iMyanmarHouse.com - Best Property Website for Myanmar
×

လူရဲ႕ ကိုယ္ခႏၶာဟာ ဓာတ္ႀကီးေလးပါးနဲ႔ အခ်ိဳးညီညီ ေပါင္းစပ္ထားတဲ့ အရာပါ။ ဓာတ္တစ္ပါး ခ်ိဳ႕တဲ့ၿပီ ဆိုတာနဲ႔ မလိုလားအပ္တဲ့ ေရာဂါေတြ ပိုးမႊားေတြ ၀င္လာပါေတာ့တယ္။ အဲ့ဒီ လိုအပ္တဲ့ ဓာတ္ေတြ ခ်ိဳ႕ယြင္းအခါ သက္ဆိုင္ရာ လကၡဏာေတြ ျပတတ္ပါတယ္။ ေရဓာတ္ခန္းတဲ့ အခါ ျပသတဲ့ လကၡဏာေတြကေတာ့..

၁။ ခံတြင္းေျခာက္ျခင္း

ခံတြင္းေျခာက္တယ္ဆိုတာ သတိထားမိၾကမွာပါ။ အပူေတြ မ်ားတဲ့အခါမွာလည္း ပါးစပ္ေတြေျခာက္လာၿပီး လွ်ာေတြ ကြဲတတ္ပါတယ္။ ပါးစပ္အတြင္း အပူဖုေတြလည္း ေပါက္လာ တတ္ပါတယ္။ ႏႈတ္ခမ္းဟာ မြဲေျခာက္ေျခာက္ျဖစ္လာပါတယ္။ ပါးစပ္ေျခာက္ျခင္းဟာ ေရလံုေလာက္စြာ မေသာက္ျခင္းရဲ႕ လကၡဏာတစ္ခုပါပဲ။ ေရမ်ားမ်ား ေသာက္ဖို႔ လိုအပ္ၿပီး ခံတြင္းအတြင္း သန္႔ရွင္းေအာင္ ေဆာင္ရြက္ေပးပါ။

၂။ေခါင္းကိုက္ျခင္း

ေရဓာတ္လိုအပ္ျခင္းရဲ႕ ေနာက္လကၡဏာတစ္ခုကေတာ့ ေခါင္းကိုက္ျခင္းပါ။ ေခါင္းကိုက္ျခင္းျဖစ္ပြားဖို႔ အေၾကာင္းအရာေတြ အမ်ားႀကီး ရွိတဲ့ အတြက္ ေရာေထြးႏုိင္ပါတယ္။ ဒါေပမယ့္ ေရကို မ်ားမ်ား ပိုေသာက္ျခင္းဟာ အက်ိဳးမယုတ္ေစပါဘူး။

၃။ ဆီး၀ါျခင္း

ဆီးသြားတဲ့အခါ အညိဳေရာင္ ဒါမွမဟုတ္ အ၀ါေရာင္ေတာက္ေတာက္ ျဖစ္ေနရင္ေတာ့ ေရဓာတ္လိုအပ္ေနတဲ့ လကၡဏာပါ။ ေရမ်ားမ်ား ေသာက္ၿပီး ဆီးခဏခဏ သြားလုိက္တဲ့အခါ ကိုယ္တြင္းမွာ သန္႔သြားၿပီး ဆီးဟာ ျဖဴသြားပါလိမ့္မယ္။

၄။ ခဏခဏဗိုက္ဆာျခင္း

အေၾကာင္းမရွိဘဲ ဆာေလာင္မႈကို အၾကာခဏ ခံစားေနရမယ္ဆိုရင္လည္း ဒါက ေရဓာတ္လိုအပ္တဲ့ လကၡဏာ တစ္မ်ိဳးပါ။

၅။ အၿမဲတမ္း အိပ္ခ်င္ေနတဲ့စိတ္ျဖစ္ေပၚျခင္း

အခ်ိန္ မဟုတ္ဘဲ အိပ္ခ်င္တာမ်ိဳး ျဖစ္ေနတယ္ဆိုရင္ေတာ့ ေရဓာတ္လိုအပ္ေနတဲ့ လကၡဏာပါပဲ။ ေရဓာတ္ခန္းတဲ့အခါ လူဟာ မလန္းဆန္း ဦးေႏွာက္က မတက္ၾကြေစေတာ့ဘဲ ထိုင္းမွိဳင္းၿပီး အိပ္ခ်င္စိတ္ ျဖစ္ေပၚေနတတ္ပါတယ္။ ေရမ်ားမ်ား ေသာက္ေပးၿပီး ဦးေႏွာက္ကို ႏုိးလုိက္ပါ။

