iMyanmarHouse.com - Best Property Website for Myanmar
×

ကြ်ႏု္ပ္တို႔ဘဝမွာ မိခင္ေတြရဲ႕ အခန္းက႑ေတြဟာ သိပ္ကို အေရးပါလြန္းလွပါတယ္။ ကြ်ႏ္ုပ္တို႔ အခုလိုအေျခအေနမ်ိဳးမွာ ရပ္တည္လာႏိုင္ဖို႔ အနီးကပ္ ျပဳစုပ်ိဳးေထာင္ခဲ့သူေတြဆိုလည္း မမွားပါဘူး။ အေသးအဖြားကိစၥေလးေတြက အစ ဂရုတစိုက္နဲ႔ လိုက္လံျဖည့္ဆည္းေပးေနတဲ့ မိခင္ေတြရဲ႕ ေက်းဇူးတရားကိုေတာ့ အသိအမွတ္ျပဳဖို႔ ေမ့ေနတတ္ၾကတယ္။ ကဲ… ကြ်ႏု္ပ္တို႔လည္း ဂႏၴဝင္ မဂၢဇင္းမွာ ဒီအပတ္ တင္ဆက္ထားတဲ့ မိခင္မ်ား၏ အႏွုိင္းမဲ့ ေမတၱာေတြနဲ႔ ျဖည့္ဆည္းခဲ့ပံုေတြကို ျပန္ေအာက္ေမ့ရင္း ေက်းဇူးတုန္႔ ျပန္လိုက္ၾကပါစို႔။

၁။ အဝတ္ေလွ်ာ္တယ္ဆိုတာ ဘာမွန္းမသိခ်ိန္ကတည္းက သမီး အဝတ္ေတြ ျဖဴစင္ေအာင္ ေလွ်ာ္ေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၂။ မျငီးမျငဴဘဲနဲ႔ သမီး စားခ်င္တာေလးေတြကို ခ်က္ျပဳတ္ေကြ်းေမြးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၃။ လူေတြရဲ႕ ေကာင္းႏိုးရာရာေလးေတြကို ျမင္တတ္ဖို႔နဲ႔ အေျခအေနတိုင္းမွာ အေကာင္းျမင္စိတ္နဲ႔ ရင္ဆိုင္တတ္ဖုိ႔ သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၄။ အိမ္အလုပ္ေတြနဲ႔ ဘယ္ေလာက္ပဲ ပင္ပန္းေနပါေစ သမီး လိုအပ္ခ်က္ေတြကို မေမာႏုိင္မပန္း ျဖည့္ဆည္းေပးတဲ့အတြက္ ေက်းဇူးပါ ေမေမ။

၅။ ဘဝမွာ ဘယ္သူ႔ကိုမွ အားမကိုးဘဲ ကိုယ့္တာဝန္ကိုယ္ ယူႏုိင္ဖို႔ သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၆။ ဆယ္ေက်ာ္သက္အရြယ္မွာ မိဘ ေစတနာ နားမလည္ဘဲ မထီမဲ့ျမင္ ျပဳခဲ့တာေတြ၊ မိုက္ရိုင္းေစာ္ကားခဲ့တာေတြကို အျပစ္မျမင္ဘဲ ခြင့္လြတ္သည္းခံၿပီး ၿပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၇။ တစ္ေန႔လံုး ပင္ပန္းထားေပမယ့္ သမီးေနမေကာင္းတဲ့အခါ ညနက္သန္းေခါင္ ေဆးေတြထရွာေပး၊ ေစာင္ေလးေတြ ေႏြးေႏြးေထြးေထြးျဖစ္ေအာင္ ျခံဳေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၈။ ဘယ္အရာမွ အလကားမရဘူးဆိုတဲ့ အေတြးေတြ ရိုက္ထည့္ေပးျပီး ေငြကို ဘယ္လို စနစ္တက် သံုးစဲြရမယ္။ ဘယ္လိုစီစစ္ရမယ္ ဆိုတာေတြကို သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၉။ သမီးဘယ္ေလာက္ပဲ နာက်င္ေအာင္ျပဳမူခဲ့ပါေစ ေမတၱာမပ်က္ဘဲ သမီးအေပၚ တာဝန္ေက်ခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၁၀။ ပဋိပကၡေတြကို ဘယ္လိုအေကာင္းဆံုး ရင္ဆိုင္ရမလဲ ဆိုတာေတြ သင္ၾကားေပးခဲ့တဲ့ေမေမ။ လူေတြနဲ႔ ဆက္ဆံတဲ့အခါ ဘယ္လိုယဥ္ေက်း သိမ္ေမြ႔စြာ ျပဳမူေျပာဆိုရမလဲ ဆိုတာ သင္ေပးခဲ့တဲ့ ေမေမ။ ဒီအရာေတြအတြက္လည္း ေက်းဇူးပါ ေမေမ။

