iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပဆိုတာ လူတိုင္း ႏွစ္သက္တဲ့ အရာျဖစ္ပါတယ္။ အမ်ိဳးသမီးတိုင္းလည္း အလွႀကိဳက္ၾကပါတယ္ေနာ္။ အလွႀကိဳက္တဲ့ အမ်ိဳးသမီးေတြ သတိရသင့္တဲ့ အလွပဆိုင္ရာ နည္းလမ္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

သင့္ခႏၶာကိုယ္ကို အဆိပ္အေတာက္ဖယ္ရွားေပးပါ

Green Tea အိတ္ ၁၀ အိတ္ေလာက္ကို ေရေႏြးနဲ႔ က်ိဳလိုက္ၿပီး ေရခ်ိဳးမယ့္ ကန္ထဲမွာ ထည့္လိုက္ပါ။ ၿပီးရင္ ေရခ်ိဳးေပးပါ။ သင့္အသားအေရေပၚက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ၾကည္လင္ေစပါတယ္။

မ်က္ေတာင္ေကာ့တဲ့အခါ Baby Powder သံုးေပးပါ

မ်က္ေတာင္မေကာ့ခင္မွာ Baby Powder နဲ႔ အရင္ဆံုး မ်က္ေတာင္မွာလိမ္းေပးလိုက္ၿပီး Mascara လိမ္းေပးလုိက္ပါ။ ဒါဆိုရင္ မ်က္ေတာင္လည္း ပိုထူၿပီး ပိုနက္ေမွာင္ေစမွာျဖစ္ပါတယ္။

 သြားတိုက္ေဆးကို ဝက္ၿခံမွာလိမ္းေပးပါ

အမ်ိဳးသမီးတိုင္း သတိရသင့္တဲ့ အလွပဆိုင္ရာ နည္းလမ္းမ်ား

ဝက္ၿခံစေပါက္လို႔ နီရဲေနတဲ့အခါ သြားတိုက္ေဆးလိမ္းၿပီး အိပ္ယာဝင္လိုက္ပါ။ မနက္က်ရင္ ဝက္ၿခံမွည့္သြားမွာျဖစ္ၿပီး ညွစ္ထုတ္လိုက္ပါ။ ၿပီးရင္ ဝက္ၿခံကို သြားတိုက္ေဆးထပ္အံုထားပါ။ အနာေျခာက္သြားပါလိမ့္မယ္။

ဝက္ၿခံက ညစ္လို႔မရတဲ့ဝက္ၿခံဆိုရင္လည္း မေပ်ာက္မခ်င္း သြားတိုက္ေဆးအံုေပးထားလို႔ရပါတယ္။

မ်က္ေတာင္ေကာ့တံကို ေလမႈတ္စက္နဲ႔ မႈတ္ေပးပါ

မ်က္ေတာင္ေကာ့တံကို မသံုးခင္မွာ ေလမႈတ္စက္နဲ႔ မႈတ္ေပးလိုက္ပါ။ အဲဒီလိုလုပ္ေပးတာဟာ ပိုၿပီး မ်က္ေတာင္ေကာ့ေစမွာျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ ညီညြတ္ေအာင္စားပါ

သင့္အသားအေရအတြက္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာကို စားေပးသင့္ပါတယ္။ အသီးအႏွံမ်ားမ်ားစားပါ။ အေၾကာ္စာ၊ ကိုလာနဲ႔ အသင့္စားအစားေတြကိုေရွာင္ပါ။

ေရေအးေအးေလးနဲ႔ မ်က္ႏွာသစ္ပါ

ေရေႏြးထက္ ေရေအးေအးေလးနဲ႔ မ်က္ႏွာသစ္တာဟာ သင့္မ်က္ႏွာေပၚက ေခၽြးေပါက္က်ယ္တာကိုသက္သာေစသလို အဆီေတြကိုလည္း ဖယ္ရွားေပးပါတယ္။

မိတ္ကပ္နဲ႔ အိပ္ယာမဝင္ပါနဲ႔

မိတ္ကပ္လိမ္းရက္သားနဲ႔ အိပ္ယာဝင္တာဟာ သင့္မ်က္ႏွာကို အဆီျပန္ေစသလို ဝက္ၿခံလည္းထြက္ေစပါတယ္။ အသားအေရကိုပင္ပန္းႏြမ္းနယ္ေစၿပီး မ်က္ကြင္းညိဳေစပါတယ္။

ေနေရာင္ကာကြယ္တဲ့ခရင္မ္လိမ္းပါ

အသားအေရကို ေနေရာင္ကာကြယ္တဲ့ ခရင္မ္လိမ္းေပးဖို႔မေမ့ပါနဲ႔။ ေနပူထဲမထြက္ခင္မွာလည္း ေနေလာင္ကာကြယ္ေပးတဲ့ ခရင္မ္ကို လိမ္းေပးသင့္ပါတယ္။