၆။ အသားအေရေျခာက္ေသြ႔ျခင္း

အသားအေရဟာ စိုစိုေျပေျပ ရွိမေနဘဲ ေျခာက္ေသြ႔ၿပီး မည္းလာမယ္ဆိုရင္လည္း ေရဓာတ္ လိုအပ္တဲ့ လကၡဏာပါ။ ေရမ်ားမ်ား ေသာက္ၿပီး ေရဓာတ္ပါ၀င္မႈ မ်ားတဲ့ Skin Care ေတြ သံုးေပးပါ။
အေပၚက ေျပာထားတဲ့ လကၡဏာေတြထဲက တစ္ခုမဟုတ္ တစ္ခု ျဖစ္ေနၿပီဆိုရင္ေတာ့ သင္ ေရမ်ားမ်ား ေသာက္ဖို႔ လိုေနပါၿပီ။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူရဲ့ ကိုယ်ခန္ဓာဟာ ဓာတ်ကြီးလေးပါးနဲ့ အချိုးညီညီ ပေါင်းစပ်ထားတဲ့ အရာပါ။ ဓာတ်တစ်ပါး ချို့တဲ့ပြီ ဆိုတာနဲ့ မလိုလားအပ်တဲ့ ရောဂါတွေ ပိုးမွှားတွေ ဝင်လာပါတော့တယ်။ အဲ့ဒီ လိုအပ်တဲ့ ဓာတ်တွေ ချို့ယွင်းအခါ သက်ဆိုင်ရာ လက္ခဏာတွေ ပြတတ်ပါတယ်။ ရေဓာတ်ခန်းတဲ့ အခါ ပြသတဲ့ လက္ခဏာတွေကတော့..

၁။ ခံတွင်းခြောက်ခြင်း

ခံတွင်းခြောက်တယ်ဆိုတာ သတိထားမိကြမှာပါ။ အပူတွေ များတဲ့အခါမှာလည်း ပါးစပ်တွေခြောက်လာပြီး လျှာတွေ ကွဲတတ်ပါတယ်။ ပါးစပ်အတွင်း အပူဖုတွေလည်း ပေါက်လာ တတ်ပါတယ်။ နှုတ်ခမ်းဟာ မွဲခြောက်ခြောက်ဖြစ်လာပါတယ်။ ပါးစပ်ခြောက်ခြင်းဟာ ရေလုံလောက်စွာ မသောက်ခြင်းရဲ့ လက္ခဏာတစ်ခုပါပဲ။ ရေများများ သောက်ဖို့ လိုအပ်ပြီး ခံတွင်းအတွင်း သန့်ရှင်းအောင် ဆောင်ရွက်ပေးပါ။

၂။ခေါင်းကိုက်ခြင်း

ရေဓာတ်လိုအပ်ခြင်းရဲ့ နောက်လက္ခဏာတစ်ခုကတော့ ခေါင်းကိုက်ခြင်းပါ။ ခေါင်းကိုက်ခြင်းဖြစ်ပွားဖို့ အကြောင်းအရာတွေ အများကြီး ရှိတဲ့ အတွက် ရောထွေးနိုင်ပါတယ်။ ဒါပေမယ့် ရေကို များများ ပိုသောက်ခြင်းဟာ အကျိုးမယုတ်စေပါဘူး။

၃။ ဆီးဝါခြင်း

ဆီးသွားတဲ့အခါ အညိုရောင် ဒါမှမဟုတ် အဝါရောင်တောက်တောက် ဖြစ်နေရင်တော့ ရေဓာတ်လိုအပ်နေတဲ့ လက္ခဏာပါ။ ရေများများ သောက်ပြီး ဆီးခဏခဏ သွားလိုက်တဲ့အခါ ကိုယ်တွင်းမှာ သန့်သွားပြီး ဆီးဟာ ဖြူသွားပါလိမ့်မယ်။

၄။ ခဏခဏဗိုက်ဆာခြင်း

အကြောင်းမရှိဘဲ ဆာလောင်မှုကို အကြာခဏ ခံစားနေရမယ်ဆိုရင်လည်း ဒါက ရေဓာတ်လိုအပ်တဲ့ လက္ခဏာ တစ်မျိုးပါ။

၅။ အမြဲတမ်း အိပ်ချင်နေတဲ့စိတ်ဖြစ်ပေါ်ခြင်း

အချိန် မဟုတ်ဘဲ အိပ်ချင်တာမျိုး ဖြစ်နေတယ်ဆိုရင်တော့ ရေဓာတ်လိုအပ်နေတဲ့ လက္ခဏာပါပဲ။ ရေဓာတ်ခန်းတဲ့အခါ လူဟာ မလန်းဆန်း ဦးနှောက်က မတက်ကြွစေတော့ဘဲ ထိုင်းမှိုင်းပြီး အိပ်ချင်စိတ် ဖြစ်ပေါ်နေတတ်ပါတယ်။ ရေများများ သောက်ပေးပြီး ဦးနှောက်ကို နိုးလိုက်ပါ။

၆။ အသားအရေခြောက်သွေ့ခြင်း

အသားအရေဟာ စိုစိုပြေပြေ ရှိမနေဘဲ ခြောက်သွေ့ပြီး မည်းလာမယ်ဆိုရင်လည်း ရေဓာတ် လိုအပ်တဲ့ လက္ခဏာပါ။ ရေများများ သောက်ပြီး ရေဓာတ်ပါဝင်မှု များတဲ့ Skin Care တွေ သုံးပေးပါ။
အပေါ်က ပြောထားတဲ့ လက္ခဏာတွေထဲက တစ်ခုမဟုတ် တစ်ခု ဖြစ်နေပြီဆိုရင်တော့ သင် ရေများများ သောက်ဖို့ လိုနေပါပြီ။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top