iMyanmarHouse.com - Best Property Website for Myanmar
×

ေကာ္ဖီေဖ်ာ္ျပီးရင္ က်န္တဲ့အမႈန္႔အႏွစ္ေတြကို ခ်က္ခ်င္းလႊင့္ပစ္တတ္ၾကပါတယ္။ ဒါေပမယ့္ သံုးျပီးသားေကာ္ဖီအနည္ေတြက စြယ္စံုအသံုးဝင္တာကုိေတာ့ သိပ္မသိၾကပါဘူး။ေကာ္ဖီအနည္ေတြကို အိမ္အလုပ္ေတာ္ေတာ္မ်ားမ်ားမွာ စရိတ္မကုန္ဘဲအသံုးဝင္တဲ့နည္းလမ္းေတြနဲ႔အသံုးခ်နုိင္ပါတယ္။ေကာ္ဖီေသာက္ျပီးရင္ က်န္တဲ့အနည္ေတြကို အလွအပအတြက္ အသံုးခ်လို႔ရသလို ဆံပင္အတြက္လည္း အသံုးဝင္ပါတယ္။

ေကာ္ဖီကုိေန႔စဥ္ေသာက္ရင္ အသက္ရွည္နုိင္တယ္၊ ေလျဖတ္ျခင္းကိုကာကြယ္နုိင္တယ္၊ အမ်ိဳးအစား ၂ ဆီးခ်ိဳေရာဂါအႏၱရာယ္ ကာကြယ္နိုင္တယ္လို႔ေတာင္ ေလ့လာမႈေတြထြက္ေပၚခဲ့ပါတယ္။ဒါ့အျပင္ ေသာက္ျပီးက်န္ရွိတဲ့အနည္ေတြဟာလည္း ျပန္လည္အသံုးျပဳျခင္း(recycle) သေဘာနဲ႔ စြယ္စံုအသံုးခ်လို႔ရနို္င္ပါတယ္။
ေျမၾသဇာအျဖစ္သံုးမယ္

azaleas ပန္း၊ hydrangeas (ေျခာက္လပန္း)၊rhododendrons(ေတာင္ဇလပ္ပန္း)၊camellias ပန္း၊ ႏွင္းဆီပန္း တို႔လို အပင္ေတြစိုက္တဲ့အခါ ေကာ္ဖီကို ေျမၾသဇာအျဖစ္ေျပာင္းလဲအသံုးခ်နိုင္ပါတယ္။ ေကာ္ဖီအနည္ေတြကို အက္စစ္ဓာတ္ျပယ္ေစဖို႔ ျမက္ေျခာက္၊ေကာက္ရိုး၊ အရြက္ေၾကြေတြနဲ႔ေရာျပီးမွ အပင္ပတ္လည္မွာ ျဖန္႔ထားပါ။ ေကာ္ဖီအနည္ေတြက ေျမဆီလႊာကို နိုက္ထရိုဂ်င္နဲ႔ပိုတက္စီယမ္ဓာတ္အျပင္ အပင္ေတြရွင္သန္ျဖစ္ထြန္းဖို႔လိုအပ္တဲ့ မဂၢနီဆီယမ္ကို ေထာက္ပံ့ေပးနိုင္ပါတယ္။

ေကာ္ဖီေျမၾသဇာက ေဖာ့စ္ဖရိတ္နဲ႔ ကယ္လ္စီယမ္မပါတာေၾကာင့္ အသီးအတြက္ အားေပးနုိင္မွာေတာ့မဟုတ္ပါဘူး။ ျပီးျပည့္စံုတဲ့ ေကာ္ဖီေျမၾသဇာကိုရရွိဖို႔အတြက္ သံပရာ သို႔မဟုတ္ ျပာ အနည္းငယ္ေရာစပ္ဖို႔လိုပါလိမ့္မယ္။
ပိုးသတ္ေဆး