၁၁။ ယဥ္ယဥ္ေက်းေက်း ျပဳမူဆက္ဆံတတ္ေအာင္ သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၁၂။ သမီးနားမလည္တဲ့ ေက်ာင္းစာေတြကို ကူလုပ္ေပးခဲ့ဲတဲ့ ေမေမ။ စာက်က္ပ်င္းတဲ့သမီးကို စာေတြဇြတ္လုပ္ခိုင္းတဲ့ ေမေမ။ ဒါေတြက သမီးေက်ာင္းမွာ စာေတာ္တဲ့သူတစ္ေယာက္ ျဖစ္လာဖို႔ တြန္းအားေတြပဲ ေမေမ။ ဒါေတြ အားလံုးအတြက္လည္း ေက်းဇူးပါ ေမေမ။

၁၃။ တစ္ကိုယ္ေရ သန္႔ရွင္းမႈနဲ႔ပတ္သက္ျပီး ဂရုတစိုက္သင္ၾကားေပးခဲ့တဲ့ ေမေမ။ ခုဆို သမီးသပ္သပ္ရပ္ရပ္ေနတတ္၊ ထိုင္တတ္ေတာ့ လူေတြကေလးစား ခ်စ္ခင္ၾကတယ္ေလ။ ေက်းဇူးပါ ေမေမ။

၁၄။ ဘာပဲလုပ္လုပ္ စိတ္အားထက္သန္စြာနဲ႔ ဇဲြရွိရွိလုပ္ဖို႔ သင္ၾကားေပးခဲ့တဲ့ ေမေမ။ ခုဆို တန္ဖိုးရွိတဲ့ အရာေတြဟာ အခ်ိန္ေတြ ၊ အားစိုက္ထုတ္မွုေတြ အမ်ားၾကီး လိုအပ္တယ္ဆိုတာ သမီးေကာင္းေကာင္း သိေနပါျပီ။ ေက်းဇူးပါ ေမေမ။

