iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ားအတြက္ အဓိကစိုးရိမ္ပူပန္စရာတစ္ခုျဖစ္ေသာဗိုက္မွအဆီပိုမ်ားသည္ သင့္ပံုပန္းသ႑ာန္ကို ႀကည့္ရဆိုးေစရံုသာမကေသြးေပါင္ခ်ိန္၊ ဆီးခ်ိဳ ႏွင့္ အသည္းအဆီဖံုးသည့္ေရာဂါမ်ား ျဖစ္ႏုိင္ေျခကိုပါ ျမင့္တက္ေစႏုိင္ပါတယ္။ လူအမ်ားစုသည္ ထုိအဆီပိုမ်ားကိုဖယ္ရွားရန္အတြက္ အစာေလ်ာ႕စားႀကေသာ္လည္းထိေရာက္သည့္နည္းလမ္းတစ္ခုေတာ့မဟုတ္ေပ။ ႀကည့္မေကာင္းေသာဗိုက္ရွိအဆီပိုေတြကိုေပ်ာက္ရွရန္အတြက္ လုပ္ေဆာင္ႏိုင္မည့္နည္းလမ္းေကာင္းႏွစ္ခုမွာအစားအေသာက္မ်ားကိုစနစ္တက်ေရြးခ်ယ္စားေသာက္တတ္ရန္ႏွင့္ ကိုယ္ကာယေလ့က်င့္ခန္းေန႕စဥ္ျပဳလုပ္ေပးဖုိ႕ပဲျဖစ္ပါတယ္။

ထုိ႕အတြက္ မည္သည့္အစားအစာမ်ားက မလိုလားအပ္ေသာဗိုက္အဆီပိုေတြကိုဖယ္ရွားပစ္ရန္ကူညီေပးႏိုင္သလဲဆိုတာကိုသိရွိႏိုင္ေစရန္ ေဖာ္ျပေပးလုိက္ရပါတယ္။

၁။ အယ္လ္မြန္

အယ္လ္မြန္တြင္ပါ၀င္သည့္ က်န္းမာေရးႏွင့္ညီညြတ္ေသာအဆီမ်ားသည္ အလြန္အကၽြံစားသံုးျခင္းမွ ကာကြယ္ေပးၿပီး ႏွလံုးေရာဂါျဖစ္ေပၚျခင္းကိုလည္းတုိက္ထုတ္ေပးႏိုင္ပါတယ္။ ႀကြက္သားမ်ားတည္ေဆာက္ရန္အတြက္ လုိအပ္ေသာမဂၢနီဆီယမ္ျမင့္မားစြာပါ၀င္ၿပီးအဆီပိုမ်ားကိုေလာင္ကၽြမ္းရန္အတြက္လည္းကူညီေပးႏုိင္ပါတယ္။

၂။ ဖရဲသီး

ေရပါ၀င္မႈ ၉၁ ရာခိုင္ႏႈန္းရွိေသာေႀကာင့္ အစာမစားခင္ဦးစြာဖရဲသီးကိုစားထားျခင္းသည္ ထမင္းစားေသာက္ေနစဥ္အတြင္းအျခားကယ္လိုရီမ်ားထပ္မေပါင္းႏိုင္ရန္ ကူညီေပးႏိုင္ပါတယ္။ ဖရဲသီးေဖ်ာ္ရည္ကိုေန႕စဥ္ေန႕တိုင္းရွစ္ပတ္ႀကာေသာက္သံုးေပးပါကကိုယ္အေလးခ်ိန္ကိုအံ့မခန္းေလာက္ေအာင္ ေလ်ာ႕က်သြားေစႏိုင္ပါတယ္။

၃။ ပဲမ်ား

အမ်ိဳးမတူေသာပဲမ်ားကိုစားသံုးေပးျခငး္သည္ ခႏၶာကိုယ္အဆီကိုေလ်ာ႕ခ်ေပးၿပီး ႀကြက္သားမ်ားဖြံ႕ၿဖိဳးေစျခင္း၊ အစာေခ်စနစ္ကိုတိုးတက္ေစျခင္းတို႕ကို ျဖစ္ေပၚေစႏိုင္ပါတယ္။ အခ်ိန္ႀကာႀကာဗိုက္ၿပည့္ေနေစမွာျဖစ္ေသာေႀကာင့္ အလြန္အကၽြံစားျခင္းမွလည္းတားဆီးေပးႏုိင္ပါတယ္။