အပင္ေတြမွာ ပုရြက္ဆိတ္၊ခရု၊ပက္က်ိ စတဲ့ အဖ်က္ပိုးေကာင္ေတြကို ကာကြယ္ဖို႔အတြက္ အပင္ေတြတဝိုက္ ေကာ္ဖီအႏွစ္ကို အနည္းငယ္ျဖဴးေပးနိုင္ပါတယ္။ေကာ္ဖီအနည္ေတြကို လိေမၼာ္ခြံေျခာက္နဲ႔ေရာလိုက္ရင္ သတၱဝါငယ္ေတြပါ အပင္ကို ေဝးေဝးေရွာင္ေစတယ္လို႔ ဆိုပါတယ္။
အသားႏူးလြယ္ေစတယ္

သံုးျပီးသားေကာ္ဖီအနည္ေတြက သဘာအက္စစ္ဓာတ္ပါဝင္မႈေၾကာင့္ အသားေတြကို ႏူးေစတဲ့အစြမ္းရွိပါတယ္။ အသားအစိမ္းကို ေကာ္ဖီအႏွစ္ေတြအံုျပီး ပလတ္စတစ္အိတ္ထဲထည့္ကာ ေရခဲေသတၱာထဲမွာ အနည္းဆံုး ၃ နာရီ သို႔မဟုတ္ တစ္ညသိပ္ ထားလိုက္ပါ။ အသားကို ခ်က္ေတာ့မယ္ဆိုမွ ေရေျပာင္စင္ေအာင္ေဆးလို႔ရပါတယ္။
အနံ႔အသက္ေတြေပ်ာက္ေစတယ္

ေကာ္ဖီဟာ မုန္႔ဖုတ္ဆိုဒါလိုပဲ ေရခဲေသတၱာထဲမွာ စြဲေနတဲ့ အစားအေသာက္နံ႔ေတြကို စုပ္ယူေပးနုိင္ပါတယ္။ ေကာ္ဖီအနည္ေတြကို အဖံုးမပါတဲ့ ပုလင္းငယ္တစ္ခုထဲထည့္ျပီး ေရခဲေသတၱာအေနာက္ထဲမွာထားလိုက္ပါ။ ဒီလိုထားျပီးလို႔ ျပန္ဖယ္ထုတ္တဲ့အခါက်မွ ေျမၾသဇာအျဖစ္သံုးလိုက္လည္း ရပါတယ္။
သဘာဝေၾကးခ်ြတ္ေဆး

ေကာ္ဖီအနည္ေတြကို ၾကမး္သုတ္ဝတ္မွာျဖဴးျပီး ခံုေတြ၊စားပြဲေတြမွာ အစားအစာေတြကေနစြန္းေပသမွ်ကို ပြတ္သုတ္ပစ္လို႔ရပါတယ္။ ေကာ္ဖီအနည္ေတြက ေၾကးခြ်တ္နုိင္တဲ့အာနိသင္ရွိေပမယ့္ မီးဖိုေခ်ာင္ထဲက မ်က္ႏွာျပင္ေတြကိုထိခိုက္ေလာက္ေအာင္ မပြန္းေစနိုင္ပါဘူး။
ေကာ္ဖီဖေယာင္းတိုင္

ေကာ္ဖီအနံ႔ကိုၾကိဳက္တယ္ဆိုရင္ ေကာ္ဖီအနည္ေတြနဲ႔ ဖေယာင္းတိုင္ေတြကိုယ္တိုင္ဖန္တီးလို႔ရပါတယ္။ စကၠဴေကာ္ဖီခြက္ငယ္တစ္ခြက္၊ a paper towel အရည္စုပ္ စကၠဴၾကမ္းတစ္ရြက္၊ ဖေယာင္း (wax candle ends)၊ မီးစာ၊ ကတ္ေၾကးတို႔ လိုပါတယ္။ အရင္ဆံုး ေကာ္ဖီအနည္ေတြကို စကၠဴၾကမ္းထဲထည့္ျပီး အရည္ေျခာက္ေအာင္ညွစ္ထုတ္ျပီး ျဖန္႔ထားပါ။ ဖေယာင္းကိုေဘးကင္းေစဖို႔ ေရေႏြးအိုးမွာေပါင္းအိုးအကန္႔ခံျပီးအရည္ေပ်ာ္ေအာင္လုပ္ပါ။ စကၠဴေကာ္ဖီခြက္ထဲမွာ မီးစာကိုထည့္၊ ေကာ္ဖီအႏွစ္အနည္းငယ္ျဖဴးထည့္ပါ။ ဖေယာင္းကိုတဝက္ေလာင္းထည့္ျပီး ေကာ္ဖီထပ္ထည့္ပါ။ ေနာက္ဆံုးဖေယာင္းေလာင္းထည့္ျပီး တစ္နာရီေလာက္အေအးခံပါ။ ေအးခဲသြားျပီဆိုရင္ ဖေယာင္းတိုင္ထည့္လုပ္ထားတဲ့ စကၠဴခြက္ကိုကတ္ေၾကးနဲ႔ အသာအယာ ညွပ္ထုတ္လိုက္ပါ။ ေကာ္ဖီနံ႔ေမႊးတဲ့ ဖေယာင္းတိုင္ေလး ရရွွိလာမွာျဖစ္ပါတယ္။
သန္းသတ္ေဆး

