iMyanmarHouse.com - Best Property Website for Myanmar
×

ကိုကာကိုလာအခ်ိဳရည္ဟာ အားျဖည့္အခ်ိဳ ရည္တစ္မ်ိဳး လုိ႔သာ ကြ်န္ေတာ္တုိ႔အမ်ားစု သိၾကပါတယ္။ ဒါေပမယ့္ ကုိကာကုိလာမွာ အျခားအသုံး၀င္တဲ့ လ်ဳိ႕၀ွက္ခ်က္တခ်ဳိ႕ရွိပါေသးတယ္။ အဲဒါေတြကေတာ့ –

သံေခ်းမ်ား ဖယ္ရွားျခင္း
ကိုကာကုိလာအခ်ိရည္ကလည္း အက္ဆစ္တစ္မ်ိဳးျဖစ္ပါတယ္။ သံေခ်းစား ထားတဲ့ ဝက္အူရစ္၊ ပလယ္ရာ အစရွိသျဖင့္ သံတုိတဆ အစိတ္အပိုင္းမ်ား အားလံုးကို ကိုကာကိုလာအရည္နဲ႔ ေဆးခ်ျပီး ေသခ်ာ သုတ္ေပးရင္ သံေခ်း မ်ား ေျပာင္စင္သြားပါတယ္။

ဖိုက္ဘာ၊ေၾကြတို႔မွ အေပအၾကံမ်ား ဖယ္ရွားျခင္း
ဖိုက္ဘာ၊ ေၾကြအလြာတို႔မွာ ကပ္ျပီး က်န္ရွိတတ္တဲ့ အညစ္အေၾကးမ်ားကို ကိုကာကုိလာနဲ႔ ေဆးထုတ္ရင္ ေျပာင္ပါတယ္။ အဝတ္ေလွ်ာ္စက္တြင္ ညစ္ပတ္ေနတာမ်ိဳး၊ လက္ေဆး ေၾကြခြက္တို႔မွာ အစြန္းအထင္းေပေန တာမ်ိဳး၊ မည္းေနတာမ်ိဳးဆုိရင္ ကိုကာကိုလာအခ်ိဳရည္နဲ႔ ေဆးေၾကာလို႔ ရပါတယ္။

ဆံပင္မွာကပ္ေနတဲ့ပီေကကို ဖယ္ရွားျခင္း
တခါတရံ ဆံပင္မွာ ပီေက မေတာ္တဆကပ္သြားတဲ့အခါ အရမ္းဒုကၡေရာက္တာကို မိန္းကေလးေတြသိပါလိမ့္မယ္။ ဒီအခါမ်ဳိးမွာ ပီေကနဲ႔ဆံပင္ကိုေရာညွပ္ပစ္ရပါတယ္။ ဒါေပမယ့္ ကုိကာကုိလာကို သုံးမယ္ဆုိရင္ေတာ့ ဆံပင္ကို ညွပ္စရာမလုိေတာ့ပါဘူး။ ကပ္ေနတဲ့ ပီေကနဲ႔ ဆံပင္ေပၚကုိ ကုိကာကုိလာအနည္းငယ္ေလာင္းခ်ၿပီး ၂မိနစ္ ၃မိနစ္ခန္႔ေစာင့္ပါ။ ၿပီးရင္ေတာ့ ပီေကကုိခြာလုိက္တဲ့အခါ ဆံပင္အနည္းငယ္ပါလာတာကလြဲလုိ႔ ဆံပင္ညွပ္ပစ္ရတဲ့ေဘးကေန ကင္းေ၀းသြားမွာပဲ ျဖစ္ပါတယ္။

အဖုအပိန္႔မ်ားကို သက္သာေစျခင္း
ျခင္း ၊ ပုရြက္ ၊ ဂ်ပုိး စတဲ့ အေကာင္ေတြအကုိက္ခံရတဲ့ အခါမ်ဳိးမွာ အဖုအပိန္႔ေတြ ထလာတတ္ပါတယ္။ ဒီအခါမ်ဳိးမ်ာ တစ္ရႈး ဒါမွမဟုတ္ ဂြမ္း နဲ႔ ကိုကာကုိလာ အရည္အနည္းငယ္စြတ္ကာ ပြတ္ေပးႏုိင္ၿပီး အခ်ိန္အနည္းငယ္အတြင္းမွာ သက္သာသြားမွာျဖစ္ပါတယ္။

ေဆးဝါးအျဖစ္ သံုးစြဲျခင္း
ဝမ္းေလွ်ာေရာဂါအျပင္ ဝမ္းနဲ႔ ပက္သက္တဲ့ ေရာဂါအခ်ိဳ ႔ကို ကိုကာကိုလာ အခ်ိဳရည္ေသာက္ျပီး ေပ်ာက္ကင္းေစ ႏိုင္ပါတယ္။ ဗုိက္မအီမသာျဖစ္ေနတာ၊ အစာမေၾကတာ၊ ေလေအာင့္တာဆုိရင္ ကိုကာကိုလာအခ်ိဳရည္ေသာက္ခ်ျပီး သက္သာေစပါတယ္။ ဝမ္းပ်က္၊ဝမ္းေလွ်ာ ျဖစ္ေနသူမ်ားလည္း ကိုကာကုိ လာ အခ်ိဳရည္ေသာက္ျပီး ကုသလို႔ ရပါတယ္။

