iMyanmarHouse.com - Best Property Website for Myanmar
×
၂။ ချစ်မြတ်နိုးခြင်း
Credit : ပစ်တိုင်းထောင်
မိမိ၏ ခင်ပွန်းဟာ ဖခင်ကောင်းနဲ့ တူညီနေမယ်ဆိုရင် မိမိ ဘဝ အတွက် ယုံကြည်စိတ်ချ တကယ်ကို အားကိုးလို့ ရပါပြီ။ ခင်ပွန်း မဖြစ်ခင် ချစ်သူ ရည်စား ဘဝကတည်းက ဖခင် တစ်ယောက်နဲ့ တူ မတူကိုလည်း ခန့်မှန်းနိုင်ပါတယ်။
၁။ မိမိကိုယ် အချိန်တိုင်း ဂရုစိုက်နေခြင်း
ဖခင်များ သူ၏ သားသမီးတွေကို ဂရုစိုက်သကဲ့သို့ မိမိ၏ ခင်ပွန်းဟာလည်း အချိန်ပြည့် မိမိအပေါ်မှာ ဂရုစိုက်နေမယ်ဆိုရင် ဖခင်ကောင်း တစ်ယောက် တူပါတယ်။ အချိန်တိုင်း စိတ်ပူပြီး ဂရုစိုက်နေတဲ့ ခင်ပွန်းကို လေးစား တန်ဖိုးထားပါ။
၂။ ချစ်မြတ်နိုးခြင်း
ခင်ပွန်းဟာ မိမိအပေါ်မှာ တကယ် မေတ္တာသက်ဝင် ချစ်မြတ်နိုးတယ်ဆိုရင် အလွန်ပင် ကောင်းမွန်ပါတယ်။ ခင်ပွန်း၏ ချစ်ခြင်း မေတ္တာကြောင့် ဇနီးသည်ဟာလည်း အချိန်တိုင်း ပျော်ရွှင်နေရမှာပါ။
၃။ စိတ်ချမ်းသာအောင် ထားခြင်း
ဖခင်တွေဟာ သားသမီးတွေကို အချိန်တိုင်း စိတ်ချမ်းသာစေချင် သကဲ့သို့ မိမိ၏ ခင်ပွန်းဟာလည်း မိမိကိုယ် စိတ်ချမ်းသာအောင် ထားရှိခြင်းဟာ ဖခင်တစ်ယောက်နဲ့ တူညီလှပါတယ်။
၄။ ပြဿနာတွေကို ရှေ့ကနေ ရင်ဆိုင် ဖြေရှင်းပေးခြင်း
ကိစ္စ တစ်ခုခုဆိုတာနဲ့ သူကနေ ရှေ့ကထွက်ပြီး မားမားမတ်မတ် ရပ်တန့်ပေးပါတယ်။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပေးတဲ့ ခင်ပွန် ယောက်ျားများကို ဖခင်ကောင်း တစ်ယောက်နဲ့ တူပါပေတယ်။
Credit : ပစ်တိုုင်းထောင်
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top