iMyanmarHouse.com - Best Property Website for Myanmar
×

( ၁ ) Doctor ဝတဲ့သူ ေတြမွာ အေၾကာ ျပတ္ ၾကပါတယ္ အေၾကာ ျပတ္တာ ေပ်ာက္ေအာင္ ဘယ္လို လုပ္ရပါသလဲ

( ၂ ) ဆရာ ရွင့္ အေၾကာ ျပတ္ တဲ့ အေၾကာင္း ေလး လည္း ရွင္းျပ ေပးပါဦး ဆရာ။ ကြ်န္မ ရဲ႕ ဒူးေခါင္း နဲ႔ ေပါင္ျခံ ေတြမွာ သိသိ သာသာ ၾကီး အေၾကာျပတ္ လာပါ တယ္။ အေၾကာျပတ္ တာ ကုလုိ႔ ရပါသလား။ သူမ်ား ေျပာတာ သံလြင္ ဆီ လိမ္း ရတယ္ ဆုိတာ အေၾကာ မျပတ္ခင္ လိမ္းရတာ မဟုတ္လား။ ျပတ္ျပီး သား အရာ ေၾကာင္းၾကီး ေကာ လိမ္းေဆး ရွိပါ သလား ဆရာ။
“ဗိုက္အေၾကာ ျပတ္တယ္” လို႔ ေျပာေလ့ ရွိတဲ့ ဟာက ေရာဂါ ေတာ့ မဟုတ္ တတ္ ဘူး။ က်န္းမာေရး ျပႆနာ ေတာ့ ျဖစ္ တယ္။ ဗိုက္မွာ တင္ မဟုတ္ ပါ။ ရင္သား၊ တင္ပါး၊ ေပါင္ စတဲ့ ေနရာ ေတြ မွာပါ ျဖစ္တတ္ တယ္။ ျဖစ္တဲ့ ေနရာ မွာ ျပိဳင္ေန တဲ့ မ်ဥ္းေၾကာင္း ေတြလို၊ ပါးလ်၊ ေျပာင္ ေခ်ာ၊ အေရာင္ ေဖ်ာ့၊ ျဖစ္စ မွာ အနီေရာင္၊ ၾကာရင္ ေငြေရာင္၊ အမာရြတ္ လိုလို အပုိေတြ ျဖစ္လာ တယ္။ အနား ရွိတဲ့ ပံုမွန္ အေရျပား ထက္ နဲနဲ နိမ့္ျပီး၊ ထိ – ကိုင္ၾကည့္ ရင္ ခံစားမႈ မတူ ဘူး။

ကုိယ္ဝန္ ေဆာင္ ရလို႔ ျဖစ္ရ တာက အမ်ားဆံုး ပါ။ ကုိယ္ဝန္ ရင့္လာ ခ်ိန္ ၇၅% ကေန ၉ဝ% မိခင္ ေလာင္း ေတြ မွာ ျဖစ္ ပါတယ္။ ကိုယ္ဝန္ မဟုတ္ ဘဲ ရုတ္တရက္ ဝလာ – ပိန္သြား တာက ေန လည္း ျဖစ္တတ္ တယ္။ တျခား အေၾကာင္း ခံ ေရာဂါ ေတြ လည္း ရွိေသး တယ္။ ( ေကာ္တီဇုန္း ) လိမ္းေဆး ၾကာၾကာ သံုးလို႔၊ ဆီးခ်ိဳ ေရာဂါ၊ Cushing syndrome, Ehlers – Danlos syndrome, Lichen planus ေရာဂါ တခုခု ရွိလို႔ ျဖစ္တတ္ တယ္။ လူပ်ိဳ ဝင္၊ အပ်ိဳ ျဖစ္ဆို တဲ့ အရြယ္ ေရာက္ခ်ိန္ မွာ ကိုယ္ခႏၶာ အခ်ိဳး အစား ေျပာင္းလာ လို႔ လည္း ျဖစ္ရ ပါတယ္။ လူပ်ိဳ ျဖစ္ျပီး ေနာက္ ( မာစတာ ေဘးရွင္း ) လုပ္တတ္ တဲ့ အရြယ္ မို႔ ဒူး ေနရာ အေၾကာေတြ ျပတ္တာ ရင္ ဒီ အေလ့ ေၾကာင့္လို႔ ေျပာင္ ခ်င္ၾက တယ္။

