iMyanmarHouse.com - Best Property Website for Myanmar
×

ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်စ္ေရး၊ အိမ္ေထာင္ေရး ပိုင္ဆုိင္ဖုိ႔အတြက္ ဒီအခ်က္ေလးေတြကို ေရွာင္ဖို႔ေတာ့ လုိပါလိမ့္မယ္။

၁။ တျခားအမ်ဳိးသမီးတစ္ေယာက္ကို ၾကည့္ရင္ ေဒါသထြက္ျခင္း

ေယာက္်ားဆုိတာက လွတာျမင္ရင္ ၾကည့္တတ္တာ သဘာဝေလ။ အလုပ္သေဘာအရ၊ လူမႈေရးအရ မိန္းကေလးေတြနဲ႔ စကားမေျပာဘဲ ေရွာင္ေနလို႔လည္း မရပါဘူး။ ကိုယ့္ရဲ႕လက္တြဲေဖာ္ကို ယံုၾကည္ေပးျခင္းက အခ်စ္္ေရးခုိင္ျမဲေစဖို႔ အဓိကလိုအပ္တဲ့ အခ်က္တစ္ခ်က္ပဲ။

၂။ သူ႔ရဲ႕ ကိုယ္ပိုင္အခ်ိန္ကို ေႏွာင့္ယွက္ျခင္း

သူ စိတ္မၾကည္တဲ့အခ်ိန္ ဒါမွမဟုတ္ ဘယ္သူနဲ႔မွ စကားမေျပာခ်င္္တဲ့အခ်ိန္မွာ သူ႔ဘာသာ ေနပါေစ။ ေယာက္်ားအမ်ားစုက မိန္းမေတြလို ျပႆနာေတြကို ရင္ဖြင့္ရတာ မႀကိဳက္ၾကဘူး။ သူတုိ႔ရင္ထဲမွာပဲ ၿမိဳသိပ္တတ္တယ္ဆုိတာ နားလည္ဖုိ႔လိုတယ္။

၃။ ကိုယ့္ကိုကိုယ္ ဂ႐ုမစိုက္ဘဲ ေနျခင္း

ရည္းစားရတာနဲ႔ (ဒါမွမဟုတ္) အိမ္ေထာင္က်တာနဲ႔ အရင္ကလို ေလ့က်င့္ခန္းမလုပ္ေတာ့တာ၊ အလွမျပင္ေတာ့တာေတြ မလုပ္ပါနဲ႔။ အရင္တုန္းကလိုပဲ သင္ လွပၿပီး ဆြဲေဆာင္မႈရွိေနဖို႔ လိုအပ္ပါတယ္။

၄။ ကိုယ္ပိုင္ဘဝ မရွိေတာ့ျခင္း

ရည္းစားရွိတာနဲ႔ သူငယ္ခ်င္းေတြနဲ႔ ကိုယ့္ရဲ႕ဝါသနာေတြကို ေမ့ပစ္လုိက္တာမ်ဳိး မလုပ္ပါနဲ႔။ အခ်စ္ကို ဘဝတစ္ခုလံုး ပုံအပ္ထားမိရင္ အခ်စ္ေရးမွာ စိတ္ညစ္စရာ ၾကံဳလာတဲ့အခါ လုိအပ္တာထက္ပိုၿပီး စိတ္ပ်က္အားငယ္ၿပီး အခ်စ္ေရး ပ်က္စီးတဲ့အထိ ျဖစ္တတ္လို႔ပါ။

၅။ စိတ္ေကာက္ၿပီး စကားမေျပာျခင္း

အမ်ဳိးသားေတြက မိန္းကေလးေတြထက္ အမ်ားႀကီး ပိုပြင့္လင္းပါတယ္။ ဘာျဖစ္ေနတယ္ဆုိတာ မေျပာဘဲ စိတ္ေကာက္ၿပီး ျပႆနာလုပ္ေနမယ္ဆုိရင္ ေဒါသေတြနဲ႔ ရန္ပြဲေတြသာ ျဖစ္သြားပါလိမ့္မယ္။ ျပႆနာရွိရင္ ပြင့္ပြင့္လင္းလင္းသာ ေဆြးေႏြးပါ။

၆။ နားပူနားဆာလုပ္ျခင္း

ျပည့့္စံုတဲ့လူဆိုတာ မရွိပါဘူး။ ဘယ္ေယာက္်ားမွ သင္လိုခ်င္တာမွန္သမွ် လုပ္မေပးႏုိင္ပါဘူး။ တစ္ခါတေလ သင္မႀကိဳက္တာ တစ္ခုခုကို သူလုပ္မိပါလိမ့္မယ္။ အဲဒီလိုလုပ္တဲ့အခါ သူ႔ကို နားပူနားဆာမလုပ္ပါနဲ႔။ သင္ မႀကိဳက္တဲ့ဟာေတြ ေျပာမယ့္အစား သူဘာလုပ္ရင္ သင္သေဘာက်တယ္ဆုိတာေလး ေျပာၿပီး ကိုယ့္အလိုက်ျဖစ္လာေအာင္ စည္း႐ံုးပါ။

