iMyanmarHouse.com - Best Property Website for Myanmar
×

အင္ဒိုးနီးရွားႏုိင္ငံကေန စတင္ေပါက္ဖြားလာတယ္လို႔ ယံုၾကည္ၾကတဲ့ မင္းကြတ္သီးပင္ေတြကို ျမန္မာႏုိင္ငံအပါအဝင္ အေရွ႕ေတာင္အာရွႏုိင္ငံေတြျဖစ္တဲ့ စင္ကာပူ၊ မေလးရွား၊ ထိုင္းႏုိင္ငံ၊ ဗီယက္နမ္စတဲ့ ႏုိင္ငံေတြနဲ႔ အာဖရိကတိုက္ရဲ႕ တခ်ိဳ႕ေနရာေတြမွာ ေတြ႕ရႏုိင္ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ မင္းကြတ္သီးပင္ေတြကို မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕၊ က်ဳိက္ထိုၿမိဳ႕ႏွင့္ မုဒံုၿမိဳ႕ေတြမွာ အဓိကထား စိုက္ပ်ဳိးၾကပါတယ္။ မင္းကြတ္သီးစားရင္ က်န္းမာေရးအတြက္ ဘာေတြ ေကာင္းက်ိဳးဆိုးက်ိဳးရႏုိင္လဲ ဆိုတာ စာဖတ္ပရိသတ္အတြက္ မွ်ေဝေပးခ်င္ပါတယ္။

အာရွတိုက္ေတာ္ေတာ္မ်ားမ်ားမွာ မင္းကြတ္သီးကို တိုင္းရင္းေဆးအေနနဲ႔ အသံုးျပဳခဲ့ၾကတာ ၁၈ရာစုေလာက္ကတည္းကျဖစ္ျပီး မင္းကြတ္ပင္ရဲ႕ အသီးနဲ႔ အပင္ေတြကို ေရာဂါေတြ ကုသရာမွာလည္း အသံုးျပဳခဲ့ၾကပါတယ္။

မင္းကြတ္သီးမွာ Xanthones လို႔ေခၚတဲ့ Antioxidant ဓာတ္ပါတာေၾကာင့္ ေရာင္ရမ္းမႈကိုသက္သာေစျပီး ႏွလံုးေသြးေၾကာႏွင့္ဆိုင္တဲ့ ေရာဂါေတြကို ကုသရာမွာလဲ အေထာက္အကူျဖစ္ေစပါတယ္။ ဒါ့အျပင္ Xanthones ဟာ အိုမင္းရင့္ေရာ္မႈကိုလည္း ေႏွာင့္ေႏွးေစပါတယ္။

မင္းကြတ္သီး ၁၀၀ဂရမ္မွာ ကယ္လိုရီ ၆၃ ကယ္လိုရီပဲ ပါတာေၾကာင့္ ကယ္လိုရီအရမ္းနည္းတဲ့အသီးပါ။ ကိုလက္စေတာနဲ႔ အဆီလဲ မပါဝင္တာေၾကာင့္ ကိုယ္အေလးခိ်န္မ်ားတဲ့သူေတြစားရင္ ဝိတ္မတက္ေစပါဘူး။

မင္းကြတ္သီးဟာ ဗီတာမင္ စီလဲ ၾကြယ္ဝတာေၾကာင့္ အေအးမိတုတ္ေကြးေရာဂါေတြကို သက္သာေစပါတယ္။ ဒါေပမယ့္ ကိုယ္ဝန္ေဆာင္ေတြ မင္းကြတ္သီးအစားမ်ားရင္ သေႏၶ
သားကို ထိခိုက္ေစတာေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြ မစားသင့္ပါဘူး။

