iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြက အမ်ိဳးသမီးေတြကို ေခ်ာတာ၊ လွတာ ႀကိဳက္တယ္။ စမတ္က်ေနတာ၊ ေဖာ္ေရြမႈရွိတာ ႀကိဳက္တယ္။ ဒါေပမဲ့ သူတို႔ တကယ္ သေဘာက်ၿပီး လက္တဲြေဖာ္အျဖစ္ ေခါင္းထဲ ထည့္စဥ္းစားတဲ့ အမ်ိဳးသမီးေတြက တစ္မူထူးျခားမႈ ရွိေနတတ္ပါတယ္။

(၁) ယဥ္တစ္ကိုယ္မယ္
ရုပ္မေခ်ာဘဲ ရြက္ၾကမ္းရည္ႀကိဳ ျဖစ္ေနပါေစ။ က်န္းမာဖြံ႔ၿဖိဳးတဲ့ ခႏၶာကိုယ္ ရွိတဲ့ အမ်ိဳးသမီးေတြကို သေဘာက်တယ္။ ဒါမွ အလုပ္ေတြကို ဝိုင္းဝန္း ကူညီလုပ္ကိုင္ႏိုင္ၿပီး တျခားလူအတြက္ ဝန္ထုပ္ဝန္ပိုးလည္း မျဖစ္ေစဘူး။ က်န္းမာေရးေကာင္းမြန္တယ္ဆိုေတာ့ တစ္ခ်ိန္လံုးေနမေကာင္းျဖစ္လို႔ ျပဳစုေနစရာလည္း မလိုဘူး။

(၂) ေမာင့္လက္ကိုတဲြ
အၿမဲတမ္း အရာရာ တက္ကၽြမ္း နားလည္ေနတာလည္း မေကာင္းဘူး။ လိုအပ္ရင္ ဘာမွ နားမလည္တဲ့ ငတံုးမေလး အျဖစ္ ဟန္ေဆာင္သင့္တယ္။ ေယာက္်ားေတြက စမတ္က်တဲ့မိန္းကေလးေတြကို သေဘာက်ေပမဲ့ မခ်စ္ရဲၾကပါဘူး။။ တစ္ခ်ဳိ႕မိန္းမေတြက သူတို႔ ဉာဏ္ေကာင္းတာကို အသံုးခ်ၿပီး ေယာက္်ားေတြကို ႏိုင္ထက္စီးနင္း လုပ္တတ္ၾကတယ္။ ဉာဏ္ရွိတဲ့ မိန္းကေလးေတြက ဘာလုပ္လဲ သိလား။ သူတို႔က ေယာက်ၤားရဲ့ အၾကံဉာဏ္ကို ေတာင္းတယ္၊ ေမးတယ္၊ အားကိုးတႀကီးရွိတယ္။ ဒီလိုမ်ိဳး အခ်ိန္ေတြဆို အမ်ိဳးသားေတြက စူပါဟီးရုိးဖီးလ္မ်ိဳး ရေနေကာ။

(၃) ေမတၲာရွင္မေလး
မိန္းမဆိုတာ ႏူးႏူးညံ့ညံ့ သိမ္သိမ္ေမြ႔ေမြ႔ ရွိရမယ္။ ခ်စ္ခင္တတ္ရမယ္၊ ခြင့္လြတ္နားလည္တတ္ရမယ္။ ကူညီတတ္ရမယ္။ ေဖးမတတ္ရမယ္။ ခ်စ္ျခင္းေမတၱာကို ျဖန္႔ေဝတတ္ရမယ္။ ကုိယ့္ကိုယ္ကိုယ္ ခ်စ္တတ္ရံုနဲ႔တင္ မလံုေလာက္ဘဲ ကိုယ့္ေယာက္်ားကိုခ်စ္တဲ့အျပင္ သူ႔မိဘ၊ သူ႔ညီအစ္ကို ေမာင္ႏွမေတြနဲ႔ သူ ခ်စ္ခင္တဲ့လူေတြတိုင္းကိုလည္း ခ်စ္ခင္တတ္ရမယ္။

(၄) မဟာဆန္သူ
တစ္ခ်ဳိ႕က အပ်ဳိဘဝမွာ ျပင္ျပင္ဆင္ဆင္ေနေပမယ့္ အိမ္ေထာင္က်ကေလးရၿပီးရင္ အိမ္ေထာင့္တာဝန္၊ ကေလးတာဝန္ေတြအေၾကာင္းျပၿပီး ပိုသီပတ္သီနဲ႔ မျပင္မဆင္ခ်င္ၾကေတာ့ဘူး။ ေယာက္်ားေတြ အျပင္တဲြထုတ္ရဲတဲ့ အျပင္အဆင္မ်ဳိး ရွိသင့္တဲ့အျပင္ တစ္ကိုယ္ေရသန္႔ရွင္းမႈရွိဖို႔လည္း အေရးႀကီးပါတယ္။