Collagen ( ကိုလာဂ်င္ ) ေတြ ပံုမွန္ မဟုတ္ ျဖစ္လာ လို႔၊ အေရျပား ရဲ႕ အလည္ ထပ္ Dermis မွာ သြား ျဖစ္ ပါတယ္။ Glucocorticoid ေဟာ္မုန္း နဲ႔ ဆိုင္ေသး တယ္။ လူမဲ ေတြ မွာ အျဖစ္ နည္း တယ္။ မ်ိဳးရိုး လိုက္တာ လည္း ရွိတယ္။ အေမ ျဖစ္ရင္ သမီး ေတြမွာ အျဖစ္ မ်ား လို႔ မိန္းမ မယူ ခင္ သူ႔အေမ ကိုပါ ေလ့လာ သင့္ တယ္။ ေစ်း အၾကီးဆံုး ေမာ္ဒယ္ ၁ဝ ေယာက္ စာရင္း ဝင္ ၾသစေၾတးလ် က Miranda Kerr ကေလး ယူေတာ့ မယ္ ဆိုေတာ့ သူ႔ အဖြါးက ေျပာတယ္ “ခါးရ္ မိသားစု မွာ ဗိုက္ေၾကာ ျပတ္ တဲ့ ရာဇဝင္ မရွိဘူး” တဲ့။

ဘယ္လို ကုရမလဲ ဆိုတာ “ေျပာ ရမွာ ေတာ့ ဝမ္းနည္း ပါတယ္။” ( ဒီ စကား အသံုး အႏံႈး က I am sorry to tell you ကို တိုက္ရိုက္ ဘာသာ ျပန္ ေျပာ တာပါ။ ေနာက္ေပၚ အသံုး အႏံႈး တခုပါ။ ဒီလို ပါဘဲ ႏုတ္ဆက္ ရင္ “မဂၤလာပါ” လို႔ ေျပာလာ ေန ၾကတယ္။ မူလ ပဋိ သႏၶာရ စကားက “ေနေကာင္း လား” “ထမင္း စားျပီး ျပီလား” မ်ိဳး သာ ျဖစ္ပါ တယ္။ Good morning ကို ဘာသာ ျပန္ရာ ကေန အခုေတာ့ ယဥ္ေက်း တဲ့ ႏုတ္ခြန္း ဆက္ တခု လိုလို ျဖစ္လာ တယ္။ ကုိယ့္ စကား ကုိယ္ အား မရ တာလား။ ဗိုလ္ ဆန္ခ်င္ တာလား ေတာ့ မသိ ဘူး။ )

ေၾကာ္ညာ ျပီး ေရာင္းတဲ့ ( ခရင္မ္ ) ေတြက လက္ေတြ႔ မွာ တကယ္ ေကာင္းတယ္ လို႔ အာမ မခံ ႏိုင္ပါ။ အေၾကာ ျပတ္တာ ျဖစ္ ေစတဲ့ အခံ ေရာဂါ ရွိရင္ ကုသ ဘို႔ လိုတယ္။ မျဖစ္ ေအာင္ ကာကြယ္ ဘို႔ လိုမယ္။ ဒါ့ေၾကာင့္ ကိုယ္ ခႏၶာ အေလးခ်ိန္ ကို အေျပာင္း အလဲ မျမန္ေအာင္ သတိ ထား ရမယ္။ ေကာ္တီဇံုး ေဆးေတြ သိပ္ လိုအပ္ မွ သာ သံုးပါ။ ကုိယ္ဝန္ ေဆာင္ ေနတံုး မွာ ေလ့က်င့္ခန္း လုပ္ပါ။ ဆီးခ်ိဳ ရွိ – မရွိ စစ္ပါ၊ ကုပါ။ ေဟာ္မုန္း ပါ ေဆးေတြ ကို သတိ ထားပါ။

အေၾကာ ျပတ္တာ က အမာရြတ္ သေဘာ နဲ႔ တူတယ္။ အမာရြတ္ ဆိုတာ မ်ိဳး က ေပ်ာက္ သြားေအာင္ လုပ္ လို႔ မရ သေလာက္ ပါ။ အနာ – ဒဏ္ရာ ျဖစ္တံုး က အေရျပား ကို ဘယ္ေလာက္ ထိ နက္ သြားခဲ့ သလဲ အေပၚ မွာ မူတည္ ျပီး အၾကီး – အေသး၊ အေပ်ာက္ ေႏွး – ျမန္ ကြာ တယ္။ ျဖစ္တဲ့ ေနရာ အရ လည္း မတူ ၾက သလို၊ လူ အေပၚမွာ ပါ တည္ေသး တယ္။ အသား အေရ ေကာင္းသူ၊ အရြယ္ ငယ္ငယ္ မွာ အေပၚယံ ျဖစ္တဲ့ အမာရြတ္ ဆိုရင္ ၾကာ ေလေလ ေပ်ာက္ ေလေလ။

