iMyanmarHouse.com - Best Property Website for Myanmar
×

"အခ်စ္ဆိုတာ"

အခ်စ္ဆိုတာ…
ေပးဆပ္ျခင္း/ စြန္႔လႊတ္အနစ္နာခံျခင္း၊ ရယူပိုင္ဆိုင္လိုျခင္း။

တခ်ိဳ႕က ကိုယ္႔ခ်စ္သူအတြက္ အရာရာကို စြန္႔လႊတ္ ေပးဆပ္ခဲ႔ၾကတယ္။ တခ်ိဳ႕က ကိုယ္႔ခ်စ္သူကို ရယူပိုင္ဆိုင္ႏိုင္ဖို႔ ႀကိဳးစားခဲ႔ၾကတယ္။

အခ်စ္ဆိုတာကို လူတိုင္းက တစ္ေယာက္တစ္မ်ိဳးစီ အဓိပၸါယ္ ဖြင့္ဆိုခဲ႔ၾကတယ္။ အခ်စ္ကလည္း လူတိုင္းကို တစ္ေယာက္တစ္မ်ိဳးစီ ခံစားေစႏိုင္စြမ္းတယ္။ တကယ္ေတာ႔ အခ်စ္ဆိုတာ ဘာမွန္းမသိတဲ႔ အရာတစ္ခု။ အဲဒီ ဘာမွန္းမသိတဲ႔ အခ်စ္ကို အဓိပၸါယ္ဖြင့္ဆိုႏိုင္ရင္ အဲဒါ အခ်စ္မဟုတ္ေတာ႔ဘူးတဲ႔။

ဒါေပမယ္႔ အခ်စ္က ၾကည္ႏူးလွပတဲ႔ ကဗ်ာေလးေတြကို ဖန္တီးႏိုင္တယ္။ နာက်င္ေၾကကြဲေနတဲ႔ သံစဥ္ေတြကို ျပဳလုပ္ႏိုင္စြမ္းတယ္။ အခ်စ္ေၾကာင့္ တစ္စံုတစ္ေယာက္ ေပ်ာ္ရႊင္ေနခ်ိန္တိုင္းမွာ တစ္စံုတစ္ေယာက္ကေတာ႔ နာက်င္ ခံစားေနရၿမဲပဲ။

၀တၳဳတစ္ပုဒ္အျဖစ္ ဖန္တီးခ်င္တဲ႔ ေလးပြင့္ဆိုင္ အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္…
ေမာင္ေမာင္နဲ႔ မမ၊ ကိုကိုနဲ႔ မိုမို။ သူတို႔ေတြက သြားအတူလာအတူ အၿမဲရွိခဲ႔တဲ႔ ခ်စ္သူေတြ။ ခ်စ္သူအဆင့္ ေက်ာ္လြန္ခဲ႔သူေတြ။ အေၾကာင္းေၾကာင္းေၾကာင့္ ေမာင္ေမာင္နဲ႔ မမ ေ၀းခဲ႔ၾကသလို ကိုကိုနဲ႔ မိုမိုလည္း ေ၀းခဲ႔ၾကတယ္။ ထူးျခားစြာပဲ ေမာင္ေမာင္နဲ႔ မိုမိုတို႔က အရမ္းခ်စ္တဲ႔ ခ်စ္သူေတြ ျဖစ္သြားၾကတယ္။ အဲဒီအခ်ိန္မွာပဲ မမက ဘ၀နဲ႔ရင္းခဲ႔ရသူ မိန္းမသားမို႔ နာက်င္ ၀မ္းနည္းေနရတယ္။ ထို႔အတူပဲ ကိုကိုကလည္း အဆုံးစြန္ထိ ရည္ရြယ္ၿပီး ခ်စ္ခဲ႔ရသူမို႔ ေၾကကြဲခံစားေနရတယ္။

အခ်စ္ဆိုတာ ဘာလဲ?။ သူတို႔ေတြရဲ႕ ေနရာကေန ခံစားၾကည့္မိတယ္။ ဘယ္သူ႔ကို အျပစ္တင္ရမွာလဲ။ ဘယ္သူမွားတာလဲ။ အဲဒါ အျပစ္လား။ တကယ္မွားသြားလား။ ဖတ္ခဲ႔ဖူးတဲ႔ စာသားေလးတစ္ခုကို သြားသတိရမိတယ္…
"အခ်စ္ဆိုတာ သားေရကြင္းလိုပဲ" တဲ႔
ႏွစ္ေယာက္အတူ ဆြဲထားတုန္းကေတာ႔ ဘာမွမျဖစ္ေပမယ္႔ တစ္ေယာက္က လႊတ္လိုက္ရင္ လႊတ္လိုက္တဲ႔သူက ဘာမွမျဖစ္ေပမယ္႔ ဆြဲထားမိတဲ႔သူက နာက်င္ရတယ္။ အခ်စ္ဆိုတာ စြဲလမ္းသူသာ ခံစားရတယ္။ ခ်စ္မိသူသာ အ႐ႈံးသမား။

အဲဒါေၾကာင့္ အခ်စ္ဆိုတာကို မေတြ႔ခ်င္ဘူး။ မခ်စ္ရဲဘူး။ အခ်စ္႐ံႈးသူ မျဖစ္ခ်င္လို႔ အခ်စ္ဆံုးသူ မေတြ႔ခ်င္ဘူး။ ကိုယ္ကိုတိုင္လည္း ဘယ္သူ႔ကိုမွ အရမ္းမခ်စ္ခ်င္သလို ကိုယ္႔ကိုလည္း ဘယ္သူကမွ အရမ္းမခ်စ္ေစခ်င္ဘူး။ ဘယ္သူ႔ကိုမွ ကိုယ္႔ေၾကာင့္ မခံစားေစခ်င္သလို ကိုယ္လည္း ဘယ္သူ႔ေၾကာင့္မွ မခံစားခ်င္ဘူး။

ဒါေပမယ္႔ အခ်စ္ဆိုတာ ဆန္းၾကယ္သား။ တစ္ေယာက္ေသာသူကို အရမ္းခ်စ္မိသြားၿပီ။ ခံစားရမယ္ဆိုလည္း ေက်နပ္ေနမွာပါ ..

