iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားမ်ားထက္ အမ်ိဳးသမီးမ်ားတြင္ မ်က္ကြင္းညိုတတ္ၾကျပီး၊ အမွတ္တမဲ့ၾကည့္ပါက ေနမေကာင္း၍ ႏံုးခ်ိအားနည္းေနပံု ေပၚေစပါတယ္။ မ်က္ကြင္းညိုျခင္းကို မိက္ကပ္ျဖင့္ဖံုးဖိမရသလို၊ ေဆးသိပၸံနည္းမ်ားျဖင့္ အေရျပားခြဲစိပ္ျပဳျပင္ဘို ့လည္း အင္မတန္ မွ ခက္ခဲလွပါတယ္။ ေမြးရာပါ (သို ့မဟုတ္) မ်ိဳးရိုးဗီဇေၾကာင့္ မ်က္ကြင္းညိုျခင္းကို ယေန ့အခ်ိန္ထိ ရိုးရာကုထံုးေရာ၊ သိပၸံေဆး၀ါး မ်ားျဖင့္ ထိထိေရာက္ေရာက္ ကုသႏိုင္ျခင္းမရွိေသးပါ။ သို ့ေသာ္ ေနထိုင္စားေသာက္ပံု မမွန္ျခင္းေၾကာင့္လည္း ရံဖန္ရံခါ မ်က္ ကြင္းညိုတတ္ေပရာ၊ ေအာက္ ပါ ေဆာင္ရန္ေရွာင္ရန္နည္းမ်ားျဖင့္ ညိုသူျဖဴ၍ ျပံဳးေပ်ာ္ႏိုင္ၾကပါေစရန္ မွ်ေ၀လိုက္ရပါတယ္္။

၁။ အာလူးကို အခြံႏႊာၾကိတ္ေခ်ျပီးရလာေသာ အႏွစ္ကိုမ်က္ကြင္းတ၀ိုက္ လိမ္္း အိပ္ပါ။ ဤနညး္ျဖင့္ ရက္သတၱ ၁-ပတ္လွ်င္ ၃-ၾကိမ္လုပ္ေပးပါ။

၂။ သခြားသီပါးပါးလွီးျပီး၊ မ်က္ခြံႏွင့္မ်က္လံုးတ၀ိုက္ ၁၅-မိနစ္ေလာက္ကပ္ထားပါ။ မ်က္ကြင္းညိုျခင္းကို သက္သာေစသည့္ အျပင္၊ ေဖာင္းအစ္၍ မ်က္လံုးပင္ပန္းႏြမ္းနယ္မႈကိုပါ သက္သာေစပါတယ္။

၃။ နံက္အိပ္ယာထ ၁၀-မိနစ္ေလာက္ လဲေလ်ာင္းျပီး၊ ေအးျမေသာ လၻက္ေျခာက္ထုပ္(green tea bag) ၂-ထုပ္ကို မ်က္လံုး ရဲ ့ တစ္ဖက္စီေပၚတင္ေပးပါ။ လၻက္စိမ္းထဲတြင္ ပါရွိေသာ tannin ဓာတ္က အေရျပားကို အားသစ္ေလာင္း လန္းဆန္း ေစျပီး၊ မ်က္ကြင္းညိျုခင္းကို သက္သာလာေစပါတယ္။

၄။ ဗာဒံေစ့အဆီကို မ်က္ကြင္းတ၀္ိုက္လိမ္း၍အိပ္ပါ။ ရက္သတၱ ၂-ပတ္တိတိ ညစဥ္လိမ္းေပးပါက အက်ိဳးထူးခံစားရပါလိမ့္ မယ္။

၅။ စိတ္ဖိစီးျခင္းကလည္း မ်က္ကြင္းကိုညိုေစတတ္၏။ ေယာဂ က်င့္စဥ္မွ pranayama (ေခၚ) အသက္ရႈေလ့က်င့္ခဏ္း သည္ စိတ္ဖိစီးမႈမ်ားကို ထိန္းခ်ဳပ္ေပးႏိုင္သျဖင့့္ တစ္ေန ့လွ်င္အနည္းဆံုး ၅ မိနစ္မွ် ေလ့က်င့္ခဏ္းလုပ္ပါ။