မင္းကြတ္သီးဟာ ေသြးနီဥဆဲလ္ေတြကို အားေပးတဲ့ အတြက္ ေသြးအားနည္းေရာဂါကို တားဆီးေပးပါတယ္။ ေသြးလည္ပတ္မႈကို အားေကာင္းေစျပီး ရင္ဘတ္ေအာင့္တာ၊ ႏွလံုးထိခိုက္တာနဲ႔ ကိုလက္စေတာျမင့္တက္တဲ့ ေရာဂါေတြျဖစ္ပြားမႈကေန ကာကြယ္ေပးပါတယ္။

မင္းကြတ္သီးထဲက Antioxidants ေတြဟာ ကင္ဆာေရာဂါနဲ႔ ႏွလံုးေသြးေၾကြာဆိုင္ရာ ေရာဂါေတြမျဖစ္ေအာင္ ကာကြယ္ေပးသလို လူ႕ခႏၶာကိုယ္ထဲက ကိုလက္စေတာ ကို က်ဆင္းေစျပီး ႏွလံုးၾကြက္သား အလုပ္လုပ္တာကို ေကာင္းမြန္ေအာင္ ကူညီေပးပါတယ္။

မင္းကြတ္သီးထဲမွာ Copper, Manganese နဲ႔ Magnesium လို mineral ဓာတ္ေတြလဲ အမ်ားအျပားပါဝင္ပါေသးတယ္။ ႏွလံုးခုန္ႏႈုန္းနဲ႔ ေသြးဖိအားေတြေကာင္းမြန္ေနဖို႔အတြက္ အေရးၾကီးတဲ့ ပိုတက္စီယမ္ဓာတ္လဲ ပါဝင္တာေၾကာင့္ ေလျဖတ္ျခင္းနဲ႔ ႏွလံုးေရာဂါျဖစ္ပြားျခင္းေတြကေနလဲ ကာကြယ္ေပးႏုိင္ပါေသးတယ္။

မင္းကြတ္သီးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြထဲက တစ္ခုကေတာ့ အယ္ဇုိင္းမားေရာဂါရဲ႕ ေနာက္ဆက္တြဲျဖစ္တဲ့ စိတ္ေထြျပားတာနဲ႔ သတိေမ့တာေတြကို ကုသရာမွာ အသံုးဝင္တာျဖစ္ပါတယ္။

မင္းကြတ္သီးမွာ ဘက္တီးရီးယားကို ဆန႔္က်င္တဲ့ ဓာတ္ပါဝင္တာေၾကာင့္ အေရျပားေရာဂါေတြကိုလဲ ကုသႏုိင္ပါတယ္။ မင္းကြတ္သီးစားျခင္ျဖင့္ ဝက္ျခံေတြကို ေပ်ာက္ကင္းေအာင္ ကုသရာမွာ အသံုးဝင္ပါေသးတယ္။

မင္းကြတ္သီးအခြံမွာပါတဲ့ Xanthones ဟာ အဆီေတြကို ေလာင္ကြ်မ္းေစတာေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ အေထာက္အကူျဖစ္ေစပါတယ္။

အမ်ိဳးသမီးေတြအတြက္ဆိုရင္လဲ ရာသီမလာခင္ျဖစ္တတ္တဲ့ ေခါင္းကိုက္တာ၊ စိတ္ဂနာမျငိမ္ျဖစ္တာ နဲ႔ ေသြးတက္တာ စတာေတြကို သက္သာေစပါတယ္။

ဖိလစ္ပိုင္ႏုိင္ငံမွာဆိုရင္ မင္းကြတ္သီးအရြက္နဲ႔ အေခါက္ကို ဝမ္းပ်က္ဝမ္းေလ်ာေရာဂါ နဲ႔ ဆီးလမ္းေၾကာင္းေရာဂါေတြကုသဖို႔ အမ်ားအျပားစိုက္ပ်ိဳးၾကပါတယ္။

