိမ့္မယ္ ။

၆။အတြင္းမီး အျပင္သယ္ ၊ အျပင္မီး အတြင္းသယ္လုပ္တာ

ဒါကေတာ့ အမ်ားအားျဖင့္ မိန္းကေလးေတြ လုပ္တတ္ပါတယ္ ။ နွစ္ဦးၾကားက ျပႆနာ ၊ ကိစၥရပ္ေတြကို အျခားသူေတြကို မလိုအပ္ပဲ ေျပာတာမ်ိဳးကို ေယာက္်ားေလးအမ်ားစု မုန္းၾကပါတယ္ ။ မလိုအပ္ပဲ သူမ်ားကို ကိုယ့္အေၾကာင္း မေျပာပါနဲ႕ ။ အျပင္မီး အတြင္းသယ္တယ္ဆုိတာကေတာ့ ကိုယ့္ရဲ႕ လုပ္ငန္းခြင္းမွာျဖစ္္ေစ အေပါင္းအသင္းနဲ႔ျဖစ္ေစ အဆင္မေျပတာကို အိမ္အထိသယ္ျပီး ကိုယ့္ရဲ႕ ဇနီး ၊ ခင္ပြန္းကိုပါ ေရာကာ အျမင္မၾကည္ မာန္မဲတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။

၇။ လိမ္ညာတာ

လိမ္ညာျခင္းကေတာ့ အဆိုးဆံုးပါပဲ ။ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ အမွန္အတိုင္းေျပာျပီး ရလာမယ့္ ရလဒ္ကို ရဲရဲဝ့ံဝ့ံရင္ဆိုင္တာက လူေကာင္းေတြရဲ႕ စိတ္ဓါတ္ပါ ။ ေနာင္ျဖစ္မွ ေနာင္ရွင္း ၊ ျပီးစလြယ္ေျပာတာမ်ိဳး ဘယ္သူမွ မၾကိဳက္ၾကပါဘူး ။

၈။ကတိမတည္တာ

ေယာက်္ားေလးေတြထက္စာရင္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ကတိကို တန္ဖိုးထားတတ္ပါတယ္ ။ စံုတြဲတိုင္းမွာ မိန္းကေလး အေတာ္မ်ားမ်ား မုန္းတဲ့အက်င့္ကို ေမးၾကည့္တဲ့အခါ ကတိမတည္တဲ့ အေၾကာင္းအရင္းက အၿမဲပါပါတယ္ ။ ကတိကို လြယ္လြယ္မေပးပါနဲ႕ ။ ေပးျပီးရင္လည္း တည္ေအာင္ စြမ္းေဆာင္တာ အေကာင္းဆံုးပါ ။

၉။ အလိုက္မသိတာ

မရွိတာထက္ မသိတာက ပိုဆိုးပါတယ္ ။ အလိုက္သိျခင္း ၊ မသိျခင္းဆိုတာ ကိုယ္တိုင္သိျမင္ျပီး ကိုယ္တိုင္ဆင္ျခင္မွ ျဖစ္တာပါ ။ ကိုယ္ဟာ အလိုက္သိတဲ့သူတစ္ေယာက္ ဟုတ္လား ၊ မဟုတ္ဘူးလားဆိုတာ ကိုယ္တိုင္စဥ္းစားဆံုးျဖတ္ျပီး အရာရာမွာ ၾကိဳးစားေနထိုင္ဖို႔ အၾကံျပဳလိုပါတယ္ ။

ဒီလို အက်င့္ဆိုးေတြကို လက္ေတြ႕ဘဝမွာ အၿမဲျမင္ေတြ႕ေနရေလ့ရွိပါတယ္ ။ ကိုယ့္ရဲ႕ relationship ကို ခို္င္ခိုင္မာမာနဲ႕ ရွုည္ၾကာခ်င္တယ္ဆိုရင္ေတာ့ ဒီအမူအက်င့္ေတြကို မလုပ္မိေအာင္ ဆင္ျခင္သင့္ပါတယ္ ။ ကိုယ့္ရဲ႕ Relationship ကို ကိုယ္တိုင္ မရိုက္ခ်ိဳးမိပါေစနဲ႕ ။

Credit : CHAN(ေရြွအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Relationship တစ်ခု ရေရှည်တည်မြဲပြီး ချစ်ခင်လေးစားမှုတွေ မလျော့ဖို့ကို စုံတွဲတိုင်း အလိုရှိကြပါတယ် ။ သို့သော်လည်း ကိုယ်တိုင် လုပ်မိနေကြတဲ့ တစ်ချို့ အကျင့်စရိုက်တွေကြောင့် Relationship တစ်ခုဟာ ပျက်စီးချိန်မတန်ဘဲပျက်စီး ၊ ထိခိုက်တာမျိုးတွေ မကြာခဏ မြင်တွေ့နေရပါတယ် ။

