iMyanmarHouse.com - Best Property Website for Myanmar
×

အဝလြန္သူမ်ား အေနျဖင့္ စပ်စ္ဝိုင္ အနီေရာင္ကို သင့္တင့္ မွ်တစြာ ေသာက္သံုးပါလွ်င္ က်န္းမာေရး တိုးတက္ ေကာင္းမြန္ လာႏိုင္ၿပီး အဆီ ေလာင္ကြၽမ္းမႈ အားကိုလည္း ေကာင္းေစ ႏိုင္မည္ ျဖစ္ေၾကာင္း ေအာ္ရီဂြန္ တကၠသိုလ္ သုေတသီ မ်ားက ဆိုသည္။ ”အေရာင္ရင့္တဲ့ စပ်စ္သီး ျဖစ္ေစ၊ အဲဒီလို စပ်စ္သီး ကေန လုပ္ထားတဲ့ ဝိုင္အရက္ လိုမ်ဳိးျဖစ္ေစ မွန္မွန္မီွဝဲမယ္ ဆိုရင္ အသည္း အဆီဖံုး တာကို ကာကြယ္ေပးၿပီး အဆီခ်တဲ့ အခါလဲ အမ်ားႀကီး အေထာက္အကူျပဳ ပါတယ္ ” ဟု ဇီဝဓာတု ပညာရွင္ တစ္ဦးက ေျပာျပသည္။

စပ်စ္သီးတြင္ အယ္လာဂ်စ္ အက္ဆစ္ အပါအဝင္ သဘာဝဓာတု ပစၥည္းေလးမ်ဳိး ပါဝင္ၿပီး အယ္လာဂ်စ္ က အဆီဆဲလ္ မ်ားကို ေခ်ဖ်က္ေပးကာ အသစ္ထပ္မံ မျဖစ္ႏိုင္ ေအာင္ တားဆီး ေပးသည့္ အျပင္ အသည္းဆဲလ္မ်ား အတြက္ အလြန္ လိုအပ္ေသာ ဖက္တီး အက္ဆစ္ မ်ားကိုလည္း ေပါမ်ား ေစေၾကာင္း သိရသည္။

”စပ်စ္ဝုိင္ကို အဆီခ်ေဆး လိုေတာ့  မျမင္ေစခ်င္ ပါဘူး။ အဆီ ေလာင္ကြၽမ္းမႈကို ျမန္ေစတယ္ ဆိုတာကလဲ အသည္းထဲက အဆီကို ေလာင္ကြၽမ္း ေစတာပါ။ အသည္းထဲက အဆီပိုေတြ ေလာင္ကြၽမ္း သြားေတာ့ အသည္းရဲ႕ လုပ္ေဆာင္ခ်က္ ပိုေကာင္း လာၿပီး ခႏၶာကိုယ္ရဲ႕ အဆီပို ေတြကိုလဲ ဆက္လက္ ေခ်ဖ်က္ႏိုင္တာ ျဖစ္ပါတယ္။ စပ်စ္သီး၊ စပ်စ္ဝိုင္ ဆိုတာ အသည္းအဆီ မဖံုးေအာင္ စားေပး၊ ေသာက္ေပးရတဲ့ ဓာတ္စာလို႔ပဲ ျမင္ေစခ်င္ ပါတယ္ ” ဟု သုေတသီတစ္ဦး က ေျပာသည္။

