iMyanmarHouse.com - Best Property Website for Myanmar
×

အသက္(၁၄)ႏွစ္အရြယ္ မိန္းကေလး ေလးပုံတစ္ပုံႏွင့္ ေယာက်္ားေလး ၁၀ ဦးတြင္ တစ္ဦးသည္ စိတ္ဓာတ္ က်ေသာ လကၡဏာမ်ား ျပသေနေၾကာင္း ၿဗိတိန္ သုေတသီ မ်ားက ေျပာသည္။

စုိးရိမ္မႈ မ်ားႏွင့္ စိတ္ခံစားခ်က္မ်ားကုိ ေဖာ္ျပေသာ လူငယ္ ၁၀,၀၀၀ ေက်ာ္ကုိ ေလ့လာ ရာတြင္ ေအာက္ပါကဲ့သုိ႔ ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။ ၎တို႔၏ မိဘ မ်ားႏွင့္အတူ ေလ့လာရာတြင္ ဆယ္ေက်ာ္သက္ အရြယ္ သားသမီး မ်ား၏ အမွန္တကယ္စုိးရိမ္မႈမ်ားကုိ နားမလည္ႏုိင္ျဖစ္ေနေၾကာင္း ေလ့လာေတြ႕ရွိသည္။

မိဘ မ်ားသည္ သမီး မ်ား၏ စိတ္ဖိစီးမႈကုိ မၾကာခဏ ေလွ်ာ့တြက္ေလ့ရွိၿပီး သား ေယာက်္ားေလး မ်ားကုိယ္တိုင္က ထုတ္ေဖာ္ေျပာဆုိျခင္း မရွိေသာ္လည္း ၎တို႔ႏွင့္ပတ္သက္၍ စုိးရိမ္ၾကေၾကာင္း ေလ့လာမႈ က ေဖာ္ျပသည္။

လီဗာပူး တကၠသုိလ္ မွ သုေတသီ မ်ားက အထူးသျဖင့္ မိန္းကေလးမ်ား နွင့္ ဆယ္ေက်ာ္သက္ အရြယ္ မ်ားသည္ ယခင္မ်ိဳးဆက္မ်ားထက္ စိတ္က်န္းမာေရးဆုိင္ရာ အခက္အခဲမ်ားႏွင့္ ပုိ၍ရင္ဆုိင္ ေနရသည္ဟု ေျပာသည္။

စာေမးပြဲ နွင့္ဆိုင္ေသာ စိတ္ဖိစီးမႈ နွင့္ ခႏၶာကုိယ္ ပုံရိပ္ႏွင့္ ပတ္ သက္၍ စုိးရိမ္ျခင္းတို႔ကဲ့သုိ႔ အေျခအေနမ်ားစြာေၾကာင့္ ယင္းအေျခအေနမ်ိဳး ျဖစ္ေပၚေနျခင္းျဖစ္ႏုိင္ေၾကာင္း ပညာရွင္မ်ားက ယုံ ၾကည္ထားသည္။

ေယာက်္ားေလး မ်ားထက္ ပုိ၍ မိန္းကေလးမ်ား စုိးရိမ္စိတ္ႀကီးၿပီး စိတ္ဓာတ္ပုိက်ေလ့ရွိေၾကာင္း ေလ့လာမႈက ေဖာ္ျပသည္။ ဆင္းရဲေသာ လူမႈစီးပြားေရးေနာက္ခံရွိသည့္ မိသားစုမွ (၁၄)ႏွစ္ အရြယ္ မ်ားသည္ ပုိေကာင္းေသာဘ၀ကုိ ပုိင္ဆုိင္သည့္ မိသားစု မ်ားမွ ရြယ္တူမ်ားထက္ ပုိ၍စိတ္ဓာတ္က်သည္။

အရြယ္ေရာက္ၿပီးသူမ်ား စိတ္မက်န္းမာျဖစ္ရျခင္း အားလုံး၏ ထက္၀က္သည္ အသက္(၁၄)ႏွစ္ အရြယ္ တြင္ စတင္ၿပီး ၎တို႔ကုိ ေရာဂါ စစ္ေဆးကာ ေစာေစာစီးစီးကုသေပးရန္ အေရးႀကီးသည္။

ကေလး ဘ၀တြင္ ေသြးရင္းသားရင္း ေဆြမ်ိဳးသားခ်င္းတစ္ဦး ဦး ေသဆုံးျခင္း၊ အိမ္တြင္း အၾကမ္းဖက္မႈ(သုိ႔မဟုတ္) လ်စ္လ်ဴ႐ႈမႈတုိ႔ႏွင့္ ႀကံဳေတြ႕ရျခင္းက ျပင္းထန္ေသာ အက်ိဳးသက္ေရာက္မႈ ျဖစ္ ေပၚေစႏုိင္သည္။