၁။အတ္တကြီးတာ

အနည်း၊အများကွာပေမယ့် လူတိုင်းမှာ အတ္တကိုယ်စီတော့ ရှိကြပါတယ်။ သို့သော် ဒီလိုအတ္တကြီးတာဟာ တစ်ယောက်တည်းသမားတွေအတွက် ကိစ္စမရှိပေမယ့် နှစ်ယောက်ဖြစ်လာပြီဆိုရင်တော့ ကိုယ့်ပုံစံအတိုင်း အတ္တကြီးနေလို့ မရတော့ပါဘူး ။ သမီးရည်းစားဘဝမှာဖြစ်ဖြစ် လင်မယားဘဝမှာဖြစ်ဖြစ် ကိုယ့်အတွက်သာ ကိုယ်သိပြီး ၊ ကိုယ်ပဲအသာလိုချင်နေလို့ မဖြစ်တော့ပါဘူး ။ လျှော့သင့်တာလျှော့ ၊ အနစ်နာခံသင့်တာခံ ၊ ဦးစားပေးသင့်တာကို ဦးစားပေးမှ အဆင်ပြေတဲ့ ဆက်ဆံရေးဖြစ်မှာပါ ။ အမြဲတမ်း ကိုယ်ပဲ သာနေချင်ရင်တော့ တစ်ယောက်တည်း လွတ်လပ်စွာ နေတာ အကောင်းဆုံးပါ ။

၂။ညှိနှိုင်းမှုမရှိတာ

ကိစ္စတိုင်းကို တစ်ယောက်နှင့်တစ်ယောက် ညှိနှိုင်းနေရမယ်လို့ မဆိုလိုပါဘူး ။ သို့သော် ပြောသင့်ပြောအပ်တဲ့ ကိစ္စတွေကိုတော့ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆွေးနွေး တိုင်ပင်သင့်ပါတယ် ။ ချစ်သူသမီးရည်းစားဘဝမှာ သိပ်အရေးမကြီးသော်လည်း အိမ်ထောင်သည်ဘဝ ရောက်သွားရင်တော့ အရာရာဟာ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လို့ မရတော့ပါဘူး ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိစ္စတစ်ခုကို မလုပ်ခင်မှာ နှစ်ယောက် ဆွေးနွေးညှိနှိုင်းသင့်ပါတယ် ။လုပ်ချင်တာလုပ်ပြီးမှ အသိပေးလိုက်တာမျိုးဟာ တစ်ကိုယ်ကောင်းဆန်သလို တစ်ဖက်လူအပေါ်လည်း အလေးမထားရာ ရောက်ပါတယ် ။

၃။မိဘတွေကိုတိုင်တောတာ

ခဏခဏ မြင်တွေ့ဖူးပါတယ် ။ သမီးရည်းစား ၊ လင်မယား စကားများရန်ဖြစ်တိုင်း သူ့မိဘကို တိုင် ၊ ကိုယ့်မိဘကိုတိုင်တောတာမျိုးတွေ လုံးဝ လုံးဝ မလုပ်သင့်ပါဘူး ။ ဒါဟာ သူ့မိဘ ၊ ကိုယ့်မိဘအပေါ် လေးစားမှု လျော့နည်းစေသလို တစ်ဖက်လူအပေါ်မှာလည်း အမြင်စောင်းမှုတွေ ဖြစ်စေပါတယ် ။ နှစ်ဦးကြားက ပြဿနာတိုင်းကို နှစ်ဖက်မိဘတွေ သိစရာ မလိုပါဘူး။ ရေရှည်လက်တွဲဖို့ စဉ်းစားထားကြတဲ့ ချစ်သူစုံတွဲတွေဆိုလျှင် ဒီလိုအပြုအမူတွေက မိဘနဲ့ ဆက်ဆံရေးမှာ အနှောင့်အယှက် ကောင်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ် ။ နှစ်ယောက်အဆင်ပြေသွားလည်း သူ့မိဘက ကိုယ့်အပေါ် အမြင်မကြည်သလို သူ့မိဘကလည်း ကိုယ့်အပေါ်မှာ အထင်လွဲ အမြင်စောင်းနိုင်ပါတယ် ။ ပါးနပ်မှုရှိမယ်ဆိုလျှင် ကိုယ့်မိဘရှေ့မှာ ကိုယ့်လက်တွဲဖော်ရဲ့ ဆိုးကွက်ထက် ကောင်းကွက်တွေကိုသာ ပြောပေးသင့်ပါတယ် ။

၄။ရန်ဖြစ်ရင်လက်ပါခြေပါတာ

သိပ်ကိုဆိုးရွားတဲ့ အပြုအမူပါပဲ ။မိန်းကလေးကလည်း ယောက်ျားလေးကို ရိုက်ပုတ်ခြင်း မလုပ်သင့်သလို ယောက်ျားဘက်ကလည်း မိန်းမကို အားသုံးရိုက်နှက်ခြင်း လုံးဝ မပြုလုပ်သင့်ပါဘူး ။ ယောကျာ်းကောင်း ယောကျာ်းမြတ်တို့မည်သည် ဘယ်သောအခါမှ အမျိုးသမီးကို အားသုံးကာ အနိုင်ကျင့်ခြင်းမျိုး ပြုလုပ်လေ့ မရှိပါ ။ အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင်ချစ်မယ်ဆိုတဲ့စကား အိမ်သာတွင်းထဲ ပစ်လိုက်ပါ။

