iMyanmarHouse.com - Best Property Website for Myanmar
×

သဇင္ထူးျမင့္ကေတာ့ သရုပ္ေဆာင္ခင္လႈိင္ရဲ႔ အငယ္ဆုံးသမီးရတနာေလးျဖစ္ပါတယ္။ေပ်ာ္ရႊင္စရာေကာင္းတ့ဲ မိသားစုေလးမွာ ေမြးဖြားလာတဲ့ သူ႔အေနနဲ႔ ဒီဇင္ဘာလ ၃၁ ရက္ေန႔မွာက်ေရာက္မယ့္ သူ႔ရဲ႕ ေမြးေန႔အတြက္ ေဖေဖ ေမေမ နဲ႔ အစ္ကုိ ႏွစ္ေယာက္ကုိ လုိခ်င္တဲ့လက္ေဆာင္ေတြ ကုိ ပူဆာထားတယ္လုိ႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။

'' ဒီႏွစ္ ေမြးေန႔ကေတာ့ ၁၈ ႏွစ္ျပည့္မွာပါ။ ေဖေဖ့ရဲ႕ သမီးအျဖစ္ေမြးဖြားလာတဲ့အတြက္လည္း အရမ္းကုိ ဂုဏ္ယူရပါတယ္။ ႏွစ္တိုင္းမွာလည္း ေဖေဖက ညီမ ႏွစ္တိုင္း ညီမလုိခ်င္တဲ့ လက္ေဆာင္တစ္ခုခုကုိ အျမဲတမ္းေပးတယ္။ ညီမေမြးေန႔မွာေတာ့ အလွဴလုပ္ျဖစ္တာမ်ားပါတယ္။ ေမြးေန႔တုိင္းေတာ့ အဲ့ဒီလုိပဲ ျဖတ္သန္းျဖစ္ပါတယ္။ ကုိႀကီးကုိေတာ့ လုိခ်င္တဲ့လက္ေဆာင္ပူဆာထားတာရွိပါတယ္ ၿပီးေတာ့လည္း အစ္ကုိ တစ္ေယာက္က ညီမတစ္ေယာက္ကုိ I Phone လက္ေဆာင္ေပးထားတယ္ ဆုိတဲ့ Post ေလးကုိလည္း Share ထားပါတယ္'' လုိ႔ သူကဆုိပါတယ္။

အရမ္းကုိ ေႏြးေထြးတဲ့ မိသားစုဘဝေလးအေပၚ အရမ္းေက်နပ္တယ္လုိ႔ ဆုိပါတယ္။

'' ညီမအေနနဲ႔ေတာ့ အရမ္းကိုေကာင္းတဲ့ မိသားစုေလးပါ။ ေဖေဖတုိ႔ရဲ႕ သမီးျဖစ္ရတာလည္း အရမ္းဝမ္းသာပါတယ္။ ညီမတုိ႔ မိသားစုပုံစံ ေလး ကေတာ့ ေပါ့ေပါ့ပါးပါးပါပဲ သိပ္ၿပီးေတာ့ စိတ္ညစ္စရာဆုိတာလည္း မရွိဘူး တကယ္ကို ေႏြးေထြးပါတယ္။ ေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးရ လုိ႔ လည္း အရမ္းေက်နပ္ပါတယ္။ ေမြးေန႔လက္ေဆာင္အေနနဲ႔ေတာ့ ဒီ့ထက္ပုိၿပီးခ်စ္ေပးပါ'' လုိ႔ သဇင္ထူးျမင့္က ေျပာပါတယ္။

