အစားအေသာက္ကို လူတိုင္းၾကိဳက္ႏွစ္သက္ၾကပါတယ္။ သို ့ေသာ္ ညအိပ္ယာ၀င္ခါနီး
အစားအစာေတြအမ်ားၾကီးစားမိတဲ့အခါ၊ အစာမေက်ဗိုက္အင့္ေစျပီး၊
အိပ္စက္ျခင္းကိုပါအေႏွာင့္အယွက္ျဖစ္ေစနိုင္ပါတယ္။ အထူးသျဖင့္
ေအာက္ပါအစားအေသာက္ (၅) မ်ိဳးက အိပ္စက္ျခင္းကိုအဟန္ ့အတားျဖစ္ေစႏိုင္၍
အထူးသတိျပဳေရွာင္ရွားသင့္ပါတယ္။
(၁) အာလူးေၾကာ္မ်ား
အာလူးေခ်ာင္းေၾကာ္၊ အာလူးအကြ်တ္ေၾကာ္၊ ေျပာင္းဖူးေပါက္ေပါက္
စတဲ့ဆီေၾကာ္အစားအစာေတြထဲမွာ ဆီပါ၀င္မႈလြန္စြာ မ်ား ျပားလွပါတယ္။ အကယ္၍
ညအိပ္ယာမ၀င္ခင္ တီဗြီၾကည့္ရင္း ၄င္းအစားအစာတစ္မ်ိဳးမ်ိဳးကို
လက္တဆုပ္စာေလာက္စားမိတယ္ ဆိုရင္ဘဲ၊ ေက်ညက္ေစဖို ့အတြက္
အစာအိမ္္ထဲမွာအခ်ိန္ေတာ္ေတာ္ၾကာေအာင္ အစာေခ်ဖ်က္ေနရပါတယ္။ နံက္မိုးေသာက္၍
အိပ္ယာထတဲ့အခါမွာ မအီမလည္ျဖစ္ျခင္း၊ ေလပြျခင္းတို ့ခံစားရပါလိမ့္မယ္။
(၂) လၻက္ရည္/ေကာ္ဖီ/ကိုလာေဖ်ာ္ရည္မ်ား
ကဖိန္းဓာတ္မ်ားတဲ့ လၻက္ရည္/ေကာ္ဖီျပင္းျပင္းျဖစ္ေစ၊ ႏို ့ဓာတ္မ်ားတဲ့
လၻက္ရည္/ေကာ္ဖီေပ်ာ့ျဖစ္ေစ၊ ကိုလာအခ်ိဳရည္ဘဲျဖစ္ေစ ၄င္းကဖိန္းဓာတ္မ်ားကို
ညေန ၄ နာရီေနာက္ပိုင္းကစ၍ မေသာက္သင့္ပါဘူး။ ကဖိန္းဓာတ္က ဦးေႏွာက္ႏွင့္
အာရံုခံအဖြဲ ့အစည္း ကို တက္ၾကြေအာင္လွဳံ ့ေဆာ္ေပးတာေၾကာင့္၊ သင့္ရဲ
့အိပ္စက္အနားယူခ်ိန္ကို ဓါးျပတိုက္ခံရတတ္ပါတယ္။
(၃) အပူအစပ္ အစားအစာမ်ား
ပူစပ္ေသာ အစားအစာမ်ားကိုစားျပီးတဲ့အခါ၊ အစာအိမ္မွအက္ဆစ္ေတြ
အထြက္မ်ားလာျပီး၊ ေဘးထြက္ဆိုးက်ိဳးအျဖစ္ ရင္ပူျခင္း၊ ေလပြျခင္း၊
ေလခ်ဥ္တက္ျခင္း၊ ဗိုက္နာဗို္က္ေအာင့္ျခင္းျဖစ္ရံုသာမက ညအိပ္ေပ်ာ္ေနစဥ္
အာေျခာက္၍ေရငတ္ျခင္းတို ့ကိုပါျဖစ္ ေစနိုင္ပါတယ္။ ျဖစ္ႏိုင္ရင္
ညစာဟင္းလ်ာကို အခ်ိဳ(အျဖဴထည္)ခ်က္စားေပးနိုင္ရင္ ပိုေကာင္းပါတယ္။
(၄) ေရခဲမုန္ ့/သၾကားလံုုးအပါအ၀င္ အခ်ိဳအစားအစာမ်ား
အခ်ိဳကဲတဲ့ အစားအစာေတြကို နံက္(သို ့မဟုတ္)ေန ့လည္မွာစားေပးနိုင္ပါတယ္။
သို ့ေသာ္ ညေနေစာင္းမွစ၍ မစားသင့္ေတာ့ပါ ဘူး။ အဘယ္ေၾကာင့္ဆိုေသာ္
၄င္းသြားရည္စာ မုန္ ့အခ်ိဳမ်ားက ဦးေႏွာက္ခြန္အားကိုေကာင္းမြန္စြာလွဳ ံ
့ေဆာ္ေပးတာေၾကာင့္၊ သြယ္၀ိုက္္ေသာနည္းအားျဖင့္
ႏွစ္ျခိဳက္စြာအိပ္ေမာက်ျခင္း ဇီ၀ျဖစ္စဥ္ကို ကေမာက္ကမ ျဖစ္ေစပါေတာ့တယ္။
