iMyanmarHouse.com - Best Property Website for Myanmar
×
အဝလွန်မှုကိုလျှော့ချပေးမယ့် အများပြည်သူဆိုင်ရာ ကျန်းမာရေးအစီအစဉ် တစ်ရပ်က အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်ဆို တာကို အင်္ဂလန်မှာရှိတဲ့ ကိန်းဘရစ်တက္ကသိုလ်က သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
အစောပိုင်းလေ့လာမှုတွေက ကိုယ်အလေးချိန်လျှော့တာနဲ့ ကိုယ်အလေးချိန်လျှော့ချတာက သွေးတွင်းသကြားဓာတ်မြင့်မားမှုကြောင့်  အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်နိုင်ခြေရှိတဲ့ အဝလွန်သူတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိတဲ့အကြောင်းကို လေ့လာခဲ့တာဖြစ်ပါတယ်။
Credit : Kumudra
အဝလွန်မှုကိုလျှော့ချပေးမယ့် အများပြည်သူဆိုင်ရာ ကျန်းမာရေးအစီအစဉ် တစ်ရပ်က အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်နိုုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်ဆို တာကို အင်္ဂလန်မှာရှိတဲ့ ကိန်းဘရစ်တက္ကသိုလ်က သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
အစောပိုင်းလေ့လာမှုတွေက ကိုယ်အလေးချိန်လျှော့တာနဲ့ ကိုယ်အလေးချိန်လျှော့ချတာက သွေးတွင်းသကြားဓာတ်မြင့်မားမှုကြောင့်  အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်နိုုင်ခြေရှိတဲ့ အဝလွန်သူတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိတဲ့အကြောင်းကို လေ့လာခဲ့တာဖြစ်ပါတယ်။
သုတေသီတွေဟာ အသက် ၃၀ အရွယ်ကနေ အသက် ၆၀ အရွယ်ရှိတဲ့လူ ၃၃,၁၈၄ ဦးရဲ့ကျန်း မာရေးအချက်အလက်တွေကို လေ့လာခဲ့ပါတယ်။ သည်လေ့လာမှုရဲ့ရည်ရွယ်ချက်က ကိုယ်ခန္ဓာအလေးချိန်ပြောင်း လဲမှုနဲ့ အခြေခံအကြောင်း အရင်းကြားက ဆက်စပ်မှုကိုလေ့လာဆုံးဖြတ်ဖို့ပဲဖြစ်ပါတယ်။
လေ့လာမှုမှာပါဝင်သူတွေကို သုတေသီတွေက ၁၀ နှစ်ကြာ ဆက်လက်လေ့လာခဲ့ပါတယ်။ လေ့လာနေတဲ့ ၁၀ နှစ်တာကာလအတွင်း အမျိုးအစား -၂ ဆီးချို ရောဂါဖြစ်ပွားမှုနှုန်းကိုလည်းလေ့ လာခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေးဆိုင်ရာလှုံ့ဆော်မှုက အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်နိုင်ခြေတိုးလာတဲ့ အနေ အထားကို ထိန်းချုပ်နိုင်ရုံသာမက အခြားရောဂါတွေမဖြစ်အောင်ပါ ကာကွယ်တားဆီးနိုင်တာကို  သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
၁၀ နှစ်ကြာ လေ့လာခဲ့မှုရလဒ်မှာ လေ့လာမှုမှာပါဝင်သူ ၃.၃ ရာခိုင်နှုန်းမှာ ဆီးချိုရောဂါဖြစ်ပေါ် ခံစားလာရတာကို တွေ့ရှိခဲ့ရပါတယ်။ လေ့လာမှုမှာပါဝင်သူ ၅၃.၉ ရာခိုင်နှုန်းကတော့ လေ့လာ မှုစတင်တုန်းက ကိုယ်အလေးချိန်ထက် နှစ်ပေါင်တိုးလာတာကိုုတွေ့ရပြီး ၃၆.၂ ရာခိုင်နှုန်းက တော့ ကိုယ်အလေးချိန်ကိုမတိုးမလျော့အောင် ထိန်းထားနိုင်တာကိုတွေ့ရှိရပါတယ်။ ကိုယ်အလေးချိန် နှစ်ပေါင်တိုးလာတဲ့သူတွေမှာ အမျိုးအစား -၂ ဆီးချိုရောဂါဖြစ် နိုင်ခြေဟာ ကိုယ်အလေးချိန်ထိန်းထားနိုင်တဲ့သူတွေထက် ၅၂ ရာခိုင်နှုန်းပိုများလာတာကိုတွေ့ရှိရပါတယ်။
‘လူတွေကို အခြေခံပြီးလေ့လာတဲ့နည်းလမ်းမှာ အရွယ်ရောက်လာတဲ့အရွယ်မှာ ကိုယ်အလေးချိန် တိုးမလာအောင်ထိန်းသိမ်းတာ အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပုံမှန်ထက် နှစ်ဆ ကျော်လောက် ကာကွယ်နိုင်တာကိုတွေ့ရှိခဲ့ရပါတယ်လို့ သည်လေ့လာမှုကိုဦးဆောင်တဲ့ ကိန်းဘရစ်တက္ကသိုလ် MRC က ဒေါက်တာ အယ်လီနာဖက်မန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သည်လေ့လာမှုကို BMC Public Health မှာ ဖော်ပြခဲ့ပါတယ်။
Credit : Kumudra
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top