Credit : Kaung Khant
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
"အချစ်ဆိုတာ"

အချစ်ဆိုတာ…
ပေးဆပ်ခြင်း/ စွန့်လွှတ်အနစ်နာခံခြင်း၊ ရယူပိုင်ဆိုင်လိုခြင်း။

တချို့က ကိုယ့်ချစ်သူအတွက် အရာရာကို စွန့်လွှတ် ပေးဆပ်ခဲ့ကြတယ်။ တချို့က ကိုယ့်ချစ်သူကို ရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခဲ့ကြတယ်။

အချစ်ဆိုတာကို လူတိုင်းက တစ်ယောက်တစ်မျိုးစီ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြတယ်။ အချစ်ကလည်း လူတိုင်းကို တစ်ယောက်တစ်မျိုးစီ ခံစားစေနိုင်စွမ်းတယ်။ တကယ်တော့ အချစ်ဆိုတာ ဘာမှန်းမသိတဲ့ အရာတစ်ခု။ အဲဒီ ဘာမှန်းမသိတဲ့ အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်ရင် အဲဒါ အချစ်မဟုတ်တော့ဘူးတဲ့။

ဒါပေမယ့် အချစ်က ကြည်နူးလှပတဲ့ ကဗျာလေးတွေကို ဖန်တီးနိုင်တယ်။ နာကျင်ကြေကွဲနေတဲ့ သံစဉ်တွေကို ပြုလုပ်နိုင်စွမ်းတယ်။ အချစ်ကြောင့် တစ်စုံတစ်ယောက် ပျော်ရွှင်နေချိန်တိုင်းမှာ တစ်စုံတစ်ယောက်ကတော့ နာကျင် ခံစားနေရမြဲပဲ။

ဝတ္ထုတစ်ပုဒ်အဖြစ် ဖန်တီးချင်တဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်…
မောင်မောင်နဲ့ မမ၊ ကိုကိုနဲ့ မိုမို။ သူတို့တွေက သွားအတူလာအတူ အမြဲရှိခဲ့တဲ့ ချစ်သူတွေ။ ချစ်သူအဆင့် ကျော်လွန်ခဲ့သူတွေ။ အကြောင်းကြောင်းကြောင့် မောင်မောင်နဲ့ မမ ဝေးခဲ့ကြသလို ကိုကိုနဲ့ မိုမိုလည်း ဝေးခဲ့ကြတယ်။ ထူးခြားစွာပဲ မောင်မောင်နဲ့ မိုမိုတို့က အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်သွားကြတယ်။ အဲဒီအချိန်မှာပဲ မမက ဘဝနဲ့ရင်းခဲ့ရသူ မိန်းမသားမို့ နာကျင် ဝမ်းနည်းနေရတယ်။ ထို့အတူပဲ ကိုကိုကလည်း အဆုံးစွန်ထိ ရည်ရွယ်ပြီး ချစ်ခဲ့ရသူမို့ ကြေကွဲခံစားနေရတယ်။

အချစ်ဆိုတာ ဘာလဲ?။ သူတို့တွေရဲ့ နေရာကနေ ခံစားကြည့်မိတယ်။ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ ဘယ်သူမှားတာလဲ။ အဲဒါ အပြစ်လား။ တကယ်မှားသွားလား။ ဖတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခုကို သွားသတိရမိတယ်…
"အချစ်ဆိုတာ သားရေကွင်းလိုပဲ" တဲ့
နှစ်ယောက်အတူ ဆွဲထားတုန်းကတော့ ဘာမှမဖြစ်ပေမယ့် တစ်ယောက်က လွှတ်လိုက်ရင် လွှတ်လိုက်တဲ့သူက ဘာမှမဖြစ်ပေမယ့် ဆွဲထားမိတဲ့သူက နာကျင်ရတယ်။ အချစ်ဆိုတာ စွဲလမ်းသူသာ ခံစားရတယ်။ ချစ်မိသူသာ အရှုံးသမား။

အဲဒါကြောင့် အချစ်ဆိုတာကို မတွေ့ချင်ဘူး။ မချစ်ရဲဘူး။ အချစ်ရှုံးသူ မဖြစ်ချင်လို့ အချစ်ဆုံးသူ မတွေ့ချင်ဘူး။ ကိုယ်ကိုတိုင်လည်း ဘယ်သူ့ကိုမှ အရမ်းမချစ်ချင်သလို ကိုယ့်ကိုလည်း ဘယ်သူကမှ အရမ်းမချစ်စေချင်ဘူး။ ဘယ်သူ့ကိုမှ ကိုယ့်ကြောင့် မခံစားစေချင်သလို ကိုယ်လည်း ဘယ်သူ့ကြောင့်မှ မခံစားချင်ဘူး။

ဒါပေမယ့် အချစ်ဆိုတာ ဆန်းကြယ်သား။ တစ်ယောက်သောသူကို အရမ်းချစ်မိသွားပြီ။ ခံစားရမယ်ဆိုလည်း ကျေနပ်နေမှာပါ ..

Credit : Kaung Khant

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top