(၅) အရက္ေသစာမ်ား
အရက္ေသာက္ျပီးေနာက္ ခ်က္ခ်င္းအိပ္ေပ်ာ္သြားတာေၾကာင့္ လူအမ်ားစုက
အရက္ကိုညအိပ္ယာ၀င္ခါနီးေသာက္သင့္တယ္လို ့ ထင္မွတ္မွားေနၾကပါတယ္။
အမွန္တကယ္မွာေတာ့ အရက္က အိပ္စက္ျခင္းကို လံုး၀ဖ်က္ဆီးပစ္ပါတယ္။
ေဘးအျမင္မွာ အရက္ မူး၍ အိပ္ေပ်ာ္ေနတယ္လို ့ထင္ရေသာ္လဲ၊ ကာယကံရွင္ကေတာ့
အိပ္မက္ဆိုးေတြျမင္မက္ျခင္း၊ ဂေယာင္ဂတမ္းေျပာဆိုေအာ္ ဟစ္ျခင္း၊
ေခြ်းထြက္ျခင္း၊ ေခါင္းကိုက္ခံျခင္း စတဲ့ေ၀ဒနာမ်ားျဖင့္
ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေလ့မရွိပါဘူး။ အရက္ကို ေဆးျဖစ္၀ါးျဖစ္
မွီ၀ဲၾကသူမ်ားအတြက္ အရက္ေသာက္ရန္အသင့္ေတာ္ဆံုးအခ်ိန္မွာ ညအိပ္ယာမ၀င္ခင္
၄-နာရီခန္ ့အလိုမွာျဖစ္ပါတယ္။ (ဥပမာ ည ၁၀ နာရီအိပ္ယာ၀င္သူျဖစ္ပါက ညေန ၆
နာရီေနာက္ပိုင္းမွစ၍ အရက္မေသာက္သင့္ေတာ့ပါဘူး)
Credit: promise.pauk
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အစားအသောက်ကို လူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ သို့သော် ညအိပ်ယာဝင်ခါနီး
အစားအစာတွေအများကြီးစားမိတဲ့အခါ၊ အစာမကျေဗိုက်အင့်စေပြီး၊
အိပ်စက်ခြင်းကိုပါအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်
အောက်ပါအစားအသောက် (၅) မျိုးက အိပ်စက်ခြင်းကိုအဟန့်အတားဖြစ်စေနိုင်၍
အထူးသတိပြုရှောင်ရှားသင့်ပါတယ်။
(၁) အာလူးကြော်များ
အာလူးချောင်းကြော်၊ အာလူးအကျွတ်ကြော်၊ ပြောင်းဖူးပေါက်ပေါက်
စတဲ့ဆီကြော်အစားအစာတွေထဲမှာ ဆီပါဝင်မှုလွန်စွာ များ ပြားလှပါတယ်။ အကယ်၍
ညအိပ်ယာမဝင်ခင် တီဗွီကြည့်ရင်း ၎င်းအစားအစာတစ်မျိုးမျိုးကို
လက်တဆုပ်စာလောက်စားမိတယ် ဆိုရင်ဘဲ၊ ကျေညက်စေဖို့အတွက်
အစာအိမ်ထဲမှာအချိန်တော်တော်ကြာအောင် အစာချေဖျက်နေရပါတယ်။ နံက်မိုးသောက်၍
အိပ်ယာထတဲ့အခါမှာ မအီမလည်ဖြစ်ခြင်း၊ လေပွခြင်းတို့ခံစားရပါလိမ့်မယ်။
(၂) လ္ဘက်ရည်/ကော်ဖီ/ကိုလာဖျော်ရည်များ
ကဖိန်းဓာတ်များတဲ့ လ္ဘက်ရည်/ကော်ဖီပြင်းပြင်းဖြစ်စေ၊ နို့ဓာတ်များတဲ့
လ္ဘက်ရည်/ကော်ဖီပျော့ဖြစ်စေ၊ ကိုလာအချိုရည်ဘဲဖြစ်စေ ၎င်းကဖိန်းဓာတ်များကို
ညနေ ၄ နာရီနောက်ပိုင်းကစ၍ မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က ဦးနှောက်နှင့်