၄။ တရုတ္နံနံ

ခ်ပ္ရပ္ေသာဗိုက္အလွကိုရရွိႏိုင္ရန္အတြက္ တရုတ္နံနံကဲ့သို႕ ကယ္လိုရီနည္းပါးသည့္ ဟင္းသီးဟင္းရြက္မ်ားစားေသာက္ဖို႕ အလြန္အေရးႀကီးပါတယ္။ ထုိမွ်သာမကအမ်ိဳးသမီးမ်ားတြင္ ျဖစ္ပြားတတ္သည့္ သားအိမ္ကင္ဆာကိုလည္းကာကြယ္ေပးႏုိင္ပါတယ္။

၅။ သခြားသီး

လတ္ဆတ္ေအးျမ၍ ကယ္လိုရီပါ၀င္မႈနည္းပါးသည့္ အစားအစာတစ္ခုျဖစ္ၿပီးသခြားသီးကိုေန႕စဥ္မွန္မွန္စားသံုးေပးပါကသင့္အသားအေရကို ၀င္းလက္ေတာက္ပလာေစႏုိင္ပါတယ္။

၆။ ခရမ္းခ်ဥ္သီး

ဗုိက္အဆီမ်ားကိုဖယ္ရွားရန္သာမက အ၀လြန္ျခင္းႏွင့္ဆက္စပ္ေနေသာနာတာရွည္ေရာဂါမ်ားရန္မွလည္းကူညီတုိက္ထုတ္ေပးႏိုင္ပါတယ္။ အရည္ရႊမ္းသည့္ အသီးအႏွံတစ္ခုျဖစ္ေသာေႀကာင့္ အေရးအေႀကာင္းမ်ား၊ ကင္ဆာေရာဂါမ်ား၊ ကိုလက္စထေရာပမာဏနည္းပါးေအာင္ လုပ္ေဆာင္ရာတို႕တြင္လည္းအေထာက္အကူျပဳႏိုင္ပါေသးတယ္။

၇။ ေထာပတ္သီး

ေထာပတ္သီးတြင္ပါ၀င္သည့္ Lecithin ေခၚ အမီႏိုအက္စစ္သည္ ခႏၶာကိုယ္အေလးခ်ိန္ကိုထိန္းသိမ္းရာတြင္ ကူညီေပးႏုိင္ပါတယ္။ ထုိ႕အျပင္ အလွအပဆိုင္ရာေကာင္းက်ိဳးမ်ားကိုလည္းေထာက္ပံ့ေပးႏိုင္ပါတယ္။

Credit : MyFood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးများအတွက် အဓိကစိုးရိမ်ပူပန်စရာတစ်ခုဖြစ်သောဗိုက်မှအဆီပိုများသည် သင့်ပုံပန်းသဏ္ဍာန်ကို ကြည့်ရဆိုးစေရုံသာမကသွေးပေါင်ချိန်၊ ဆီးချို နှင့် အသည်းအဆီဖုံးသည့်ရောဂါများ ဖြစ်နိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။ လူအများစုသည် ထိုအဆီပိုများကိုဖယ်ရှားရန်အတွက် အစာလျော့စားကြသော်လည်းထိရောက်သည့်နည်းလမ်းတစ်ခုတော့မဟုတ်ပေ။ ကြည့်မကောင်းသောဗိုက်ရှိအဆီပိုတွေကိုပျောက်ရှရန်အတွက် လုပ်ဆောင်နိုင်မည့်နည်းလမ်းကောင်းနှစ်ခုမှာအစားအသောက်များကိုစနစ်တကျရွေးချယ်စားသောက်တတ်ရန်နှင့် ကိုယ်ကာယလေ့ကျင့်ခန်းနေ့စဉ်ပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။

ထို့အတွက် မည်သည့်အစားအစာများက မလိုလားအပ်သောဗိုက်အဆီပိုတွေကိုဖယ်ရှားပစ်ရန်ကူညီပေးနိုင်သလဲဆိုတာကိုသိရှိနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။