စိတ္ဓါတ္ မက် ပါနဲ႔အံုး။ သုေတသန တခု က Gotu kola, Vitamin E, Collagen hydrolysates ေတြ က အေၾကာျပတ္ တာ အတြက္ အက်ိဳး ရွိတယ္ လို႔ ဆိုပါတယ္။ Gotu kola ဆိုတာ တျခား မဟုတ္ဘူး ျမင္းခြါရြက္ ပါ။ Collagen hydrolysates ဆိုတာ က လည္း Shampoos, Conditioners, Soaps, Face cares, Make – up လူသံုး ပစၥည္း ေတြ မွာ ပါတဲ့ ဓါတ္ပါဘဲ။ ဗီတာမင္ E ကို စာ တပုဒ္ ေရးထား ပါတယ္။

ေနာက္ သုေတသန တခု က Vitamin E, Panthenol, Hyaluronic acid, Elastin နဲ႔ Menthol ေတြပါတဲ့ ( Verum ) Cream က ေကာင္းတယ္ လို႔ ဆိုတယ္။ Cocoa butter ဆိုတာ ကလည္း ေရေငြ႔ ေပးတာ မို႔ ေကာင္းတယ္ ေျပာ တယ္။ သုေတ သန ေတာ့ မရွိေသး ဘူး။

Dermatologic Surgery ဂ်ာနယ္ က Radiofrequency combined with 585 – nm pulsed dye laser နဲ႔ ၃၇ ေယာက္ ကို ကုတာ၊ ၃၃ ေယာက္ မွာ အလြန္ ေကာင္း တဲ့ ရလဒ္ ရတယ္ လို႔ ဆိုပါ တယ္။ Tummy tuck ေခၚ တဲ့ ခြဲစိတ္ ဖယ္ရွား မႈ လည္း လုပ္ၾက တယ္။ Fractional laser resurfacing ( ေလဆာ ) နည္းသစ္ က လည္း ပိုေကာင္း သတဲ့။

Dermatological Treatment ဂ်ာနယ္ “Treatment of striae distensae with a TriPollar radiofrequency device: A pilot study” စာတမ္း မွာ အမ်ိဳး သမီး ၁၇ ေယာက္ ကို ၆ ပါတ္ ကုသ ေပး တာ ေဆးပါတ္ ျပည့္ ျပီး ေနာက္ ၁ ပါတ္ မွာ ၃၈႕၂ % က ၂၅႕၅ % နဲ႔ ၁၁႕၈ % က ၅၁႕၇၅ % တိုးတက္မႈ ေတြ႔ရ တယ္။ ၂၃ % က ေက်နပ္ ၾကျပီး၊ ၁၂ % ကေတာ့ ေက်နပ္မႈ မရွိဘူး ဆို ပါတယ္။

“အေၾကာ ျပတ္တာ က်န္းမာေရး ျပႆနာ” လို႔ ေရးခဲ့ ပါတယ္။ လူ ဆိုတာ ေမြးတံုး ကထက္ ျဖစ္ႏိုင္ ရင္ ပိုလွ ခ်င္၊ ပိုေကာင္း ခ်င္၊ ပို က်န္းမာ သန္စြမ္း ခ်င္ ၾကတယ္။ ေလ်ာ့ သြား၊ က် သြား၊ ေျပာင္း သြားရင္ လည္း နဂို အေန ျပန္ ျဖစ္ခ်င္ ၾကတယ္။ ဒီ အထိ ေတာ့ ( ေနာ္မယ္ ) ပါ။ မျဖစ္ ႏိုင္ဘူး ဆိုတာ ကို ပါ ျဖစ္ခ်င္ ေနရင္ ေတာ့ ေဝဒနာ တိုးတာ ပါ။ ဒါ့ေၾကာင့္ ကံနဲ႔ စိတ္ ဟာ အေၾကာင္း တရား ေတြထဲ မွာ ပါေန တာေပါ့။ အဲဒါ ေၾကာင့္ လည္း စိတ္ ကုိ ထားတတ္ ေအာင္ ျပဳျပင္ နည္းေတြ၊ ကံ တရား ေကာင္း ေအာင္ က်င့္ၾကံ စရာ ေတြ ေပၚေပါက္ လာခဲ့တယ္။