ေခြး သို႔မဟုတ္ ေၾကာင္ကို ေရခ်ိဳးေပးတဲ့အခါ ရွန္ပူထည့္ျပီး ေရမေဆးခ်မီ အေမႊးၾကားထဲ ေကာ္ဖီအနည္တခ်ိဳ႕နဲ႔ ပြတ္တိုက္ေပးပါ။ ပံုမွန္အတိုင္း ေရခ်ိဳးခ်ျပိး ေကာ္ဖီနဲ႔ေနာက္တစ္ခါထပ္ပြတ္တိုက္ေပးပါ။ ျပန္ေဆးခ်ပါ။ သန္းကင္းစင္ေစတဲ့အျပင္ ညဘက္ ကိုယ္နဲ႔အတူလာအိပ္ရင္ ေကာ္ဖီနံ႔ေလးေတာင္ ေမႊးေနဦးမွာပါ။

အေရးၾကီးတာတစ္ခ်က္က ေခြးေလးေတြကို ေကာ္ဖီအဖတ္ေတြမစားမိေစဖို႔ပါပဲ။ ေခြးေတြအတြက္ ကဖင္းက အဆိပ္ျဖစ္ေစတတ္လို႔ပါ။
မ်က္ရည္အိတ္တြဲျခင္းကို သက္သာေစတယ္

လက္ဖက္ရည္ေျခာက္ထုပ္ေလးေတြနဲ႔ပဲအသံုးဝင္တာမဟုတ္ပါဘူး။ ေကာ္ဖီကလည္း မ်က္လံုးေအာက္မွာ မ်က္ရည္အိတ္တြဲျခင္းကို သက္သာေစနိုုင္ပါတယ္။ ေကာ္ဖီအနည္ေတြကို ေရအနည္းငယ္နဲ႔အႏွစ္ျဖစ္ေအာင္လုပ္ပါ။ မ်က္လံုးေအာက္ဧရိယာမွာ တင္ျပီး ၁၅ မိနစ္ေလာက္ နားလိုက္ပါ။
အသားအေရ ေၾကးခြ်တ္ျခင္း

ေကာ္ဖီအနည္ေတြက အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးနုိင္တဲ့ သဘာဝေၾကးခြ်တ္ေဆးျဖစ္ပါတယ္။ ခႏၶာကိုယ္အတြက္ Coffee Body Scrub လုပ္မယ္ဆိုရင္ ေကာ္ဖီမႈန္႔ခြက္တဝက္၊ coconut palm sugar ခြက္တဝက္၊ အုန္းဆီ သို႔မဟုတ္ သံလြင္ဆီ၊ သစ္ၾကံပိုးေခါက္ တစ္ဇြန္း၊လိုအပ္ပါတယ္။ ခြက္တစ္လံုးထဲမွာ အားလံုးထည့္ပါ။ ေရခဲေသတၱာထဲ အေအးခံပါ။ Scrub  က ႏွစ္ပတ္ေလာက္ေတာ့  ထားလို႔ခံပါတယ္။
ဆံသားအလွအတြက္

