iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာခဏ ေခါင္းကိုက္တဲ့ ေ၀ဒနာကို ခံစားေနရပါသလား? မထင္မွတ္ထားဘဲ ေခါင္းကိုက္လာတာမ်ိဳးေတြ ရွိပါသလား။ တစ္ခါတေလ အေၾကာင္းတစ္စံုတစ္ရာ မရွိပါဘဲ ေခါင္းကိုက္လာတာမ်ိဳးေတြလည္း ႀကံဳရတတ္ပါတယ္။ ေခါင္းကိုက္ရျခင္းရဲ႕ အေၾကာင္းျပခ်က္ေတြကေတာ့ ေရဓာတ္ ခန္းေျခာက္ျခင္း၊ စိတ္ဖိစီးမႈ မ်ားျခင္း၊ အာရံုစူးစိုက္လြန္းျခင္းနဲ႔ အရက္အေသာက္လြန္ျခင္းတို႔ေၾကာင့္ ျဖစ္ၾကတာမ်ားပါတယ္။
ရာသီဥတု အေျပာင္းအလဲကို မခံႏုိင္တဲ့ အခါမ်ိဳးမွာလည္း ေခါင္းကိုက္တတ္ပါတယ္။ ေခါင္းကိုက္ျခင္းကို သက္သာေစႏုိင္မယ့္ အိမ္တြင္း အစားအစာေလးေတြ ရွိပါတယ္။

ဂ်င္း

ေခါင္းကိုက္တဲ့အခါ ဂ်င္းအရည္ကို ညွစ္ေသာက္လို႔ ရသလို ဂ်င္းကို ထုေထာင္းၿပီး နားထင္ကို အံုထားရင္လည္း သက္သာေစပါတယ္။ ဂ်င္းအရည္ကို သံပုရာရည္နဲ႔ေရာၿပီးလည္း ေသာက္ေပးလုိ႔ ရပါတယ္။ ဂ်င္းဟာ ေသြးဖိအားကို ျပန္ညွိေပးႏုိင္တဲ့ အတြက္ပါ။ ဂ်င္းမႈန္႔ (သို႔)ဂ်င္းတက္ကို က်ိဳၿပီး ေသာက္လုိ႔လည္းရပါတယ္။

သစ္ၾကပိုးေခါက္

သစ္ၾကပိုးေခါက္ဟာ ေခါင္းကိုက္ျခင္းအတြက္ အသံုး၀င္တဲ့ အိမ္တြင္း ကုထံုးတစ္မ်ိဳးပါ။ သစ္ၾကပိုးေခါက္အမႈန္႔ကို ေရအနည္းငယ္ေရာၿပီး နားထင္နဲ႔ နဖူးေပၚမွာ မိနစ္ ၃၀ေလာက္ အံုေပးထားပါ။ ၿပီးရင္ ေရေႏြးေႏြးနဲ႔ ျပန္ေဆးခ်ပါ။

ေလးညွင္းပြင့္

ေခါင္းကိုက္တဲ့အခါ ရူတဲ့ ရူေဆးေတြမွာ ေလးညွင္းပြင့္ေလးေတြ ပါတတ္ပါတယ္။ ေလးညွင္းဟာ အခုိးပြင့္ေစတဲ့ သေဘာရွိပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္တဲ့အခါ ေလးညွင္းပြင့္ကို အ၀တ္ပါးထဲ ထည့္ၿပီး ရူေပးရင္ သက္သာေစပါတယ္။

သံပုရာသီး

သံပုရာသီးဟာ အလြယ္ကူဆံုး ေခါင္းကိုက္သက္သာေစမယ့္ အရာပါ။ ေရေႏြးနဲ႔ေရာစပ္ၿပီး ေသာက္ရင္လည္း သက္သာေစႏိုင္ပါတယ္။ အနံ႔ကို ရူရင္လည္း ေခါင္းၾကည္ေစႏုိင္ၿပီး သံပုရာသီးကို နဖူးနဲ႔ နားထင္ေတြကို ပြတ္တိုက္ေပးရင္လည္း သက္သာေစႏုိင္ပါတယ္။