အက်ဥ္းခ်ဳပ္ေျပာရမယ္ဆိုရင္ မင္းကြတ္သီးဟာ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ေသြးထဲက သၾကားဓာတ္နဲ႔ ကိုလက္စေတာ ကို က်ဆင္းေစတယ္။ ႏွလံုးေရာဂါကို ကာကြယ္ေပးျပီး အိုမင္းရင့္ေရာ္မႈကို တားဆီးေပးတယ္။ အဖုအၾကိတ္နဲ႔ ကင္ဆာေရာဂါေတြကို သက္သာေစသလို အဆစ္အျမစ္ေယာင္တာကိုလည္း သက္သာေစပါတယ္။ ဒါ့အျပင္ ပင္ပန္းမႈအတြက္ လိုအပ္တဲ့ အာဟာရနဲ႔ ခြန္အားကို ေပးစြမ္းသလို ေအးမ်ွတဲ့ ဓာတ္ပါဝင္တာေၾကာင့္ ျမန္မာႏုိင္ငံမွာေတာ့ ဒူးရင္းသီးစားျပီးရင္ မင္းကြတ္သီးကို စားၾကတဲ့ အေလ့အထလဲ ရိွပါတယ္။

Credit:Stylecraze
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္... 

အင်ဒိုးနီးရှားနိုင်ငံကနေ စတင်ပေါက်ဖွားလာတယ်လို့ ယုံကြည်ကြတဲ့ မင်းကွတ်သီးပင်တွေကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်စတဲ့ နိုင်ငံတွေနဲ့ အာဖရိကတိုက်ရဲ့ တချို့နေရာတွေမှာ တွေ့ရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာတော့ မင်းကွတ်သီးပင်တွေကို မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့နှင့် မုဒုံမြို့တွေမှာ အဓိကထား စိုက်ပျိုးကြပါတယ်။ မင်းကွတ်သီးစားရင် ကျန်းမာရေးအတွက် ဘာတွေ ကောင်းကျိုးဆိုးကျိုးရနိုင်လဲ ဆိုတာ စာဖတ်ပရိသတ်အတွက် မျှဝေပေးချင်ပါတယ်။

အာရှတိုက်တော်တော်များများမှာ မင်းကွတ်သီးကို တိုင်းရင်းဆေးအနေနဲ့ အသုံးပြုခဲ့ကြတာ ၁၈ရာစုလောက်ကတည်းကဖြစ်ပြီး မင်းကွတ်ပင်ရဲ့ အသီးနဲ့ အပင်တွေကို ရောဂါတွေ ကုသရာမှာလည်း အသုံးပြုခဲ့ကြပါတယ်။

မင်းကွတ်သီးမှာ Xanthones လို့ခေါ်တဲ့ Antioxidant ဓာတ်ပါတာကြောင့် ရောင်ရမ်းမှုကိုသက်သာစေပြီး နှလုံးသွေးကြောနှင့်ဆိုင်တဲ့ ရောဂါတွေကို ကုသရာမှာလဲ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် Xanthones ဟာ အိုမင်းရင့်ရော်မှုကိုလည်း နှောင့်နှေးစေပါတယ်။

မင်းကွတ်သီး ၁၀၀ဂရမ်မှာ ကယ်လိုရီ ၆၃ ကယ်လိုရီပဲ ပါတာကြောင့် ကယ်လိုရီအရမ်းနည်းတဲ့အသီးပါ။ ကိုလက်စတောနဲ့ အဆီလဲ မပါဝင်တာကြောင့် ကိုယ်အလေးချိန်များတဲ့သူတွေစားရင် ဝိတ်မတက်စေပါဘူး။

မင်းကွတ်သီးဟာ ဗီတာမင် စီလဲ ကြွယ်ဝတာကြောင့် အအေးမိတုတ်ကွေးရောဂါတွေကို သက်သာစေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေ မင်းကွတ်သီးအစားများရင် သန္ဓေ
သားကို ထိခိုက်စေတာကြောင့် ကိုယ်ဝန်ဆောင်တွေ မစားသင့်ပါဘူး။

