iMyanmarHouse.com - Best Property Website for Myanmar
×

အမွန္တကယ္ေတာ႔ က်န္းမာ က်စ္လ်စ္တဲ႔ ခႏၶာကိုယ္ ကို ထိန္းသိမ္းဖို႔က က်န္းမာေရးအရေကာ၊ အလွအပေရးရာအရပါ လိုအပ္ပါတယ္။ကယ္လိုရီတြက္ခ်က္ျခင္းဟာ ကိုယ္အေလးခ်ိန္ ထိန္းသိမ္းေရး မွာ အလြန္အေရးပါတဲ႔လုပ္ေဆာင္မႈတစ္ခုျဖစ္ပါတယ္။ ပံုမွန္အားျဖင္႔ဆိုရင္ ေယာက်္ားေလးတစ္ေယာက္ရဲ႕ေန႕စဥ္ ကယ္လိုရီ ပမာဏက (၂၅၀၀) ကယ္လိုရီေလာက္ရွိသင္႔ၿပီး မိန္းကေလးတစ္ေယာက္ရဲ႕ေန႕စဥ္ကယ္လိုရီပမာဏက (၂၀၀၀) ကယ္လိုရီ ခန္႕ရွိသင္႔ပါတယ္။ ရိုးရိုးေလးပဲေတြးၾကည္႔ရင္ ကယ္လိုရီပါဝင္မႈနည္းေလေလ၊ ကုိယ္အေလးခ်ိန္ ထိန္းသိမ္းေရးအတြက္ အက်ိဳးရွိေလေလပါပဲ။ အမွန္တကယ္ေတာ႔ က်န္းမာက်စ္လ်စ္တဲ႔ခႏၶာကိုယ္ကို ထိန္းသိမ္းဖို႔က က်န္းမာေရးအရေကာ၊ အလွအပေရးရာအရပါ လိုအပ္ပါတယ္။ ဒါေၾကာင္႔ မိမိတို႔ရဲ႕ ေန႕စဥ္အစားအေသာက္ေတြထဲမွာ ကယ္လိုရီပါဝင္မႈနည္းတဲ႔ ေအာက္ပါအစားအစာေလးေတြကို ထည္႔သြင္းေပးသင္႔ပါတယ္။

၁။ သခြားသီး

သခြားသီးကို တို႔စရာအသီးအႏွံလား။ သစ္သီးဝလံလားမသဲကြဲတဲ႔လူေတြရွိပါတယ္။ တကယ္ေတာ႔ သခြားသီးက တို႔စရာအျဖစ္လုပ္စားေနၾကတဲ႔ သစ္သီးတစ္မ်ိဳးပါပဲ။ သူ႕မွာက်န္းမာေရးအတြက္လည္း ေကာင္းက်ိဳးေတြ အမ်ားႀကီးပါ ပါတယ္။ သခြားသီးဟာ အေအးစာတစ္မ်ိဳးျဖစ္ၿပီး ေရဓာတ္မ်ားစြာျပန္လည္ျဖည္႔တင္းေပးႏိုင္တဲ႔ အသီးတစ္မ်ိဳးလည္းျဖစ္ပါတယ္။ သူ႕မွာကိုယ္အေလးခ်ိန္က်ဆင္းေစဖို႔အတြက္ အေထာက္အကူေပးတဲ႔ anti-oxidant ေတြလည္းပါဝင္ပါတယ္။ သူ႕မွာေရဓာတ္ပါဝင္မႈမ်ားေတာ႔ ကယ္လိုရီအလြန္နည္းပါတယ္။ (၁၀၀) ဂရမ္ေလာက္မွာမွ (၁၆) ကယ္လိုရီေလာက္ပဲ ပါ ပါတယ္။ သူ႕မွာပါဝင္တဲ႔ ဗိုက္တာမင္ေတြကေတာ႔ ဗိုက္တာမင္ စီ၊ ေက နဲ႔ ဘီစစ္တို႔ပဲျဖစ္ပါတယ္။ ေရဓာတ္ၾကြယ္ဝမႈေၾကာင္႔ အေရျပားအစိုဓာတ္ထိန္းသိမ္းဖို႔အတြက္္လည္း အသံုးဝင္ပါတယ္။ ဒါေၾကာင္႔တတ္ႏိုင္သမွ် မ်ားမ်ားစားေပးသင္႔ပါတယ္။