၁၅။ အရာအားလံုး ကိုယ့္အားထုတ္မႈမပါဘဲ သူ႔ဘာသာသူ အလိုေလ်ာက္ ရမလာႏိုင္ဘူးဆိုတာ သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၁၆။ အိပ္မက္လွလွ မက္ေစဖို႔ အိပ္ယာဝင္ပံုျပင္ေလးေတြနဲ႔ ေခ်ာ့သိပ္ခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၁၇။ တစ္ခါတစ္ေလ ကိုယ္ဘာမွ မတတ္ႏိုင္တဲ့အေျခအေနေတြမွာ သည္းခံျခင္းနဲ႔ ေစာင့္ဆိုင္းျခင္း အတတ္ပညာကို သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၁၈။ ငယ္ငယ္က သမီးေမးသမွ် ေမးခြန္းေတြကို မညီးမျငဴေျဖၾကားေပးခ့ဲတဲ့ ေမေမ။ အသိပညာဗဟုသုတ ၾကြယ္ဝျခင္းက ဘဝကို အေကာင္းဆံုး ပံုေဖာ္ႏိုင္တယ္ဆိုတာ သင္ျပခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၁၉။ သမီး ဝမ္းနည္းေနတဲ့ အခိ်န္၊ ေပ်ာ္ရႊင္ၾကည္ႏူးေနတဲ့ အခ်ိန္ေတြနဲ႔ စိတ္ရွုပ္ေထြးေနခ်ိန္ေတြမွာ အေကာင္းဆံုး မိတ္ေဆြတစ္ေယာက္လို တိုင္ပင္စရာ၊ ခုိနားစရာရင္ခြင္တစ္ခု ျဖစ္ခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၂ဝ။ ရယ္ေမာတတ္ေအာင္ သင္ၾကားေပးခဲ့တဲ့ ေမေမ။ ေလာကဓံတရားေတြ ႏွိပ္စက္ခ်ိန္မွာေတာင္ ျပံဳးျပံဳးေလး ရင္ဆိုင္တတ္ဖို႔ သင္ၾကားခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၂၁။ သမီးတစ္ခါတစ္ရံ အေရးမပါတဲ့ ကိစၥေလးေတြနဲ႔ ငိုေၾကြးတာကို နားလည္ေပးခဲ့တဲ့ေမေမ။ အေျခအေနနဲ႔ အခ်ိန္အခါကို လိုက္ျပီး သြန္သင္ဆံုးမတတ္တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၂၂။ ကိုယ့္ကိုယ္ကို တန္ဖိုးထားတတ္ေအာင္သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၂၃။ ကိုယ့္လက္ရွိအေျခအေနကို ေက်နပ္ေရာင့္ရဲဖို႔နဲ႔ ကိုယ္တကယ္ စိတ္အားထက္သန္တဲ့အရာကိုသာ အားစိုက္လုပ္ေဆာင္ဖို႔ သင္ၾကားေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၂၄။ မိသားစုက ဘဝမွာ အေရးအၾကီးဆံုးဆိုတာ သင္ၾကားေပးခဲ့တဲ့၊ အႏွိုင္းမဲ့ေမတၱာေတြနဲ႔ ခ်စ္ခင္ၾကင္နာခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

၂၅။ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ သမီးေရွ႕က မားမား မတ္မတ္ ရပ္တည္ေပးခဲ့တဲ့အတြက္ ေက်းဇူးပါ ေမေမ။

ဒီေန႔သမီး ဒီလိုအေျခအေနမိ်ဳးနဲ႔ ရပ္တည္ႏိုင္ေနတာ ေမေမ့ေက်းဇူးေတြေၾကာင့္ပါ။ သမီးေရွ႕ တစ္လွမ္းတိုးဖို႔အားယူတိုင္း “သမီး ရဲရဲသာလုပ္ ေမေမတို႔ မိသားစု သမီးအတြက္ အျမဲရွိေနတယ္” ဆိုတဲ့ အားေပးစကားေတြေၾကာင့္ ခုဆို သမီး ဘဝကိုရင္ဆိုင္ဖို႔ အင္အားေတြ ရွိလာျပီေမေမ။ အရာအားလံုး အတြက္ ေက်းဇူးပါေမေမ။

Credit :  ဂႏၲဝင္

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
 ကျွနု်ပ်တို့ဘဝမှာ မိခင်တွေရဲ့ အခန်းကဏ္ဍတွေဟာ သိပ်ကို အရေးပါလွန်းလှပါတယ်။ ကျွန်ုပ်တို့ အခုလိုအခြေအနေမျိုးမှာ ရပ်တည်လာနိုင်ဖို့ အနီးကပ် ပြုစုပျိုးထောင်ခဲ့သူတွေဆိုလည်း မမှားပါဘူး။ အသေးအဖွားကိစ္စလေးတွေက အစ ဂရုတစိုက်နဲ့ လိုက်လံဖြည့်ဆည်းပေးနေတဲ့ မိခင်တွေရဲ့ ကျေးဇူးတရားကိုတော့ အသိအမှတ်ပြုဖို့ မေ့နေတတ်ကြတယ်။ ကဲ… ကျွနု်ပ်တို့လည်း ဂန္ထဝင် မဂ္ဂဇင်းမှာ ဒီအပတ် တင်ဆက်ထားတဲ့ မိခင်များ၏ အနှိုင်းမဲ့ မေတ္တာတွေနဲ့ ဖြည့်ဆည်းခဲ့ပုံတွေကို ပြန်အောက်မေ့ရင်း ကျေးဇူးတုန့် ပြန်လိုက်ကြပါစို့။