စိတ္ဓာတ္က်ေသာ လကၡဏာ မ်ားတြင္ စိတ္ပါ၀င္စားမႈနည္း ျခင္း၊ ၀မ္းနည္းျခင္း၊ ေမွ်ာ္လင့္ခ်က္မဲ့၊ အကူအညီမဲ့သလုိ ခံစားရ ျခင္း၊ စုိးရိမ္စိတ္ႀကီးျခင္း၊ စိတ္ပူျခင္း စေသာ လကၡဏာ မ်ား ပါ၀င္ သည္။

Credit : 7DayDaily
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


အသက်(၁၄)နှစ်အရွယ် မိန်းကလေး လေးပုံတစ်ပုံနှင့် ယောကျ်ားလေး ၁၀ ဦးတွင် တစ်ဦးသည် စိတ်ဓာတ် ကျသော လက္ခဏာများ ပြသနေကြောင်း ဗြိတိန် သုတေသီ များက ပြောသည်။

စိုးရိမ်မှု များနှင့် စိတ်ခံစားချက်များကို ဖော်ပြသော လူငယ် ၁၀,၀၀၀ ကျော်ကို လေ့လာ ရာတွင် အောက်ပါကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ မိဘ များနှင့်အတူ လေ့လာရာတွင် ဆယ်ကျော်သက် အရွယ် သားသမီး များ၏ အမှန်တကယ်စိုးရိမ်မှုများကို နားမလည်နိုင်ဖြစ်နေကြောင်း လေ့လာတွေ့ရှိသည်။

မိဘ များသည် သမီး များ၏ စိတ်ဖိစီးမှုကို မကြာခဏ လျှော့တွက်လေ့ရှိပြီး သား ယောကျ်ားလေး များကိုယ်တိုင်က ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ၎င်းတို့နှင့်ပတ်သက်၍ စိုးရိမ်ကြကြောင်း လေ့လာမှု က ဖော်ပြသည်။

လီဗာပူး တက္ကသိုလ် မှ သုတေသီ များက အထူးသဖြင့် မိန်းကလေးများ နှင့် ဆယ်ကျော်သက် အရွယ် များသည် ယခင်မျိုးဆက်များထက် စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် ပို၍ရင်ဆိုင် နေရသည်ဟု ပြောသည်။

စာမေးပွဲ နှင့်ဆိုင်သော စိတ်ဖိစီးမှု နှင့် ခန္ဓာကိုယ် ပုံရိပ်နှင့် ပတ် သက်၍ စိုးရိမ်ခြင်းတို့ကဲ့သို့ အခြေအနေများစွာကြောင့် ယင်းအခြေအနေမျိုး ဖြစ်ပေါ်နေခြင်းဖြစ်နိုင်ကြောင်း ပညာရှင်များက ယုံ ကြည်ထားသည်။

ယောကျ်ားလေး များထက် ပို၍ မိန်းကလေးများ စိုးရိမ်စိတ်ကြီးပြီး စိတ်ဓာတ်ပိုကျလေ့ရှိကြောင်း လေ့လာမှုက ဖော်ပြသည်။ ဆင်းရဲသော လူမှုစီးပွားရေးနောက်ခံရှိသည့် မိသားစုမှ (၁၄)နှစ် အရွယ် များသည် ပိုကောင်းသောဘဝကို ပိုင်ဆိုင်သည့် မိသားစု များမှ ရွယ်တူများထက် ပို၍စိတ်ဓာတ်ကျသည်။

အရွယ်ရောက်ပြီးသူများ စိတ်မကျန်းမာဖြစ်ရခြင်း အားလုံး၏ ထက်ဝက်သည် အသက်(၁၄)နှစ် အရွယ် တွင် စတင်ပြီး ၎င်းတို့ကို ရောဂါ စစ်ဆေးကာ စောစောစီးစီးကုသပေးရန် အရေးကြီးသည်။

ကလေး ဘဝတွင် သွေးရင်းသားရင်း ဆွေမျိုးသားချင်းတစ်ဦး ဦး သေဆုံးခြင်း၊ အိမ်တွင်း အကြမ်းဖက်မှု(သို့မဟုတ်) လျစ်လျူရှုမှုတို့နှင့် ကြုံတွေ့ရခြင်းက ပြင်းထန်သော အကျိုးသက်ရောက်မှု ဖြစ် ပေါ်စေနိုင်သည်။

စိတ်ဓာတ်ကျသော လက္ခဏာ များတွင် စိတ်ပါဝင်စားမှုနည်း ခြင်း၊ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့၊ အကူအညီမဲ့သလို ခံစားရ ခြင်း၊ စိုးရိမ်စိတ်ကြီးခြင်း၊ စိတ်ပူခြင်း စသော လက္ခဏာ များ ပါဝင် သည်။

Credit : 7DayDaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top