၂။ သေဘၤာသီး

သေဘၤာသီးဟာ ကိုယ္အေလးခ်ိန္က်ဆင္းမႈကိုအားေပးၿပီး ကိုယ္ခံအားစနစ္ကိုအားေကာင္းေစတဲ႔ မရွိမျဖစ္ဗိုက္တာမင္ စီနဲ႕ေအတို႔ပါဝင္သလို anti-oxidant ၾကြယ္ဝစြာပါဝင္တဲ႔အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ သေဘၤာသီးရဲ႕အႏွစ္ေတြဟာလည္း အေရျပားအတြက္အလြန္ေကာင္းမြန္တဲ႔ အာဟာရဓာတ္ေတြျဖစ္ပါတယ္။ သူ႕မွာလည္း (၁၀၀) ဂရမ္ေလာက္မွာမွ ကယ္လိုရီ (၄၀) ေလာက္ပဲ ပါပါတယ္။ မနက္စာ စားရင္ သေဘၤာသီးေလးကို အခ်ိဳစာအျဖစ္ထည္႔စားၾကည္႔႔ပါ။ ဝိတ္က်လာပါလိမ္႔မယ္။

၃။ မက္မြန္သီး

မက္မြန္သီး မွာေတာ႔ ဗိုက္တာမင္ ေအ၊ အီး၊ စီ နဲ႕ ေကတို႔ ၾကြယ္ဝစြာပါဝင္ပါတယ္။ သူ႕မွာပါဝင္တဲ႔အမွ်င္ဓာတ္ေတြက ကိုလက္စထေရာကိုထိန္းခ်ဳပ္ႏိုုင္ၿပီီး အဝလြန္ေရာဂါကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။ ဒါတင္မက ေသးပါဘူး။ မက္မြန္သီးကထုတ္တဲ႔အရည္ကို ဆံပင္အလွကုန္ပစၥည္းေတြမွာသံုးေလ႔ရွိၾကပါတယ္။ ဘာလို႔လဲဆိုေတာ႔ မက္မြန္သီးမွာပါဝင္တဲ႔ ဗိုက္တာမင္ ေက (သို႔) ကီရာတင္းက ဆံပင္က်န္းမာေရးအတြက္ ေကာင္းမြန္လို႔ပါပဲ။ မက္မြန္သီး (၁၀၀) ဂရမ္မွာ (၃၅) ကယ္လိုရီ ေလာက္ပဲ ပါ ပါတယ္။

၄။ ဂရိတ္ဖရုထ္သီး

ခ်ဥ္ျပံဳးျပံဳးအရသာေလးနဲ႔ ဂရိတ္ဖရုထ္အသီး ဟာ ဗိုက္တာမင္ စီ ၾကြယ္ဝစြာပါဝင္တဲ႔ အသီးအႏွံ တစ္မ်ိဳးျဖစ္ၿပီး anti-oxidant တစ္မ်ိဳးအျဖစ္ အဝလြန္ေရာဂါကိုတိုက္ဖ်က္ေပးပါတယ္။ အေရျပားနဲ႔ အစာေျခစနစ္ အတြက္ေကာင္းမြန္တဲ႔ ေရဓာတ္လည္းၾကြယ္ဝစြာပါဝင္ပါေသးတယ္။ ဂရိတ္ဖရုထ္သီး (၁၀၀) ဂရမ္မွာမွ (၃၇) ကယ္လိုရီေလာက္ပဲဲ ပါ ပါတယ္။