ေကာင္းျခင္း ငါးျဖာ ထဲမွာ ဆံပင္၊ အသား၊ အရိုး၊ အရြယ္ နဲ႔ အတူ အေရ ၏ ေကာင္းျခင္း လည္း ပါတယ္။ အမ်ိဳး သမီး ေတြ သာမက အမ်ိဳးသား ေတြ အတြက္ လည္း ဗိုက္စူ၊ ဗိုက္ပူ ေတြ မျဖစ္ခ်င္ ၾကတာမို႔ “ဗိုက္ေခါက္ က်န္းမာေရး” က အေတာ္ အေရး ပါလွ တယ္။ ဗိုက္ေၾကာ ျပတ္တာ က အေရျပား မွာ ျဖစ္တာ ပါ။ အေရျပား ေအာက္မွာ အဆီ ျပင္၊ ၾကြက္သား၊ ေနာက္ခံ အရြတ္ ျပား၊ အတြင္းဆံုး ၾကမွ ဗိုက္ကို ဖံုးေန တဲ့ အလႊာ ဆိုျပီး ၅ ထပ္ ရွိတယ္။ ဗိုက္ မစူ ခ်င္ရင္ ဗိုက္ လွ ခ်င္ရင္ အေရျပား လွ ရမယ္။ အဆီ မထူ ရဘူး။ ( ဗယ္လီ ) ေခၚတဲ့ ဗိုက္ ၾကြက္သား သန္ ေနရမယ္။ တခ်ိဳ႕ သိပ္ မသိၾက တာက အရြတ္ျပား ရဲ႕ အေရးပါ မႈ ဘဲ။ ဗိုက္ ကို ခြဲစိတ္ ရရင္ ဒီ အထပ္ ကို က်က် နန ျပန္ခ်ဳပ္ ေပးရတာ လက္ဝင္ တဲ့ အလုပ္ တခုေပါ့။

လူ တေယာက္ ကို ၾကည့္တာ နဲ႔ ဗီတာမင္ ဘီ ၂ နည္း ေနတာ ကို သိႏိုင္ တယ္။ ပါးစပ္ ေဘး စြန္း ေတြ မွာ အေရာင္ ေဖ်ာ့ေန၊ နီေန။ အနာ ျဖစ္ခ်င္ ေနတာ ျမင္ရ မယ္။ ဆက္သိ ဘို႔က သူ႔မွာ ဘီ ၂ နည္း ေနရင္ ဘီ ၁ လည္း နည္း ေနႏိုင္ သလို၊ တျခား တျခား အာဟာရ ေတြ ပါ နည္း ႏိုင္တယ္ လို႔ မွန္းတတ္ ရတယ္။ ဒီ ဆင္ျခင္မႈ သေဘာ အတိုင္း ဘဲ ဗိုက္ ေၾကာျပတ္သူ တေယာက္ မွာ အေရ ျပား ေအာက္လႊာ ေတြ လည္း တခုခု လို ေနႏိုင္ တယ္ လို႔ သံသယ ဝင္ဘို႔ ထိုက္ တယ္။

ေရနဲ႔ အာဟာရ ဓါတ္ ျပည့္ဝ ေနတဲ့ အေရျပား ဆိုရင္ အေၾကာ ျပတ္တာ ဟာ အျဖစ္ နည္းတယ္။ ေရေသာက္ မနည္း ေစနဲ႔။ မွ်တ တဲ့ အစား အစာ စားပါ။ အသား – ငါး၊ အသီး အရြက္ – အသီး အႏွံ၊ ပဲေတြ စံုေအာင္ စားရတာ မ်ိဳး ေျပာတာပါ။ လႈပ္ရွား ရံုးကန္ ႏိုင္ဘို႔ Energy အား ျဖစ္ေစတဲ့ အစာ၊ ၾကီးထြား ဘို႔၊ ပ်က္တာ ေတြ ျပဳျပင္ ဘို႔ Protein ( ပရိုတင္း )၊ နည္းနည္း စီ နဲ႔ ေန႔တိုင္း မပါ မျဖစ္တာ ေတြ က ဆီ၊ ဗီတာမင္ ေတြ နဲ႔ ဓါတ္ဆား ေတြ ျဖစ္တယ္။ ဗီတာမင္ A နဲ႔ E ကို ေသာက္သင့္ တယ္။ သူ နည္းေန ရင္ ေျပာ့ ဖတ္ဖတ္ ျဖစ္ ေနတာမို႔ ( ပိုတက္ ဆီယံ ) ပါ ျဖည့္ေပး ဘို႔ လိုတယ္။ အေၾကာ ျပတ္ျပီး သူေတြ အတြက္ပါ ေကာင္း ပါတယ္။