၇။ သူ႔ကို မခ်ီးက်ဴးျခင္း

သူ အမွားလုပ္မိရင္ ျပႆနာရွာတာမ်ဳိးကိုလည္း ေရွာင္ပါ။ သူ ေကာင္းတာလုပ္တဲ့အခါ သူ႔ကို ခ်ီးက်ဴးဖို႔ကိုေတာ့ မေမ့ပါနဲ႔။ သူ အဲဒီလိုလုပ္တာကို သင္ဘယ္ေလာက္ထိ သေဘာက်တယ္ဆုိတာကို ျပရင္ သင္သေဘာက်မယ့္အရာေတြကို သူလုပ္ဖုိ႔ ႀကိဳးစားမွာပါပဲ။

၈။ သူ႔ကို ေျပာင္းလဲဖို႔ ႀကိဳးစားျခင္း

လက္တြဲေဖာ္တစ္ေယာက္ကို ေရြးခ်ယ္တဲ့အခါ သူ႔ရဲ႕ ပင္ကိုစိတ္ထား၊ ေနပံုထုိင္ပံုေလးကို လက္ခံႏုိင္တာပဲ ျဖစ္သင့္ပါတယ္။ ကိုယ္လိုသလို ပံုသြင္းယူလုိ႔ ရရမယ္ဆုိတဲ့ အေတြးနဲ႔ ေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႔။ အေသးအဖြဲကိစၥေလးေတြမွာ သူမွားယြင္းတဲ့အခါ ညင္ညင္သာသာနဲ႔ အမွန္ကို ျပသေပးပါ။ အသံုးမက်တဲ့လူတစ္ေယာက္လို မေဝဖန္မိပါေစနဲ႔။

၉။ သူ အခ်စ္ခံခ်င္တဲ့ ပံုစံမ်ဳိးနဲ႔ မခ်စ္ျခင္း

လူေတြက အခ်စ္ကုိ ခံစားတဲ့ပံုစံ မတူပါဘူး။ အမ်ဳိးသမီးအမ်ားစုက ခ်စ္သူက ပန္းစည္းေပးတာ သေဘာက်ေပမဲ့ ေယာက္်ားေတြက်ေတာ့ အဲဒီလုိ ဘယ္ဟုတ္ပါ့မလဲ။ လက္ေဆာင္ေပးတာ ႀကိဳက္တဲ့သူ ရွိသလို၊ အစားအေသာက္ ခ်က္ျပဳတ္ေကၽြးတာ ႀကိဳက္တဲ့သူရွိတယ္၊ ပင္ပန္းလာတဲ့အခါ ႏွိပ္နယ္ေပးတာကို ႀကိဳက္သူရွိတယ္။ အဲဒီေတာ့ သူဘယ္လိုပံုစံမ်ဳိးနဲ႔ အခ်စ္ခံခ်င္တယ္ဆုိတာ သိေအာင္လုပ္ၿပီး သူေက်နပ္ေအာင္ ျပဳမူေပးပါ။

Credit: loveshop
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ပိုင်ဆိုင်ဖို့အတွက် ဒီအချက်လေးတွေကို ရှောင်ဖို့တော့ လိုပါလိမ့်မယ်။

၁။ တခြားအမျိုးသမီးတစ်ယောက်ကို ကြည့်ရင် ဒေါသထွက်ခြင်း

ယောက်ျားဆိုတာက လှတာမြင်ရင် ကြည့်တတ်တာ သဘာဝလေ။ အလုပ်သဘောအရ၊ လူမှုရေးအရ မိန်းကလေးတွေနဲ့ စကားမပြောဘဲ ရှောင်နေလို့လည်း မရပါဘူး။ ကိုယ့်ရဲ့လက်တွဲဖော်ကို ယုံကြည်ပေးခြင်းက အချစ်ရေးခိုင်မြဲစေဖို့ အဓိကလိုအပ်တဲ့ အချက်တစ်ချက်ပဲ။

၂။ သူ့ရဲ့ ကိုယ်ပိုင်အချိန်ကို နှောင့်ယှက်ခြင်း

သူ စိတ်မကြည်တဲ့အချိန် ဒါမှမဟုတ် ဘယ်သူနဲ့မှ စကားမပြောချင်တဲ့အချိန်မှာ သူ့ဘာသာ နေပါစေ။ ယောက်ျားအများစုက မိန်းမတွေလို ပြဿနာတွေကို ရင်ဖွင့်ရတာ မကြိုက်ကြဘူး။ သူတို့ရင်ထဲမှာပဲ မြိုသိပ်တတ်တယ်ဆိုတာ နားလည်ဖို့လိုတယ်။

၃။ ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘဲ နေခြင်း

ရည်းစားရတာနဲ့ (ဒါမှမဟုတ်) အိမ်ထောင်ကျတာနဲ့ အရင်ကလို လေ့ကျင့်ခန်းမလုပ်တော့တာ၊ အလှမပြင်တော့တာတွေ မလုပ်ပါနဲ့။ အရင်တုန်းကလိုပဲ သင် လှပပြီး ဆွဲဆောင်မှုရှိနေဖို့ လိုအပ်ပါတယ်။