သဇင္ထူးျမင့္ကေတာ့ သရုပ္ေဆာင္ခင္လႈိင္ ရဲ႕ သမီးငယ္ေလးျဖစ္ၿပီး သရုပ္ေဆာင္ေနရဲ ရဲ႕ အခ်စ္ရဆုံး ညီမငယ္ေလးတစ္ဦးျဖစ္ပါတယ္။ သူ႔အေနနဲ႔ အခုလက္ရွိမွာ ပညာေရးဘက္ကုိပဲ အဓိကထားလုပ္ေဆာင္ေနသူတစ္ေယာက္ျဖစ္ၿပီး ဘာသာစကားေလ့လာရတာကုိ ဝါသနာပါ တယ္လုိ႔ သိရပါတယ္။ အႏုပညာဘက္ကုိလည္း သဇင္ထူးျမင့္က ဝါသနာမပါဘူးတဲ့။

Photo: သဇင္ထူးျမင့္ေဖ့စ္ဘုတ္
Credit: Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင်ရဲ့ အငယ်ဆုံးသမီးရတနာလေးဖြစ်ပါတယ်။ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးမှာ မွေးဖွားလာတဲ့ သူ့အနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာကျရောက်မယ့် သူ့ရဲ့ မွေးနေ့အတွက် ဖေဖေ မေမေ နဲ့ အစ်ကို နှစ်ယောက်ကို လိုချင်တဲ့လက်ဆောင်တွေ ကို ပူဆာထားတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ဒီနှစ် မွေးနေ့ကတော့ ၁၈ နှစ်ပြည့်မှာပါ။ ဖေဖေ့ရဲ့ သမီးအဖြစ်မွေးဖွားလာတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူရပါတယ်။ နှစ်တိုင်းမှာလည်း ဖေဖေက ညီမ နှစ်တိုင်း ညီမလိုချင်တဲ့ လက်ဆောင်တစ်ခုခုကို အမြဲတမ်းပေးတယ်။ ညီမမွေးနေ့မှာတော့ အလှူလုပ်ဖြစ်တာများပါတယ်။ မွေးနေ့တိုင်းတော့ အဲ့ဒီလိုပဲ ဖြတ်သန်းဖြစ်ပါတယ်။ ကိုကြီးကိုတော့ လိုချင်တဲ့လက်ဆောင်ပူဆာထားတာရှိပါတယ် ပြီးတော့လည်း အစ်ကို တစ်ယောက်က ညီမတစ်ယောက်ကို I Phone လက်ဆောင်ပေးထားတယ် ဆိုတဲ့ Post လေးကိုလည်း Share ထားပါတယ်'' လို့ သူကဆိုပါတယ်။

အရမ်းကို နွေးထွေးတဲ့ မိသားစုဘဝလေးအပေါ် အရမ်းကျေနပ်တယ်လို့ ဆိုပါတယ်။

'' ညီမအနေနဲ့တော့ အရမ်းကိုကောင်းတဲ့ မိသားစုလေးပါ။ ဖေဖေတို့ရဲ့ သမီးဖြစ်ရတာလည်း အရမ်းဝမ်းသာပါတယ်။ ညီမတို့ မိသားစုပုံစံ လေး ကတော့ ပေါ့ပေါ့ပါးပါးပါပဲ သိပ်ပြီးတော့ စိတ်ညစ်စရာဆိုတာလည်း မရှိဘူး တကယ်ကို နွေးထွေးပါတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးရ လို့ လည်း အရမ်းကျေနပ်ပါတယ်။ မွေးနေ့လက်ဆောင်အနေနဲ့တော့ ဒီ့ထက်ပိုပြီးချစ်ပေးပါ'' လို့ သဇင်ထူးမြင့်က ပြောပါတယ်။

သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးငယ်လေးဖြစ်ပြီး သရုပ်ဆောင်နေရဲ ရဲ့ အချစ်ရဆုံး ညီမငယ်လေးတစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ ပညာရေးဘက်ကိုပဲ အဓိကထားလုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပြီး ဘာသာစကားလေ့လာရတာကို ဝါသနာပါ တယ်လို့ သိရပါတယ်။ အနုပညာဘက်ကိုလည်း သဇင်ထူးမြင့်က ဝါသနာမပါဘူးတဲ့။

Photo: သဇင်ထူးမြင့်ဖေ့စ်ဘုတ်
Credit: Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top