ဗိုက္ေၾကာ ျပတ္တာ အတြက္ ေရဓါတ္၊ အာဟာရ ဓါတ္ နဲ႔ စိတ္ဓါတ္၊ အေလး ထားျပီး သကာလ၊ မအိုေသး သမွ် အပ်ိဳေလး လို လွေန ၾကပါေစ။

Credit:Dr. တင့္ေဆြ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
( ၁ ) Doctor ဝတဲ့သူ တွေမှာ အကြော ပြတ် ကြပါတယ် အကြော ပြတ်တာ ပျောက်အောင် ဘယ်လို လုပ်ရပါသလဲ

( ၂ ) ဆရာ ရှင့် အကြော ပြတ် တဲ့ အကြောင်း လေး လည်း ရှင်းပြ ပေးပါဦး ဆရာ။ ကျွန်မ ရဲ့ ဒူးခေါင်း နဲ့ ပေါင်ခြံ တွေမှာ သိသိ သာသာ ကြီး အကြောပြတ် လာပါ တယ်။ အကြောပြတ် တာ ကုလို့ ရပါသလား။ သူများ ပြောတာ သံလွင် ဆီ လိမ်း ရတယ် ဆိုတာ အကြော မပြတ်ခင် လိမ်းရတာ မဟုတ်လား။ ပြတ်ပြီး သား အရာ ကြောင်းကြီး ကော လိမ်းဆေး ရှိပါ သလား ဆရာ။
“ဗိုက်အကြော ပြတ်တယ်” လို့ ပြောလေ့ ရှိတဲ့ ဟာက ရောဂါ တော့ မဟုတ် တတ် ဘူး။ ကျန်းမာရေး ပြဿနာ တော့ ဖြစ် တယ်။ ဗိုက်မှာ တင် မဟုတ် ပါ။ ရင်သား၊ တင်ပါး၊ ပေါင် စတဲ့ နေရာ တွေ မှာပါ ဖြစ်တတ် တယ်။ ဖြစ်တဲ့ နေရာ မှာ ပြိုင်နေ တဲ့ မျဉ်းကြောင်း တွေလို၊ ပါးလျ၊ ပြောင် ချော၊ အရောင် ဖျော့၊ ဖြစ်စ မှာ အနီရောင်၊ ကြာရင် ငွေရောင်၊ အမာရွတ် လိုလို အပိုတွေ ဖြစ်လာ တယ်။ အနား ရှိတဲ့ ပုံမှန် အရေပြား ထက် နဲနဲ နိမ့်ပြီး၊ ထိ – ကိုင်ကြည့် ရင် ခံစားမှု မတူ ဘူး။

ကိုယ်ဝန် ဆောင် ရလို့ ဖြစ်ရ တာက အများဆုံး ပါ။ ကိုယ်ဝန် ရင့်လာ ချိန် ၇၅% ကနေ ၉ဝ% မိခင် လောင်း တွေ မှာ ဖြစ် ပါတယ်။ ကိုယ်ဝန် မဟုတ် ဘဲ ရုတ်တရက် ဝလာ – ပိန်သွား တာက နေ လည်း ဖြစ်တတ် တယ်။ တခြား အကြောင်း ခံ ရောဂါ တွေ လည်း ရှိသေး တယ်။ ( ကော်တီဇုန်း ) လိမ်းဆေး ကြာကြာ သုံးလို့၊ ဆီးချို ရောဂါ၊ Cushing syndrome, Ehlers – Danlos syndrome, Lichen planus ရောဂါ တခုခု ရှိလို့ ဖြစ်တတ် တယ်။ လူပျို ဝင်၊ အပျို ဖြစ်ဆို တဲ့ အရွယ် ရောက်ချိန် မှာ ကိုယ်ခန္ဓာ အချိုး အစား ပြောင်းလာ လို့ လည်း ဖြစ်ရ ပါတယ်။ လူပျို ဖြစ်ပြီး နောက် ( မာစတာ ဘေးရှင်း ) လုပ်တတ် တဲ့ အရွယ် မို့ ဒူး နေရာ အကြောတွေ ပြတ်တာ ရင် ဒီ အလေ့ ကြောင့်လို့ ပြောင် ချင်ကြ တယ်။