စပ်စ္၊ စပ်စ္ဝုိင္ဟာ အသည္းအဆီ၊ ခႏၶာကိုယ္ အဆီတို႔ကို ေလွ်ာ့ခ် ေပးႏိုင္သလို ေသြးခ်ဳိကိုလဲ ထိန္းေပးႏိုင္တာ ေတြ႕ရပါတယ္။ အဓိက ကေတာ့ အယ္လာဂ်စ္ အက္ဆစ္ပဲ ျဖစ္ပါတယ္။ ဒီ အယ္လာဂ်စ္ အက္ဆစ္က ဆဲလ္ ေတြထဲမွာ Ppar-Alpha နဲ႔ Ppar Gamma လို႔ေခၚတဲ့ ပ႐ိုတိန္း ႏွစ္မ်ဳိးကို လႈပ္ရွား အားေကာင္း လာေစတဲ့ အတြက္ ဆဲလ္ေတြ အေနနဲ႔ အဆီနဲ႔ သၾကား ကိုပိုၿပီး ထိေရာက္စြာ ေခ်ဖ်က္ သံုးစြဲ ႏိုင္တာ ျဖစ္ပါတယ္။ ဒီလို အဆီနဲ႔သၾကားကို ေခ်ဖ်က္အား ပိုေကာင္း လာေတာ့လဲ ေသြးတြင္း ထ႐ိုက္ ဂလီဆီ႐ိုက္ အဆီေတြ မတိုးႏိုင္ေတာ့ တဲ့အတြက္ ႏွလံုး ေသြးေၾကာက်ဥ္း တဲ့ေရာဂါ အတြက္ပါ အေထာက္အကူ ျပဳႏိုင္ပါတယ္ ” ဟု ၄င္းက ဆက္လက္ ေျပာျပသည္။

သို႔ျဖစ္၍ အရြယ္ေရာက္ သူမ်ား အေနျဖင့္ ကိုယ္အေလးခ်ိန္ ေကာင္းမြန္ေအာင္ ထိန္းသိမ္းရန္ အလြန္ အေရးႀကီးေၾကာင္း၊ က်န္းမာေရး လႈပ္ရွားမႈ မလုပ္ႏိုင္လွ်င္ အစားအေသာက္ မွန္ကန္စြာ ေရြးခ်ယ္ျခင္း ျဖင့္ ထိန္းသိမ္း သင့္ေၾကာင္း၊ ထိုသို႔ ေရြးခ်ယ္ရာတြင္ စပ်စ္ျဖစ္ေစ၊ စပ်စ္ဝိုင္ ျဖစ္ေစ စားေသာက္ ေပးျခင္းသည္ အဝလြန္သူ၊ အထိုင္မ်ားသူ၊ အသည္း အဆီဖံုး သူမ်ားအတြက္ သင့္ေလ်ာ္ေသာ ဓာတ္စာ တစ္မ်ဳိး ျဖစ္ေၾကာင္း သိရသည္။

Credit: Yadanarpondaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဝလွန်သူများ အနေဖြင့် စပျစ်ဝိုင် အနီရောင်ကို သင့်တင့် မျှတစွာ သောက်သုံးပါလျှင် ကျန်းမာရေး တိုးတက် ကောင်းမွန် လာနိုင်ပြီး အဆီ လောင်ကျွမ်းမှု အားကိုလည်း ကောင်းစေ နိုင်မည် ဖြစ်ကြောင်း အော်ရီဂွန် တက္ကသိုလ် သုတေသီ များက ဆိုသည်။ ”အရောင်ရင့်တဲ့ စပျစ်သီး ဖြစ်စေ၊ အဲဒီလို စပျစ်သီး ကနေ လုပ်ထားတဲ့ ဝိုင်အရက် လိုမျိုးဖြစ်စေ မှန်မှန်မှီဝဲမယ် ဆိုရင် အသည်း အဆီဖုံး တာကို ကာကွယ်ပေးပြီး အဆီချတဲ့ အခါလဲ အများကြီး အထောက်အကူပြု ပါတယ် ” ဟု ဇီဝဓာတု ပညာရှင် တစ်ဦးက ပြောပြသည်။

စပျစ်သီးတွင် အယ်လာဂျစ် အက်ဆစ် အပါအဝင် သဘာဝဓာတု ပစ္စည်းလေးမျိုး ပါဝင်ပြီး အယ်လာဂျစ် က အဆီဆဲလ် များကို ချေဖျက်ပေးကာ အသစ်ထပ်မံ မဖြစ်နိုင် အောင် တားဆီး ပေးသည့် အပြင် အသည်းဆဲလ်များ အတွက် အလွန် လိုအပ်သော ဖက်တီး အက်ဆစ် များကိုလည်း ပေါများ စေကြောင်း သိရသည်။