၆။ ေခ်ထားေသာ ပူဒီနာရြက္(ပူစီနံရြက္) ကို မ်က္လံုးတ၀ိုက္ကပ္ေပးပါ။ ပူစီနံ ရဲ ့ ေအးျမတဲ့အစြမ္းက မ်က္လံုးပင္ပန္းမႈကို ေျဖေလ်ာ့ေပး ပါတယ္။

၇။ ေရဓာတ္အလံုအေလာက္ရရွိျခင္းကလည္း မ်က္ကြင္းညိုျခင္းကို သက္ သာေစ လို ့ ေရမ်ားမ်ားေသာက္ေပးပါ။

၈။ အထူးသျဖင့္ ဗီတာမင္ေက ႏွင့္ ဗီတာမင္ B12 ပါေသာ လတ္ဆတ္တဲ့ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီး၀လံ မ်ားမ်ားစား ေပးပါ။

၉။ လံုေလာက္စြာ မအိပ္စက္ႏိုင္ျခင္းက ေသြးလည္ပတ္မႈမေကာင္းေစေတာ့ဘဲ၊ မ်က္လံုးတ၀ိုက္ညိုလာေစတတ္၍ အိပ္ေရး ၀၀ အိပ္ပါ။ အထူးသျဖင့္ မၾကာခဏမ်က္ကြင္းညိုသူမ်ား တစ္ညလွွ်င္ ၇ နာရီမွ ၉ နာရီအထိ အိပ္စက္သင့္ပါတယ္။

၁၀။ ခရမ္းခ်ဥ္သီးအႏွစ္တြင္ သံပုရာရည္ေရာစပ္ျပီး၊ မ်က္ကြင္းတ၀ိုက္ တစ္ေန ့၂ ၾကိမ္မွ် လိမ္းေပးပါ။ (မ်က္လံုးထဲ ထိုအေရာ အေႏွာမ်ား မ၀င္ေအာင္သတိထားပါ)

၁၁။ အခ်ိဳ ့ေသာသူမ်ားမွာ အစားအစာတြင္ဓာတ္မတည့္မႈျဖစ္ျပီး၊ မ်က္ကြင္းညိုလာတတ္၍ သတိျဖင့္ဆင္ျခင္သံုးသပ္ပါ။ က်န္း မာေရးေၾကာင့္ အသံုးျပဳရေသာ ပိဋိဇီ၀ေဆးအခ်ိဳ ့ျဖင့္ ဓာတ္မတည့္ျခင္းအတြက္ မ်က္ကြငး္ညိုလာတဲ့အခါ ဆရာ၀န္ ႏွင့္ ေဆြးေႏြးတိုင္ပင္ပါ။ လိုအပ္လွ်င္ အေရျပားေရာဂါအထူးကဆရာ၀န္ျဖင့္ ကုသမႈခံယူပါ။

၁၂။ မ်က္ကြင္းညိုျခင္းကို ေကာင္းက်ိဳးျပဳေစေသာ ပ်ားရည္၊ ေထာပတ္သီး၊ jojoba အဆီ၊ သိုးေထာပတ္ဆီ၊ ဗီတာမင္ေက၊ ဗီတာမင္ေအ စသည္တုို ့ျဖင့္ ျပဳလုပ္ထားသည့္ မ်က္လံုးတ၀ိုက္လိမ္းရေသာ ကရင္မ္မ်ားကိုေရြးခ်ယ္ပါ။

၁၃။ ေဆးလိပ္ေသာက္ျခင္းသည္ က်မၼာေရးထိခိုက္ေစရံုသာမက၊ ခႏၶာကိုယ္ထဲ ဗီတာမင္စီဆံုးရႈံးေစျပီး အေရျပားအိုမင္းကာ၊ အေရျပားေအာက္ရွိ ေသြးလႊတ္ေၾကာမ်ား အျပာေရာင္ဘက္သန္း၍ မ်က္ကြင္းညိုေစလာပါတယ္။ ဒါ့ျပင္ စီးကရက္မီးခိုး ေငြ ့့မ်ားဟာ မ်က္လံုးေသြးေျခဥေရာင္ကိုင္းေစတတ္သျဖင့္ မ်က္ကြင္းညိုသူမ်ား ေဆးလိပ္ျဖတ္ပါ။ (သို ့မဟုတ္) ေဆး လိပ္ေသာက္သူ ႏွင့္ ေ၀းေ၀းေနပါ။