Collagen ( ကိုလာဂျင် ) တွေ ပုံမှန် မဟုတ် ဖြစ်လာ လို့၊ အရေပြား ရဲ့ အလည် ထပ် Dermis မှာ သွား ဖြစ် ပါတယ်။ Glucocorticoid ဟော်မုန်း နဲ့ ဆိုင်သေး တယ်။ လူမဲ တွေ မှာ အဖြစ် နည်း တယ်။ မျိုးရိုး လိုက်တာ လည်း ရှိတယ်။ အမေ ဖြစ်ရင် သမီး တွေမှာ အဖြစ် များ လို့ မိန်းမ မယူ ခင် သူ့အမေ ကိုပါ လေ့လာ သင့် တယ်။ ဈေး အကြီးဆုံး မော်ဒယ် ၁ဝ ယောက် စာရင်း ဝင် သြစတြေးလျ က Miranda Kerr ကလေး ယူတော့ မယ် ဆိုတော့ သူ့ အဖွါးက ပြောတယ် “ခါးရ် မိသားစု မှာ ဗိုက်ကြော ပြတ် တဲ့ ရာဇဝင် မရှိဘူး” တဲ့။

ဘယ်လို ကုရမလဲ ဆိုတာ “ပြော ရမှာ တော့ ဝမ်းနည်း ပါတယ်။” ( ဒီ စကား အသုံး အနှုံး က I am sorry to tell you ကို တိုက်ရိုက် ဘာသာ ပြန် ပြော တာပါ။ နောက်ပေါ် အသုံး အနှုံး တခုပါ။ ဒီလို ပါဘဲ နုတ်ဆက် ရင် “မင်္ဂလာပါ” လို့ ပြောလာ နေ ကြတယ်။ မူလ ပဋိ သန္ဓာရ စကားက “နေကောင်း လား” “ထမင်း စားပြီး ပြီလား” မျိုး သာ ဖြစ်ပါ တယ်။ Good morning ကို ဘာသာ ပြန်ရာ ကနေ အခုတော့ ယဉ်ကျေး တဲ့ နုတ်ခွန်း ဆက် တခု လိုလို ဖြစ်လာ တယ်။ ကိုယ့် စကား ကိုယ် အား မရ တာလား။ ဗိုလ် ဆန်ချင် တာလား တော့ မသိ ဘူး။ )

ကြော်ညာ ပြီး ရောင်းတဲ့ ( ခရင်မ် ) တွေက လက်တွေ့ မှာ တကယ် ကောင်းတယ် လို့ အာမ မခံ နိုင်ပါ။ အကြော ပြတ်တာ ဖြစ် စေတဲ့ အခံ ရောဂါ ရှိရင် ကုသ ဘို့ လိုတယ်။ မဖြစ် အောင် ကာကွယ် ဘို့ လိုမယ်။ ဒါ့ကြောင့် ကိုယ် ခန္ဓာ အလေးချိန် ကို အပြောင်း အလဲ မမြန်အောင် သတိ ထား ရမယ်။ ကော်တီဇုံး ဆေးတွေ သိပ် လိုအပ် မှ သာ သုံးပါ။ ကိုယ်ဝန် ဆောင် နေတုံး မှာ လေ့ကျင့်ခန်း လုပ်ပါ။ ဆီးချို ရှိ – မရှိ စစ်ပါ၊ ကုပါ။ ဟော်မုန်း ပါ ဆေးတွေ ကို သတိ ထားပါ။

အကြော ပြတ်တာ က အမာရွတ် သဘော နဲ့ တူတယ်။ အမာရွတ် ဆိုတာ မျိုး က ပျောက် သွားအောင် လုပ် လို့ မရ သလောက် ပါ။ အနာ – ဒဏ်ရာ ဖြစ်တုံး က အရေပြား ကို ဘယ်လောက် ထိ နက် သွားခဲ့ သလဲ အပေါ် မှာ မူတည် ပြီး အကြီး – အသေး၊ အပျောက် နှေး – မြန် ကွာ တယ်။ ဖြစ်တဲ့ နေရာ အရ လည်း မတူ ကြ သလို၊ လူ အပေါ်မှာ ပါ တည်သေး တယ်။ အသား အရေ ကောင်းသူ၊ အရွယ် ငယ်ငယ် မှာ အပေါ်ယံ ဖြစ်တဲ့ အမာရွတ် ဆိုရင် ကြာ လေလေ ပျောက် လေလေ။