ဆံေကသာအလွကုန္ေတြ အမ်ားၾကီးသံုးထားတယ္ဆိုရင္ ဒါမွမဟုတ္ သဘာဝေခါင္းေလွ်ာ္ရည္ကို ေျပာင္းသံုးထားတယ္ဆိုရင္ သင့္ရဲ႕ဆံပင္ေတြမွာ လိုအပ္ခ်က္ေတြျဖစ္ေနနုိင္ပါတယ္။ ဆံပင္မွာမေျပာင္စင္ဘဲ ကပ္ျငိေနတဲ့ အရာေတြကို ေကာ္ဖီနဲ႔ ဖယ္ရွားနုိင္ပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါ ရွန္ပူမထည့္ခင္ ေကာ္ဖီအနည္လက္တစ္ဆုပ္ေလာက္နဲ႔ ပြတ္ေလွ်ာ္ေပးျပီး ႏွိပ္နယ္ေပးပါ။ ဆံေကသာ ေတာက္ေျပာင္လွပလာပါလိမ့္မယ္။
ဆပ္ျပာ

အသားအေရအတြက္ အာဟာရျဖည့္ေပးမယ့္၊ အညစ္အေၾကးေတြသန္႔စင္ေပးမယ့္ ေကာ္ဖီဆပ္ျပာေမႊးကို ကိုယ့္ဘာသာဖန္တီးနိုင္ပါတယ္။ ေကာ္ဖီမႈန္႔ကို ခြက္ရဲ႕ေလးပံုတစ္ပံု၊ ဂလစ္ဆရင္းဆပ္ျပာ ၈ ေအာင္စ၊ အုန္းနို႔အမႈန္႔ လက္ဖက္ရည္၁ ဇြန္း၊ ဗနီလာ ၂ ဇြန္း၊ လက္ကိုင္ပါတဲ့အိုး၊ ဖန္ပန္းကန္လံုးတစ္လံုး၊ Muffin မုန္႔လုပ္တဲ့အိုး၊ ေယာက္မတစ္ေခ်ာင္းတို႔လိုအပ္ပါတယ္။ အိုးကို ေရတဝက္ထည့္ပါ။ ဖန္ပန္းကန္လံုးကို ထည့္ပါ။ ေရဆူလာရင္ ပန္းကန္လံုးထဲ ဆပ္ျပာကိုထည့္ျပီးအရည္ေပ်ာ္ေအာင္ထားပါ။ အရည္ေပ်ာ္လာရင္ ဆီသုတ္ထားတဲ့ Muffin အိုးရဲ႕ အခြက္ေလးေတြထဲ ေကာ္ဖီမႈန္႕ကိုထည့္ပါ။ အရည္ေပ်ာ္လာတဲ့ဆပ္ျပာကို မီးပိတ္ျပီး ဗနီလာ၊ေကာ္ဖီမႈန္႔နဲ႔ အုန္းနို႔မႈန္႔ကိုထည့္ပါ။ ဆပ္ျပာကို ေယာက္မသံုးျပီး Muffin  ခြက္ေလးေတြထဲ ျဖည့္ပါ။ နာရီအေတာ္ၾကာ အေအးခံပါ။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကော်ဖီဖျော်ပြီးရင် ကျန်တဲ့အမှုန့်အနှစ်တွေကို ချက်ချင်းလွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် သုံးပြီးသားကော်ဖီအနည်တွေက စွယ်စုံအသုံးဝင်တာကိုတော့ သိပ်မသိကြပါဘူး။ကော်ဖီအနည်တွေကို အိမ်အလုပ်တော်တော်များများမှာ စရိတ်မကုန်ဘဲအသုံးဝင်တဲ့နည်းလမ်းတွေနဲ့အသုံးချနိုင်ပါတယ်။ကော်ဖီသောက်ပြီးရင် ကျန်တဲ့အနည်တွေကို အလှအပအတွက် အသုံးချလို့ရသလို ဆံပင်အတွက်လည်း အသုံးဝင်ပါတယ်။