၅။ ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီး ကို ဟင္းသီးဟင္းရြက္ထဲမွာထည္႔ၿပီး ဟင္းခ်က္စရာအျဖစ္သံုးေနၾကေပမယ္႔ ခရမ္းခ်ဥ္သီးကလည္း သစ္သီးဝလံတစ္မ်ိဳးပါပဲ။ ေနာက္ၿပီး ခရမ္းခ်ဥ္သီးဟာ ကိုယ္အေလးခ်ိန္ က်ဆင္းေစေရးကို ႀကီးမားစြာ အေထာက္အကူျပဳႏိုင္တဲ႔ သစ္သီးဝလံတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ခရမ္းခ်ဥ္သီး ဟာ ကြ်န္ေတာ္ တို ႔ခႏၶာကိုယ္ ထဲက လက္ပ္တင္လို႔ေခၚတဲ႔ဓာတ္တစ္မ်ိဳးကို တိုက္ဖ်က္ေပးတဲ႔ anti-oxidant အျဖစ္လုပ္ေဆာင္ေပးၿပီး ကိုယ္အေလးခ်ိန္ က်ဆင္းေရးကို ေထာက္ကူေပးပါတယ္။ အစိမ္းစားရင္ပိုေကာင္းပါတယ္။ ခရမ္းခ်ဥ္သီး (၁၀၀) ဂရမ္မွွာမွ (၂၅) ကယ္လိုရီေလာက္ပဲ ပါ ပါတယ္။
သင္စိတ္ဝင္စားႏိုင္တဲ႔ အေၾကာင္းအရာ (စိတ္ဖိစီးမႈ မ်ားေနရင္ ဒါေတြစားပါ)

Source: Youngisthan

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမှန်တကယ်တော့ ကျန်းမာ ကျစ်လျစ်တဲ့ ခန္ဓာကိုယ် ကို ထိန်းသိမ်းဖို့က ကျန်းမာရေးအရကော၊ အလှအပရေးရာအရပါ လိုအပ်ပါတယ်။ကယ်လိုရီတွက်ချက်ခြင်းဟာ ကိုယ်အလေးချိန် ထိန်းသိမ်းရေး မှာ အလွန်အရေးပါတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ယောကျ်ားလေးတစ်ယောက်ရဲ့နေ့စဉ် ကယ်လိုရီ ပမာဏက (၂၅၀၀) ကယ်လိုရီလောက်ရှိသင့်ပြီး မိန်းကလေးတစ်ယောက်ရဲ့နေ့စဉ်ကယ်လိုရီပမာဏက (၂၀၀၀) ကယ်လိုရီ ခန့်ရှိသင့်ပါတယ်။ ရိုးရိုးလေးပဲတွေးကြည့်ရင် ကယ်လိုရီပါဝင်မှုနည်းလေလေ၊ ကိုယ်အလေးချိန် ထိန်းသိမ်းရေးအတွက် အကျိုးရှိလေလေပါပဲ။ အမှန်တကယ်တော့ ကျန်းမာကျစ်လျစ်တဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့က ကျန်းမာရေးအရကော၊ အလှအပရေးရာအရပါ လိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ ကယ်လိုရီပါဝင်မှုနည်းတဲ့ အောက်ပါအစားအစာလေးတွေကို ထည့်သွင်းပေးသင့်ပါတယ်။

၁။ သခွားသီး

သခွားသီးကို တို့စရာအသီးအနှံလား။ သစ်သီးဝလံလားမသဲကွဲတဲ့လူတွေရှိပါတယ်။ တကယ်တော့ သခွားသီးက တို့စရာအဖြစ်လုပ်စားနေကြတဲ့ သစ်သီးတစ်မျိုးပါပဲ။ သူ့မှာကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ အများကြီးပါ ပါတယ်။ သခွားသီးဟာ အအေးစာတစ်မျိုးဖြစ်ပြီး ရေဓာတ်များစွာပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ သူ့မှာကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် အထောက်အကူပေးတဲ့ anti-oxidant တွေလည်းပါဝင်ပါတယ်။ သူ့မှာရေဓာတ်ပါဝင်မှုများတော့ ကယ်လိုရီအလွန်နည်းပါတယ်။ (၁၀၀) ဂရမ်လောက်မှာမှ (၁၆) ကယ်လိုရီလောက်ပဲ ပါ ပါတယ်။ သူ့မှာပါဝင်တဲ့ ဗိုက်တာမင်တွေကတော့ ဗိုက်တာမင် စီ၊ ကေ နဲ့ ဘီစစ်တို့ပဲဖြစ်ပါတယ်။ ရေဓာတ်ကြွယ်ဝမှုကြောင့် အရေပြားအစိုဓာတ်ထိန်းသိမ်းဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ဒါကြောင့်တတ်နိုင်သမျှ များများစားပေးသင့်ပါတယ်။