”စပျစ်ဝိုင်ကို အဆီချဆေး လိုတော့  မမြင်စေချင် ပါဘူး။ အဆီ လောင်ကျွမ်းမှုကို မြန်စေတယ် ဆိုတာကလဲ အသည်းထဲက အဆီကို လောင်ကျွမ်း စေတာပါ။ အသည်းထဲက အဆီပိုတွေ လောင်ကျွမ်း သွားတော့ အသည်းရဲ့ လုပ်ဆောင်ချက် ပိုကောင်း လာပြီး ခန္ဓာကိုယ်ရဲ့ အဆီပို တွေကိုလဲ ဆက်လက် ချေဖျက်နိုင်တာ ဖြစ်ပါတယ်။ စပျစ်သီး၊ စပျစ်ဝိုင် ဆိုတာ အသည်းအဆီ မဖုံးအောင် စားပေး၊ သောက်ပေးရတဲ့ ဓာတ်စာလို့ပဲ မြင်စေချင် ပါတယ် ” ဟု သုတေသီတစ်ဦး က ပြောသည်။

စပျစ်၊ စပျစ်ဝိုင်ဟာ အသည်းအဆီ၊ ခန္ဓာကိုယ် အဆီတို့ကို လျှော့ချ ပေးနိုင်သလို သွေးချိုကိုလဲ ထိန်းပေးနိုင်တာ တွေ့ရပါတယ်။ အဓိက ကတော့ အယ်လာဂျစ် အက်ဆစ်ပဲ ဖြစ်ပါတယ်။ ဒီ အယ်လာဂျစ် အက်ဆစ်က ဆဲလ် တွေထဲမှာ Ppar-Alpha နဲ့ Ppar Gamma လို့ခေါ်တဲ့ ပရိုတိန်း နှစ်မျိုးကို လှုပ်ရှား အားကောင်း လာစေတဲ့ အတွက် ဆဲလ်တွေ အနေနဲ့ အဆီနဲ့ သကြား ကိုပိုပြီး ထိရောက်စွာ ချေဖျက် သုံးစွဲ နိုင်တာ ဖြစ်ပါတယ်။ ဒီလို အဆီနဲ့သကြားကို ချေဖျက်အား ပိုကောင်း လာတော့လဲ သွေးတွင်း ထရိုက် ဂလီဆီရိုက် အဆီတွေ မတိုးနိုင်တော့ တဲ့အတွက် နှလုံး သွေးကြောကျဉ်း တဲ့ရောဂါ အတွက်ပါ အထောက်အကူ ပြုနိုင်ပါတယ် ” ဟု ၎င်းက ဆက်လက် ပြောပြသည်။

သို့ဖြစ်၍ အရွယ်ရောက် သူများ အနေဖြင့် ကိုယ်အလေးချိန် ကောင်းမွန်အောင် ထိန်းသိမ်းရန် အလွန် အရေးကြီးကြောင်း၊ ကျန်းမာရေး လှုပ်ရှားမှု မလုပ်နိုင်လျှင် အစားအသောက် မှန်ကန်စွာ ရွေးချယ်ခြင်း ဖြင့် ထိန်းသိမ်း သင့်ကြောင်း၊ ထိုသို့ ရွေးချယ်ရာတွင် စပျစ်ဖြစ်စေ၊ စပျစ်ဝိုင် ဖြစ်စေ စားသောက် ပေးခြင်းသည် အဝလွန်သူ၊ အထိုင်များသူ၊ အသည်း အဆီဖုံး သူများအတွက် သင့်လျော်သော ဓာတ်စာ တစ်မျိုး ဖြစ်ကြောင်း သိရသည်။

Credit: Yadanarpondaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top