ကော်ဖီကိုနေ့စဉ်သောက်ရင် အသက်ရှည်နိုင်တယ်၊ လေဖြတ်ခြင်းကိုကာကွယ်နိုင်တယ်၊ အမျိုးအစား ၂ ဆီးချိုရောဂါအန္တရာယ် ကာကွယ်နိုင်တယ်လို့တောင် လေ့လာမှုတွေထွက်ပေါ်ခဲ့ပါတယ်။ဒါ့အပြင် သောက်ပြီးကျန်ရှိတဲ့အနည်တွေဟာလည်း ပြန်လည်အသုံးပြုခြင်း(recycle) သဘောနဲ့ စွယ်စုံအသုံးချလို့ရနိုင်ပါတယ်။
မြေသြဇာအဖြစ်သုံးမယ်

azaleas ပန်း၊ hydrangeas (ခြောက်လပန်း)၊rhododendrons(တောင်ဇလပ်ပန်း)၊camellias ပန်း၊ နှင်းဆီပန်း တို့လို အပင်တွေစိုက်တဲ့အခါ ကော်ဖီကို မြေသြဇာအဖြစ်ပြောင်းလဲအသုံးချနိုင်ပါတယ်။ ကော်ဖီအနည်တွေကို အက်စစ်ဓာတ်ပြယ်စေဖို့ မြက်ခြောက်၊ကောက်ရိုး၊ အရွက်ကြွေတွေနဲ့ရောပြီးမှ အပင်ပတ်လည်မှာ ဖြန့်ထားပါ။ ကော်ဖီအနည်တွေက မြေဆီလွှာကို နိုက်ထရိုဂျင်နဲ့ပိုတက်စီယမ်ဓာတ်အပြင် အပင်တွေရှင်သန်ဖြစ်ထွန်းဖို့လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

ကော်ဖီမြေသြဇာက ဖော့စ်ဖရိတ်နဲ့ ကယ်လ်စီယမ်မပါတာကြောင့် အသီးအတွက် အားပေးနိုင်မှာတော့မဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့ ကော်ဖီမြေသြဇာကိုရရှိဖို့အတွက် သံပရာ သို့မဟုတ် ပြာ အနည်းငယ်ရောစပ်ဖို့လိုပါလိမ့်မယ်။
ပိုးသတ်ဆေး

အပင်တွေမှာ ပုရွက်ဆိတ်၊ခရု၊ပက်ကျိ စတဲ့ အဖျက်ပိုးကောင်တွေကို ကာကွယ်ဖို့အတွက် အပင်တွေတဝိုက် ကော်ဖီအနှစ်ကို အနည်းငယ်ဖြူးပေးနိုင်ပါတယ်။ကော်ဖီအနည်တွေကို လိမ္မော်ခွံခြောက်နဲ့ရောလိုက်ရင် သတ္တဝါငယ်တွေပါ အပင်ကို ဝေးဝေးရှောင်စေတယ်လို့ ဆိုပါတယ်။
အသားနူးလွယ်စေတယ်

သုံးပြီးသားကော်ဖီအနည်တွေက သဘာအက်စစ်ဓာတ်ပါဝင်မှုကြောင့် အသားတွေကို နူးစေတဲ့အစွမ်းရှိပါတယ်။ အသားအစိမ်းကို ကော်ဖီအနှစ်တွေအုံပြီး ပလတ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၃ နာရီ သို့မဟုတ် တစ်ညသိပ် ထားလိုက်ပါ။ အသားကို ချက်တော့မယ်ဆိုမှ ရေပြောင်စင်အောင်ဆေးလို့ရပါတယ်။
အနံ့အသက်တွေပျောက်စေတယ်

ကော်ဖီဟာ မုန့်ဖုတ်ဆိုဒါလိုပဲ ရေခဲသေတ္တာထဲမှာ စွဲနေတဲ့ အစားအသောက်နံ့တွေကို စုပ်ယူပေးနိုင်ပါတယ်။ ကော်ဖီအနည်တွေကို အဖုံးမပါတဲ့ ပုလင်းငယ်တစ်ခုထဲထည့်ပြီး ရေခဲသေတ္တာအနောက်ထဲမှာထားလိုက်ပါ။ ဒီလိုထားပြီးလို့ ပြန်ဖယ်ထုတ်တဲ့အခါကျမှ မြေသြဇာအဖြစ်သုံးလိုက်လည်း ရပါတယ်။
သဘာဝကြေးချွတ်ဆေး