၄။ ကိုယ်ပိုင်ဘဝ မရှိတော့ခြင်း

ရည်းစားရှိတာနဲ့ သူငယ်ချင်းတွေနဲ့ ကိုယ့်ရဲ့ဝါသနာတွေကို မေ့ပစ်လိုက်တာမျိုး မလုပ်ပါနဲ့။ အချစ်ကို ဘဝတစ်ခုလုံး ပုံအပ်ထားမိရင် အချစ်ရေးမှာ စိတ်ညစ်စရာ ကြုံလာတဲ့အခါ လိုအပ်တာထက်ပိုပြီး စိတ်ပျက်အားငယ်ပြီး အချစ်ရေး ပျက်စီးတဲ့အထိ ဖြစ်တတ်လို့ပါ။

၅။ စိတ်ကောက်ပြီး စကားမပြောခြင်း

အမျိုးသားတွေက မိန်းကလေးတွေထက် အများကြီး ပိုပွင့်လင်းပါတယ်။ ဘာဖြစ်နေတယ်ဆိုတာ မပြောဘဲ စိတ်ကောက်ပြီး ပြဿနာလုပ်နေမယ်ဆိုရင် ဒေါသတွေနဲ့ ရန်ပွဲတွေသာ ဖြစ်သွားပါလိမ့်မယ်။ ပြဿနာရှိရင် ပွင့်ပွင့်လင်းလင်းသာ ဆွေးနွေးပါ။

၆။ နားပူနားဆာလုပ်ခြင်း

ပြည့့်စုံတဲ့လူဆိုတာ မရှိပါဘူး။ ဘယ်ယောက်ျားမှ သင်လိုချင်တာမှန်သမျှ လုပ်မပေးနိုင်ပါဘူး။ တစ်ခါတလေ သင်မကြိုက်တာ တစ်ခုခုကို သူလုပ်မိပါလိမ့်မယ်။ အဲဒီလိုလုပ်တဲ့အခါ သူ့ကို နားပူနားဆာမလုပ်ပါနဲ့။ သင် မကြိုက်တဲ့ဟာတွေ ပြောမယ့်အစား သူဘာလုပ်ရင် သင်သဘောကျတယ်ဆိုတာလေး ပြောပြီး ကိုယ့်အလိုကျဖြစ်လာအောင် စည်းရုံးပါ။

၇။ သူ့ကို မချီးကျူးခြင်း

သူ အမှားလုပ်မိရင် ပြဿနာရှာတာမျိုးကိုလည်း ရှောင်ပါ။ သူ ကောင်းတာလုပ်တဲ့အခါ သူ့ကို ချီးကျူးဖို့ကိုတော့ မမေ့ပါနဲ့။ သူ အဲဒီလိုလုပ်တာကို သင်ဘယ်လောက်ထိ သဘောကျတယ်ဆိုတာကို ပြရင် သင်သဘောကျမယ့်အရာတွေကို သူလုပ်ဖို့ ကြိုးစားမှာပါပဲ။

၈။ သူ့ကို ပြောင်းလဲဖို့ ကြိုးစားခြင်း

လက်တွဲဖော်တစ်ယောက်ကို ရွေးချယ်တဲ့အခါ သူ့ရဲ့ ပင်ကိုစိတ်ထား၊ နေပုံထိုင်ပုံလေးကို လက်ခံနိုင်တာပဲ ဖြစ်သင့်ပါတယ်။ ကိုယ်လိုသလို ပုံသွင်းယူလို့ ရရမယ်ဆိုတဲ့ အတွေးနဲ့ ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ အသေးအဖွဲကိစ္စလေးတွေမှာ သူမှားယွင်းတဲ့အခါ ညင်ညင်သာသာနဲ့ အမှန်ကို ပြသပေးပါ။ အသုံးမကျတဲ့လူတစ်ယောက်လို မဝေဖန်မိပါစေနဲ့။

၉။ သူ အချစ်ခံချင်တဲ့ ပုံစံမျိုးနဲ့ မချစ်ခြင်း

လူတွေက အချစ်ကို ခံစားတဲ့ပုံစံ မတူပါဘူး။ အမျိုးသမီးအများစုက ချစ်သူက ပန်းစည်းပေးတာ သဘောကျပေမဲ့ ယောက်ျားတွေကျတော့ အဲဒီလို ဘယ်ဟုတ်ပါ့မလဲ။ လက်ဆောင်ပေးတာ ကြိုက်တဲ့သူ ရှိသလို၊ အစားအသောက် ချက်ပြုတ်ကျွေးတာ ကြိုက်တဲ့သူရှိတယ်၊ ပင်ပန်းလာတဲ့အခါ နှိပ်နယ်ပေးတာကို ကြိုက်သူရှိတယ်။ အဲဒီတော့ သူဘယ်လိုပုံစံမျိုးနဲ့ အချစ်ခံချင်တယ်ဆိုတာ သိအောင်လုပ်ပြီး သူကျေနပ်အောင် ပြုမူပေးပါ။

Credit: loveshop

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top