iMyanmarHouse.com - Best Property Website for Myanmar
×

 သိန္းငါးရာဆု ႏွစ္ဆုေလ်ာ့ခ်သြားမွာပါ။
 ဇန္နဝါရီ ၁ ရက္မွာ ဖြင့္လွစ္မယ့္ (၁၀)ႀကိမ္ေျမာက္ ေအာင္ဘာေလထီမွာ က်ပ္သိန္းငါးရာဆု ႏွစ္ဆုကိုေလွ်ာ့ၿပီး က်ပ္တစ္သိန္းဆု အ ေရအတြက္ တစ္ေထာင္တိုးေပးသြားမယ္လို႔ ေအာင္ဘာေလ သိန္းဆုဌာနခြဲက သတင္းထုတ္ျပန္ထားပါတယ္။

(၉)ႀကိမ္ေျမာက္ ေအာင္ဘာေလထီမွာ က်ပ္သိန္းငါးရာဆု ၁၀ ဆု တိုးျမႇင့္ဖြင့္လွစ္ခဲ့ေပမယ့္ (၁၀)ႀကိမ္ေျမာက္မွာ ရွစ္ဆုပဲ ဖြင့္လွစ္မယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ (၁၀)ႀကိမ္ေျမာက္မွာ က်ပ္တစ္သိန္းဆုကို ဆုတစ္ေထာင္တိုးၿပီး က်ပ္တစ္သိန္းဆု အေရအတြက္ ၁၃,၀၀၀ အထိ ခြဲေဝခ်ီးျမႇင့္မယ္လုိ႔ သိရပါတယ္။

‘‘ဆုအေရအတြက္က တိုး သြားေပမယ့္ ဆုေငြပမာဏကေတာ့ အေျပာင္းအလဲမရွိပါဘူး။ က်ပ္သိန္းငါးရာႏွစ္ဆုက က်ပ္ သိန္းတစ္ေထာင္ကို က်ပ္တစ္ သိန္းဆုေတြနဲ႔ အစားထိုးလိုက္တဲ့ သေဘာပဲ။ အဲဒီအတြက္ေၾကာင့္ ထီေပါက္ႏုိင္တဲ့ အခြင့္အလမ္း ေတြ ပိုမ်ားသြားေစတာေပါ့’’လို႔ ပင္ရင္းထီ အေရာင္းကိုယ္စားလွယ္တစ္ဦးက ေျပာပါတယ္။

က်ပ္သိန္းငါးရာဆုအေရအတြက္ တိုးျမွင့္ထားတာေၾကာင့္ (၁၀)ႀကိမ္ေျမာက္ ေအာင္ဘာေလထီမွာ စုစုေပါင္းဖြင့္လွစ္ေပးမယ့္ ဆုေပါင္း ၁၂၄,၂၀၄ ဆု အထိရွိလာမယ္လုိ႔ ေအာင္ဘာေလသိန္းဆုဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 သိန်းငါးရာဆု နှစ်ဆုလျော့ချသွားမှာပါ။

ဇန်နဝါရီ ၁ ရက်မှာ ဖွင့်လှစ်မယ့် (၁၀)ကြိမ်မြောက် အောင်ဘာလေထီမှာ ကျပ်သိန်းငါးရာဆု နှစ်ဆုကိုလျှော့ပြီး ကျပ်တစ်သိန်းဆု အ ရေအတွက် တစ်ထောင်တိုးပေးသွားမယ်လို့ အောင်ဘာလေ သိန်းဆုဌာနခွဲက သတင်းထုတ်ပြန်ထားပါတယ်။

(၉)ကြိမ်မြောက် အောင်ဘာလေထီမှာ ကျပ်သိန်းငါးရာဆု ၁၀ ဆု တိုးမြှင့်ဖွင့်လှစ်ခဲ့ပေမယ့် (၁၀)ကြိမ်မြောက်မှာ ရှစ်ဆုပဲ ဖွင့်လှစ်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် (၁၀)ကြိမ်မြောက်မှာ ကျပ်တစ်သိန်းဆုကို ဆုတစ်ထောင်တိုးပြီး ကျပ်တစ်သိန်းဆု အရေအတွက် ၁၃,၀၀၀ အထိ ခွဲဝေချီးမြှင့်မယ်လို့ သိရပါတယ်။

‘‘ဆုအရေအတွက်က တိုး သွားပေမယ့် ဆုငွေပမာဏကတော့ အပြောင်းအလဲမရှိပါဘူး။ ကျပ်သိန်းငါးရာနှစ်ဆုက ကျပ် သိန်းတစ်ထောင်ကို ကျပ်တစ် သိန်းဆုတွေနဲ့ အစားထိုးလိုက်တဲ့ သဘောပဲ။ အဲဒီအတွက်ကြောင့် ထီပေါက်နိုင်တဲ့ အခွင့်အလမ်း တွေ ပိုများသွားစေတာပေါ့’’လို့ ပင်ရင်းထီ အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ကျပ်သိန်းငါးရာဆုအရေအတွက် တိုးမြှင့်ထားတာကြောင့် (၁၀)ကြိမ်မြောက် အောင်ဘာလေထီမှာ စုစုပေါင်းဖွင့်လှစ်ပေးမယ့် ဆုပေါင်း ၁၂၄,၂၀၄ ဆု အထိရှိလာမယ်လို့ အောင်ဘာလေသိန်းဆုဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top