၁။ အယ်လ်မွန်

အယ်လ်မွန်တွင်ပါဝင်သည့် ကျန်းမာရေးနှင့်ညီညွတ်သောအဆီများသည် အလွန်အကျွံစားသုံးခြင်းမှ ကာကွယ်ပေးပြီး နှလုံးရောဂါဖြစ်ပေါ်ခြင်းကိုလည်းတိုက်ထုတ်ပေးနိုင်ပါတယ်။ ကြွက်သားများတည်ဆောက်ရန်အတွက် လိုအပ်သောမဂ္ဂနီဆီယမ်မြင့်မားစွာပါဝင်ပြီးအဆီပိုများကိုလောင်ကျွမ်းရန်အတွက်လည်းကူညီပေးနိုင်ပါတယ်။

၂။ ဖရဲသီး

ရေပါဝင်မှု ၉၁ ရာခိုင်နှုန်းရှိသောကြောင့် အစာမစားခင်ဦးစွာဖရဲသီးကိုစားထားခြင်းသည် ထမင်းစားသောက်နေစဉ်အတွင်းအခြားကယ်လိုရီများထပ်မပေါင်းနိုင်ရန် ကူညီပေးနိုင်ပါတယ်။ ဖရဲသီးဖျော်ရည်ကိုနေ့စဉ်နေ့တိုင်းရှစ်ပတ်ကြာသောက်သုံးပေးပါကကိုယ်အလေးချိန်ကိုအံ့မခန်းလောက်အောင် လျော့ကျသွားစေနိုင်ပါတယ်။

၃။ ပဲများ

အမျိုးမတူသောပဲများကိုစားသုံးပေးခြင်းသည် ခန္ဓာကိုယ်အဆီကိုလျော့ချပေးပြီး ကြွက်သားများဖွံ့ဖြိုးစေခြင်း၊ အစာချေစနစ်ကိုတိုးတက်စေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အချိန်ကြာကြာဗိုက်ပြည့်နေစေမှာဖြစ်သောကြောင့် အလွန်အကျွံစားခြင်းမှလည်းတားဆီးပေးနိုင်ပါတယ်။

၄။ တရုတ်နံနံ

ချပ်ရပ်သောဗိုက်အလှကိုရရှိနိုင်ရန်အတွက် တရုတ်နံနံကဲ့သို့ ကယ်လိုရီနည်းပါးသည့် ဟင်းသီးဟင်းရွက်များစားသောက်ဖို့ အလွန်အရေးကြီးပါတယ်။ ထိုမျှသာမကအမျိုးသမီးများတွင် ဖြစ်ပွားတတ်သည့် သားအိမ်ကင်ဆာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

၅။ သခွားသီး

လတ်ဆတ်အေးမြ၍ ကယ်လိုရီပါဝင်မှုနည်းပါးသည့် အစားအစာတစ်ခုဖြစ်ပြီးသခွားသီးကိုနေ့စဉ်မှန်မှန်စားသုံးပေးပါကသင့်အသားအရေကို ဝင်းလက်တောက်ပလာစေနိုင်ပါတယ်။

၆။ ခရမ်းချဉ်သီး

ဗိုက်အဆီများကိုဖယ်ရှားရန်သာမက အဝလွန်ခြင်းနှင့်ဆက်စပ်နေသောနာတာရှည်ရောဂါများရန်မှလည်းကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။ အရည်ရွှမ်းသည့် အသီးအနှံတစ်ခုဖြစ်သောကြောင့် အရေးအကြောင်းများ၊ ကင်ဆာရောဂါများ၊ ကိုလက်စထရောပမာဏနည်းပါးအောင် လုပ်ဆောင်ရာတို့တွင်လည်းအထောက်အကူပြုနိုင်ပါသေးတယ်။

၇။ ထောပတ်သီး

ထောပတ်သီးတွင်ပါဝင်သည့် Lecithin ခေါ် အမီနိုအက်စစ်သည် ခန္ဓာကိုယ်အလေးချိန်ကိုထိန်းသိမ်းရာတွင် ကူညီပေးနိုင်ပါတယ်။ ထို့အပြင် အလှအပဆိုင်ရာကောင်းကျိုးများကိုလည်းထောက်ပံ့ပေးနိုင်ပါတယ်။

Credit : MyFood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top