မင်းကွတ်သီးဟာ သွေးနီဥဆဲလ်တွေကို အားပေးတဲ့ အတွက် သွေးအားနည်းရောဂါကို တားဆီးပေးပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ရင်ဘတ်အောင့်တာ၊ နှလုံးထိခိုက်တာနဲ့ ကိုလက်စတောမြင့်တက်တဲ့ ရောဂါတွေဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။

မင်းကွတ်သီးထဲက Antioxidants တွေဟာ ကင်ဆာရောဂါနဲ့ နှလုံးသွေးကြွောဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးသလို လူ့ခန္ဓာကိုယ်ထဲက ကိုလက်စတော ကို ကျဆင်းစေပြီး နှလုံးကြွက်သား အလုပ်လုပ်တာကို ကောင်းမွန်အောင် ကူညီပေးပါတယ်။

မင်းကွတ်သီးထဲမှာ Copper, Manganese နဲ့ Magnesium လို mineral ဓာတ်တွေလဲ အများအပြားပါဝင်ပါသေးတယ်။ နှလုံးခုန်နှုုန်းနဲ့ သွေးဖိအားတွေကောင်းမွန်နေဖို့အတွက် အရေးကြီးတဲ့ ပိုတက်စီယမ်ဓာတ်လဲ ပါဝင်တာကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားခြင်းတွေကနေလဲ ကာကွယ်ပေးနိုင်ပါသေးတယ်။

မင်းကွတ်သီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေထဲက တစ်ခုကတော့ အယ်ဇိုင်းမားရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ စိတ်ထွေပြားတာနဲ့ သတိမေ့တာတွေကို ကုသရာမှာ အသုံးဝင်တာဖြစ်ပါတယ်။

မင်းကွတ်သီးမှာ ဘက်တီးရီးယားကို ဆန့်ကျင်တဲ့ ဓာတ်ပါဝင်တာကြောင့် အရေပြားရောဂါတွေကိုလဲ ကုသနိုင်ပါတယ်။ မင်းကွတ်သီးစားခြင်ဖြင့် ဝက်ခြံတွေကို ပျောက်ကင်းအောင် ကုသရာမှာ အသုံးဝင်ပါသေးတယ်။

မင်းကွတ်သီးအခွံမှာပါတဲ့ Xanthones ဟာ အဆီတွေကို လောင်ကျွမ်းစေတာကြောင့် ကိုယ်အလေးချိန်လျော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

အမျိုးသမီးတွေအတွက်ဆိုရင်လဲ ရာသီမလာခင်ဖြစ်တတ်တဲ့ ခေါင်းကိုက်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ နဲ့ သွေးတက်တာ စတာတွေကို သက်သာစေပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် မင်းကွတ်သီးအရွက်နဲ့ အခေါက်ကို ဝမ်းပျက်ဝမ်းလျောရောဂါ နဲ့ ဆီးလမ်းကြောင်းရောဂါတွေကုသဖို့ အများအပြားစိုက်ပျိုးကြပါတယ်။

အကျဉ်းချုပ်ပြောရမယ်ဆိုရင် မင်းကွတ်သီးဟာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သွေးထဲက သကြားဓာတ်နဲ့ ကိုလက်စတော ကို ကျဆင်းစေတယ်။ နှလုံးရောဂါကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်။ အဖုအကြိတ်နဲ့ ကင်ဆာရောဂါတွေကို သက်သာစေသလို အဆစ်အမြစ်ယောင်တာကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ပင်ပန်းမှုအတွက် လိုအပ်တဲ့ အာဟာရနဲ့ ခွန်အားကို ပေးစွမ်းသလို အေးမျှတဲ့ ဓာတ်ပါဝင်တာကြောင့် မြန်မာနိုင်ငံမှာတော့ ဒူးရင်းသီးစားပြီးရင် မင်းကွတ်သီးကို စားကြတဲ့ အလေ့အထလဲ ရှိပါတယ်။

Credit:Stylecraze

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top