ကော်ဖီအနည်တွေကို ကြမ်းသုတ်ဝတ်မှာဖြူးပြီး ခုံတွေ၊စားပွဲတွေမှာ အစားအစာတွေကနေစွန်းပေသမျှကို ပွတ်သုတ်ပစ်လို့ရပါတယ်။ ကော်ဖီအနည်တွေက ကြေးချွတ်နိုင်တဲ့အာနိသင်ရှိပေမယ့် မီးဖိုချောင်ထဲက မျက်နှာပြင်တွေကိုထိခိုက်လောက်အောင် မပွန်းစေနိုင်ပါဘူး။
ကော်ဖီဖယောင်းတိုင်

ကော်ဖီအနံ့ကိုကြိုက်တယ်ဆိုရင် ကော်ဖီအနည်တွေနဲ့ ဖယောင်းတိုင်တွေကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ စက္ကူကော်ဖီခွက်ငယ်တစ်ခွက်၊ a paper towel အရည်စုပ် စက္ကူကြမ်းတစ်ရွက်၊ ဖယောင်း (wax candle ends)၊ မီးစာ၊ ကတ်ကြေးတို့ လိုပါတယ်။ အရင်ဆုံး ကော်ဖီအနည်တွေကို စက္ကူကြမ်းထဲထည့်ပြီး အရည်ခြောက်အောင်ညှစ်ထုတ်ပြီး ဖြန့်ထားပါ။ ဖယောင်းကိုဘေးကင်းစေဖို့ ရေနွေးအိုးမှာပေါင်းအိုးအကန့်ခံပြီးအရည်ပျော်အောင်လုပ်ပါ။ စက္ကူကော်ဖီခွက်ထဲမှာ မီးစာကိုထည့်၊ ကော်ဖီအနှစ်အနည်းငယ်ဖြူးထည့်ပါ။ ဖယောင်းကိုတဝက်လောင်းထည့်ပြီး ကော်ဖီထပ်ထည့်ပါ။ နောက်ဆုံးဖယောင်းလောင်းထည့်ပြီး တစ်နာရီလောက်အအေးခံပါ။ အေးခဲသွားပြီဆိုရင် ဖယောင်းတိုင်ထည့်လုပ်ထားတဲ့ စက္ကူခွက်ကိုကတ်ကြေးနဲ့ အသာအယာ ညှပ်ထုတ်လိုက်ပါ။ ကော်ဖီနံ့မွှေးတဲ့ ဖယောင်းတိုင်လေး ရရှှိလာမှာဖြစ်ပါတယ်။
သန်းသတ်ဆေး

ခွေး သို့မဟုတ် ကြောင်ကို ရေချိုးပေးတဲ့အခါ ရှန်ပူထည့်ပြီး ရေမဆေးချမီ အမွှေးကြားထဲ ကော်ဖီအနည်တချို့နဲ့ ပွတ်တိုက်ပေးပါ။ ပုံမှန်အတိုင်း ရေချိုးချပြိး ကော်ဖီနဲ့နောက်တစ်ခါထပ်ပွတ်တိုက်ပေးပါ။ ပြန်ဆေးချပါ။ သန်းကင်းစင်စေတဲ့အပြင် ညဘက် ကိုယ်နဲ့အတူလာအိပ်ရင် ကော်ဖီနံ့လေးတောင် မွှေးနေဦးမှာပါ။

အရေးကြီးတာတစ်ချက်က ခွေးလေးတွေကို ကော်ဖီအဖတ်တွေမစားမိစေဖို့ပါပဲ။ ခွေးတွေအတွက် ကဖင်းက အဆိပ်ဖြစ်စေတတ်လို့ပါ။
မျက်ရည်အိတ်တွဲခြင်းကို သက်သာစေတယ်