စိတ်ဓါတ် မကျ ပါနဲ့အုံး။ သုတေသန တခု က Gotu kola, Vitamin E, Collagen hydrolysates တွေ က အကြောပြတ် တာ အတွက် အကျိုး ရှိတယ် လို့ ဆိုပါတယ်။ Gotu kola ဆိုတာ တခြား မဟုတ်ဘူး မြင်းခွါရွက် ပါ။ Collagen hydrolysates ဆိုတာ က လည်း Shampoos, Conditioners, Soaps, Face cares, Make – up လူသုံး ပစ္စည်း တွေ မှာ ပါတဲ့ ဓါတ်ပါဘဲ။ ဗီတာမင် E ကို စာ တပုဒ် ရေးထား ပါတယ်။

နောက် သုတေသန တခု က Vitamin E, Panthenol, Hyaluronic acid, Elastin နဲ့ Menthol တွေပါတဲ့ ( Verum ) Cream က ကောင်းတယ် လို့ ဆိုတယ်။ Cocoa butter ဆိုတာ ကလည်း ရေငွေ့ ပေးတာ မို့ ကောင်းတယ် ပြော တယ်။ သုတေ သန တော့ မရှိသေး ဘူး။

Dermatologic Surgery ဂျာနယ် က Radiofrequency combined with 585 – nm pulsed dye laser နဲ့ ၃၇ ယောက် ကို ကုတာ၊ ၃၃ ယောက် မှာ အလွန် ကောင်း တဲ့ ရလဒ် ရတယ် လို့ ဆိုပါ တယ်။ Tummy tuck ခေါ် တဲ့ ခွဲစိတ် ဖယ်ရှား မှု လည်း လုပ်ကြ တယ်။ Fractional laser resurfacing ( လေဆာ ) နည်းသစ် က လည်း ပိုကောင်း သတဲ့။

Dermatological Treatment ဂျာနယ် “Treatment of striae distensae with a TriPollar radiofrequency device: A pilot study” စာတမ်း မှာ အမျိုး သမီး ၁၇ ယောက် ကို ၆ ပါတ် ကုသ ပေး တာ ဆေးပါတ် ပြည့် ပြီး နောက် ၁ ပါတ် မှာ ၃၈့၂ % က ၂၅့၅ % နဲ့ ၁၁့၈ % က ၅၁့၇၅ % တိုးတက်မှု တွေ့ရ တယ်။ ၂၃ % က ကျေနပ် ကြပြီး၊ ၁၂ % ကတော့ ကျေနပ်မှု မရှိဘူး ဆို ပါတယ်။

“အကြော ပြတ်တာ ကျန်းမာရေး ပြဿနာ” လို့ ရေးခဲ့ ပါတယ်။ လူ ဆိုတာ မွေးတုံး ကထက် ဖြစ်နိုင် ရင် ပိုလှ ချင်၊ ပိုကောင်း ချင်၊ ပို ကျန်းမာ သန်စွမ်း ချင် ကြတယ်။ လျော့ သွား၊ ကျ သွား၊ ပြောင်း သွားရင် လည်း နဂို အနေ ပြန် ဖြစ်ချင် ကြတယ်။ ဒီ အထိ တော့ ( နော်မယ် ) ပါ။ မဖြစ် နိုင်ဘူး ဆိုတာ ကို ပါ ဖြစ်ချင် နေရင် တော့ ဝေဒနာ တိုးတာ ပါ။ ဒါ့ကြောင့် ကံနဲ့ စိတ် ဟာ အကြောင်း တရား တွေထဲ မှာ ပါနေ တာပေါ့။ အဲဒါ ကြောင့် လည်း စိတ် ကို ထားတတ် အောင် ပြုပြင် နည်းတွေ၊ ကံ တရား ကောင်း အောင် ကျင့်ကြံ စရာ တွေ ပေါ်ပေါက် လာခဲ့တယ်။