Source : LovePanky


Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသားတွေက အမျိုးသမီးတွေကို ချောတာ၊ လှတာ ကြိုက်တယ်။ စမတ်ကျနေတာ၊ ဖော်ရွေမှုရှိတာ ကြိုက်တယ်။ ဒါပေမဲ့ သူတို့ တကယ် သဘောကျပြီး လက်တွဲဖော်အဖြစ် ခေါင်းထဲ ထည့်စဉ်းစားတဲ့ အမျိုးသမီးတွေက တစ်မူထူးခြားမှု ရှိနေတတ်ပါတယ်။

(၁) ယဉ်တစ်ကိုယ်မယ်
ရုပ်မချောဘဲ ရွက်ကြမ်းရည်ကြို ဖြစ်နေပါစေ။ ကျန်းမာဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ် ရှိတဲ့ အမျိုးသမီးတွေကို သဘောကျတယ်။ ဒါမှ အလုပ်တွေကို ဝိုင်းဝန်း ကူညီလုပ်ကိုင်နိုင်ပြီး တခြားလူအတွက် ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေဘူး။ ကျန်းမာရေးကောင်းမွန်တယ်ဆိုတော့ တစ်ချိန်လုံးနေမကောင်းဖြစ်လို့ ပြုစုနေစရာလည်း မလိုဘူး။

(၂) မောင့်လက်ကိုတွဲ
အမြဲတမ်း အရာရာ တက်ကျွမ်း နားလည်နေတာလည်း မကောင်းဘူး။ လိုအပ်ရင် ဘာမှ နားမလည်တဲ့ ငတုံးမလေး အဖြစ် ဟန်ဆောင်သင့်တယ်။ ယောက်ျားတွေက စမတ်ကျတဲ့မိန်းကလေးတွေကို သဘောကျပေမဲ့ မချစ်ရဲကြပါဘူး။။ တစ်ချို့မိန်းမတွေက သူတို့ ဉာဏ်ကောင်းတာကို အသုံးချပြီး ယောက်ျားတွေကို နိုင်ထက်စီးနင်း လုပ်တတ်ကြတယ်။ ဉာဏ်ရှိတဲ့ မိန်းကလေးတွေက ဘာလုပ်လဲ သိလား။ သူတို့က ယောင်္ကျားရဲ့ အကြံဉာဏ်ကို တောင်းတယ်၊ မေးတယ်၊ အားကိုးတကြီးရှိတယ်။ ဒီလိုမျိုး အချိန်တွေဆို အမျိုးသားတွေက စူပါဟီးရိုးဖီးလ်မျိုး ရနေကော။

(၃) မေတ္တာရှင်မလေး
မိန်းမဆိုတာ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ရှိရမယ်။ ချစ်ခင်တတ်ရမယ်၊ ခွင့်လွတ်နားလည်တတ်ရမယ်။ ကူညီတတ်ရမယ်။ ဖေးမတတ်ရမယ်။ ချစ်ခြင်းမေတ္တာကို ဖြန့်ဝေတတ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ရုံနဲ့တင် မလုံလောက်ဘဲ ကိုယ့်ယောက်ျားကိုချစ်တဲ့အပြင် သူ့မိဘ၊ သူ့ညီအစ်ကို မောင်နှမတွေနဲ့ သူ ချစ်ခင်တဲ့လူတွေတိုင်းကိုလည်း ချစ်ခင်တတ်ရမယ်။

(၄) မဟာဆန်သူ
တစ်ချို့က အပျိုဘဝမှာ ပြင်ပြင်ဆင်ဆင်နေပေမယ့် အိမ်ထောင်ကျကလေးရပြီးရင် အိမ်ထောင့်တာဝန်၊ ကလေးတာဝန်တွေအကြောင်းပြပြီး ပိုသီပတ်သီနဲ့ မပြင်မဆင်ချင်ကြတော့ဘူး။ ယောက်ျားတွေ အပြင်တွဲထုတ်ရဲတဲ့ အပြင်အဆင်မျိုး ရှိသင့်တဲ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လည်း အရေးကြီးပါတယ်။

Source : LovePanky


Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top