လက်ဖက်ရည်ခြောက်ထုပ်လေးတွေနဲ့ပဲအသုံးဝင်တာမဟုတ်ပါဘူး။ ကော်ဖီကလည်း မျက်လုံးအောက်မှာ မျက်ရည်အိတ်တွဲခြင်းကို သက်သာစေနိုုင်ပါတယ်။ ကော်ဖီအနည်တွေကို ရေအနည်းငယ်နဲ့အနှစ်ဖြစ်အောင်လုပ်ပါ။ မျက်လုံးအောက်ဧရိယာမှာ တင်ပြီး ၁၅ မိနစ်လောက် နားလိုက်ပါ။
အသားအရေ ကြေးချွတ်ခြင်း

ကော်ဖီအနည်တွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝကြေးချွတ်ဆေးဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် Coffee Body Scrub လုပ်မယ်ဆိုရင် ကော်ဖီမှုန့်ခွက်တဝက်၊ coconut palm sugar ခွက်တဝက်၊ အုန်းဆီ သို့မဟုတ် သံလွင်ဆီ၊ သစ်ကြံပိုးခေါက် တစ်ဇွန်း၊လိုအပ်ပါတယ်။ ခွက်တစ်လုံးထဲမှာ အားလုံးထည့်ပါ။ ရေခဲသေတ္တာထဲ အအေးခံပါ။ Scrub  က နှစ်ပတ်လောက်တော့  ထားလို့ခံပါတယ်။
ဆံသားအလှအတွက်

ဆံကေသာအလှကုန်တွေ အများကြီးသုံးထားတယ်ဆိုရင် ဒါမှမဟုတ် သဘာဝခေါင်းလျှော်ရည်ကို ပြောင်းသုံးထားတယ်ဆိုရင် သင့်ရဲ့ဆံပင်တွေမှာ လိုအပ်ချက်တွေဖြစ်နေနိုင်ပါတယ်။ ဆံပင်မှာမပြောင်စင်ဘဲ ကပ်ငြိနေတဲ့ အရာတွေကို ကော်ဖီနဲ့ ဖယ်ရှားနိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ရှန်ပူမထည့်ခင် ကော်ဖီအနည်လက်တစ်ဆုပ်လောက်နဲ့ ပွတ်လျှော်ပေးပြီး နှိပ်နယ်ပေးပါ။ ဆံကေသာ တောက်ပြောင်လှပလာပါလိမ့်မယ်။
ဆပ်ပြာ

အသားအရေအတွက် အာဟာရဖြည့်ပေးမယ့်၊ အညစ်အကြေးတွေသန့်စင်ပေးမယ့် ကော်ဖီဆပ်ပြာမွှေးကို ကိုယ့်ဘာသာဖန်တီးနိုင်ပါတယ်။ ကော်ဖီမှုန့်ကို ခွက်ရဲ့လေးပုံတစ်ပုံ၊ ဂလစ်ဆရင်းဆပ်ပြာ ၈ အောင်စ၊ အုန်းနို့အမှုန့် လက်ဖက်ရည်၁ ဇွန်း၊ ဗနီလာ ၂ ဇွန်း၊ လက်ကိုင်ပါတဲ့အိုး၊ ဖန်ပန်းကန်လုံးတစ်လုံး၊ Muffin မုန့်လုပ်တဲ့အိုး၊ ယောက်မတစ်ချောင်းတို့လိုအပ်ပါတယ်။ အိုးကို ရေတဝက်ထည့်ပါ။ ဖန်ပန်းကန်လုံးကို ထည့်ပါ။ ရေဆူလာရင် ပန်းကန်လုံးထဲ ဆပ်ပြာကိုထည့်ပြီးအရည်ပျော်အောင်ထားပါ။ အရည်ပျော်လာရင် ဆီသုတ်ထားတဲ့ Muffin အိုးရဲ့ အခွက်လေးတွေထဲ ကော်ဖီမှုန့်ကိုထည့်ပါ။ အရည်ပျော်လာတဲ့ဆပ်ပြာကို မီးပိတ်ပြီး ဗနီလာ၊ကော်ဖီမှုန့်နဲ့ အုန်းနို့မှုန့်ကိုထည့်ပါ။ ဆပ်ပြာကို ယောက်မသုံးပြီး Muffin  ခွက်လေးတွေထဲ ဖြည့်ပါ။ နာရီအတော်ကြာ အအေးခံပါ။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top