၁။ အဝတ်လျှော်တယ်ဆိုတာ ဘာမှန်းမသိချိန်ကတည်းက သမီး အဝတ်တွေ ဖြူစင်အောင် လျှော်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၂။ မငြီးမငြူဘဲနဲ့ သမီး စားချင်တာလေးတွေကို ချက်ပြုတ်ကျွေးမွေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၃။ လူတွေရဲ့ ကောင်းနိုးရာရာလေးတွေကို မြင်တတ်ဖို့နဲ့ အခြေအနေတိုင်းမှာ အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်တတ်ဖို့ သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၄။ အိမ်အလုပ်တွေနဲ့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ သမီး လိုအပ်ချက်တွေကို မမောနိုင်မပန်း ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးပါ မေမေ။

၅။ ဘဝမှာ ဘယ်သူ့ကိုမှ အားမကိုးဘဲ ကိုယ့်တာဝန်ကိုယ် ယူနိုင်ဖို့ သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၆။ ဆယ်ကျော်သက်အရွယ်မှာ မိဘ စေတနာ နားမလည်ဘဲ မထီမဲ့မြင် ပြုခဲ့တာတွေ၊ မိုက်ရိုင်းစော်ကားခဲ့တာတွေကို အပြစ်မမြင်ဘဲ ခွင့်လွတ်သည်းခံပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၇။ တစ်နေ့လုံး ပင်ပန်းထားပေမယ့် သမီးနေမကောင်းတဲ့အခါ ညနက်သန်းခေါင် ဆေးတွေထရှာပေး၊ စောင်လေးတွေ နွေးနွေးထွေးထွေးဖြစ်အောင် ခြုံပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၈။ ဘယ်အရာမှ အလကားမရဘူးဆိုတဲ့ အတွေးတွေ ရိုက်ထည့်ပေးပြီး ငွေကို ဘယ်လို စနစ်တကျ သုံးစွဲရမယ်။ ဘယ်လိုစီစစ်ရမယ် ဆိုတာတွေကို သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၉။ သမီးဘယ်လောက်ပဲ နာကျင်အောင်ပြုမူခဲ့ပါစေ မေတ္တာမပျက်ဘဲ သမီးအပေါ် တာဝန်ကျေခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၁၀။ ပဋိပက္ခတွေကို ဘယ်လိုအကောင်းဆုံး ရင်ဆိုင်ရမလဲ ဆိုတာတွေ သင်ကြားပေးခဲ့တဲ့မေမေ။ လူတွေနဲ့ ဆက်ဆံတဲ့အခါ ဘယ်လိုယဉ်ကျေး သိမ်မွေ့စွာ ပြုမူပြောဆိုရမလဲ ဆိုတာ သင်ပေးခဲ့တဲ့ မေမေ။ ဒီအရာတွေအတွက်လည်း ကျေးဇူးပါ မေမေ။

၁၁။ ယဉ်ယဉ်ကျေးကျေး ပြုမူဆက်ဆံတတ်အောင် သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၁၂။ သမီးနားမလည်တဲ့ ကျောင်းစာတွေကို ကူလုပ်ပေးခဲ့ဲတဲ့ မေမေ။ စာကျက်ပျင်းတဲ့သမီးကို စာတွေဇွတ်လုပ်ခိုင်းတဲ့ မေမေ။ ဒါတွေက သမီးကျောင်းမှာ စာတော်တဲ့သူတစ်ယောက် ဖြစ်လာဖို့ တွန်းအားတွေပဲ မေမေ။ ဒါတွေ အားလုံးအတွက်လည်း ကျေးဇူးပါ မေမေ။

၁၃။ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ပတ်သက်ပြီး ဂရုတစိုက်သင်ကြားပေးခဲ့တဲ့ မေမေ။ ခုဆို သမီးသပ်သပ်ရပ်ရပ်နေတတ်၊ ထိုင်တတ်တော့ လူတွေကလေးစား ချစ်ခင်ကြတယ်လေ။ ကျေးဇူးပါ မေမေ။