၁၄။ နာနတ္သီးအႏွစ္ကို နႏြင္းနည္းနည္းထဲ့ျပီး မ်က္ကြင္းတ၀ုိက္လိမ္းေပးပါ။ (မ်က္လံုးထဲ ထိုအေရာ အေႏွာမ်ား မ၀င္ေအာင္သတိ ထားပါ)

၁၅။ ေနေရာင္ျခည္ထဲမွ ပါလာေသာ ခရမ္းလြန္ေရာင္ျခည္မ်ားဟာ အေရျပားတြန္ ့ျပီး မ်က္ႏွာေပၚအမဲစက္ေျပာက္မ်ား ျဖစ္ ေစကာ၊ ထိုအမဲစက္မ်ားျပန္ ့နွံ ့လာျပီး မ်က္ကြင္းညိုေစပါတယ္။ ေနေရာင္ျခည္တိုက္ရိုက္မထိေတြ ့ႏိုင္ေအာင္ ေနကာ မ်က္မွန္တပ္ျပီး၊ SPF 30 (သို ့မဟုတ္) ၄င္းထက္ပိုေသာ ေနေရာင္ခံမ်က္နာလိမ္းကရင္မ္ လိမ္းျပီးမွ ေနပူထဲတြက္ပါ။

၁၆။ စိတ္ဖိစီးမႈမ်ားျခင္း ႏွင့္ စိတ္ေ၀ဒနာမ်ားကလည္း မ်က္ကြင္းညိုေစတတ္ပါတယ္။ ေရကူးျခင္း၊ မ်က္ေစ့မွိတ္ လဲေလ်ာင္းျပီး သီခ်င္းနားေထာင္ျခင္း (သို ့မဟုတ္) သီခ်င္းဆိုျခင္းျဖင္ ့ စိတ္ဖိစီးမႈကို ေျဖေဖ်ာက္ပါ။

၁၇။ မ်က္ကြင္းညိုျခင္းရဲ ့အဓိကတရားခံဟာ ဆား စားသံုးမႈလြန္ကဲျခင္းေၾကာင့္လို ့ဆိုပါတယ္။ ဆား (၀ါ) ဆိုဒီယမ္ ၾကြယ္၀ ေသာ အစားအစာမ်ား ေလ်ာ့စားေပးပါ။

Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အမျိုးသားများထက် အမျိုးသမီးများတွင် မျက်ကွင်းညိုတတ်ကြပြီး၊ အမှတ်တမဲ့ကြည့်ပါက နေမကောင်း၍ နုံးချိအားနည်းနေပုံ ပေါ်စေပါတယ်။ မျက်ကွင်းညိုခြင်းကို မိက်ကပ်ဖြင့်ဖုံးဖိမရသလို၊ ဆေးသိပ္ပံနည်းများဖြင့် အရေပြားခွဲစိပ်ပြုပြင်ဘို့လည်း အင်မတန် မှ ခက်ခဲလှပါတယ်။ မွေးရာပါ (သို့မဟုတ်) မျိုးရိုးဗီဇကြောင့် မျက်ကွင်းညိုခြင်းကို ယနေ့အချိန်ထိ ရိုးရာကုထုံးရော၊ သိပ္ပံဆေးဝါး များဖြင့် ထိထိရောက်ရောက် ကုသနိုင်ခြင်းမရှိသေးပါ။ သို့သော် နေထိုင်စားသောက်ပုံ မမှန်ခြင်းကြောင့်လည်း ရံဖန်ရံခါ မျက် ကွင်းညိုတတ်ပေရာ၊ အောက် ပါ ဆောင်ရန်ရှောင်ရန်နည်းများဖြင့် ညိုသူဖြူ၍ ပြုံးပျော်နိုင်ကြပါစေရန် မျှဝေလိုက်ရပါတယ်။

