iMyanmarHouse.com - Best Property Website for Myanmar
×

ၾကည္လင္ေနတဲ့ ေရဟာ တကယ္ေတာ့ စၾကာ၀ဌာတစ္ခုလံုးရဲ႕အသက္ပါဘဲ။ လူတိုင္းက ေရဓာတ္ခမ္းေျခာက္မႈရဲ႕ အႏၱရာယ္ကို ခံစားဖူးၾကေပမယ့္ ေရရဲ႕ အက်ိဳးေက်းဇူးကိုေတာ့ သတိမမူမိၾကပါဘူး။

ဒါေၾကာင့္ ကၽြႏ္ုပ္တို႔ရဲ႕ ခႏၶာကိုယ္အတြက္ ေရရဲ႕ အက်ိဳးရွိပံုကို ေ၀မွ်ခ်င္ပါတယ္။

ခႏၶာကိုယ္ရဲ႕ ၅၀ ရာခိုင္ႏႈန္းကေန ၇၀ ရာခိုင္ႏႈန္းက ေရ နဲ႔ ဖြဲ႔စည္းတာျဖစ္ပါတယ္။ အသားအေရ၊ တစ္ရွဴး၊ ဆဲလ္ေတြနဲ႔ ကိုယ္အဂၤါေတြ စတာေတြက ေရနဲ႔ ဖြဲ႔စည္းထားတာပါ။

အသားအေရအတြက္ ေရရဲ႕ အေရးပါပံု

တျခား ကိုယ္အဂၤါအစိတ္အပိုင္းေတြလိုပါဘဲ အသားအေရက ဆဲလ္ေတြအမ်ားႀကီးနဲ႔ဖြဲ႔စည္းထားပါတယ္။

ဒါ့ေၾကာင့္ ဆဲလ္ေတြ ေကာင္းမြန္စြာ လုပ္ေဆာင္ႏုိင္ဖို႔က ေရလိုအပ္ပါတယ္။

ေရက အသားအေရရဲ႕ စိုထိုင္းမႈကို ထိန္းခ်ဳပ္ေပးၿပီး လိုအပ္တဲ့ အာဟာရေတြကို အသားအေရမွာရွိတဲ့ ဆဲလ္ေတြကို သယ္ေဆာင္ေပးပါတယ္။

ေရဓာတ္က အသားအေရမွာရွိတဲ့ တစ္ရွဴးေတြကို အားျဖည့္ေပးတာေၾကာင့္ အေရျပားရဲ႕ က်ံဳ႕ႏိုင္၊ ဆန္႔ႏိုင္အားကို ေကာင္းေစကာ အိုမင္းရင့္ေရာ္တဲ့ လကၡဏာေတြျဖစ္တဲ့ အေရအေၾကာင္းေတြျဖစ္ေပၚမႈကုိ ေႏွာင့္ေႏွးေစပါတယ္။

ေရေအးနဲ႔ ေရခ်ိဳးတာ၊ Bath Taps နဲ႔ ေရခ်ိဳးရင္

ေရေအးနဲ႔ ေရခ်ိဳးတာ ဒါမွမဟုတ္ Bath Taps ထဲမွာ စိမ္ၿပီး ေရခ်ိဳးတာေတြက အသားအေရကို ပ်က္စီးေစတဲ့ စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစပါတယ္။

Bath Taps နဲ႔ ေရခ်ိဳးရင္ ေရေႏြးပူပူနဲ႔ခ်ိဳးၿပီးပါက ေရေအးေလးနဲ႔ ၂ မိနစ္ကေန ၃ မိနစ္ၾကား စိမ္ေပးပါ။ ဒါက အသားအေရကို ႏုပ်ိဳေစပါတယ္။

ေရေအးနဲ႔ ေရခ်ိဳးလိုက္ရင္ အသားအေရ ယားယံတာေတြနဲ႔ အနီစက္ေတြကို ေပ်ာက္ကင္းေစၿပီး မိတ္ကပ္လိမ္းေနက် အသားအေရ ျပန္လည္စိုေျပဖို႔ အေကင္းဆံုးပါဘဲ။

မ်က္လံုးေတြ ေရာင္ရမ္းေနရင္

ေရေအးက မ်က္လံုး ေအာက္ႏႈတ္ခမ္းေတြ ေရာင္ရမ္းတာကို က်ေစပါတယ္။ ေရေအးနဲ႔ မ်က္ႏွာသစ္ရင္ မ်က္လံုးေရာင္ရမ္းတာကိုလည္း က်ေစပါတယ္။