၂။ သင်္ဘောသီး

သင်္ဘောသီးဟာ ကိုယ်အလေးချိန်ကျဆင်းမှုကိုအားပေးပြီး ကိုယ်ခံအားစနစ်ကိုအားကောင်းစေတဲ့ မရှိမဖြစ်ဗိုက်တာမင် စီနဲ့အေတို့ပါဝင်သလို anti-oxidant ကြွယ်ဝစွာပါဝင်တဲ့အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ သင်္ဘောသီးရဲ့အနှစ်တွေဟာလည်း အရေပြားအတွက်အလွန်ကောင်းမွန်တဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။ သူ့မှာလည်း (၁၀၀) ဂရမ်လောက်မှာမှ ကယ်လိုရီ (၄၀) လောက်ပဲ ပါပါတယ်။ မနက်စာ စားရင် သင်္ဘောသီးလေးကို အချိုစာအဖြစ်ထည့်စားကြည့့်ပါ။ ဝိတ်ကျလာပါလိမ့်မယ်။

၃။ မက်မွန်သီး

မက်မွန်သီး မှာတော့ ဗိုက်တာမင် အေ၊ အီး၊ စီ နဲ့ ကေတို့ ကြွယ်ဝစွာပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့အမျှင်ဓာတ်တွေက ကိုလက်စထရောကိုထိန်းချုပ်နိုုင်ပြီး အဝလွန်ရောဂါကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါတင်မက သေးပါဘူး။ မက်မွန်သီးကထုတ်တဲ့အရည်ကို ဆံပင်အလှကုန်ပစ္စည်းတွေမှာသုံးလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ မက်မွန်သီးမှာပါဝင်တဲ့ ဗိုက်တာမင် ကေ (သို့) ကီရာတင်းက ဆံပင်ကျန်းမာရေးအတွက် ကောင်းမွန်လို့ပါပဲ။ မက်မွန်သီး (၁၀၀) ဂရမ်မှာ (၃၅) ကယ်လိုရီ လောက်ပဲ ပါ ပါတယ်။

၄။ ဂရိတ်ဖရုထ်သီး

ချဉ်ပြုံးပြုံးအရသာလေးနဲ့ ဂရိတ်ဖရုထ်အသီး ဟာ ဗိုက်တာမင် စီ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံ တစ်မျိုးဖြစ်ပြီး anti-oxidant တစ်မျိုးအဖြစ် အဝလွန်ရောဂါကိုတိုက်ဖျက်ပေးပါတယ်။ အရေပြားနဲ့ အစာခြေစနစ် အတွက်ကောင်းမွန်တဲ့ ရေဓာတ်လည်းကြွယ်ဝစွာပါဝင်ပါသေးတယ်။ ဂရိတ်ဖရုထ်သီး (၁၀၀) ဂရမ်မှာမှ (၃၇) ကယ်လိုရီလောက်ပဲ ပါ ပါတယ်။

၅။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီး ကို ဟင်းသီးဟင်းရွက်ထဲမှာထည့်ပြီး ဟင်းချက်စရာအဖြစ်သုံးနေကြပေမယ့် ခရမ်းချဉ်သီးကလည်း သစ်သီးဝလံတစ်မျိုးပါပဲ။ နောက်ပြီး ခရမ်းချဉ်သီးဟာ ကိုယ်အလေးချိန် ကျဆင်းစေရေးကို ကြီးမားစွာ အထောက်အကူပြုနိုင်တဲ့ သစ်သီးဝလံတစ်မျိုးလည်းဖြစ်ပါတယ်။ ခရမ်းချဉ်သီး ဟာ ကျွန်တော် တို့ခန္ဓာကိုယ် ထဲက လက်ပ်တင်လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို တိုက်ဖျက်ပေးတဲ့ anti-oxidant အဖြစ်လုပ်ဆောင်ပေးပြီး ကိုယ်အလေးချိန် ကျဆင်းရေးကို ထောက်ကူပေးပါတယ်။ အစိမ်းစားရင်ပိုကောင်းပါတယ်။ ခရမ်းချဉ်သီး (၁၀၀) ဂရမ်မှှာမှ (၂၅) ကယ်လိုရီလောက်ပဲ ပါ ပါတယ်။
သင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာ (စိတ်ဖိစီးမှု များနေရင် ဒါတွေစားပါ)

Source: Youngisthan

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top