နည်းလမ်း
နည်းလမ်း ၂
လက်သည်းဖြူဖွေးဖို့
လက်သည်း ရှည်ရှည်လေးမဟုတ်ရင်တောင် လက်သည်း ခဏခဏမကျိုးဘဲ လက်သည်းကို အနေတော်လောက်ရှည်အောင် ထားချင်တယ်။ အဲဒါ ဘယ်လိုုလုပ်ရမလဲလို့ ခေါင်းစားနေသူတွေအတွက် နည်းလမ်းကောင်းကို ပြောပြပေးသွားပါမယ်နော်။
မိန်းကလေးတစ်ယောက်ရဲ့ အလှဆိုရာမှာ လက်သည်းရဲ့အလှကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်သည်းလေးတွေ သန်မာပြီး ဖြူဖွေးလှပစေမယ့် နည်းလမ်းကောင်းကို မျှဝေပေးသွားပါမယ်။
နည်းလမ်း
ခွက်တစ်လုံးထဲကို ရေနွေးနည်းနည်း ထည့်လိုက်ပါ။
ပြီးရင် သံပယိုသီးကို အရည်ညှစ်ပြီးထည့်ပါ။ ကြက်သွန်ကိုလည်း ပါးပါးလှီးပြီး ထည့်ပေးပါ။ သံလွင်ဆီကိုလည်း အနည်းငယ်ထည့်ပါ။
ရေက အနေတော်လောက်နွေးနွေးလေးဖြစ်သွားရင် လက်ကို ရေထဲမှာ စိမ်ပေးလိုက်ပြီး မိနစ် ၂၀ လောက်ထားပေးပါ။
နေ့တိုင်းပြုလုပ်ပေးရင် လက်သည်းလေးတွေ သန်မာပြီး အရှည်မြန်စေမှာဖြစ်သလို လက်သည်း ဖွေးဖွေးလေးလည်း ဖြစ်နေစေမှာဖြစ်ပါတယ်။
နည်းလမ်း ၂
သံလွင်ဆီကိုပဲ ခွက်တစ်လုံးထဲထည့်ပြီး လက်သည်းကို ၁၅ မိနစ်လောက် စိမ်းထားပေးပါ။ ပြီးရင် တဘက်နဲ့ သုတ်လိုက်ပြီး ခဏထားထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။
လက်သည်းဖြူဖွေးဖို့
လက်သည်းကိုလည်း အရှည်ထားချင်တယ်။ လက်သည်းလေးတွေ ဝါဝါကျင်ကျင်ဖြစ်နေရင်တော့ ဘယ်လှမလဲနော်။ အဲဒီအတွက် လက်သည်းကို သွားတိုက်ဆေးပွတ်ပြီး သွားပွတ်တံနဲ့ တိုက်ပေးလိုက်ပါ။
သံပုရာသီးကိုလည်း လက်သည်းအတွင်းပိုင်းထိ သေချာလေး ပွတ်ပေးနိုင်ပါတယ်။
Credit : Mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...