iMyanmarHouse.com - Best Property Website for Myanmar
×

 ဆုိင္မွာေခါင္းေလွ်ာ္ၿပီးရင္ ၃ ရက္ေလာက္ထိ ေခါင္းက အနံ႔မထြက္ဘူး။

ခုလိုမ်ိဳး ရာသီဥတုေအးတဲ့ ေန႔ရက္ေတြမွာ တစ္ရက္ျခားတစ္ခါ ေခါင္းေလွ်ာ္ဖို႔က မလြယ္ဘူးေနာ္။ မနက္အိပ္ရာႏိုးတာနဲ႔ ေက်ာင္းသြား၊ အလုပ္သြားရတယ္။ ညေန အိမ္ျပန္ေရာက္ေတာ့ မိုးခ်ဳပ္ေနၿပီ။ ေခါင္းမေလွ်ာ္ႏိုင္ေသးခ်ိန္မွာ ဆံပင္ကေတြ အန႔ံေတြမထြက္ခ်င္ရင္ေတာ့ ဒီနည္းလမ္းေလးေတြက အသံုးတည့္ပါလိမ့္မယ္ေနာ္။

၁။ ဘီးကုပ္

နဖူးဆံစပ္ကေန တစ္လက္မ အကြာေလာက္မွာ ဘီးကုပ္ေလးနဲ႔ ဆံပင္ေတြကို သိမ္းထားပါ။ ဘီးကုပ္မႀကိဳက္ရင္ ေခါင္းစည္းေလးေတြ ရွိတယ္။ အဲ့တာေလးနဲ႔ ဆံပင္ကို မပြေအာင္ထိန္းထားလို႔ရသလို ဆံပင္ေတြပြလို႔ အနံ႔ေတြေလထဲပ်ံ႕မွာ မပူရေတာ့ဘူး။

၂။ Dry Shampoo

ခုဆုိရင္ အႏုပညာ႐ွင္ေတြနဲ႔ ဆယ္လီေတြတုိင္း dry shampoo ကို မျဖစ္မေန သံုးေနၾကၿပီေလ။ သူတုိ႔လိုမ်ိဳး အလုပ္မ်ားတဲ့သူေတြအဖုိ႔ ေခါင္းမေလွ်ာ္ႏိုင္ခ်ိန္ေတြမွာ dry shampoo က ကယ္တင္႐ွင္ပါပဲ။ အရင္ကထက္ပိုၿပီးေတာ့ သံုးရလြယ္လာတ့ဲ dry shampoo ေတြဟာ တစ္ဘူးကို က်ပ္ ေထာင္ဂဏန္းကေနစၿပီး ရႏုိင္ပါတယ္။

၃။ ေရမ်ားမ်ားနဲ႔ေလွ်ာ္ပါ

ဆုိင္မွာေခါင္းေလွ်ာ္ၿပီးရင္ ၃ ရက္ေလာက္ထိ ေခါင္းက အနံ႔မထြက္ဘူး။ ကိုယ့္ဘာသာေလွ်ာ္ရင္ ေလွ်ာ္ၿပီးေနာက္ရက္ဆို ဆံပင္က အဆီေတြျပန္လာတယ္။ အနံ႔ထြက္လာတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ဆိုင္မွာေလွ်ာ္ရင္ ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ့ေဆး၊ ေပါင္းေဆးေတြကို လံုးဝေျပာင္စင္သြားေအာင္ အထပ္ထပ္ ေဆးေပးလိုက္လုိ႔ပါပဲ။

၄။ က်စ္ဆံၿမီး

ဒါကေတာ့ အေကာင္းဆံုးနည္းပါ။ ဆံပင္ေတြ အဆီျပန္ အနံ႔ထြက္တာ မသိသာေတာ့ဘူး။ သပ္သပ္ရပ္ရပ္ေလးလည္း ျဖစ္သြားတာေပါ့။

၅။ Hair Spray

စပေရးဘူးေတြကိုလည္း ေဆာင္ထားရမယ္။ ဆံပင္ပံုသြင္းတဲ့ စပေရးမ်ိဳး မဟုတ္ဘဲ ဦးေရျပားကို လန္းဆန္းေစၿပီး အနံ႔ေမႊးေစတဲ့ စပေရးေတြ ႐ွိပါတယ္။ အဲ့လိုစပေရးေလးနဲ႔ ဦးေခါင္းကို ျဖန္းေပးႏုိင္ပါတယ္။