၁။ အာလူးကို အခွံနွှာကြိတ်ချေပြီးရလာသော အနှစ်ကိုမျက်ကွင်းတဝိုက် လိမ်း အိပ်ပါ။ ဤနည်းဖြင့် ရက်သတ္တ ၁-ပတ်လျှင် ၃-ကြိမ်လုပ်ပေးပါ။

၂။ သခွားသီပါးပါးလှီးပြီး၊ မျက်ခွံနှင့်မျက်လုံးတဝိုက် ၁၅-မိနစ်လောက်ကပ်ထားပါ။ မျက်ကွင်းညိုခြင်းကို သက်သာစေသည့် အပြင်၊ ဖောင်းအစ်၍ မျက်လုံးပင်ပန်းနွမ်းနယ်မှုကိုပါ သက်သာစေပါတယ်။

၃။ နံက်အိပ်ယာထ ၁၀-မိနစ်လောက် လဲလျောင်းပြီး၊ အေးမြသော လ္ဘက်ခြောက်ထုပ်(green tea bag) ၂-ထုပ်ကို မျက်လုံး ရဲ့ တစ်ဖက်စီပေါ်တင်ပေးပါ။ လ္ဘက်စိမ်းထဲတွင် ပါရှိသော tannin ဓာတ်က အရေပြားကို အားသစ်လောင်း လန်းဆန်း စေပြီး၊ မျက်ကွင်းညိြုခင်းကို သက်သာလာစေပါတယ်။

၄။ ဗာဒံစေ့အဆီကို မျက်ကွင်းတဝိုက်လိမ်း၍အိပ်ပါ။ ရက်သတ္တ ၂-ပတ်တိတိ ညစဉ်လိမ်းပေးပါက အကျိုးထူးခံစားရပါလိမ့် မယ်။

၅။ စိတ်ဖိစီးခြင်းကလည်း မျက်ကွင်းကိုညိုစေတတ်၏။ ယောဂ ကျင့်စဉ်မှ pranayama (ခေါ်) အသက်ရှုလေ့ကျင့်ခဏ်း သည် စိတ်ဖိစီးမှုများကို ထိန်းချုပ်ပေးနိုင်သဖြင့် တစ်နေ့လျှင်အနည်းဆုံး ၅ မိနစ်မျှ လေ့ကျင့်ခဏ်းလုပ်ပါ။

၆။ ချေထားသော ပူဒီနာရွက်(ပူစီနံရွက်) ကို မျက်လုံးတဝိုက်ကပ်ပေးပါ။ ပူစီနံ ရဲ့ အေးမြတဲ့အစွမ်းက မျက်လုံးပင်ပန်းမှုကို ဖြေလျော့ပေး ပါတယ်။

၇။ ရေဓာတ်အလုံအလောက်ရရှိခြင်းကလည်း မျက်ကွင်းညိုခြင်းကို သက် သာစေ လို့ ရေများများသောက်ပေးပါ။

၈။ အထူးသဖြင့် ဗီတာမင်ကေ နှင့် ဗီတာမင် B12 ပါသော လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များများစား ပေးပါ။

၉။ လုံလောက်စွာ မအိပ်စက်နိုင်ခြင်းက သွေးလည်ပတ်မှုမကောင်းစေတော့ဘဲ၊ မျက်လုံးတဝိုက်ညိုလာစေတတ်၍ အိပ်ရေး ၀၀ အိပ်ပါ။ အထူးသဖြင့် မကြာခဏမျက်ကွင်းညိုသူများ တစ်ညလှျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်သင့်ပါတယ်။

၁၀။ ခရမ်းချဉ်သီးအနှစ်တွင် သံပုရာရည်ရောစပ်ပြီး၊ မျက်ကွင်းတဝိုက် တစ်နေ့၂ ကြိမ်မျှ လိမ်းပေးပါ။ (မျက်လုံးထဲ ထိုအရော အနှောများ မဝင်အောင်သတိထားပါ)