ေၾကမြသြားတဲ့မိတ္ကပ္ကို ျပန္သံုးပါ

ေၾကမြသြားတဲ့မိတ္ကပ္ကို Brush ကိုသံုးၿပီး ဆက္သံုးလို႔ရပါတယ္။ အဲဒီလိုသံုးေပးျခင္းျဖင့္ ေငြကုန္ေၾကးက်လည္း သက္သာေစမွာျဖစ္ပါတယ္။

Credit : MyStyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အလှအပဆိုတာ လူတိုင်း နှစ်သက်တဲ့ အရာဖြစ်ပါတယ်။ အမျိုးသမီးတိုင်းလည်း အလှကြိုက်ကြပါတယ်နော်။ အလှကြိုက်တဲ့ အမျိုးသမီးတွေ သတိရသင့်တဲ့ အလှပဆိုင်ရာ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

သင့်ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖယ်ရှားပေးပါ

Green Tea အိတ် ၁၀ အိတ်လောက်ကို ရေနွေးနဲ့ ကျိုလိုက်ပြီး ရေချိုးမယ့် ကန်ထဲမှာ ထည့်လိုက်ပါ။ ပြီးရင် ရေချိုးပေးပါ။ သင့်အသားအရေပေါ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။

မျက်တောင်ကော့တဲ့အခါ Baby Powder သုံးပေးပါ

မျက်တောင်မကော့ခင်မှာ Baby Powder နဲ့ အရင်ဆုံး မျက်တောင်မှာလိမ်းပေးလိုက်ပြီး Mascara လိမ်းပေးလိုက်ပါ။ ဒါဆိုရင် မျက်တောင်လည်း ပိုထူပြီး ပိုနက်မှောင်စေမှာဖြစ်ပါတယ်။

 သွားတိုက်ဆေးကို ဝက်ခြံမှာလိမ်းပေးပါ

အမျိုးသမီးတိုင်း သတိရသင့်တဲ့ အလှပဆိုင်ရာ နည်းလမ်းများ

ဝက်ခြံစပေါက်လို့ နီရဲနေတဲ့အခါ သွားတိုက်ဆေးလိမ်းပြီး အိပ်ယာဝင်လိုက်ပါ။ မနက်ကျရင် ဝက်ခြံမှည့်သွားမှာဖြစ်ပြီး ညှစ်ထုတ်လိုက်ပါ။ ပြီးရင် ဝက်ခြံကို သွားတိုက်ဆေးထပ်အုံထားပါ။ အနာခြောက်သွားပါလိမ့်မယ်။

ဝက်ခြံက ညစ်လို့မရတဲ့ဝက်ခြံဆိုရင်လည်း မပျောက်မချင်း သွားတိုက်ဆေးအုံပေးထားလို့ရပါတယ်။

မျက်တောင်ကော့တံကို လေမှုတ်စက်နဲ့ မှုတ်ပေးပါ

မျက်တောင်ကော့တံကို မသုံးခင်မှာ လေမှုတ်စက်နဲ့ မှုတ်ပေးလိုက်ပါ။ အဲဒီလိုလုပ်ပေးတာဟာ ပိုပြီး မျက်တောင်ကော့စေမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ

သင့်အသားအရေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို စားပေးသင့်ပါတယ်။ အသီးအနှံများများစားပါ။ အကြော်စာ၊ ကိုလာနဲ့ အသင့်စားအစားတွေကိုရှောင်ပါ။

ရေအေးအေးလေးနဲ့ မျက်နှာသစ်ပါ

ရေနွေးထက် ရေအေးအေးလေးနဲ့ မျက်နှာသစ်တာဟာ သင့်မျက်နှာပေါ်က ချွေးပေါက်ကျယ်တာကိုသက်သာစေသလို အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။

မိတ်ကပ်နဲ့ အိပ်ယာမဝင်ပါနဲ့

မိတ်ကပ်လိမ်းရက်သားနဲ့ အိပ်ယာဝင်တာဟာ သင့်မျက်နှာကို အဆီပြန်စေသလို ဝက်ခြံလည်းထွက်စေပါတယ်။ အသားအရေကိုပင်ပန်းနွမ်းနယ်စေပြီး မျက်ကွင်းညိုစေပါတယ်။

နေရောင်ကာကွယ်တဲ့ခရင်မ်လိမ်းပါ

အသားအရေကို နေရောင်ကာကွယ်တဲ့ ခရင်မ်လိမ်းပေးဖို့မမေ့ပါနဲ့။ နေပူထဲမထွက်ခင်မှာလည်း နေလောင်ကာကွယ်ပေးတဲ့ ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

ကြေမွသွားတဲ့မိတ်ကပ်ကို ပြန်သုံးပါ

ကြေမွသွားတဲ့မိတ်ကပ်ကို Brush ကိုသုံးပြီး ဆက်သုံးလို့ရပါတယ်။ အဲဒီလိုသုံးပေးခြင်းဖြင့် ငွေကုန်ကြေးကျလည်း သက်သာစေမှာဖြစ်ပါတယ်။

Credit : MyStyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top