ပါဝင်ပစ္စည်း
အုန်းဆီ
ကြက်သွန်နီ
ကြက်သွန်ဖြူ
ပြုလုပ်နည်း
ဘယ်လိုသုံးမလဲ
အကျိုးကျေးဇူး
Credit : MyStyle
ဆံပင်ကျွတ်တဲ့ပြဿနာဟာ အမျိုးသမီး၊ အမျိုးသားပါမကျန် ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဆံပင်ခဏခဏကျွတ်နေလို့ စိတ်ညစ်နေသူတွေအတွက် စိုးရိမ်စရာမလိုတော့ပါဘူးနော်။ ဆံပင်ကျွတ်တာသက်သာပြီး ဆံကေသာကို နက်မှောင်သန်စွမ်းစေမယ့် နည်းလမ်းကောင်းတစ်ခုကိုမျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
အုန်းဆီ
ကြက်သွန်နီ
ကြက်သွန်ဖြူ
လက်ဖက်ဆီ (Tea Tree Oil) (ထည့်ချင်မှ ထည့်လို့ရပါတယ်)
ပြုလုပ်နည်း
အရင်ဆုံး ကြက်သွန်ဖြူ ဥ ကြီး ၂ ဥကိုအခွံလေးတွေနွှာလိုက်ပြီး အတုံးသေးသေးလေးတွေ စိတ်လိုက်ပါ။
ပြီးရင် ကြက်သွန်နီကိုလည်း အခွံနွှာပြီး အတုံးသေးသေးလေးတွေ တုံးလိုက်ကာ ခွက်ထဲထည့်လိုက်ပါ။
အဲဒီနောက် ဆီကိုထည့်ပြီး မီးဖိုပေါ်မှာ တင်ပေးလိုက်ပါ။
အပူချိန်အနေတော်လောက်နဲ့ သည်ပေးပြီး ကြက်သွန်နွှမ်းသွားတဲ့ထိ သည်ပေးပါ။
ကြက်သွန်နွှမ်းသွားရင် မီးဖိုပေါ်ကချပြီး ခွက်တစ်လုံးထဲထည့်ကာ အအေးခံလိုက်ပါ။
လုံးဝအေးသွားရင် လက်ဖက်ဆီထည့်ပါ။
အဲဒီနောက် ဆီကို ဆစ်ချလိုက်ပါ။
ဘယ်လိုသုံးမလဲ
ဦးရေပြား နဲ့ ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးလိုက်ပြီး အနည်းဆုံး ၁ နာရီ (သို့) တစ်ညလောက်ထားနိုင်ပါတယ်။ ပြီးရင်တော့ ခေါင်းလျှော်ရည် ပေါင်းဆေးတို့နဲ့ လျှော်ချလိုက်ပါ။
အကျိုးကျေးဇူး
ကြက်သွန်ဖြူက ဆံပင်ကျွတ်တာကို သက်သာစေပြီး ဦးရေပြား သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။
လက်ဖက်ဆီကတော့ ဗောက်ထတာကို ကာကွယ်ပေးပါတယ်။
ကြက်သွန်နီကတော့ ဆံကေသာကို သန်စွမ်းစေပြီး ဦးရေပြားကို ကျန်းမာစေပါတယ်။
Credit : MyStyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...