ေရနဲ႔ ပတ္သက္တဲ့ ေရွးေဟာင္းကုသနည္း

ေရေႏြးပူပူထဲကုိ မ်က္ႏွာသုတ္ပ၀ါ ႏွစ္ၿပီး ေရညွစ္ၿပီး မ်က္ႏွာသုတ္ပ၀ါ ပူပူေလးနဲ႔ ကပ္ေပးရင္ အေညာင္းအညာေတြ ေျပေစၿပီး အသားအေရ ၾကည္လင္လွပေစပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကြည်လင်နေတဲ့ ရေဟာ တကယ်တော့ စကြာဝဌာတစ်ခုလုံးရဲ့အသက်ပါဘဲ။ လူတိုင်းက ရေဓာတ်ခမ်းခြောက်မှုရဲ့ အန္တရာယ်ကို ခံစားဖူးကြပေမယ့် ရေရဲ့ အကျိုးကျေးဇူးကိုတော့ သတိမမူမိကြပါဘူး။

ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်အတွက် ရေရဲ့ အကျိုးရှိပုံကို ဝေမျှချင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းက ရေ နဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်။ အသားအရေ၊ တစ်ရှူး၊ ဆဲလ်တွေနဲ့ ကိုယ်အင်္ဂါတွေ စတာတွေက ရေနဲ့ ဖွဲ့စည်းထားတာပါ။

အသားအရေအတွက် ရေရဲ့ အရေးပါပုံ

တခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပါဘဲ အသားအရေက ဆဲလ်တွေအများကြီးနဲ့ဖွဲ့စည်းထားပါတယ်။

ဒါ့ကြောင့် ဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့က ရေလိုအပ်ပါတယ်။

ရေက အသားအရေရဲ့ စိုထိုင်းမှုကို ထိန်းချုပ်ပေးပြီး လိုအပ်တဲ့ အာဟာရတွေကို အသားအရေမှာရှိတဲ့ ဆဲလ်တွေကို သယ်ဆောင်ပေးပါတယ်။

ရေဓာတ်က အသားအရေမှာရှိတဲ့ တစ်ရှူးတွေကို အားဖြည့်ပေးတာကြောင့် အရေပြားရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်အားကို ကောင်းစေကာ အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေဖြစ်တဲ့ အရေအကြောင်းတွေဖြစ်ပေါ်မှုကို နှောင့်နှေးစေပါတယ်။

ရေအေးနဲ့ ရေချိုးတာ၊ Bath Taps နဲ့ ရေချိုးရင်

ရေအေးနဲ့ ရေချိုးတာ ဒါမှမဟုတ် Bath Taps ထဲမှာ စိမ်ပြီး ရေချိုးတာတွေက အသားအရေကို ပျက်စီးစေတဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။

Bath Taps နဲ့ ရေချိုးရင် ရေနွေးပူပူနဲ့ချိုးပြီးပါက ရေအေးလေးနဲ့ ၂ မိနစ်ကနေ ၃ မိနစ်ကြား စိမ်ပေးပါ။ ဒါက အသားအရေကို နုပျိုစေပါတယ်။

ရေအေးနဲ့ ရေချိုးလိုက်ရင် အသားအရေ ယားယံတာတွေနဲ့ အနီစက်တွေကို ပျောက်ကင်းစေပြီး မိတ်ကပ်လိမ်းနေကျ အသားအရေ ပြန်လည်စိုပြေဖို့ အကေင်းဆုံးပါဘဲ။

မျက်လုံးတွေ ရောင်ရမ်းနေရင်

ရေအေးက မျက်လုံး အောက်နှုတ်ခမ်းတွေ ရောင်ရမ်းတာကို ကျစေပါတယ်။ ရေအေးနဲ့ မျက်နှာသစ်ရင် မျက်လုံးရောင်ရမ်းတာကိုလည်း ကျစေပါတယ်။

ရေနဲ့ ပတ်သက်တဲ့ ရှေးဟောင်းကုသနည်း

ရေနွေးပူပူထဲကို မျက်နှာသုတ်ပဝါ နှစ်ပြီး ရေညှစ်ပြီး မျက်နှာသုတ်ပဝါ ပူပူလေးနဲ့ ကပ်ပေးရင် အညောင်းအညာတွေ ပြေစေပြီး အသားအရေ ကြည်လင်လှပစေပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top