Source : Bazaar

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 ဆိုင်မှာခေါင်းလျှော်ပြီးရင် ၃ ရက်လောက်ထိ ခေါင်းက အနံ့မထွက်ဘူး။

ခုလိုမျိုး ရာသီဥတုအေးတဲ့ နေ့ရက်တွေမှာ တစ်ရက်ခြားတစ်ခါ ခေါင်းလျှော်ဖို့က မလွယ်ဘူးနော်။ မနက်အိပ်ရာနိုးတာနဲ့ ကျောင်းသွား၊ အလုပ်သွားရတယ်။ ညနေ အိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီ။ ခေါင်းမလျှော်နိုင်သေးချိန်မှာ ဆံပင်ကတွေ အနံ့တွေမထွက်ချင်ရင်တော့ ဒီနည်းလမ်းလေးတွေက အသုံးတည့်ပါလိမ့်မယ်နော်။

၁။ ဘီးကုပ်

နဖူးဆံစပ်ကနေ တစ်လက်မ အကွာလောက်မှာ ဘီးကုပ်လေးနဲ့ ဆံပင်တွေကို သိမ်းထားပါ။ ဘီးကုပ်မကြိုက်ရင် ခေါင်းစည်းလေးတွေ ရှိတယ်။ အဲ့တာလေးနဲ့ ဆံပင်ကို မပွအောင်ထိန်းထားလို့ရသလို ဆံပင်တွေပွလို့ အနံ့တွေလေထဲပျံ့မှာ မပူရတော့ဘူး။

၂။ Dry Shampoo

ခုဆိုရင် အနုပညာရှင်တွေနဲ့ ဆယ်လီတွေတိုင်း dry shampoo ကို မဖြစ်မနေ သုံးနေကြပြီလေ။ သူတို့လိုမျိုး အလုပ်များတဲ့သူတွေအဖို့ ခေါင်းမလျှော်နိုင်ချိန်တွေမှာ dry shampoo က ကယ်တင်ရှင်ပါပဲ။ အရင်ကထက်ပိုပြီးတော့ သုံးရလွယ်လာတဲ့ dry shampoo တွေဟာ တစ်ဘူးကို ကျပ် ထောင်ဂဏန်းကနေစပြီး ရနိုင်ပါတယ်။

၃။ ရေများများနဲ့လျှော်ပါ

ဆိုင်မှာခေါင်းလျှော်ပြီးရင် ၃ ရက်လောက်ထိ ခေါင်းက အနံ့မထွက်ဘူး။ ကိုယ့်ဘာသာလျှော်ရင် လျှော်ပြီးနောက်ရက်ဆို ဆံပင်က အဆီတွေပြန်လာတယ်။ အနံ့ထွက်လာတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်မှာလျှော်ရင် ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး၊ ပေါင်းဆေးတွေကို လုံးဝပြောင်စင်သွားအောင် အထပ်ထပ် ဆေးပေးလိုက်လို့ပါပဲ။

၄။ ကျစ်ဆံမြီး

ဒါကတော့ အကောင်းဆုံးနည်းပါ။ ဆံပင်တွေ အဆီပြန် အနံ့ထွက်တာ မသိသာတော့ဘူး။ သပ်သပ်ရပ်ရပ်လေးလည်း ဖြစ်သွားတာပေါ့။

၅။ Hair Spray

စပရေးဘူးတွေကိုလည်း ဆောင်ထားရမယ်။ ဆံပင်ပုံသွင်းတဲ့ စပရေးမျိုး မဟုတ်ဘဲ ဦးရေပြားကို လန်းဆန်းစေပြီး အနံ့မွှေးစေတဲ့ စပရေးတွေ ရှိပါတယ်။ အဲ့လိုစပရေးလေးနဲ့ ဦးခေါင်းကို ဖြန်းပေးနိုင်ပါတယ်။

Source : Bazaar

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top