အာရုံခံအဖွဲ့အစည်း ကို တက်ကြွအောင်လှုံ့ဆော်ပေးတာကြောင့်၊ သင့်ရဲ
့အိပ်စက်အနားယူချိန်ကို ဓါးပြတိုက်ခံရတတ်ပါတယ်။
(၃) အပူအစပ် အစားအစာများ
ပူစပ်သော အစားအစာများကိုစားပြီးတဲ့အခါ၊ အစာအိမ်မှအက်ဆစ်တွေ
အထွက်များလာပြီး၊ ဘေးထွက်ဆိုးကျိုးအဖြစ် ရင်ပူခြင်း၊ လေပွခြင်း၊
လေချဉ်တက်ခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်းဖြစ်ရုံသာမက ညအိပ်ပျော်နေစဉ်
အာခြောက်၍ရေငတ်ခြင်းတို့ကိုပါဖြစ် စေနိုင်ပါတယ်။ ဖြစ်နိုင်ရင်
ညစာဟင်းလျာကို အချို(အဖြူထည်)ချက်စားပေးနိုင်ရင် ပိုကောင်းပါတယ်။
(၄) ရေခဲမုန့်/သကြားလုံုးအပါအဝင် အချိုအစားအစာများ
အချိုကဲတဲ့ အစားအစာတွေကို နံက်(သို့မဟုတ်)နေ့လည်မှာစားပေးနိုင်ပါတယ်။
သို့သော် ညနေစောင်းမှစ၍ မစားသင့်တော့ပါ ဘူး။ အဘယ်ကြောင့်ဆိုသော်
၎င်းသွားရည်စာ မုန့်အချိုများက ဦးနှောက်ခွန်အားကိုကောင်းမွန်စွာလှု ံ
့ဆော်ပေးတာကြောင့်၊ သွယ်ဝိုက်သောနည်းအားဖြင့်
နှစ်ခြိုက်စွာအိပ်မောကျခြင်း ဇီဝဖြစ်စဉ်ကို ကမောက်ကမ ဖြစ်စေပါတော့တယ်။
(၅) အရက်သေစာများ
အရက်သောက်ပြီးနောက် ချက်ချင်းအိပ်ပျော်သွားတာကြောင့် လူအများစုက
အရက်ကိုညအိပ်ယာဝင်ခါနီးသောက်သင့်တယ်လို့ ထင်မှတ်မှားနေကြပါတယ်။
အမှန်တကယ်မှာတော့ အရက်က အိပ်စက်ခြင်းကို လုံးဝဖျက်ဆီးပစ်ပါတယ်။
ဘေးအမြင်မှာ အရက် မူး၍ အိပ်ပျော်နေတယ်လို့ထင်ရသော်လဲ၊ ကာယကံရှင်ကတော့
အိပ်မက်ဆိုးတွေမြင်မက်ခြင်း၊ ဂယောင်ဂတမ်းပြောဆိုအော် ဟစ်ခြင်း၊
ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခံခြင်း စတဲ့ဝေဒနာများဖြင့်
နှစ်ခြိုက်စွာအိပ်ပျော်လေ့မရှိပါဘူး။ အရက်ကို ဆေးဖြစ်ဝါးဖြစ်
မှီဝဲကြသူများအတွက် အရက်သောက်ရန်အသင့်တော်ဆုံးအချိန်မှာ ညအိပ်ယာမဝင်ခင်
၄-နာရီခန့်အလိုမှာဖြစ်ပါတယ်။ (ဥပမာ ည ၁၀ နာရီအိပ်ယာဝင်သူဖြစ်ပါက ညနေ ၆
နာရီနောက်ပိုင်းမှစ၍ အရက်မသောက်သင့်တော့ပါဘူး)
Credit: promise.pauk
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
စားေသာက္ဖြယ္
»
ဗဟုသုတ
»
လူမႈ႔ဘဝ
»
အေထြေထြ
» ညအိပ္ယာဝင္ခါနီးအခ်ိန္တြင္ အစားသင့္ေသာ အစားအေသာက္ (၅) မ်ိဳး
ညအိပ္ယာဝင္ခါနီးအခ်ိန္တြင္ အစားသင့္ေသာ အစားအေသာက္ (၅) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။