၁၄။ ဘာပဲလုပ်လုပ် စိတ်အားထက်သန်စွာနဲ့ ဇွဲရှိရှိလုပ်ဖို့ သင်ကြားပေးခဲ့တဲ့ မေမေ။ ခုဆို တန်ဖိုးရှိတဲ့ အရာတွေဟာ အချိန်တွေ ၊ အားစိုက်ထုတ်မှုတွေ အများကြီး လိုအပ်တယ်ဆိုတာ သမီးကောင်းကောင်း သိနေပါပြီ။ ကျေးဇူးပါ မေမေ။

၁၅။ အရာအားလုံး ကိုယ့်အားထုတ်မှုမပါဘဲ သူ့ဘာသာသူ အလိုလျောက် ရမလာနိုင်ဘူးဆိုတာ သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၁၆။ အိပ်မက်လှလှ မက်စေဖို့ အိပ်ယာဝင်ပုံပြင်လေးတွေနဲ့ ချော့သိပ်ခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၁၇။ တစ်ခါတစ်လေ ကိုယ်ဘာမှ မတတ်နိုင်တဲ့အခြေအနေတွေမှာ သည်းခံခြင်းနဲ့ စောင့်ဆိုင်းခြင်း အတတ်ပညာကို သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၁၈။ ငယ်ငယ်က သမီးမေးသမျှ မေးခွန်းတွေကို မညီးမငြူဖြေကြားပေးခဲ့တဲ့ မေမေ။ အသိပညာဗဟုသုတ ကြွယ်ဝခြင်းက ဘဝကို အကောင်းဆုံး ပုံဖော်နိုင်တယ်ဆိုတာ သင်ပြခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၁၉။ သမီး ဝမ်းနည်းနေတဲ့ အချိန်၊ ပျော်ရွှင်ကြည်နူးနေတဲ့ အချိန်တွေနဲ့ စိတ်ရှုပ်ထွေးနေချိန်တွေမှာ အကောင်းဆုံး မိတ်ဆွေတစ်ယောက်လို တိုင်ပင်စရာ၊ ခိုနားစရာရင်ခွင်တစ်ခု ဖြစ်ခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၂ဝ။ ရယ်မောတတ်အောင် သင်ကြားပေးခဲ့တဲ့ မေမေ။ လောကဓံတရားတွေ နှိပ်စက်ချိန်မှာတောင် ပြုံးပြုံးလေး ရင်ဆိုင်တတ်ဖို့ သင်ကြားခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၂၁။ သမီးတစ်ခါတစ်ရံ အရေးမပါတဲ့ ကိစ္စလေးတွေနဲ့ ငိုကြွေးတာကို နားလည်ပေးခဲ့တဲ့မေမေ။ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး သွန်သင်ဆုံးမတတ်တဲ့အတွက် ကျေးဇူးပါ မေမေ။

၂၂။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်အောင်သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၂၃။ ကိုယ့်လက်ရှိအခြေအနေကို ကျေနပ်ရောင့်ရဲဖို့နဲ့ ကိုယ်တကယ် စိတ်အားထက်သန်တဲ့အရာကိုသာ အားစိုက်လုပ်ဆောင်ဖို့ သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၂၄။ မိသားစုက ဘဝမှာ အရေးအကြီးဆုံးဆိုတာ သင်ကြားပေးခဲ့တဲ့၊ အနှိုင်းမဲ့မေတ္တာတွေနဲ့ ချစ်ခင်ကြင်နာခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

၂၅။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် သမီးရှေ့က မားမား မတ်မတ် ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ မေမေ။

ဒီနေ့သမီး ဒီလိုအခြေအနေမျိုးနဲ့ ရပ်တည်နိုင်နေတာ မေမေ့ကျေးဇူးတွေကြောင့်ပါ။ သမီးရှေ့ တစ်လှမ်းတိုးဖို့အားယူတိုင်း “သမီး ရဲရဲသာလုပ် မေမေတို့ မိသားစု သမီးအတွက် အမြဲရှိနေတယ်” ဆိုတဲ့ အားပေးစကားတွေကြောင့် ခုဆို သမီး ဘဝကိုရင်ဆိုင်ဖို့ အင်အားတွေ ရှိလာပြီမေမေ။ အရာအားလုံး အတွက် ကျေးဇူးပါမေမေ။

Credit :  ဂန္တဝင်

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top