ကောင်းခြင်း ငါးဖြာ ထဲမှာ ဆံပင်၊ အသား၊ အရိုး၊ အရွယ် နဲ့ အတူ အရေ ၏ ကောင်းခြင်း လည်း ပါတယ်။ အမျိုး သမီး တွေ သာမက အမျိုးသား တွေ အတွက် လည်း ဗိုက်စူ၊ ဗိုက်ပူ တွေ မဖြစ်ချင် ကြတာမို့ “ဗိုက်ခေါက် ကျန်းမာရေး” က အတော် အရေး ပါလှ တယ်။ ဗိုက်ကြော ပြတ်တာ က အရေပြား မှာ ဖြစ်တာ ပါ။ အရေပြား အောက်မှာ အဆီ ပြင်၊ ကြွက်သား၊ နောက်ခံ အရွတ် ပြား၊ အတွင်းဆုံး ကြမှ ဗိုက်ကို ဖုံးနေ တဲ့ အလွှာ ဆိုပြီး ၅ ထပ် ရှိတယ်။ ဗိုက် မစူ ချင်ရင် ဗိုက် လှ ချင်ရင် အရေပြား လှ ရမယ်။ အဆီ မထူ ရဘူး။ ( ဗယ်လီ ) ခေါ်တဲ့ ဗိုက် ကြွက်သား သန် နေရမယ်။ တချို့ သိပ် မသိကြ တာက အရွတ်ပြား ရဲ့ အရေးပါ မှု ဘဲ။ ဗိုက် ကို ခွဲစိတ် ရရင် ဒီ အထပ် ကို ကျကျ နန ပြန်ချုပ် ပေးရတာ လက်ဝင် တဲ့ အလုပ် တခုပေါ့။

လူ တယောက် ကို ကြည့်တာ နဲ့ ဗီတာမင် ဘီ ၂ နည်း နေတာ ကို သိနိုင် တယ်။ ပါးစပ် ဘေး စွန်း တွေ မှာ အရောင် ဖျော့နေ၊ နီနေ။ အနာ ဖြစ်ချင် နေတာ မြင်ရ မယ်။ ဆက်သိ ဘို့က သူ့မှာ ဘီ ၂ နည်း နေရင် ဘီ ၁ လည်း နည်း နေနိုင် သလို၊ တခြား တခြား အာဟာရ တွေ ပါ နည်း နိုင်တယ် လို့ မှန်းတတ် ရတယ်။ ဒီ ဆင်ခြင်မှု သဘော အတိုင်း ဘဲ ဗိုက် ကြောပြတ်သူ တယောက် မှာ အရေ ပြား အောက်လွှာ တွေ လည်း တခုခု လို နေနိုင် တယ် လို့ သံသယ ဝင်ဘို့ ထိုက် တယ်။

ရေနဲ့ အာဟာရ ဓါတ် ပြည့်ဝ နေတဲ့ အရေပြား ဆိုရင် အကြော ပြတ်တာ ဟာ အဖြစ် နည်းတယ်။ ရေသောက် မနည်း စေနဲ့။ မျှတ တဲ့ အစား အစာ စားပါ။ အသား – ငါး၊ အသီး အရွက် – အသီး အနှံ၊ ပဲတွေ စုံအောင် စားရတာ မျိုး ပြောတာပါ။ လှုပ်ရှား ရုံးကန် နိုင်ဘို့ Energy အား ဖြစ်စေတဲ့ အစာ၊ ကြီးထွား ဘို့၊ ပျက်တာ တွေ ပြုပြင် ဘို့ Protein ( ပရိုတင်း )၊ နည်းနည်း စီ နဲ့ နေ့တိုင်း မပါ မဖြစ်တာ တွေ က ဆီ၊ ဗီတာမင် တွေ နဲ့ ဓါတ်ဆား တွေ ဖြစ်တယ်။ ဗီတာမင် A နဲ့ E ကို သောက်သင့် တယ်။ သူ နည်းနေ ရင် ပြော့ ဖတ်ဖတ် ဖြစ် နေတာမို့ ( ပိုတက် ဆီယံ ) ပါ ဖြည့်ပေး ဘို့ လိုတယ်။ အကြော ပြတ်ပြီး သူတွေ အတွက်ပါ ကောင်း ပါတယ်။

ဗိုက်ကြော ပြတ်တာ အတွက် ရေဓါတ်၊ အာဟာရ ဓါတ် နဲ့ စိတ်ဓါတ်၊ အလေး ထားပြီး သကာလ၊ မအိုသေး သမျှ အပျိုလေး လို လှနေ ကြပါစေ။

Credit:Dr. တင့်ဆွေ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top