Chamomile Tea

Chamomile ဆိုတာကေတာ့ ဥေရာပဖက္မွာ ေပါက္ေရာက္တဲ့ ကမ္မိုမိုင္လို႔လည္း ေခၚတဲ့ ေဆးဖက္၀င္ အပင္တစ္မ်ိဳးပါ။ သူ႔ကို က်န္းမာေရးနဲ႔ ညီညႊတ္ေစတဲ့ လက္ဖက္ေျခာက္အျဖစ္ ေသာက္ၾကပါတယ္။ ေခါင္းကိုက္ျခင္းကို သက္သာေစႏုိင္တဲ့ အစားအစာ တစ္ခုပါပဲ။

Ref: zeenews

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မကြာခဏ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားနေရပါသလား? မထင်မှတ်ထားဘဲ ခေါင်းကိုက်လာတာမျိုးတွေ ရှိပါသလား။ တစ်ခါတလေ အကြောင်းတစ်စုံတစ်ရာ မရှိပါဘဲ ခေါင်းကိုက်လာတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ ခေါင်းကိုက်ရခြင်းရဲ့ အကြောင်းပြချက်တွေကတော့ ရေဓာတ် ခန်းခြောက်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ အာရုံစူးစိုက်လွန်းခြင်းနဲ့ အရက်အသောက်လွန်ခြင်းတို့ကြောင့် ဖြစ်ကြတာများပါတယ်။
ရာသီဥတု အပြောင်းအလဲကို မခံနိုင်တဲ့ အခါမျိုးမှာလည်း ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်မယ့် အိမ်တွင်း အစားအစာလေးတွေ ရှိပါတယ်။

ဂျင်း

ခေါင်းကိုက်တဲ့အခါ ဂျင်းအရည်ကို ညှစ်သောက်လို့ ရသလို ဂျင်းကို ထုထောင်းပြီး နားထင်ကို အုံထားရင်လည်း သက်သာစေပါတယ်။ ဂျင်းအရည်ကို သံပုရာရည်နဲ့ရောပြီးလည်း သောက်ပေးလို့ ရပါတယ်။ ဂျင်းဟာ သွေးဖိအားကို ပြန်ညှိပေးနိုင်တဲ့ အတွက်ပါ။ ဂျင်းမှုန့် (သို့)ဂျင်းတက်ကို ကျိုပြီး သောက်လို့လည်းရပါတယ်။

သစ်ကြပိုးခေါက်

သစ်ကြပိုးခေါက်ဟာ ခေါင်းကိုက်ခြင်းအတွက် အသုံးဝင်တဲ့ အိမ်တွင်း ကုထုံးတစ်မျိုးပါ။ သစ်ကြပိုးခေါက်အမှုန့်ကို ရေအနည်းငယ်ရောပြီး နားထင်နဲ့ နဖူးပေါ်မှာ မိနစ် ၃၀လောက် အုံပေးထားပါ။ ပြီးရင် ရေနွေးနွေးနဲ့ ပြန်ဆေးချပါ။

လေးညှင်းပွင့်

ခေါင်းကိုက်တဲ့အခါ ရူတဲ့ ရူဆေးတွေမှာ လေးညှင်းပွင့်လေးတွေ ပါတတ်ပါတယ်။ လေးညှင်းဟာ အခိုးပွင့်စေတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ လေးညှင်းပွင့်ကို အဝတ်ပါးထဲ ထည့်ပြီး ရူပေးရင် သက်သာစေပါတယ်။

သံပုရာသီး

သံပုရာသီးဟာ အလွယ်ကူဆုံး ခေါင်းကိုက်သက်သာစေမယ့် အရာပါ။ ရေနွေးနဲ့ရောစပ်ပြီး သောက်ရင်လည်း သက်သာစေနိုင်ပါတယ်။ အနံ့ကို ရူရင်လည်း ခေါင်းကြည်စေနိုင်ပြီး သံပုရာသီးကို နဖူးနဲ့ နားထင်တွေကို ပွတ်တိုက်ပေးရင်လည်း သက်သာစေနိုင်ပါတယ်။

Chamomile Tea

Chamomile ဆိုတာကတော့ ဥရောပဖက်မှာ ပေါက်ရောက်တဲ့ ကမ်မိုမိုင်လို့လည်း ခေါ်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ သူ့ကို ကျန်းမာရေးနဲ့ ညီညွှတ်စေတဲ့ လက်ဖက်ခြောက်အဖြစ် သောက်ကြပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်တဲ့ အစားအစာ တစ်ခုပါပဲ။

Ref: zeenews

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top