၁၁။ အချို့သောသူများမှာ အစားအစာတွင်ဓာတ်မတည့်မှုဖြစ်ပြီး၊ မျက်ကွင်းညိုလာတတ်၍ သတိဖြင့်ဆင်ခြင်သုံးသပ်ပါ။ ကျန်း မာရေးကြောင့် အသုံးပြုရသော ပိဋိဇီဝဆေးအချို့ဖြင့် ဓာတ်မတည့်ခြင်းအတွက် မျက်ကွင်းညိုလာတဲ့အခါ ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်ပါ။ လိုအပ်လျှင် အရေပြားရောဂါအထူးကဆရာဝန်ဖြင့် ကုသမှုခံယူပါ။

၁၂။ မျက်ကွင်းညိုခြင်းကို ကောင်းကျိုးပြုစေသော ပျားရည်၊ ထောပတ်သီး၊ jojoba အဆီ၊ သိုးထောပတ်ဆီ၊ ဗီတာမင်ကေ၊ ဗီတာမင်အေ စသည်တို့ဖြင့် ပြုလုပ်ထားသည့် မျက်လုံးတဝိုက်လိမ်းရသော ကရင်မ်များကိုရွေးချယ်ပါ။

၁၃။ ဆေးလိပ်သောက်ခြင်းသည် ကျမ္မာရေးထိခိုက်စေရုံသာမက၊ ခန္ဓာကိုယ်ထဲ ဗီတာမင်စီဆုံးရှုံးစေပြီး အရေပြားအိုမင်းကာ၊ အရေပြားအောက်ရှိ သွေးလွှတ်ကြောများ အပြာရောင်ဘက်သန်း၍ မျက်ကွင်းညိုစေလာပါတယ်။ ဒါ့ပြင် စီးကရက်မီးခိုး ငွေ့များဟာ မျက်လုံးသွေးခြေဥရောင်ကိုင်းစေတတ်သဖြင့် မျက်ကွင်းညိုသူများ ဆေးလိပ်ဖြတ်ပါ။ (သို့မဟုတ်) ဆေး လိပ်သောက်သူ နှင့် ဝေးဝေးနေပါ။

၁၄။ နာနတ်သီးအနှစ်ကို နနွင်းနည်းနည်းထဲ့ပြီး မျက်ကွင်းတဝိုက်လိမ်းပေးပါ။ (မျက်လုံးထဲ ထိုအရော အနှောများ မဝင်အောင်သတိ ထားပါ)

၁၅။ နေရောင်ခြည်ထဲမှ ပါလာသော ခရမ်းလွန်ရောင်ခြည်များဟာ အရေပြားတွန့်ပြီး မျက်နှာပေါ်အမဲစက်ပြောက်များ ဖြစ် စေကာ၊ ထိုအမဲစက်များပြန့်နှံ့လာပြီး မျက်ကွင်းညိုစေပါတယ်။ နေရောင်ခြည်တိုက်ရိုက်မထိတွေ့နိုင်အောင် နေကာ မျက်မှန်တပ်ပြီး၊ SPF 30 (သို့မဟုတ်) ၎င်းထက်ပိုသော နေရောင်ခံမျက်နာလိမ်းကရင်မ် လိမ်းပြီးမှ နေပူထဲတွက်ပါ။

၁၆။ စိတ်ဖိစီးမှုများခြင်း နှင့် စိတ်ဝေဒနာများကလည်း မျက်ကွင်းညိုစေတတ်ပါတယ်။ ရေကူးခြင်း၊ မျက်စေ့မှိတ် လဲလျောင်းပြီး သီချင်းနားထောင်ခြင်း (သို့မဟုတ်) သီချင်းဆိုခြင်းဖြင့် စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။

၁၇။ မျက်ကွင်းညိုခြင်းရဲ့အဓိကတရားခံဟာ ဆား စားသုံးမှုလွန်ကဲခြင်းကြောင့်လို့ဆိုပါတယ်။ ဆား (ဝါ) ဆိုဒီယမ် ကြွယ်၀ သော အစားအစာများ လျော့စားပေးပါ။

Credit:မြဝတီ


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top