၅။လူကြားထဲသိက္ခာကျအောင်လုပ်တာ

တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားနည်းချက်တွေကို လူကြားထဲ လှောင်ရယ်ပြောတာ ၊ အရှက်ခွဲတာ ၊ ဆဲဆိုမာန်မဲတာမျိုးဟာ ဆိုးရွားတဲ့ အကျင့်တစ်ခုပါ ။ ကိုယ့်ရဲ့ လက်တွဲဖော်ကို ကိုယ်တိုင်မှ တန်ဖိုးမထားတတ်ရင် အခြားသူတွေရဲ့ တန်ဖိုးမထားပြောဆိုခြင်းတွေကို ခံရပါလိမ့်မယ် ။

၆။အတွင်းမီး အပြင်သယ် ၊ အပြင်မီး အတွင်းသယ်လုပ်တာ

ဒါကတော့ အများအားဖြင့် မိန်းကလေးတွေ လုပ်တတ်ပါတယ် ။ နှစ်ဦးကြားက ပြဿနာ ၊ ကိစ္စရပ်တွေကို အခြားသူတွေကို မလိုအပ်ပဲ ပြောတာမျိုးကို ယောက်ျားလေးအများစု မုန်းကြပါတယ် ။ မလိုအပ်ပဲ သူများကို ကိုယ့်အကြောင်း မပြောပါနဲ့ ။ အပြင်မီး အတွင်းသယ်တယ်ဆိုတာကတော့ ကိုယ့်ရဲ့ လုပ်ငန်းခွင်းမှာဖြစ်စေ အပေါင်းအသင်းနဲ့ဖြစ်စေ အဆင်မပြေတာကို အိမ်အထိသယ်ပြီး ကိုယ့်ရဲ့ ဇနီး ၊ ခင်ပွန်းကိုပါ ရောကာ အမြင်မကြည် မာန်မဲတာမျိုးတွေ မလုပ်သင့်ပါဘူး။

၇။ လိမ်ညာတာ

လိမ်ညာခြင်းကတော့ အဆိုးဆုံးပါပဲ ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အမှန်အတိုင်းပြောပြီး ရလာမယ့် ရလဒ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တာက လူကောင်းတွေရဲ့ စိတ်ဓါတ်ပါ ။ နောင်ဖြစ်မှ နောင်ရှင်း ၊ ပြီးစလွယ်ပြောတာမျိုး ဘယ်သူမှ မကြိုက်ကြပါဘူး ။

၈။ကတိမတည်တာ

ယောကျ်ားလေးတွေထက်စာရင် မိန်းကလေးတော်တော်များများက ကတိကို တန်ဖိုးထားတတ်ပါတယ် ။ စုံတွဲတိုင်းမှာ မိန်းကလေး အတော်များများ မုန်းတဲ့အကျင့်ကို မေးကြည့်တဲ့အခါ ကတိမတည်တဲ့ အကြောင်းအရင်းက အမြဲပါပါတယ် ။ ကတိကို လွယ်လွယ်မပေးပါနဲ့ ။ ပေးပြီးရင်လည်း တည်အောင် စွမ်းဆောင်တာ အကောင်းဆုံးပါ ။

၉။ အလိုက်မသိတာ

မရှိတာထက် မသိတာက ပိုဆိုးပါတယ် ။ အလိုက်သိခြင်း ၊ မသိခြင်းဆိုတာ ကိုယ်တိုင်သိမြင်ပြီး ကိုယ်တိုင်ဆင်ခြင်မှ ဖြစ်တာပါ ။ ကိုယ်ဟာ အလိုက်သိတဲ့သူတစ်ယောက် ဟုတ်လား ၊ မဟုတ်ဘူးလားဆိုတာ ကိုယ်တိုင်စဉ်းစားဆုံးဖြတ်ပြီး အရာရာမှာ ကြိုးစားနေထိုင်ဖို့ အကြံပြုလိုပါတယ် ။

ဒီလို အကျင့်ဆိုးတွေကို လက်တွေ့ဘဝမှာ အမြဲမြင်တွေ့နေရလေ့ရှိပါတယ် ။ ကိုယ့်ရဲ့ relationship ကို ခိုင်ခိုင်မာမာနဲ့ ရှုည်ကြာချင်တယ်ဆိုရင်တော့ ဒီအမူအကျင့်တွေကို မလုပ်မိအောင် ဆင်ခြင်သင့်ပါတယ် ။ ကိုယ့်ရဲ့ Relationship ကို ကိုယ်တိုင် မရိုက်ချိုးမိပါစေနဲ့ ။

Credit : CHAN(ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top