ပိုးသတ္ေဆးအျဖစ္ သံုးစြဲျခင္း
အိမ္မွာ ကပ္တြယ္တတ္တဲ့ ပိုးေကာင္ေတြ၊ ခရုေတြ၊ အင္းစက္ေတြကို ကိုကာကိုလာ အခ်ိဳရည္ေလာင္းျပီးေတာ့ လည္း ဖယ္ရွားပါတယ္။ ပထမေတာ့ သၾကားဓာတ္ပါတဲ့အတြက္ ေသာက္သံုးမိျပီး ပါဝင္တဲ့ အတြင္း အက္ဆစ္ဓာတ္ကို ပိုးေကာင္တို႔ မခံႏိုင္ပါဘူး။ ကားမွန္နဲ႔ ကားေတြေပၚမွာ ကပ္ေနတတ္တဲ့ အင္းဆက္မ်ားလည္း ဖယ္ရားႏိုင္ပါတယ္။

ဟင္းခ်က္ရာတြင္ အသံုးျပဳျခင္း
ဗနီကာ၊ ရွာလကာရည္ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ အသားဟင္းခ်က္ရာမွာ ကိုကာကုိလာအခ်ိဳရည္ကို ရွာလကာရည္ ထည့္သလို အခ်ိးအစား မွန္မွန္ ထည့္သြင္း အသံုးျပဳႏိုင္ပါတယ္။ အသားရဲ ႔ မက်က္ႏိုင္တဲ့အစိုင္ အခဲေတြၾကားကို ေဖာက္ေပးျပီး ဟင္းအႏွစ္အားလံုးကို အသားေတြထဲ ထိ ျပန္႔ႏွံ႔ေစမွာ ျဖစ္ပါတယ္။ ပိုမို အရသာ ရွိတဲ့ အသားဟင္း တစ္ခြက္ ရရွိေစတယ္လို႔ ဆုိပါတယ္။

ကိုကာကိုလာအခ်ိဳရည္ဟာ ကာဘြန္ႏိုက္အခ်ိဳရည္ တစ္မ်ိဳးျဖစ္ျပီး ေရ ဓာတ္ျဖည့္ဆည္းေပးသလို အစာအိမ္တြင္းက မေၾကညက္တဲ့အစား အစာမ်ားကို ေခ်ဖ်က္ေပးပါတယ္။ သၾကားဓာတ္လည္း ၾကြယ္ဝတဲ့အ တြက္ ေသြးထဲကို ဂလူးကိုစ့္ဓာတ္ ေကာင္းေကာင္း ေထာက္ပံ့ေပးပါတယ္။ သူ႔မွာ ပါဝင္တဲ့ ဓာတ္မ်ားက ေသာက္သံုးရန္အျပင္ အျခား အသံုးဝင္ တဲ့ ေနရာမ်ားလည္း ရွိေနတာကို ယခုလို သိရပါတယ္။

Credit:Thutazone
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
ကိုကာကိုလာအချိုရည်ဟာ အားဖြည့်အချို ရည်တစ်မျိုး လို့သာ ကျွန်တော်တို့အများစု သိကြပါတယ်။ ဒါပေမယ့် ကိုကာကိုလာမှာ အခြားအသုံးဝင်တဲ့ လျို့ဝှက်ချက်တချို့ရှိပါသေးတယ်။ အဲဒါတွေကတော့ –

သံချေးများ ဖယ်ရှားခြင်း
ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။

ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း
ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။

ဆံပင်မှာကပ်နေတဲ့ပီကေကို ဖယ်ရှားခြင်း
တခါတရံ ဆံပင်မှာ ပီကေ မတော်တဆကပ်သွားတဲ့အခါ အရမ်းဒုက္ခရောက်တာကို မိန်းကလေးတွေသိပါလိမ့်မယ်။ ဒီအခါမျိုးမှာ ပီကေနဲ့ဆံပင်ကိုရောညှပ်ပစ်ရပါတယ်။ ဒါပေမယ့် ကိုကာကိုလာကို သုံးမယ်ဆိုရင်တော့ ဆံပင်ကို ညှပ်စရာမလိုတော့ပါဘူး။ ကပ်နေတဲ့ ပီကေနဲ့ ဆံပင်ပေါ်ကို ကိုကာကိုလာအနည်းငယ်လောင်းချပြီး ၂မိနစ် ၃မိနစ်ခန့်စောင့်ပါ။ ပြီးရင်တော့ ပီကေကိုခွာလိုက်တဲ့အခါ ဆံပင်အနည်းငယ်ပါလာတာကလွဲလို့ ဆံပင်ညှပ်ပစ်ရတဲ့ဘေးကနေ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။

အဖုအပိန့်များကို သက်သာစေခြင်း
ခြင်း ၊ ပုရွက် ၊ ဂျပိုး စတဲ့ အကောင်တွေအကိုက်ခံရတဲ့ အခါမျိုးမှာ အဖုအပိန့်တွေ ထလာတတ်ပါတယ်။ ဒီအခါမျိုးမျာ တစ်ရှုး ဒါမှမဟုတ် ဂွမ်း နဲ့ ကိုကာကိုလာ အရည်အနည်းငယ်စွတ်ကာ ပွတ်ပေးနိုင်ပြီး အချိန်အနည်းငယ်အတွင်းမှာ သက်သာသွားမှာဖြစ်ပါတယ်။

ဆေးဝါးအဖြစ် သုံးစွဲခြင်း
ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။

ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း
အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။

ဟင်းချက်ရာတွင် အသုံးပြုခြင်း
ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့ မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။

ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။


Credit:Thutazone

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top